book

Index 12

အခန်း (12)

  • Author : A Mon Ko
  • Genres : Romance, Drama

ဒေါ်သစ္စာအကြောင်း ငမိုင်းသိခဲ့ရပြီးနောက်

မူလရည်ရွယ်ချက် မပျောက်ဆုံးသွားစေရန်

စိုးမေလှိုင်တို့ခြံဘက် ကားပြန်မောင်းလာခဲ့

ပါသည်။ခြံရှေ့ မလှမ်းမကမ်းတွင် ကားကို

ရပ်ထားလိုက်ပြီး စိုးမေလှိုင်ထွက်အလာကို

စောင့်ကြည့်လျက်ရှိလေသည်။


အချိန်အတော်ကြာ စောင့်ခဲ့ရပြီး စိုးမေလှိုင်

အရိပ်​ယောင်ကိုပင် မတွေ့ရသေးပေ။သူ

အရမ်းတွေ့ချင်နေသည့် ဆွေဆွေကိုဖြင့်

ခြံထဲဆင်းလာတာ လှမ်းမြင်လိုက်ရပါသည်။

ဆွေဆွေသည် တစ်စုံတစ်ယောက်ကို စောင့်

နေဟန် ရှိပါသည်။ထင်ထားတဲ့အတိုင်း သူမ

တို့ခြံရှေ့ ကားတစ်စီးရပ်လာပြီး မုန့်ထုပ်တွေ

သူမထံ လှမ်းပေးနေတာ မြင်လိုက်ရသည်။


သေချာကြည့်တော့မှ ဒေါက်တာဇေယျကျော်

ဖြစ်နေသည်။ဆရာနဲ့ စိုးက အခုထိ ပက်သတ်

နေကြတုံးပေါ့။စိုး အဆက်အသွယ်ဖြတ်တဲ့ထဲ

ဇေယျကျော် မပါခဲ့ဘူးထင်ရဲ့။ဆရာ့ကား

ထွက်သွားပြီးမှ စိုး ခြံထဲဆင်းလာတာ မြင်

လိုက်ရပါသည်။စိုးသည် နှေးကွေးသော

ခြေလှမ်းတို့ဖြင့် ဆွေဆွေရှိရာ လှမ်းလာပါ

သည်။စိုးကို ကြည့်ရတာ အရင်ကအတိုင်းမို့

ဘာမှ မထူးခြားဘူးဟု သူ ထင်ခဲ့မိတယ်။

ဗိုက်ကြီးတယ်ဆိုတာ ချက်ချင်းကြီး ပူထွက်

လာတာမျိူးမှ မဟုတ်ပဲ။ပြီးတော့ စိုးက အပျိူ

ဗိုက်လေ...ဘယ်လိုလုပ် သိသိသာသာ ပူလာ

မလဲ။စိုးဝတ်ထားတဲ့ ရှပ်အိန်းကျီက ပွပွလေး။

သည်တော့ ငမ်ိုင်း ဆံပင်တွေကြားထဲ လက်

ချောင်းတွေထိုးကာ အားရပါးရ ကုတ်လိုက်မိ

သည်။


လက်ရှိအခြေအနေအရ စိုးမေလှိုင် ဗိုက်ကိစ္စ

သည် အတည်ပြုလို့ မရသေးပြန်ဘူး။ဆွေ

ဆွေ့ဆီကသာ လည်သလို စကားနှိုက်ရင်း

အစဖော်မှ အနီးစပ်ဆုံး အဖြေကို ရတော့

မည်။


စိုး အကြောင်းကို စိတ်ဝင်စားခဲ့တဲ့လူစာရင်း

ထဲ ငမိုင်းပါ ပါလာခဲ့ပြီ။နောက်တယောက်

လည်း ရှိသေးတယ်...ရွှေအိမ်သူ။ဒေါ်သစ္စာ

ဆီက သိရသလောက်နဲ့ မကျေနပ်နိုင်သေးပဲ

ညီလင်းညိုဆီသွားကာ အကြိမ်ပေါင်းများစွာ

ပြသာနာရှာလာခဲ့ပါသည်။သည်းခံနိုင်သော

အတိုင်းအတာ ကျော်လွန်သွားပြီမို့....သူမနဲ့

ရှေ့ဆက်ရန် မဖြစ်နိုင်ကြောင်း အချေအတင်

ပြောဖြစ်ကြပါတော့သည်။


" အဲ့ထက်ရှင်းတာဘာမှမရှိတော့ဘူး...ကျမ

  သ်ိသွားလို့..အဲ့ဟာမကို ရှင်တနေရာ ပို့ထား

  ပစ်တာမို့လား....ဝန်ခံလိုက်ရင် ပြီးမယ့်ဟာ.

  ဘာတွေဖုံးကွယ်နေချင်ရတာလဲ "


" မင်းကလေ...ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ

  တော်တော်ဝင်ပါချင်တဲ့မိန်းမပဲ..ကြာလေ

  စိတ်ပျက်ဖို့ကောင်းလေပဲ... "


" ဘာပြောလိုက်တယ်...ကျမနဲ့မဆိုင်ဘူး...

  ဟုတ်လား...ကျမက ရှင်နဲ့မကြာခင်လက်

  ထပ်ရတော့မယ့်မိန်းမလေ...ရှင်နဲ့ပက်သတ်

  ပြီး...သိခွင့်မရှ်ိဘူးလား... "


" ရှင်းရှင်းလေးကို လာရှုပ်နေတယ်...စိတ်

  မသန့်ရင်..စေ့စပ်ပွဲကို ဖြတ်လိုက်..ငါလည်း

  မင်းနဲ့ရှေ့ဆက်ဖို့ စိတ်ကူးမရှိဘူး..မင်းဘက်

  က မဖြတ်လည်း...ငါ့ဘက်က ဖျက်သိမ်း

  မယ်..."


" ဘာ!!... ရှင် လူစကားပြောနော်...အဲ့လောက်

  လွယ်ခဲ့သလား....ကျမ သိက္ခာ ဘယ်နား

  သွားထားမလဲ... "


" ဟ... အစထဲက မင်းဘက်ကိုထည့်တွေးပေး

  လို့...မင်းဘက်ကစဖျက်သိမ်းဖို့ပြောနေတာ..

  ဘာလဲ...လက်ဖျားနဲ့တောင်မထိရသေးတဲ့

  မင်းကို...ငါက နစ်နာကြေးထပ်ပေးရအုံးမှာ

  လား... လိုချင်ရင် ပွင့်ပွင့်လင်းလင်းတောင်း.

  လိုအပ်လောက်မှာပါ...မင်းဖဲရှုံးတယ်လို့...

  ငါကြားထားတယ်...အဟွန်းးးး "


ရွှေအိမ်သူ ဒီတစ်ခါတော့ အကြီးအကျယ်ခံ

လိုက်ရပြီ။သူများ အားနဲချက်တွေ..အရှုပ်ထုပ်

တွေကို ဖြည်ဖို့ပဲ ဇောကပ်နေခဲ့တာ။ကိုယ့်

အကြောင်းတွေ မပေါ်ဖို့ ဖုံးဖိဖို့ သတိမေ့နေ

ခဲ့တယ်။


" ဒါ...ကျမ အပျော်ဆော့တာ...ရှင့်လို လူမှု

  ရေး ဖောက်ပြန်ခဲ့တာမဟုတ်ဘူး... "


" ဟမ်.... တော်တော်ရယ်ရတာပဲ မင်းက....

  လူမှုရေးဖောက်ပြန်တယ်ပြောရအောင်...

  မင်းနဲ့ယူရသေးလို့လား...မင်းနဲ့မတွေ့ခင်ထဲ

  က...စိုးမေလှိုင်ဆိုတာ ငါ့ဘဝထဲ ဝင်လာခဲ့

  တာ...မင်းသိထားဖို့ ထပ်ပြောမယ်..စိုးကို

  လက်ဖျားနဲ့ထိဖို့မပြောနဲ့...မဆင်မခြင်ကြည့်

  မိရင်တောင် မင်းဘဝတစ်ခုလုံး စုတ်ပျက်

  သပ်သွားအောင် ငါလုပ်မိလိမ့်မယ်ဆိုတာ

  လုံးဝ မမေ့နဲ့....သူ့အကြောင်းကို မင်းဘာမှ

  ထပ်သိစရာအကြောင်းမရှ်ိဘူး...သူ့ကိုထပ်

  နှောင့်ယှက်ရင် မင်းကျိမ်းသေပေါက် ဆိုး

  ကျိူးတွေပဲ ခံစားရမယ်..."


" အာ့မလေး....သိပ်ကြောက်စရာကောင်းပါ

  လား...ကျမကို ခြိမ်းခြောက်နေတာလား

  ဦးညီလင်းညို...ကျွတ်...ကျွတ်...ကျွတ်..

  ရှင်သိပ်သနားစရာကောင်းတာပဲ...ရှင့်လို

  အောင်မြင်နေတဲ့ လုပ်ငန်းရှင်ကြီးက....

