book

Index 11

အခန်း (11)

  • Author : A Mon Ko
  • Genres : Romance, Drama

ခွေခွေလေး မေ့လဲနေသောစိုးကို သူမတို့လှုပ်

ပြီး ခေါ်သောလည်း သတ်ိမရပဲ ဖြစ်နေရာ

ရုတ်တရက် မသူဇာ ခေါင်းထဲရောက်လာ

သည်က ဒေါက်တာဇေယျကျော်အပြင် 

တခြားလူမရှိ၍ ဆရာ့ထံ ဖုန်းအမြန်ဆက်ကာ

အကူအညီ လှမ်းတောင်းလိုက်ရပါသည်။


မသူဇာဖုန်းလှမ်းဆက်သည့်အချိန်က သူ

လူနာကြည့်ပေးရမယ့်အချိန်နှင့် ကွက်တိတိုး

နေသည်။သူ့အတွက် အရေးကြီးဆုံးဟု ထင်

ထားခဲ့သော အလုပ်ကိုပင် လက်ထောက်

ဆရာဝန်နှင့် လွှဲကာ စိုးဆီ အပြေးလာခဲ့တဲ့

အထိ မိုက်မဲခဲ့ဖူးလေပြီ။ဆေးကုစဥ်ကာလ

တလျှောက် အလုပ်အပေါ် ဘယ်သောအခါမှ

ပေါ့ပေါ့ဆဆ မလုပ်ဖူးခဲ့သော ဆရာဝန်တစ်

ယောက်၏ ပထမဆုံး ပျက်ကွက်ခြင်းပင်

ဖြစ်နေပါတော့သည်။


သူ ရောက်လာသည့်အချိန်တွင် စိုး သတိပြန်

လည်လာပြီ ဖြစ်သည်။


" ဘယ်လိုဖြစ်တာလဲ.... "


" ဒီရက်ပိုင်း အစားသိပ်မစားဘူးဆရာ...အမြဲ

  တမှိုင်မှိုင်တထွေထွေနဲ့....အခန်းထဲက အသံ

  ကြားလို့ ကျမတို့လာကြည့်တော့ စိုးမေ့လဲ

  နေတာပဲ....ခုနကမှ သတိပြန်လည်လာတာ..

  အခုပြန်မှေးနေတယ်ဆရာ.... "