  မိန်းမပျက်တယောက်နဲ့ အတိအလင်း

  ပက်သတ်ခဲ့တယ်ဆိုတဲ့သတင်းသာ..စီးပွား

  ရေး လောကထဲ ပြန့်သွားခဲ့ရင်...ရှင့်အပေါ်

  ယုံကြည်မှုတွေ ရှိကြပါအုံးမလား..အားလုံး

  က ကျမ နှုတ်ဖျားပေါ်မူတည်နေတာနော်..

  ကြောက်ရမယ့်လူက ရှင်လား..ကျမလား..

 ခွဲခွဲခြားခြား သိသင့်တယ် "


သူမရဲ့ အဓိက ရည်ရွယ်ချက်ကို သူ ရိပ်မိလာ

ခဲ့ပါပြီ။သူမ ပြသာနာရှာချင်တာ စိုးကို မဟုတ်

ဘူး...သူ့ကို ဖြစ်နေတာ။ညီလင်းညိုကို လွယ်

လွယ်ကြိုးကိုင်လို့ရမယ်လို့ ဒီမိန်းမ ထင်နေခဲ့

တာ။


" အဟွန်း....ပြောလေ...သွားပြော......

  တလောကလုံးသိအောင် သွားပြောစမ်း...

  ငါမှုမယ်ထင်သလား ရွှေအိမ်သူ....မင်း

  လုပ်ရပ်ကြောင့် ငါတို့နှစ်ယောက် ဝေးကွာ

  နေရာကနေ နီးစပ်သွားမယ်...လူသိရှင်ကြား

  ဖြစ်သွားလည်း ကောင်းတာပဲ...ဘာဖြစ်လဲ..

  ငါ့လုပ်ငန်းထိခိုက်မယ်လို့ မင်းထင်နေတာ

  လား....မင်းဦးနှောက်သေးသေးလေးနဲ့..

  ငါ့ကိုအလဲထိုးဖို့ စိတ်ကူးယဥ်မနေနဲ့...

  တော်လောက်ပြီ... မင်းနဲ့စကားနိုင်လုဖို့

  အချိန် ငါမပေးနိုင်တော့ဘူး...နောက်နေ့

  သတင်းစာထဲ...မင်းနဲ့ငါရဲ့ စေ့စပ်ပွဲဖျက်

  သိမ်းကြောင်း ခေါင်းစဥ်ကို စောင့်သာဖတ်

  တော့...ok နော်... "


ညီလင်းညိုသည် သူ့အကျင့်အတိုင်း တည်

တည်ငြိမ်ငြိမ် ပြုံးပြလျက် ထွက်သွားခဲ့ပါ

သည်။အဲ့အပြုံးက သူမကို လှောင်ရီသွားတဲ့

အပြုံး....သူမကို စိန်ခေါ်လိုက်တဲ့အပြုံး။

အတိုင်းအဆမရှိ ပေါက်ကွဲချင်လာသည့်

ဒေါသတွေကို မနဲ မျိူသိပ်ထားရသည်။


ဘာတဲ့...စိုးမေလှိုင်ကိုထိရင် ဘဝတစ်ခုလုံး

စုတ်ပျက်သပ်သွားအောင် လုပ်မယ်ပေါ့။

ငါ့လို မိန်းမရှေ့ သူ ပြောသွားခဲ့တဲ့ စကားတွေ

ဟာ လွန်တာထက်ကို ပိုနေတယ်။အဲ့လောက်

ဖြစ်နေမှတော့ ထိကြည့်မိလိုက်ချင်သေးတာ။


ညီလင်းညိုကို ပွဲကြမ်းလို့မရတော့ သူ့အမေ

ဆီ သွားရမ်းပြန်သည်။ရွှေအိမ်သူ သွားရမ်းခဲ့

တာ မဟုတ်ပါ။သူမ အမေ ဒေါ်ညွန့်ဝေ က 

ကိုယ်စားသွားသောင်းကျန်းခဲ့တာ ဖြစ်ပါသည်

သားအမိနှစ်ယောက်သည် တစ်မျိုးစီ စိတ်

ဒုက္ခပေးကာ နှိပ်စက်လျက်ရှိနေပါသည်။


ဒေါ်သစ္စာ ကြီးစွာ နောင်တ ရခဲ့မိပါသည်။မဝေ

ကို ယုံကြည်မိခဲ့ဖူးသည်...အားကိုးစွာ တိုင်ပင်

ခဲ့မိဖူးသည်။အကျိူးဆက်အနေနဲ့ မိမိ အားနဲ

ချက်တွေကို ခုတုံးလုပ်ဖို့ အခွင့်အရေးပေးခဲ့

သလို ဖြစ်လာတော့သည်။


ဒေါ်သစ္စာသည် ဦးဟန်မင်းညိုနဲ့ လက်မထပ်

ခင်ထဲက ချစ်သူရှိခဲ့တာ ဖြစ်သည်။သိပ်ချစ်ခဲ့

ကြတဲ့ ချစ်သူနှစ်ဦးဟာ ဒေါ်သစ္စာရဲ့ မိဘတွေ

ကြောင့် ရှင်ကွဲ ကွဲခဲ့ရပါသည်။သူမ မိဘတွေ

က ဦးဟန်မင်းညိုနဲ့ အတင်းပေးစားခဲ့ပါ

သည်။မချစ်မနှစ်သက်ပဲ ယူခဲ့ရတာထက် 

သူမဆီမှာ မိမိချစ်သူ ကိုကျော်ကြားနဲ့ ရခဲ့

သည့် ကိုယ်ဝန်က ပါလာခဲ့သည်။မာမီ့ကို

နားလည်အောင် ပြောပြခဲ့သော်လည်း လုံးဝ

လက်မခံပဲ သိသိရဲ့နဲ့ကို ဦးဟန်မင်းညိုနဲ့ပေး

စားခဲ့တာပါပဲ။


" ညည်းအကောင်နဲ့ယူရင် လူမွှေးပြောင်မယ်

  ထင်သလား သစ္စာ....လမ်းဘေးရောက်သွား

  မယ်...ဘာမှတ်နေလဲ...ဘဝက စိတ်ကူးယဥ်

  လို့ကောင်းတဲ့အရာမဟုတ်ဘူး...အခုလည်း

  ညည်းအကောင်က ပိုက်ဆံရှာမယ်ဆိုပြီး

  ထွက်သွားတာ ဘယ်လောက်ကြာနေပြီလဲ..

  ညည်းဗိုက်က အချိန်တန်ထွက်လာတော့မှာ.

  ဘယ်ထွက်သွားမှန်းမသိတဲ့လူကို...အချိန်

  ကုန်ခံ...အရှက်ကွဲခံပြီး စောင့်နေရမလား..

  ဟန်မင်းညိုက ညည်းကိုမြင်မြင်ချင်း...

  ချစ်သွားရှာတာ ကံကောင်းတယ်မှတ်... 

  ဘာစကားမှ ရှည်မနေနဲ့...ငါ့စကားကို လွန်

  ဆန်ဖို့လည်း မကြိုးစားနဲ့...ဒါပဲ."


သူမမှာ အချစ်ဆုံးသူငယ်ချင်းဆိုလို့ မဝေ

တစ်ယောက်ထဲ ရှိခဲ့သည်။စိတ်ထဲ ခံစားရခက်

တဲ့အခါ မဝေကို ရင်ဖွင့်ပြောပြခဲ့ဖူးသည်။

သူမသည် မာမီ့ကို ငြင်းမဆန်နိုင်တဲ့အဆုံး

ဟန်မင်းညိုနဲ့ လက်ထပ်ခဲ့ရပါသည်။နောက်

ဖြစ်လာမယ့် အရှုပ်အရှင်းတွေကို မာမီကပဲ

ဖြေရှင်းပေးခဲ့သည်။လက်ထပ်ပြီး မကြာခင်

ကိုယ်ဝန်ရတယ်လို့ လုပ်ပစ်လိုက်ပြီး သားကို

လည်း ၇လနဲ့မွေးခဲ့တာဆိုတဲ့ လုပ်ကြံဇာတ်

လမ်းကို မာမီပဲ ဆင်ခဲ့တာ ဖြစ်လေသည်။


သား ၉နှစ်အရွယ်မှာ ကိုကျော်ပြန်ရောက်လာ

ခဲ့တယ်။အချစ်ကို ကိုးကွယ်မိခဲ့တဲ့ သစ္စာဟာ

ချစ်သူအပေါ် သံယောဇဥ်မပြတ်နိုင် ဖြစ်ခဲ့

ရပါသည်။ကိုကျော့်ဆီ စိတ်ဆန္ဒအရ ခနခန

သွားတွေ့ခဲ့ဖူးပါသည်။သစ္စာသည် ဒီအဖေ

ဒီသားနဲ့ ဒီမိသားစုလေး ပြန်နေရဖို့ အတ္တဆန်

ဆန် ကြံစည်ခဲ့မိပါသည်။တဖက်မှာလည်း

ဟန်မင်းညိုက သားကို သူ့သားအရင်းလေး

ထင်ပြီး နက်နက်ရှိုင်းရှိုင်းကို ချစ်နေခဲ့တာ။


ဖြစ်ချင်တော့ အဲ့အချိန်မှာ ဟန်မင်းညိုရဲ့

စီးပွားရေး မထင်မှတ်ပဲ ကျဆင်းနေခဲ့ရာ

ဒီလိုအချိန်ရောက်မှ သူ့အနားက ထွက်သွား

ဖို့ဆိုတာ သစ္စာအတွက် မဖြစ်နိုင်ခဲ့ပြန်ပါဘူး။

ပတ်ဝန်းကျင်ဆိုတာကြီးကို သာမန်လူတွေ

ထက် သစ္စာ ပိုပြီး ဂရုစ်ိုက်ခဲ့ပါသည်။သူ့ကို

အားပေးစကားတွေပြောရင်း...ယုံကြည်ပေး

ရင်း သူ့ဘဝ အမြင့်ဆုံး ပြန်ရောက်တဲ့အချိန်

ထိ ရှိနေပေးခဲ့ပါသည်။


သူ အောင်မြင်လာတဲ့အချိန်ရောက်မှ မိမိ

အပြစ်တွေကို ဝန်ချတောင်းပန်ရင်း ဖွင့်ပြော

ဖို့ ကြိုးစားခဲ့ပါသည်။သို့ပေမယ့် သားဟာ

ဟန်မင်းညိုကို အဖေအရင်းမှတ်ထင်ကာ

တွယ်တာနေခဲ့ပြီမို့ သူမ ကိစ္စသည် မာမီ

ပြောခဲ့သလို စိတ်ကူးယဥ်ဆန်နေခဲ့ပါသည်။

မဖြစ်နိုင်တာကြီးကို ဦးနှောက်က လက်ခံခဲ့

ပေမယ့် နှလုံးသားကတော့ ရှေ့ဆက်တ်ိုးနေဆဲ

ပါပဲ။


အတိုချူပ်ပြောရရင်..ကိုကျော်နဲ့ နှစ်ယောက်

ထဲ သွားတွေ့တာ ဟန်မင်းညို သိသွားခဲ့တယ်။

သိသွားပြီးနောက်ပိုင်း ရက်စက်စွာနဲ့ ပြန်လည်

တုံ့ပြန်မှုက သိပ်ကြောက်စရာကောင်းခဲ့ပါ

သည်။ဟန်မင်းညို ထင်ထားခဲ့တာက သစ္စာ

ဟာ သူ့နောက်ကွယ်မှာ နောက်တယောက်

ထားခဲ့တယ်ပဲ ထင်ခဲ့တာလေ။ဒါမို့လည်း

ကိုကျော့်က်ို ကားနဲ့တမင်တိုက်ခိုင်းခဲ့တာပဲ။

ကံကောင်းစွာနဲ့ ကိုကျော်ဟာ အသက်မသေ

သော်လည်း ဘဝသေခဲ့ရတယ်။


အရာအားလုံးဟာ မိမိပေါ် တာဝန်အပြည့်ရှ်ိ

တယ်လို့ မှတ်ယူခဲ့ပြီး ကိုကျော့်အား ယနေ့ထိ

သူမ ကြည့်ရှုစောင့်ရှောက်ပေးခဲ့တယ်။ဟန်

မင်းညို နဲ့လည်း ကိုကျော့်ကိစ္စနဲ့ပက်သတ်ပြီး

အကြီးအကျယ် စကားများခဲ့ကြတယ်။အဲ့

နောက်ပိုင်း သူ့ကို သစ္စာအရမ်းကြောက်သွား

ခဲ့တယ်။


" မှတ်ထား သစ္စာ... ငါ့သိက္ခာအတွက်ဆို...

  မင်းကိုတောင်သတ်ပစ်ရဲတယ် သဘော

  ပေါက်လား...ငါ့အနားကထွက်သွားပိုင်

  ခွင့် မင်းမှာမရှိဘူး...မချစ်လည်းနေ....

  မုန်းနေလည်းနေ.... "


ဒေါ်သစ္စာ စိုးရိမ်မိခဲ့တာ တစ်ခုထဲပါ...အကယ်

၍ သားကို သူ့သားအရင်းမဟုတ်မှန်း သိ

သွားတဲ့အခါ အဖေလိုမျိူး ဒုက္ခပေးမှာ

ကြောက်ခဲ့မိတယ်။ဒါမို့လည်း ဒေါ်သစ္စာရဲ့

ဆန္ဒတွေ ဒေါသတွေ မျိူသိပ်ထားခဲ့ပြီး နေမြဲ

အတိုင်း နေခဲ့ရတယ်။ဟန်မင်းညိုက သူမကို

အငြိုးကြီးစွာနဲ့ သစ္စာမဲ့နေပြလိုက်တာ ယနေ့

ထိပါပဲ။သူပြောခဲ့သလိုပဲ မချစ်လည်းပေါင်း..

ရွံရှာနေအောင် မုန်းတီးခဲ့လည်း အပြုံးမပျက်

ဆက်ပေါင်းနေခဲ့ရတာပါပဲ။


ထိုအကြောင်းတွေအားလုံးကို မဝေ က အသ်ိ

ဆုံး လူဖြစ်နေခဲ့တယ်။ရုန်းမရတဲ့အခြေအနေ

တွေဆိုတာလည်း မဝေ သဘောပေါက်ခဲ့

တယ်။ဒါကို ခုတုံးလုပ်ပြီး ငွေရေးကြေးရေးနဲ့

ပက်သတ်တဲ့ အကူအညီတောင်းလိုက်....

အခုနောက်ဆုံး သူ့သမီးကိုပါ တသက်စာ

တာဝန်ယူခိုင်းနေပြန်ပြီ။တသက်လုံး ဒင်း

အလိုကိုလိုက် အကြိုက်ကိုဆောင်...မဝေ

ကြိုးဆွဲတိုင်း ကနေရမယ့် ရုပ်သေးရုပ်ဘဝ

မျိူး ဒေါ်သစ္စာလည်း မလိုချင်တော့ပါဘူး။


ခုလည်းပဲ မဝေက ရွှေအိမ်သူနဲ့သား ကိစ္စကို

ဒေါသူပုန်ထလျက် လာခြိမ်းခြောက်နေပြန်

ပါသည်။


" ဒီမှာ သစ္စာ...ကိုယ့်သားကို နိုင်အောင်ထိန်း

  ထားတာ ကောင်းမယ်...ယူ့သားက စေ့စပ်ပွဲ

  ဖျက်မယ်သလေး ဘာလေးနဲ့ သမီးကိုလာ

  ပြောသွားတယ်....ဒါမျိူးတော့အဖြစ်မခံ

  နိုင်ဘူး... ကိုယ် မဖော်ချင်ဘူး သစ္စာ....

  မင်းဘာသာ ကိုယ့်သားကိုကြည့်ပြောပါ "


" ဘာတွေများ ဖော်စရာ ကျန်သေးလို့လဲ "


နောက်ပါးဆီက အသံတစ်ခု ကြားလိုက်ရ

သည်။သူမတို့နှစ်ယောက် ပြိုင်တူ လှည့်ကြည့်

လိုက်ရာ ဦးဟန်မင်းညိုကို မြင်သွားပြီး

ဒေါ်သစ္စာ ခေါင်းတစ်ခုလုံး ချာချာလည်သွား

ခဲ့သည်။မဝေက သူမကို မျက်ခုံးနှစ်ဖက်ပင့်ပြ

ကာ ဘယ်လိုလဲဟု သွေးတိုးစမ်းနေလေသည်


ဦးဟန်မင်းညိုက တကယ့်ကို အန္တရာယ်အရှ်ိ

ဆုံး လူတစ်ယောက်ပဲ။ဂျပန်ပြန်သွားသလိုလို

မြန်မာပြည်မှာပဲ ရှိနေသလိုလိုနဲ့ အရမ်းဖမ်းရ

ခက်တဲ့လူပါ။သူ ပြန်လာချင်တဲ့အခါ ပြန်လာ

တတ်ပြီး ရှောင်ချင်လည်း ရှောင်နေပြန်ရော။

ခုလည်း ဘယ်တုံးက ပြန်ရောက်ပြီး ဘယ်လို

ပေါ်လာမှန်းမသိ ဗြုန်းစားကြီးပါပဲ။


" ဒါတော့ ကိုယ့်မိန်းမကိုယ်မေးပေါ့ရှင်...ပြန်

  အုံးမယ် သစ္စာ... "


" မပြန်ပါနဲ့အုံး.... ကျူပ် ခင်ဗျားကိုတွေ့ချင်

  နေတာ...ခုလိုတိုက်တိုက်ဆိုင်ဆိုင်တွေ့ရတာ

  အဆင်ပြေတာပဲ...ခင်ဗျား ဘယ်ခြေလှမ်း

  စလှမ်းနေလဲ ကျူပ်သိတယ်..."