မသူဇာ စကားကို နားထောင်ရင်း သူ သွေး

ခုန်နှုန်း တိုင်းကြည့်နေသည်။နှလုံးခုန်နှုန်း

ပုံမှန် မဟုတ်တာ သတိထားမိလိုက်သည်။

အစထဲက စိုးသည် နှလုံးရောဂါဖြစ်ချင်နေ

သော လက္ခဏာရှိတယ်လို့ သူ ပြောခဲ့ဖူးသည်

စိုး အခုလောက်ထိ ဖြစ်သွားတာ သူ့ပေါ့ဆမှု

ကြောင့်လည်း ပါ ပါသည်။ကိုယ်တိုင် နှလုံး

အထူးကု ဆရာဝန်တစ်ယောက် ဖြစ်ပါရဲ့နဲ့

စိုးကို ဂရုစိုက်ပေးဖို့ မေ့နေခဲ့သည်။


အခုဖြစ်တဲ့ ပြသာနာသည် နှလုံးရောဂါအခံ

ကြောင့်လည်း ပါသလို အိပ်ယာထက်မှေး

လျက် အိပ်ပျော်နေသော စိုး မျက်နှာကို

ကြည့်ရင်းမှ မျက်ကွင်းတွေ ညိုနေတာ သတိ

ထားမိသွားသည်။သူ့ရင်တွေ တဆတ်ဆတ်

တုန်ရီလာသည်။ဝမ်းဗိုက်ပတ်လည်ကို နား

ကျပ်ဖြင့် မဝံ့မရဲ စမ်းသပ်ကြည့်ပါသည်။

မသေချာသလို ဖြစ်နေ၍ အချိန်ကြာကြာ

စမ်းသပ်ပြီးနောက် သူ့မျက်ခုံးနှစ်ဖက် ပင့်

တက်သွားသည်။နောက်ဆက်တွဲ အနေဖြင့်

သက်ပြင်းရှည်ကြီးတစ်ခုပါ အပူဇောနဲ့အတူ

မျှောချ လိုက်ပါ၏။


ကံဆိုးမ သွားရာ...မိုးလိုက်လို့ရွာဆိုသည့်

ကြားဖူးခဲ့သော စကားပုံသည် စိုးအတွက်များ

ရည်ရွယ်ဖွင့်ဆိုခဲ့တာလား။စိုးကို သူမြင်

ချင်ခဲ့တာ အခုလိုပုံစံမျိူးနဲ့ မဟုတ်ဘူး။စိတ်

သစ်လူသစ်နဲ့ ဘဝသစ်တစ်ခုထဲ တည်တည်

ငြိမ်ငြိမ် ဖြတ်သန်းသွားမယ့် မိန်းခလေးတစ်

ယောက်အဖြစ် မြင်ချင်ခဲ့တာ။


သူ့ရင်ထဲက အပူတွေသည် စိုးကြောင့် တမြေ့

မြေ့လောင်ကျွမ်း လာခဲ့ရပြီ။တလက်စထဲ

သူ ချစ်သောမိန်းခလေးအတွက် ဘာလုပ်ပေး

ရင်ကောင်းမလဲ ဟူသည့်မေးခွန်းအား ကိုယ့်

ကိုကိုယ် ပြန်မေးနေရပြီ။


" စိုး ဘာဖြစ်သွားတာလဲ ဆရာ.... "


သူ့ပါးစပ်က ဘယ်လိုစကားလုံးမျိူးသုံးပြီး

မသူဇာကို ပြောပြရပါ့မလဲ။ဖြစ်စဥ်တွေသည်

သေချာသလောက်ရှိနေပြီမို့ သူ သက်ပြင်း

သာ အတွင်တွင် ချနေမိတော့သည်။


" စိုးမှာ..... စိုးမှာ....ကိုယ်...ကိုယ်ဝန်ရှိနေပြီ "


" ရှင်.... "


ပြောလိုက်ရတဲ့ သူမှာလည်း ယောကျာ်းတန်မဲ့

မျက်ရည်တွေက စို့လို့။ကိုယ့်အတွက် မျှော်

လင့်ချက်မဲ့သွားလို့ ဝမ်းနဲတာမျိူး မဟုတ်ပဲ

စိုးအတွက် စိတ်မကောင်းဖြစ်ခဲ့မိတာပါ။


" နှလုံးနဲ့ပက်သတ်တဲ့ စစ်ဆေးမှုတွေ အကုန်

  လုပ်ရမယ်...မကြီး...အခု စိုးမှာက........

  မပေါ့မပါးနဲ့...လိုအပ်တဲ့ ဆေးကုသမှုတွေ

  လုပ်ပေးရလိမ့်မယ်...နမို့ဆို သူ မလွယ်ဘူး "


" ဟုတ်ကဲ့ပါ ဆရာ "


မသူဇာသည် စိုးအတွက် စိတ်မကောင်းဖြစ်

နေတဲ့ကြားက ဆရာ့မျက်နှာကိုလည်း ခနခန

ခိုးကြည့်မိပါသေးသည်။


" မနက်ဖန် နေ့ခင်းလောက် ကျတော်လာခေါ်

  မယ်...ဆေးရုံမှာပဲ လိုအပ်တာ အကုန်စမ်း

  သပ်ပေးမယ်...ဟိုဟာကိစ္စက...ကျတော့်

  အသိ ဆရာဝန်မနဲ့ ပြပေးပါ့မယ်...စိုးကို

  သေချာလေးဂရုစိုက်ပေးပါ...ဘာပဲလိုလို

  ကျတော့်ကိုပြောပါမသူဇာ....ဘာမှအားနာ

  စရာမလိုဘူး...မသူဇာသိထားဖို့က......

  စိုးအပေါ် ကျတော်ထားလက်စ မေတ္တာ

  ဘယ်တော့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး

  ဆိုတာပါပဲ...ကျတော်ပြန်လိုက်အုံးမယ် "


သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုမှ ဘယ်

သူက ဘယ်သူ့အပေါ် ဘယ်လောက်ထိပေး

ဆပ်ပြီး ချစ်နိုင်မလဲ စမ်းသပ်နေကြသလိုပါ

ပဲ။တစ်ယောက်က တစ်ယောက်ကို ရယူ

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်နေကြတာ မဟုတ်လို့

သူတို့လေးတွေရဲ့ အချစ်တေးသွားသံစဥ်

သည် နားထောင်ရသူတွေအဖို့ ငြိမ့်ညောင်း

လွန်းခဲ့ပါသည်။စိုးကလည်း ကိုကြီးအတွက်

မဖြစ်နိုင်ဘူးလို့ ထင်မှတ်ထားတာတွေနဲ့ ပေး

ဆပ်ပြီး ချစ်ပြခဲ့သလို ဆရာဟာလည်း စိုး

အတွက် ဖြူစင်သောချစ်ခြင်းတွေဖြင့် သရုပ်

ဖော်ဆောင်လျက် ပေးဆပ်ချစ်ပြနိုင်ခဲ့ပါ

သည်။


အရာအားလုံးသည် ကံစီမံရာအတိုင်းဆိုသော်

ငြား ချစ်တတ်သော လူသားနှစ်ဦးကို နှလုံး

သားချင်း နီးစပ်စေချင်ခဲ့တဲ့ ဆန္ဒလေး မသူဇာ

ရင်ထဲ ကိန်းအောင်းနေခဲ့ဖူးပါတယ်။လက်ရှ်ိ

အခြေအနေမှာဖြင့် စိုးနဲ့ဆရာဟာ ဘယ်လိုမှ

ဖြစ်နိုင်ချေ မရှိတော့ပါဘူး။


စိုး ကောင်းကောင်းကြီး သတိရလာမှ နားဝင်

အောင် တဖြေးဖြေးပြောပြဖို့ ဆရာက သေ

ချာ မှာသွားခဲ့ပါသည်။ပြောင်းလဲမှုတစ်ခု

အပေါ် စိုး လက်မခံနိုင်ပဲ စိတ်ထိခိုက်သွားမှာ

ကို အားလုံးက စိုးရိမ်နေကြတာ ဖြစ်လေ

သည်။


တကယ်တမ်းပြောလိုက်သည့်အချိန်မှာဖြင့်

စိုးဟာ စိတ်ထိခိုက်ခြင်း ယူကြုံးမရဖြစ်ခြင်း

အလျဥ်းမရှိပဲ သူမ နှုတ်ခမ်းဝယ် အပြုံရိပ်

များ လွှမ်းခြုံးသွားသည့်အခါ မသူရော 

ဆွေဆွေပါ အနဲငယ် ကြောင်နန ဖြစ်သွားခဲ့

ပါသည်။


စိုးက မသူဇာလက်ကိုကိုင်ရင်း ဝမ်းသာအား

ရ ထပ်မေးလာခဲ့ပါသည်။


" သေချာရဲ့လား မကြီး...စိုးမှာ..စိုးမှာ....

  ကလေးလေးရှိနေပြီပေါ့...ဟုတ်လားဟင် "


ကိုကြီးကို စိုး ပိုင်ဆိုင်ခွင့်မရခဲ့ပေမယ့် သူ့ရဲ့

ကိုယ်ပွားလေးတစ်ခု စိုးဆီမှာ ရှိနေပြီ။မျှော်

လင့်ချက်မဲ့ခဲ့သော သူမ ဘဝထဲ လူသားလေး

တစ်ယောက် ရောက်လာခဲ့ပြီ။စိတ်ပျက်အား

ငယ်ပြီး ဘဝကိုအရှုံးပေးတော့မယ့်ဆဲဆဲ

အလင်းရောင်လေးတစ်ခုက ရှေ့ဆက်ရမယ့်

လမ်းကို မီးမောင်းထိုးပြခဲ့လေပြီ။


ဘယ်လိုအရာမျိုးကိုမှ စိုး ဒူးထောက်အရှုံး

ပေးလို့မရတော့ဘူး။စိုး ဗိုက်ထဲက ကလေး

လေးရဲ့ အနာဂတ်အတွက် အသက်ရှင်ရအုံး

မယ်။ကလေး ဘဝလေး လှပသာယာဖို့

အမှောင်ကြားထဲက ရုန်းထွက်ရအုံးမယ်။

အို....စိုးမှာ ဘယ်သူမှ မခိုင်းပါပဲ..တာဝန်

တွေများလာပြီ။


" သေချာတယ်စိုး....ဆရာကိုယ်တိုင် စမ်းသပ်

  ပြီးပြီ.... "