" ဘာကိုဆိုလိုတာများလဲ ဦးဟန်မင်းညို... "


သူတို့အချင်းချင်း အပြန်အလှန်ချေပပြောဆို

ရင်း သားအကြောင်းပေါ်သွားမှာ ဒေါ်သစ္စာ

စိုးရိမ်လာသည်။


" ပြန်ပါတော့ မဝေ..... "


" မင်း ပြောစရာမရှိလည်း...ငါ့မှာရှိနေတယ်

  မင်း ပါးစပ်ခနပိတ်ထား သစ္စာ..."


" ပြောစရာရှိတယ်တဲ့လား...ပြောလေ "


အမှားလုပ်ထားတဲ့လူဟာ မညွန့်ဝေ မဟုတ်

ဘူး။အဲ့အတွက် ဘယ်သူ့ကိုမှ မဝေတို့

ကြောက်နေဖို့ကို မလိုတာ။မဝေ သတိမထား

မိလိုက်တာက...ဒေါ်သစ္စာရဲ့ ပြတ်သားလှပါ

သော အကြည့်တွေပဲ။မိခင်တစ်ယောက်ရဲ့

ဒေါသတွေ...လောဘတွေ...အတ္တတွေကို

မဝေ လျှော့တွက်ထားပုံရတယ်။


" ခင်ဗျားသမီးနဲ့ သစ္စာက သားကိုသဘော

  ဘယ်လောက်တူတူ...ကျူပ်ကိုအသိမပေးပဲ

  ဘယ်လိုပုံစံနဲ့ပဲ စေ့စပ်ခဲ့အုံး....ကျူပ်ဘက်က

  ကျူပ်သားနဲ့ ခင်ဗျားသမီးကို...လုံးဝ....

  သဘောမတူဘူး....သစ္စာက သူရှုပ်ထားတာ

  တွေ ပေါ်မှာစိုးလို့ မိခင်မေတ္တာကိုခုတုံးလုပ်..

  သားကို ထိုးကျွေးနေတာ...ကျူပ်လက်မခံ

  ဘူး...ခင်ဗျားတို့သားအမိ ဘာဇာတ်လမ်း

  ထွင်နေလဲ ကောင်းကောင်းကြီးသိတယ်...

  ဟန်မင်းညိုက်ို လျှော့မတွက်နဲ့..."


" လျှော့မတွက်ပါဘူး...ပိုလည်းမတွက်ထား

  ဘူးနော်...မဝေတို့က ကိုယ့်ကိစ္စပဲ ကိုယ်လုပ်

  နေတာ...ပိုင်မှလုပ်တယ်...မပိုင်ရင်မလုပ်ဘူး

  ရှင်ကသာ ကန့်ကွက်နေတာ...ကိုယ့်မိန်းမ

  ကိုယ်ပြန်မေးကြည့်ပါအုံး...အဆင်ပြေရဲ့

  လားလို့... "


" ဒေါ်ညွန့်ဝေ.... ကျူပ်ကို လာခြိမ်းခြောက်

  နေတာလား....လူမှားနေတယ်ထင်ရဲ့... 

  ကျူပ်မကြောက်တတ်ဘူး....ထပ်ပြောမယ်.

  လိုအပ်လာရင် သားကို ကျူပ်ကိုယ်တိုင်

  ပြောမယ်...ခင်ဗျားတို့လက်ထဲတော့..ကျူပ်

  သားကို မထည့်ပေးနိုင်ဘူး...ခင်ဗျားသမီး

  နဲ့ပေးစားမယ့်အစား...စိုးမေလှိုင်ကမှ...

  ခင်ဗျားသမီးထက်သာအုံးမယ် "


စိုးမေလှိုင်ဆိုသော နာမည် ဦးဟန်မင်းညို

နှုတ်က ထွက်ကျလာ၍ သူမတို့နှစ်ယောက်

လုံး အံ့သြသွားကြပါသည်။ပြောပါတယ်...

ဒီလူကြီးက တကယ့်အန္တရာယ်အရှ်ိဆုံး လူ

ပါလို့။လူကသာ ဂျပန်နိုင်ငံမှာရှိနေတာ.....

မြန်မာပြည်ကအကြောင်းတွေ အပ်ကလေး

ကျသွားတာကအစ သူ သိခဲ့ပြီးသား။


" သြော်...သားကိစ္စကို အဖေလုပ်တဲ့လူက

  သိသိကြီးနဲ့ ကြည်ဖြူပေးနေတာကိုး...

  ထားပါ...ဒါ ရှင်တို့သားအဖရဲ့ အပေးအယူ

  ညီမျှတဲ့ကိစ္စတွေ ကျမ မသိချင်ဘူး...အေး..

  မိန်းမပျက်မနဲ့တော့...ကျမသမီးကို ယှဥ်

  ပြောစရာမလိုဘူး...စကားပြောဆင်ခြင်ပါ

  ဦးဟန်မင်းညို... "


" ဟားးးး...ဒါမျိူးကျ နာတတ်သားပဲဗျ....

  စိုးမေလှိုင်က မိန်းမပျက်တော့မဟုတ်သေး

  ဘူး...သူကငွေမက်လို့ ခြူစားတာပဲရှိတာ..

  ခင်ဗျားတို့သားအမိလို ပိုင်းလုံးတွေမဟုတ်

  ဘူး...ကျူပ်သားရဲ့ပိုင်ဆိုင်မှုတွေ တပ်မက်

  ပြီး အရယူဖို့ကြိုးစားခဲ့တာမဟုတ်ဘူး...

  အေး...အဲ့မိန်းခလေးက မိန်းမပျက်ဖြစ်ခဲ့

  ရင်တောင် ခင်ဗျားသမီးထက်တော့ သာ

  သေးတာပဲ... "


" သစ္စာ....နင့်လင်နင်ကြည့်ထိန်း...တောက်စ်..

  ကိုယ့်အကြောင်းကိုယ်သိတယ်နော်...ငါ ဒါပဲ

  ပြောမယ်...ဟင်းးး "


ဒေါ်သစ္စာ ခုနကလို အမူအယာ ပျက်ယွင်းနေ

တဲ့ ပုံမပေါက်တော့ပဲ အေးဆေးတည်ငြိမ်

သွားခဲ့ပါသည်။မဝေနဲ့ပက်သတ်ပြီး သူမ

ခေါင်းထဲမှာ ဘာမှမရှိတော့လောက်အောင်

ရှင်းထုတ်ပြီးပြီ။ယခုတွေးနေတာ စိုးမေလှိုင်

ကို အပြည့်အဝ ကာကွယ်ပေးနေတဲ့ သူ့

ယောကျာ်းအကြောင်းပဲ။သားနဲ့ပက်သတ်နေ

တာ သစ္စာ တစ်ယောက်ပဲ သိခဲ့တယ်ထင်နေ

တာ။အခု ဘယ်ဟုတ်ပါ့မလဲ....ဒီလောက်ထိ

သိနေတာတောင် ဘာတစ်ခွန်းမှမပြောပဲ

သူများနိုင်ငံမယ် အေးအေးလူလူနေနိုင်ခဲ့

တာ သိပ်အံ့သြတာပဲ။


" မင်းကိုလည်း ငါပြောထားမယ် သစ္စာ....

  ရွှေအိမ်သူနဲ့ငါ့သားရဲ့ကိစ္စ အပြတ်ဖြတ်ပါ..

  မင်းမသ်ိစေချင်တဲ့ မင်းအကြောင်းတွေ...

  ငါ့သား နားထဲမရောက်ခင်အချိန်ထိပေါ့ "


" ကောင်းပြီ...ကျမလည်း ရှင့်မေးရပါအုံး

  မယ်...စိုးမေလှိုင်အကြောင်း ရှင်သိနေတာ

  ဘာလို့များ လက်ပိုက်ကြည့်နေခဲ့ရတာလဲ "


" ဟာသပဲ... မင်းက မင်းလူအကြောင်းကလွဲ..

  ဘယ်သူ့အကြောင်းကိုစိတ်ဝင်စားခဲ့ဖူးလို့လဲ.

  ငါက ဖခင်တယောက်ရဲ့ တာဝန်ကျေခဲ့ပြီး

  ပြီ...ငါသိခဲ့လို့...ငါတားခဲ့ပြီးပြီ...သားက

  ဖအေတူသား...အဲ့မိန်းခလေးနဲ့ပက်သတ်ခဲ့

  တယ်ဆိုတာ အကြွေးဆပ်ခိုင်းရုံသက်သက်ပဲ

  ဒါမဲ့...မင်းကတော့ ငါ့အကြွေးမကျေသေး

  ဘူး...သေတဲ့အထိဆပ်သွား သစ္စာ..."