သေချာတယ်ဆိုတဲ့ စကားကိုပင် နားက ထပ်

တလဲလဲ ကြားချင်နေသလိုလို။


ဖြူဖတ်ဖြူရော် မျက်နှာလေးသည် ချက်ချင်း

ပဲ ပမ်းရောင်သမ်းလာခဲ့လေပြီ။


" ပျော်လိုက်တာ မကြီးရယ်...စိုး အရမ်းပျော်

  တာပဲ...စိုးဗိုက်ထဲမှာ ကလေးလေးရှိနေပြီ

  ပေါ့နော်... မဖြစ်ဘူး...စိုး ကိုယ့်ကိုကိုယ်..

  သတိထားပြီးနေရတော့မယ်... "


" မကြီး ပြောတာ ခနလောက်နားထောင်ပါအုံး

  အခု စိုးမွေးလာမယ့်ကလေးမှာ အဖေမရှိ

  တာ သတိရပါအုံး...နဂိုထဲကမှ စိုးကိုဆ်ို

  အားလုံးက အထင်သေးနေကြတာ..ဒီ

  ကလေးအတွက် စိုး ဘာများလုပ်ပေးနိုင်

  မှာလဲ "


" မကြီးလည်း မိခင်တစ်ယောက်ပဲ..ဘာလုပ်

  ပေးနိုင်မလဲဆိုတဲ့ မေးခွန်းမျိူး မမေးသင့်

  ဘူး...စိုး အများကြီးလုပ်ပေးနိုင်တယ်...

  လုပ်ပေးမယ်...ပြီးတော့...ကလေးမှာ...

  အဖေရှိတယ်...အဖေမရှိပဲမွေးမယ့်ကလေး

  မဟုတ်ဘူး.. "


" ဒါဆို စိုးက အကိုလေးကို.... "


မသူဇာ စကားရှေ့ဆက်မပြောနိုင်အောင်

သူမ လက်တစ်ဖက် ကာလိုက်သည်။


" ခနလေး မကြီး....ကလေးမှာ အဖေရှိတယ်

  ပဲ ပြောတာ...စိုး ဘယ်သူ့က်ိုမှ အားကိုးမှာ

  မဟုတ်ဘူး...စိုးတစ်ယောက်ထဲရဲ့အင်အား

  နဲ့ ကလေးကိုရအောင်မွေးမယ်...ပြုစုပျိူး

  ထောင်မယ်...ဘယ်သူမှမလ်ိုအပ်ဘူး...အဲ့ဒါ

  စိုး ဆုံးဖြတ်ချက်ပဲ...မကြီးလည်း..ဒီကိစ္စကို

  ကိုကြီးကိုမပြောပါနဲ့...အရင်ကတောင်မပက်

  သတ်ပဲ နေခဲ့တယ်...အခုမှ ကလေးကိုဗန်းပြ

  ပြီး သူ့အနားမနေချင်ဘူး...စိုးရဲ့လက်ကျန်

  မာနလေးနဲ့ ကိုကြီးအပေါ်ထားတဲ့ချစ်ခြင်း

  တွေကို မကြီး နားလည်ပေးပါ...သွားမပြော

  ပါနဲ့...စိုး တောင်းပန်ပါတယ်...နော် "