သားက ဖအေတူသား...။ဟုတ်တယ်...ထူး

ဆန်းစွာနဲ့ကို သားက အဖေအရင်းနဲ့မတူပဲ

ဦးဟန်မင်းညိုနဲ့ တူခဲ့သည်။သူ့မွေးစားအဖေ

လိုပဲ သားဟာ ရက်စက်တယ်...ပြတ်သား

တယ်..အငြိုးအတေးထားတတ်တယ်။သား

ရဲ့ တိကျပြတ်သားတဲ့ အကြည့်တွေသည်

ဦးဟန်မင်းညိုဆီက သင်ယူထားတာ ဖြစ်ပေ

သည်။


ညီလင်းညိုက သူ့အချစ်တွေကို စော်ကားခဲ့လို့

စိုးကို အချိန်ကာလတစ်ခုအထိ ရယူသိမ်း

ပိုက်ပြီး စနစ်တကျ လက်တုံ့ပြန်ခဲ့သလို

ဦးဟန်မင်းညိုက သူ့မိန်းမ၏ သစ္စာမဲ့မှုကို

တဘဝလုံးစာ စိတ်အဆင်းရဲခံရစေခြင်းဖြင့်

အငြ်ိုးအတေးထားကာ လက်တုံ့ပြန်ခဲ့ပါ

သည်။


ဒေါ်သစ္စာသည် မိမိလို ဘဝမျိူးနဲ့ ဘယ်သူ့ကို

မှ မရှင်သန်စေချင်ပါဘူး။သားပြောခဲ့တုံးက

အပြစ်ကြွေးဆပ်တယ်ဆိုတာတွေရော...

အခု ဦးဟန်မင်းညိုကပါ စိုးဟာ မိန်းမပျက်

မဟုတ်ဘူးဆိုတာ ကာကွယ်ပေးနေပြန်ပြီ။


အရင်က စိုးမေလှိုင်ကို အဲ့လောက်ထိ စိတ်

မဝင်စားခဲ့ဘူး။ခုတော့...ဒီကလေးမလေးမှာ

စိတ်ဝင်စားစရာကောင်းသော အချက်တွေ

အများကြီးရှိနေလေပြီ။


စိုးမေလှိုင်ရဲ့ တကယ့်သရုပ်အမှန်က ဘာ

ပါလိမ့်....။


@@@@@@@@@@@@@@@@@@@


" ဘာပြောတယ်.... နင်ဘာပြောလိုက်တာ "


" နားများလေးသွားသလား...ငါ စိုးမေလှိုင်ကို

  တစ်ခုခုလုပ်ပစ်ချင်တယ်...နင် လူငှားပေး "


မနေ့ညက ကမ်းကုန်အောင်သောက်ထားတဲ့

အရှိန်ပင် သူမကြောင့် ပြေသွားလေသည်။

စိုးကို သူမက ဘာအတွက် တိုက်ခိုက်ချင်နေ

ရတာလဲ။ရွှေအိမ်သူ ခိုင်းသမျှ သူရ လုပ်ပေး

ခဲ့တယ်ဆိုတာ ကိုယ်တိုင်လည်း စိုးအနား

ယောင်ပေပေ လုပ်ရတာ သဘောကျလို့။

သူလာတိုင်း မျက်နှာလေးကအစ ချက်ချင်း

ကြီး တည်ပစ်လိုက်တာလေးကို သဘောကျ

လို့။မျက်စောင်းလေးခဲရင်း သူ နောက်ထပ်

မလာရဲအောင် lesson ပေးတတ်တာလေး

ကို သဘောကျလို့။


ရွှေအိမ်သူရဲ့ ပထမရည်ရွယ်ချက်က စိုးကို

တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ခုကျမှ သူမ မြှား

ဦးက စိုးဆီ လှည့်သွားရတာလဲ။


" ငါမလုပ်ပေးနိုင်ဘူး... "


" ဘာ!!.... "


" ဟုတ်တယ်လေ.....သူ့ဘာသာသူနေတဲ့...

  မိန်းခလေးကို နင်ဘာလို့ထိခိုက်ချင်နေရတာ

  လဲ...နောက်ပြီး သူ ဘယ်ပြောင်းသွားလဲ...

  ငါမသိဘူး "


" သိအောင်လုပ်ဖို့က မခက်ပါဘူး...နင်လုပ်

  ပေးရမှာက...ငတ်ကြီးကျတဲ့ သုံးယောက်

  လောက်ရှာပေးဖို့ပဲ... "


" ဟာ.... ရွှေအိမ်သူ.... နင်မလွယ်ဘူးပဲ.... "


" နင်ကူညီမှာလား.... မကူညီနိုင်ဘူးလား.."


" မကူညီနိုင်ဘူး....လိုအပ်ရင် ငါက သူ့ကို

  ကာကွယ်ပေးသွားမှာ....နင့်စိတ်ဓာတ်ကြီး

  က...ရွံစရာကြီးပါလားဟာ...ငါတောင်...

  နင့်လိုစိတ်ကူးမျိူး တစ်ခါမှမတွေးခဲ့ဖူးဘူး "


" အာ့မလေး....စိုးမေလှိုင်ကိုထိတာနဲ့..နွားကျ

  ခံပြီး ရှေ့ကနေကာကွယ်ပေးချင်တဲ့လူတွေ

  ကလည်း များသားနော်...  အေး...ငါကလဲ

  နင်တို့တွေ အဲ့လိုဖြစ်ပြနေလို့ကို...လုပ်ပစ်

  လိုက်ချင်တာ... နင်မကူညီနိုင်လည်းနေ...

  ငါ့ဘာသာ စီစဥ်မယ်.... "


ရွှေအိမ်သူ့ကို ကြည့်ရတာ တကယ်လုပ်မယ့်

ပုံမျိူး..။မဖြစ်ဘူး...သူ အရင်ရှာမတွေ့ခင်

စိုးမေလှိုင်ကို သူရှာတွေ့မှ ဖြစ်မယ်။


စိုးအကြောင်းနဲ့ စပ်လျဥ်းပြီး ခေါင်းထဲရောက်

လာတာက ဇေယျကျော်။သူပဲ စိုး ဘယ်မှာရှိ

တယ်ဆိုတာကအစ သိနိုင်မယ်။ရွှေအိမ်သူ

ပြောခဲ့တာတွေ ဇေယျကို အသိပေးမှဖြစ်

မည်။


ရွှေအိမ်သူသည် စိုးကို အလဲထိုးဖို့ ချောက်ထဲ

တွန်းချဖို့ပဲ ခေါင်းထဲရောက်နေခဲ့ပါသည်။

သူများကို မကောင်းကြံဖို့ တညလုံး အစီအစဥ်

တွေ ဆွဲနေခဲ့လေသည်။အဲ့ညက သူမရဲ့အမေ

ဒေါ်ညွန့်ဝေ အစာအဆိပ်သင့်ပြီး ဆေးရုံတက်

လိုက်ရတယ်။သူမ ဖုန်းကို ဆက်သော်လည်း

လုံးဝ မကိုင်ခဲ့ပေ။ဆရာဝန်တွေကြိုးစားပြီး

ကုသပေးသော်လည်း ဆေးရုံရောက်တာ

နောက်ကျ၍ အသက်ပါ ပေးခဲ့ရပါသည်။


မဝေ အစာအဆိပ်သင့်ပြီး ဆေးရုံတက်ရတယ်

ဟူသော သတင်းကြားရုံနဲ့ ဒေါ်သစ္စာ ချက်ချင်း

လိုက်သွားခဲ့ပါသည်။ဒေါ်သစ္စာ ဆေးရုံလည်း

အရောက် မဝေလည်း ဆုံးသွားခဲ့သည်။


" ရွှေအိမ်သူ ဘယ်မလဲ.... "


အိမ်အကူ ကောင်မလေးသည် လက်နှစ်ဖက်

လုံး တုန်ရီနေသည်။စကားကို အေးအေးဆေး

ဆေးပြောနိုင်ဖို့ အရှိန်ယူနေရသည်။


" ဖုန်း...ဆက်ထားတယ်...မကိုင်ဘူး "


" စိတ်ကိုတည်ငြိမ်အောင်ထားလေ အေးမာ"


ဒေါ်သစ္စာသည် အေးမာကို ထိုတစ်ခွန်းထဲ

ပြောလိုက်ပြီး အသက်မဲ့သွားသော မဝေ

ရုပ်အလောင်းကို ဂရုဏာသက်စွာ သွားကြည့်

လိုက်သည်။ဆရာဝန်တွေလည်း ရှိနေရဲ့..

ရဲတွေရောပေါ့။သူတို့ကြားထဲ အေးဆေးတည်

ငြိမ်စွာနဲ့ ဒေါ်သစ္စာဖြတ်လျှောက်လာတယ်။

အားလုံးကို ကျောပေးပြီးပြီဆိုရုံနဲ့ ငြိမ်သက်

အေးချမ်းသော အပြုံးတို့နဲ့ မဝေ ကို တွေတွေ

ကြီး စိုက်ကြည့်နေလိုက်တယ်။


စိတ်ထဲကနေ " သွားနှင့်တော့ မဝေ... "ဟု

ပြောလိုက်မိပါသည်။ရဲတွေက မဝေသေဆုံး

မှုနဲ့ပက်သတ်ပြီး အေးမာကို မေးခွန်းတွေ

ဝိုင်းမေးနေကြသည်။ထိုအချိန် ဒေါ်သစ္စာ

သည် သူမအား အဓိပ္ပါယ်အများကြီးဖွင့်ဆို

လို့ရသော အကြည့်တို့နဲ့ လက်ပိုက်လျက်

ကြည့်နေခဲ့ပါသည်။


" ဆရာဝန် စစ်ဆေးချက်မရခင်အချိန်ထိ...

  မအေးမာ ဘယ်ကိုမှသွားလို့မရဘူး....."


" ဟုတ်...ကဲ့... "


တာဝန်ကိုယ်စီပြီးဆုံးသွားပြီမို့ အားလုံးပြန်

သွားကြသည်။အေးမာကို ဒေါ်သစ္စာကိုယ်

တိုင် ပြန်ပို့ပေးခဲ့ပါသည်။ဆက်သွယ်လို့

တောင်မရသေးတဲ့ ရွှေအိမ်သူကဖြင့် အမေ

တစ်ယောက်လုံးသေနေတာ မသိသေးရှာ

ဘူး။သူများကို ဒုက္ခပေးဖို့ပဲ သဲကြီးမဲကြီး

ကြိုးစားနေတာကို။


" ဆရာဝန်စစ်ချက်ထွက်လာရင်...ကျိမ်းသေ

  ထောင်ထဲဝင်ရလိမ့်မယ် အေးမာ..အခုထဲက

  ကြိုတင်ပြင်ဆင်ထား...ဘာမှပူမနေစမ်းပါနဲ့

  ငါ့ဘက်က လုပ်ပေးနိုင်တာတွေအများကြီး

  ပါ...ဟုတ်တယ်မို့လား... "


အေးမာသည် ဘာစကားမှပြန်မပြောနိုင်တော့

ပဲ ငိုနေတော့သည်။သူမကို နှစ်သိမ့်ဖို့  စကား

လုံး ရှာရတာ မခက်ပါ။


" မိဘကျေးဇူးဆပ်တယ် သဘောထားစမ်းပါ

  အေးမာရယ်...အန်တီ့ဘက်ကိုစိတ်ချ...

  အေးမာ အမေကို ဘန်ကောက်မှာ ကျောက်

  ကပ်အစားထိုး ခွဲစိတ်ကုသဖို့..အန်တီ အား

  လုံး...စီစဥ်ပြီးနေပြီ...ဘာမှပူမနေနဲ့......

  ထောင်ကျလည်း နှစ်ပေါ့အောင် အန်တီ

  လုပ်ပေးနိုင်တယ် ပြောထားသားပဲ...

  အေးမာ အမေအတွက်လည်းစိတ်ချ...

  ထောင်ထဲက ထွက်မလာခင်အထိ အန်တီ

  ထောက်ပံ့ပေးသွားမှာ...ဟုတ်ပြီလား "


မဝေအိမ်ကို သွားရင်းလာရင်း အကြံအိုက်ရင်

ထုတ်သုံးဖို့ သူလျှိူလက်နက်အဖြစ် အေးမာ

ကို ဒေါ်သစ္စာအသုံးချခဲ့တာ ဖြစ်ပါသည်။

အေးမာရဲ့ အခက်အခဲကိုလည်း ဒေါ်သစ္စာသိ

နေတယ်။မဝေက သူမ အခက်အခဲတွေကို

မဖြေရှင်းပေးနိုင်ဘူး။သည်ကြားထဲ သူ့သမီး

ဖဲကြွေးတွေကို ကျိတ်ဆပ်နေရလို့ အေးမာရဲ့

လုပ်အားခကိုတောင် အကြွေးမှတ်ခိုင်းထား

တာ။


ကိုယ့်ရန်သူရဲ့ အားနဲချက်ကိုသိနေတဲ့

ဒေါ်သစ္စာက နောက်ဆုံးအကြံအစည်ကို

ထုတ်သုံးလိုက်တာပဲ။မဝေရဲ့ လောဘဆိုး

တိုက်မှုတွေကြောင့် မလုပ်သင့်တာတွေ လုပ်ခဲ့

မိပြီးပြီ။တသက်လုံးနီးပါး သူ့လက်ခုတ်ထဲက

ရေဘဝနဲ့ ပေးဆပ်ခဲ့ပြီးပြီ။လူလေ....လူ....

စိတ်နာအောင်လုပ်ပါများရင်တော့...နာတတ်

တာ သဘာဝပဲ။အစထဲက သူမကို ပြောခဲ့

ပြီးသား...မိခင်တစ်ယောက်ရဲ့ ဒေါသကို

မဆွနဲ့လို့ အတန်တန်မှာထားခဲ့ပြီးသား။


" အဲ့ဒါထက်...  မမလေးရောက်လာရင်...

  ဘာပြောရမလဲ... "


" လောလောဆယ်တော့ အစာအဆိပ်သင့်

  တယ်ပေါ့...ဆရာဝန်တွေဆီက စစ်ဆေး

  ချက်ရလာမှ...ကြွက်သတ်ဆေးကြောင့်

  သေတယ်ဆိုတာ သိကြမှာ...အဲ့ခါကျ...

  အေးမာ သူနဲ့ရှင်းစရာမလိုတော့ဘူး...

  ခေါင်းထဲထည့်မနေနဲ့..  "


" အန်တီ....ကျမကို တစ်ခုလောက်ကူညီပါ

  လား... "


" ပြောလေ "


" မမလေး....ဒီညပြန်လာမယ်မထင်ဘူး....

  ကျမတယောက်ထဲ...အဲ့အိမ်မှာမနေရဲလို့ပါ

  ဖြစ်နိုင်ရင်..အန်တီ ဒီညလာနေပေးပါလား "


အေးမာကိုကြည့်ရတာ တကယ်ကြောက်နေ

တဲ့ပုံ။အင်းလေ...သူမရှေ့ အမြုပ်တစီစီနဲ့

ဆန့်တငင်ငင်ဖြစ်ပြီး ဆေးရုံရောက်သွားတာ

မို့လား။ဘယ်သူမဆို တွေးကြောက်မှာပဲလေ။


" အေးပါ...အန်တီလည်း ရွှေအိမ်သူနဲ့ပြော

  စရာတွေရှိသေးတယ်...နေပေးပါ့မယ်...

  ဒါမယ့် အေးမာကို အန်တီပြောချင်သေး

  တယ်...မမြင်ရတဲ့အရာတွေကို အေးမာ

  ကြောက်လား...မမြင်ရတဲ့အရာတွေက

  ကိုယ့်ကို ဘာမှလုပ်လို့မရဘူး...လူတွေကို

  အေးမာ ကြောက်ရမှာ...အန်တီ​ပြောတာ..

  နားလည်လား... "


" ဟုတ်ကဲ့ပါ "


အမေ့ကို အသက်ဆက်ရှင်စေချင်တဲ့ ဆန္ဒတစ်

ခုထဲနဲ့ လူတစ်ယောက်ရဲ့ အသက်ကို အေးမာ

သတ်ခဲ့မိပြီ။ဒေါ်ညွန့်ဝေ သောက်မယ့်ကော်ဖီ

ခွက်ထဲ ကြွက်သတ်ဆေး ထည့်ခဲ့တာ အေးမာ

ပါ။ခိုင်းစေသူက ဒေါ်သစ္စာ...အလဲအလှယ်က

အေးမာ အမေ ကျောက်ကပ်အစားထိုးကုသဖို့

ကုန်ကျစရိတ်တွေနှင့် ထောင်ကထွက်လာရင်

သင့်တင့်လျောက်ပတ်သော ဘဝတစ်ခု

တည်ဆောက်ပေးမယ်ဆိုတဲ့ မက်လုံးပါပဲ။


အမေ့အသက်ကို ကယ်ဖို့ ဒေါ်ညွန့်ဝေကို

အေးမာ သတ်ခဲ့တယ်။မိမိဟာ ဗုဒ္ဓဘာသာဝင်

တစ်ဦးမို့ ကံ ကံ၏​အကျိူးပေးကိုလည်း

အေးမာ ယုံကြည်မိပါသည်။အမေ့ခွဲစိတ်မှု

အောင်မြင်ဖို့ အေးမာရဲ့ အပြစ်ကြွေးတွေကို

ဘာနဲ့ဆပ်ရဆပ်ရ ဆပ်ပါ့မယ်။အမေ့ကိုတော့

အသက်ရှင်ခွင့်ပေးသနားတော်မူပါဘုရား...