ကိုကြီးကို အသဲနင့်အောင် ချစ်ခဲ့တာက သက်

သက်...သူ့အဖေပြောခဲ့တဲ့ စကားလုံးတွေကို

စိတ်နာပြီး မပက်သတ်ဖို့ဆုံးဖြတ်ခဲ့တဲ့ မာန

က သက်သက်ပါ။ပြန်စဥ်းစားကြည့်လေ 

ဒေါသထွက်လေပါပဲ။ဆွေဆွေလှိုင်ဆိုတာ

ဦးဟန်မင်းညိုလက်ထဲမှာပဲ နုပျိူခြင်းတွေ

စတေးပေးခဲ့ရတဲ့ မိန်းခလေးတစ်ယောက်ပါ။

သူ သာယာတုံးက နှုတ်ဖျားမှာ ပျားရည်

လောင်းထားသလို အချိူတွေပစ်ကျွေးခဲ့ပြီး

သူ မလိုတော့တဲ့အချိန်ကျ လူကို ခွေးမောင်း

နွားမောင်း နှင်ထုတ်ခဲ့တာ တသက်မမေ့ဘူး။


ဆွေဆွေက စိတ်မနာတတ်တာလား...ခွင့်

လွှတ်နားလည်ပေးတတ်တာလား..စိုးမသိ

ဘူး။စိုးကတော့ ဟော့ဒီရင်ဘတ်ထဲကနေ

နာနာကျည်းကျည်းနဲ့ကို အမှတ်အတေးထား

ထားတယ်။ခုဆို သူတို့ရဲ့ မျိူးဆက်လေး စိုး

ဆီ မှာရှိနေခဲ့ပြီ။သူ မိန်းမပျက်သာသာ စာရင်း

သွင်းထားခဲ့တဲ့ မိန်းမက သူတို့မျိူးဆက်ကို

ဘယ်လိုလင်းလက်တောက်ပစေမလဲဆိုတာ

မြင်ခွင့်ရတဲ့အထိ ဦးဟန်မင်းညိုကို သက်ဆိုး

ရှည်စေချင်ပါတယ်။


" စိုး....ဆရာ့က်ိုတွေ့ချင်တယ်...ဆရာ့ဆီက

  အကူအညီမတောင်းချင်ပေမယ့် တောင်းရ

  တော့မယ် "


မသူဇာ သက်ပြင်းချလိုက်ပါသည်။စိုးသည်

တစ်ခုခုအပေါ် အာရုံရောက်ပြီဆို စိတ်မြန်

လက်မြန်နဲ့ အကောင်အထည်ဖော်တတ်ပါ

သည်။ခုလည်းပဲ မေ့မျောနေတဲ့ လူမမာပုံစံ

မှသည် မယုံနိုင်အောင်လန်းဆန်းတက်ကြွကာ

ဆရာ့ဆီ သွားဖို့ပြင်နေပြန်သည်။


" အခုချက်ချင်းမသွားပါနဲ့အုံး...စိုးကို မနက်

  သူ လာခေါ်လိမ့်မယ်...ကိုယ်ဝန်ကိစ္စထက်

  အရေးကြီးတဲ့ စိုးရောဂါကို အရင်ကုရအုံး

  မယ် "


" ဘာရောဂါလဲ....စိုးမှာဘာရောဂါမှမရှ်ိပါ

  ဘူး "


" ဟင်းးးးး...ခက်တယ်စိုး...ခက်တယ်....

  စိတ်ကြောင့်ဖြစ်သွားတဲ့ ရောဂါပဲ...အရာ

  ရာကို အဲ့စိတ်ကချူပ်ထိန်းထား...မျိူသိပ်

  ထား...စိုးကလေ ရောဂါကိုမွေးယူနေသလို

  ပဲ...ကဲ...အခုစိုးပြောသလို မကြီးလည်း

  ပြောမယ်...မွေးလာမယ့်ကလေးအတွက်

  စိုး ကျန်းမာနေမှဖြစ်မယ်..စိတ်ကလေးကို

  ပေါ့ပေါ့ပါပါးလေးထားစမ်းပါ စိုးရယ်... "


မကြီး ပြောတာလည်း မှန်နေခဲ့တာပါပဲ။

တအား ဝမ်းနဲလာလို့ ငိုချင်ရင်တောင် ဘယ်

သူမှ မမြင်အောင် နှုတ်ခမ်းကိုတင်းတင်းစေ့

ရင်း ကျိတ်ငိုခဲ့ရတယ်။ရင်ထဲက စကားလုံး

တွေကို ဘယ်သူ့ကိုမှမပြောပြပဲ မျိူသိပ်ထား

ခဲ့ရတယ်။ဖြစ်ချင်တဲ့ ဆန္ဒတွေကို လျစ်လျူ

ရှုပြီး တစ်ယောက်ထဲ အလွမ်းတွေနဲ့အဖော်

ပြုနေခဲ့ရတယ်။စိတ်ညစ်စရာတွေ..စိတ်ပျက်

စရာတွေ. ..နာကျည်းစရာတွေ...နာကျင်စရာ

တွေ...ဖြေမဆည်နိုင်သော အလွမ်းတွေ...

ထုထည်ကြီးမားခဲ့သော အချစ်တွေ...စသဖြင့်

ခံစားမှုပေါင်းများစွာကို သိုဝှက်သိမ်းဆည်း

ထားခဲ့ရတဲ့ စိုးမှာ စိတ်ဒဏ်ရာတွေ အများ

ကြီးပါပဲ။


ပြုပြင်လို့မရသည့် အတိတ်ကို စိုး မေ့ပစ်

လိုက်ချင်ပြီ။ထို့ကြောင့်လည်း ဆရာနဲ့တိုင်ပင်

ကာ စိုးကို အားလုံးနဲ့ဝေးရာကို ပို့ပေးဖို့

တောင်းဆိုခဲ့မိပါသည်။ဆရာက စိုး စိတ်ချမ်း

သာမယ်ဆိုရင် ဘာမဆိုကူညီပေးမယ်ဟု

တဖွဖွ ပြောရှာပါသည်။စိုးအတွက် လိုအပ်ပါ

က ပြသာနာတိုင်းကို ရှေ့ကနေ မားမားမတ်

မတ် ရပ်တည်မယ်ဆိုတဲ့အကြောင်း နားဝင်

အောင်လည်း ပြောပြခဲ့ပါတယ်။


" ကျန်းမာရေးနဲ့လည်း ညီညွတ်အောင်...စိတ်

  လည်းပေါ့ပါးအောင်...ကျတော်ပင်ပန်းလာ

  ရင် သွားနေတတ်တဲ့ မှော်ဘီဘက်က ခြံလေး

  မှာ စိုးတို့ညီအမတွေ နေနိုင်ပါ့မလား.... "


" စိုး နေနိုင်ပါတယ် ဆရာ....တစ်ခုပဲ အကူ

  အညီ ထပ်တောင်းချင်တယ်...စိုးတို့မှာ

  ပိုင်ဆိုင်တာ တစ်ခုမှမရှိဘူး ဆရာ...အကူ

  အညီတောင်းစရာလူလည်း ဆရာ့အပြင်

  ဘယ်သူမှမရှိပါဘူး...အတိုင်းအတာတစ်ခု

  လောက်အထိတော့ ဆရာ ကူညီပေးပါအုံး

  နော်...စိုး...သေချာပေါက်ပြန်ဆပ်ပါ့မယ် "


" စိုးရယ်.... မင်းပြောလိုက်တိုင်း...ကိုယ့်

  စေတနာတွေကို စော်ကားတဲ့စကားလုံးတွေ

  ကြီးပဲ...ယုံကြည်ရင် အားကိုးပစ်စမ်းပါ...

  ဒီကလူက မင်းအတွက်ဆို.....ဟူး..... "


စိတ်ရှိလက်ရှိ ပြောပစ်လိုက်ချင်သော်လည်း

အရင်အခြေအနေမဟုတ်တာ သတိရသွား

ပြီး စိတ်ကိုချူပ်ထိန်းထားလိုက်ရပါသည်။


" ဆရာ့ကို စိုး စော်ကားတာမဟုတ်ပါဘူး...

  ကိုယ့်အားကိုယ်ကိုးချင်တာပါ...မလွှဲသာလို့

  တစ်စုံတစ်ယောက်ရဲ့ အကူအညီကို ယူနေ

  ရတာ...တကယ်တမ်း စိုးဖြစ်ချင်တာက... "


" တော်တော့စိုး.... ကိုယ်ဆုံးဖြတ်ထားတယ်..