ဟု သူမစိတ်ထဲက တောင်းဆုခြွေလိုက်မိပါ

ရဲ့....။


ဒေါ်သစ္စာသည် အေးမာကို အဖော်ပြုရင်း

တစ်ညလုံး မဝေတို့အိမ်မှာစောင့်ပေးနေခဲ့ပါ

သည်။ရွှေအိမ်သူက မနက် ၂နာရီလောက်မှ

အိမ်ပြန်ရောက်လာပါသည်။အိမ်ထဲရောက်

သည်နှင့် ဒေါ်သစ္စာကို တန်းတွေ့လိုက်ရ၍

လန့်သွားတာ အမှန်။


" မာမီ.... မာမီ..... "


" ခေါ်မနေနဲ့ရွှေအိမ်သူ....မင်း မာမီမရှိတော့

  ဘူး....တစ်ညလုံး အန်တီတို့ဖုန်းဆက်နေ

  တယ်...ဘာလို့မကိုင်တာလဲ... "


" ဟာ...အန်တီဘာတွေပြောနေတာလဲ..မာမီ

  မရှိတော့ဘူးဆိုတာ ဘာစကားကြီးလဲ....

  မာမီရေ....မာမီ... "


တစ်ညလုံးနီးပါး club မှာ အပေါင်းအသင်း

တွေနဲ့ သောင်းကျန်းမူးရူးနေခဲ့တာ။ဖုန်းမြည်

နေရင်တောင် သီချင်းသံတွေကြောင့် မကြား

ဘူးလေ။ဒေါ်သစ္စာပြောတဲ့ စကားကြောင့်

အရူးတစ်ယောက်လို သူ့အမေ ကိုတ လျက်

တအိမ်လုံး ပတ်ရှာနေတော့သည်။အမေတစ်

ခု...သမီးတစ်ခု ဘဝမှာ...မာမီမရှိတော့ဘူး

ဆိုတဲ့စကားကို သူမ အမုန်းဆုံးပဲ...လက်မခံ

ချင်ဆုံးပဲ။


ဒေါ်သစ္စာသည် မူးကြောင်ကြောင်နဲ့ တအိမ်

လုံးကို ပတ်လျှောက်နေတဲ့ သူမအား လှမ်း

တားလိုက်ပြီး....


" ရွှေအိမ်သူ... မင်း...အန်တီပြောတာ နား

  ထောင်စမ်း... မင်း မာမီသေပြီ... "


" အားးးးးးးး....မပြောနဲ့....မဖြစ်နိုင်ဘူး...

  ကျမ မာမီ ဘာလို့သေရမလဲ...ကျမ အပြင်

  မသွားခင်အထိ အကောင်းကြီး...အန်တီ

  မဖြစ်နိုင်တာတွေမပြောပါနဲ့.... "


ကြမ်းပြင်ပေါ် သူမ ငုတ်တုတ်ထိုင်ချလိုက်ပြီး

အရူးတယောက်လို ဆံပင်တွေကို လက်ဖြင့်

ဖွလိုက် တစ်စုံတစ်ရာကိုကြောက်ရွံ့စွာ တွေး

လိုက်ဖြင့် ယောက်ယတ်ခတ်နေပါသည်။

အရမ်းသနားစရာကောင်းတာပဲ ရွှေအိမ်သူ

ရယ်....။အဖိုးတန်လွန်းလှတဲ့ ငါ့သားလေးကို

ကြည်ကြည်ဖြူဖြူ လက်ထဲထည့်ပေးတာ

တောင်မှ နင်က လောဘဆိုးတိုက်ပြီး အမေ

ခြေရာနင်းဖို့ ကြိုးစားရုံမက ငါ့သားရဲ့သိက္ခာ

ကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖို့ကြိုးစား

ခဲ့တာ နောင်တ ရပြီလား။


" သမီးဆီ တစ်ညလုံး အေးမာ ဖုန်းဆက်

  တယ်.....မကိုင်ခဲ့တာ သမီးအပြစ်ပဲ...

  အမှန်တရားကို လက်ခံရမယ်လေ...ခံနိုင်

  ရည်ရှိရမယ်...မနက်ကျ မဝေ အလောင်းကို

  ဆရာဝန်တွေ စစ်ချက်ယူလိမ့်မယ်..လော

  လောဆယ်တော့ အစာအဆိပ်သင့်တယ်လို့

  ပြောတယ်...ဆေးရုံချက်ချင်းပို့တယ်...

  ဒါမဲ့ အသက်မကယ်နိုင်ခဲ့ဘူး...အန်တီလည်း

  စိတ်မကောင်းပါဘူး ရွှေအိမ်သူ... "


ဒေါ်သစ္စာ စကားတွေကို သူမ လက်မခံနိုင်

သေးဘူး။မဖြစ်နိုင်ဘူး....ညာနေကြတာ...

မဟုတ်ဘူး....သူမ အပြင်မသွားခင်ကတောင်

မာမီနဲ့ ဒီအိမ်ကြီးထဲမှာ စကားတွေပြောနေခဲ့

ကြတာလေ။အချိန်ဘယ်လောက်မှ မကြာ

သေးဘူး...မာမီက...သမီးကိုခွဲခွာသွားပြီတဲ့

လား....သမီး...ဘယ်သူ့ကိုအားကိုးပြီး နေရ

မှာလဲ။မာမီပြောတော့ သမီးဘဝကို ဟိုး

အမြင့်ဆုံးထိရောက်အောင် ထမ်းပို့ပေးမှာ

ဆို...အခုတော့ သမီးဘဝက သွားပြီ...သွား

ပြီ မာမီရဲ့။


" ဆက်မပြောပါနဲ့တော့...တောင်းပန်ပါတယ်

  ကျမ မကြားချင်ဘူး...မာမီ...မာမီ........

  မာမီရေ.... "


မိုးလင်းခါနီးထိ ရွှေအိမ်သူ ငိုလို့မပြီးဘူး။

အေးမာက သူမကိုကြည့်ပြီး ဝဋ်လည်မှာ

ကြောက်နေခဲ့တယ်။ကိုယ်ချင်းစာစိတ်နဲ့

မိမိဟာ အပြစ်ရှိသူပါလို့ အော်အော်ပြီး ပြော

ပစ်လိုက်ချင်တယ်။သူတို့သားအမိက အေးမာ

အပေါ် တစ်စက်ကလေးမှလည်း မကောင်းခဲ့

ပါဘူး။သို့သော် ဒီလောက်လေးနဲ့တော့ 

အေးမာ သူတို့သားအမိ အပေါ် မမုန်းခဲ့ပါဘူး။


ခွင့်လွှတ်ပါ မမလေးရယ်....အေးမာမှာ ရွေး

ချယ်စရာ လမ်းမရှိတော့လို့ပါ။


ရွှေအိမ်သူလည်း ငိုရတာပင်ပန်းပြီး အိပ်ပျော်

သွားလေပြီ။ဒေါ်သစ္စာက အေးမာကိုမှာသင့်

တာမှာခဲ့ပြီး ပြန်သွားပါသည်။ဒေါ်သစ္စာလည်း

တစ်ညလုံး ကောင်းကောင်းမအိပ်ရသေးဘူး။

ညကတော့ သားကို အကျိူးအကြောင်းပြော

ပြပြီး ရွှေအိမ်သူတို့အိမ်မှာ နေပေးရမယ်ဆို

တာပါ ပြောပြထားခဲ့သည်။


ခုရက်ပိုင်း အိမ်မြဲနေသော အဖေဖြစ်သူကို

သူက မေမေ ပြန်မလာဖြစ်တဲ့အကြောင်း

ပြောပြထားသည်။ဒေါ်သစ္စာအလာကို ခင်ပွန်း

ဖြစ်သူက သေချာထိုင်စောင့်နေတယ်။သား

ကတော့ အလုပ်ရှိလို့ အစောကြီး ထွက်သွား

ပြီ။မတော်ရသေးတဲ့ ယောက္ခမလောင်း

ရုတ်တရက်သေဆုံးသွားတာကို သူ ဝမ်းနဲ

ပုံလည်း မရပါဘူး။ရွှေအိမ်သူ့ကို သနားရ

ကောင်းမှန်းလည်း မသိတာအမှန်ပဲ။


ပုံမှန်နေ့တွေလိုပဲ အလုပ်ကို အစောကြီး

ထွက်သွားလေရဲ့။ဒေါ်သစ္စာပြန်ရောက်သည်

နှင့် ဦးဟန်မင်းညိုက ဝိုင်ခွက် လှမ်းပေးကာ...


" Congratulations ပါ ဒေါ်သစ္စာ..... "


ဘာအတွက် ဒင်းက ဂုဏ်ပြုပေးနေတာလဲ။


" ယူပါကွ....လင်မယားချင်းတောင် ဟန်

  ဆောင်နေသေးတယ်...မညွန့်ဝေ မနေ့ညက

  အစာအဆိပ်သင့်ပြီး သေသွားပြီလို့ သားဆီ

  က ကြားထဲက...ငါမင်းကိုဂုဏ်ပြုပေးချင်

  နေတာ...ဟားးးး....မင်းမလုပ်ရဲတာ ဘာမှ

  မရှိတော့ပါလား...ပြောပါအုံး...သူ့အလှည့်

  ပြီးရင် ငါ့အလှည့်လား...ဟင်..."