  မင်းကိုအရင်လို အလိုမလိုက်မိဖို့... "


" ရှင်... "


" ဟုတ်တယ်လေ...အခု မင်းတစ်ယောက်ထဲ

  ဂရုစိုက်ရမှာမဟုတ်တော့ဘူး...မင်းဗိုက်ထဲ

  က...ကလေးလေးပါ ပါလာပြီ...မင်းလုပ်

  ချင်တာတွေ လျှောက်လုပ်ခွင့်ကိုမရှိတော့

  တာ...အခုလောလောဆယ်တော့..ကိုယ်က

  ဆရာဝန်တယောက်လည်း ဖြစ်တယ်..မင်း

  ထက် အသက်လည်းကြီးတယ်..ဒီတော့

  ကိုယ့်စကားကို နားထောင်ရမယ်...ဆေးပုံ

  မှန်သောက်ရမယ်...အစားအသောက်..

  အနေအထိုင်ကအစ ဆင်ခြင်ရမယ်....

  စိတ်ချမ်းသာဖို့ကအရေးကြီးတယ်...မင်းပဲ

  ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ချင်

  တယ်ဆို...ကျန်းမာစွာနဲ့ ကလေးကို အောင်

  အောင်မြင်မြင် မွေးပြီးသွားရင်..မင်းအဖြစ်

  ချင်ဆုံး ဘဝတစ်ခုကို ကိုယ်ဖန်တီးပေးမယ်"


" ဒါမဲ့လည်း စိုးက.... "


" တော်ပြီ....စိတ်ချ... အဆင်ပြေတဲ့ဘဝတစ်

  ခုထဲ အသားကျသွားပြီဆိုရင်...ကိုယ့်ကို

  ပြန်ဆပ်မယ်လို့ စိတ်ကူးထားတဲ့ငွေတွေ..

  လိုအပ်တဲ့နေရာသွားလှူလိုက်...ကိုယ့်..

  စေတနာတွေက သန့်တယ်...မင်းဆီက

  တစ်ခုခုပြန်ရလာလိမ့်မယ်ဆိုတဲ့မျှော်လင့်

  ချက်မျိူး ကိုယ့်မှာမရှိဘူး စိုး.... "


စိုးသည် ဆရာနဲ့ စကားနိုင် လုမနေတော့ပဲ

ခေါင်းလေးသာ ညိတ်ပြလိုက်ပါတော့သည်။

ဆရာ့ စီစဥ်မှုအောက်တွင် စိုးတို့သုံးယောက်

မှော်ဘီသို့ ပြောင်းလာခဲ့ကြပါသည်။မှော်ဘီ

က ခြံလေးသည် ကျယ်လည်းကျယ်သလို

တစ်ခြံနဲ့ တစ်ခြံ အဝေးကြီးမို့ စိုးလို သီးသန့်

နေချင်တဲ့ လူအတွက် ပိုအဆင်ပြေခဲ့ပါသည်။

ခြံအနောက်ဖက်တွင် သီးပင် စားပင်တွေ

သာမက ဆရာစိတ်လိုလက်ရ စိုက်ပျိူးခဲ့

သည့် ပန်းပင်လေးတွေကို မြင်ရသည်မှာ

လည်း စိတ်ကြည်နူးစရာ ကောင်းနေခဲ့ပါ

သည်။


သည်ခြံလေးကိုရောက်မှ လေကောင်းလေ

သန့်လည်းရ...စိတ်တွေလည်း ပေါ့ပါးလာခဲ့

ပါသည်။နေ့ရက်တိုင်းတွင် ကလေးအကြောင်း

ပဲ တွေးနေလို့လားမသိ...ကိုကြီးကိုလည်း

သတိရစိတ် မဖြစ်မိတော့ပေ။


ဆရာက တစ်ပါတ်တစ်ခါ လိုအပ်တဲ့ဆေးဝါး

တွေ...ဖတ်သင့်တဲ့စာအုပ်တွေ...ဆောင်ရန်

ရှောင်ရန်တွေကအစ အနီးကပ် ပြောပြပေး

ခဲ့ပါသည်။ဆွေဆွေ အတွက်လည်း စက်ချူပ်

စက်လေး တစ်လုံး ဝယ်ပေးခဲ့ပါသည်။ဆွေ

ဆွေက အိမ်တွင်းမှု အတတ်ပညာတစ်ခု

အနေနဲ့ အရင်ထဲက သင်ထားခဲ့လေရာ အခု

ချိန်မှာ သူမအတွက် ခြေလှမ်းသစ်တစ်ခု

စဖို့ရာ အခွင့်အရေးတစ်