ဒေါ်သစ္စာသည် မျက်ခုံးနှစ်ဖက်ကို အလယ်

ဗဟိုထိရောက်အောင် ကျူံ့လိုက်ရင်း မဲ့ပြုံး

ပြုံးကာ...


" ကျမက ဦးဟန်မင်းညိုရဲ့ မိန်းမပဲ...ရက်စက်

  တတ်သလို...မလုပ်ရဲတာလည်း ဘာမှမရှ်ိ

  တော့ဘူး...."


" မင်းအခုလိုလုပ်လိုက်တာ မင်းအတွက်လား

  သားအတွက်လား... "


ဦးဟန်မင်းညို ကမ်းပေးတဲ့ ဝိုင်ခွက်ကို သူမ

အရင် လှမ်းယူလိုက်သည်။ပြီးတော့ အရသာ

မခံပဲ တစ်ခွက်လုံးသောက်ချပစ်လိုက်တယ်။တချိူ့ အရာတွေက အရသာခံဖို့ မကောင်း

ဘူးလေ။ရည်ရွယ်ချက်အရ အစာအိမ်ထဲ

ရောက်ဖို့ပဲ မဟုတ်လား။


" ရှင်ပြောခဲ့သလိုပဲပေါ့....လူတိုင်းအတ္တကြီး

  ကြတယ်...ကျမအတွက်လည်းဟုတ်သလို..

  သားအတွက်လည်း ဟုတ်တယ်...ရှင် ဘာ

  သိချင်သေးလဲ..."


" No....ငါက မင်းအကြောင်းတွေ သိနေတာ

  နဲနဲလေးတောင် မတုန်လှုပ်မိဘူးလား..ဒါမှ

  မဟုတ်...ငါ့ကိုပါ အဲ့အပြုံးလေးနဲ့ တည်

  တည်ငြိမ်ငြိမ် သတ်ဖို့များ တွေးခဲ့ပြီးပြီ

  လား... "


" အဟင်းးးး....ဘယ်မေးခွန်းကိုစဖြေရင်

  ကောင်းမလဲ...မတုန်လှုပ်မိဘူးလားဆိုတာ

  နဲနဲလေးတောင် စိုးရိမ်စိတ်မဝင်မိပါဘူး..

  ဘာလို့လဲဆိုတော့...ဦးဟန်မင်းညိုဆိုတဲ့

  ရှင်က..သိက္ခာတရားကိုအရမ်းတန်ဖိုးထား

  တဲ့လူလေ...ကိုယ့်သိက္ခာအကျခံပြီးတော့

  ကျမကို ထောင်ထဲမထည့်လောက်ဘူးလို့

  ယုံကြည်ထားတယ် "


" ဟားးးးးး.... "


သစ္စာကို ချစ်မိသွားတဲ့အချက်ထဲမှာ လိမ်မာ

ပါးနပ်တဲ့မိန်းမတယောက်ဖြစ်နေတာလည်း

ပါခဲ့သည်။မကောင်းတဲ့ဘက်မှာ ညဏ်သွက်

ခဲ့တဲ့ မိန်းမ။နာမည်နဲ့လိုက်အောင်သာ သစ္စာ

ရှိခဲ့မယ်ဆိုရင် သူတို့မိသားစုလောက်အရာရာ

ပြည့်စုံတဲ့ လူရှိမှာမဟုတ်ဘူး။


" နောက်တစ်ခုက ကျမ ရှင့်ကိုမသတ်ပါဘူး..

  ရှင်က သားရဲ့အဖေ ဖြစ်နေသရွေ့ပေါ့... "


" ဘာ!! "


ဒေါ်သစ္စာသည် ထုံးစံအတိုင်း အတည်ငြိမ်

ဆုံး အပြုံးတစ်ခုကို လှပသေသပ်စွာပြုံး

လျက် ဝိုင်ခွက်အား သူ့ကို လှမ်းပေးပြီး

အပေါ်တက်သွားခဲ့ပါသည်။သစ္စာနဲ့ပေါင်း

သင်းခဲ့တာ ကြာပြီဆိုသော်လည်း ကိုယ့်

မိန်းမအကြောင်းကို ဦးဟန်မင်းညို အခုထိ

မသိသေးတာ ခက်တယ်။


အခုချိန်ထိလည်း သူ့အကောင်ဆီ သစ္စာက

သွားနေတုံး။သူကလည်း သိသိရဲ့နဲ့ မျက်နှာ

လွှဲပေးမိနေတုံး။မင်းလည်း မင်းကြိုက်တာ

လုပ်...ငါလည်းငါကြိုက်တာလုပ်မယ်ဆိုပြီး

ဦးဟန်မင်းညို အရွဲ့တိုက်ပစ်ခဲ့တာ။သူသာ

မောသွားမယ်...ဒေါ်သစ္စာက သူနဲ့ပက်သတ်

လာရင် ဘာခံစားချက်မှကို မရှိတာ။


ကောင်မလေးတွေ တစ်ယောက်ပြီးတစ်

ယောက်နဲ့ သာယာပြနေလည်း သဝန်တိုစိတ်

ဖြစ်ရကောင်းမှန်း မသိခဲ့ဘူး။သူ မြန်မာပြည်

သာရောက်လာပြီး သူမဆီ လာမတွေ့ခဲ့လည်း

အပြုံးမပျက်ဘူး။နောက်ဆုံး သူသာ နာမည်

ပျက်မလိုတွေ ဖြစ်ခဲ့တယ်။သူမကိုတော့

မသိတဲ့လူအားလုံးက ဦးဟန်မင်းညိုရဲ့

ဆိုးတဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိတယ်ဆိုပြီး

ချီးကျူးနေကြတာ။သူကဖြင့် ဗီလိန်အကြီး

စားကြီးကို ဖြစ်လို့။သားကအစ အဖေဖြစ်သူ

ကို အထင်တွေလွဲပြီး အမေကပဲ သနားစရာ

အရမ်းကောင်းနေခဲ့သလိုလို....။


သည်မိန်းမက ဟန်ဆောင်တဲ့နေရာမှာ သိပ်

တော်တယ်။ခုလည်းကြည့်...သူမ လက်ချက်

နဲ့ မရှုမလှသေသွားတဲ့ သူငယ်ချင်းရဲ့အိမ်မှာ

တောင် ညစောင့်ပေးခဲ့သေးတယ်။အားလုံးက

ထင်မှာပဲ..သူငယ်ချင်းအပေါ် အတော်ကောင်း

ခဲ့တယ်ပေါ့။


နောက်ဆက်တွဲလည်း စောင့်ကြည့်လိုက်ကြ

အုံး....ဘယ်လိုဒရာမာတွေခင်းပြီး လူတွေရဲ့

ယုံကြည်မှုတွေကို လှလှပပ သိမ်းယူမလဲ

ဆိုတာ...။


တော်ပါတယ် သစ္စာရယ်...မင်းက သစ္စာမရှိ

တာကလွဲရင် ကျန်တာတွေအကုန်လုံး ပြည့်စုံ

ခဲ့တဲ့မိန်းမပါ။ငါကလည်း မင်းကို လက်တုံ့ပြန်

ဖို့ ရည်ရွယ်ချက်တွေနဲ့ သေတဲ့အထိ နွားကျခံ

ပေါင်းနေရအုံးမှာပဲ။


မင်းကလည်း သားအတွက် လူသတ်ခဲ့တယ်

ဆိုရင် ငါကလည်း ငါ့သားအတွက် မင်း

အနှောင်အဖွဲ့ကြီးကို အမြစ်ဖြတ်သင့်ရင်

လည်း ဖြတ်ရမှာပဲ။


သားမှာ အဖေတစ်ယောက်ပဲရှ်ိရမယ်....

နှစ်ယောက်မရှိရဘူး...မြဲမြဲမှတ်ထားစမ်း...

ငါ့သားက ဘယ်သူ့သွေးပဲဖြစ်ဖြစ်...ငါ့လက်

ပေါ်မှာကြီးပြင်းလာတဲ့ကလေး...ငါပြုစုပျိူး

ထောင်ခဲ့တဲ့ ကလေး...သွေးစကားမပြော

ချင်နေ...သံယောဇဥ်အနှောင်အဖွဲ့ကြိုးတွေ

က သွေးထက်ပိုခိုင်မြဲတယ်။


ဟန်မင်းညိုကို လျှော့မတွက်စေချင်ဘူး....

အကုန်သိတယ်ဆိုတာ မမေ့စမ်းနဲ့....။


ဦးဟန်မင်းညိုသည် လက်ကျန် ဝိုင်တစ်ခွက်

ကို အရသာရှိရှိ ဇိမ်ခံသောက်ရင်း....အားရ

ပါးရ ရယ်မောပစ်လိုက်တော့သည်။


*******************************************


အခန်း (13) မျှော်


Author 😍 A Mon Ko 😍


rate now: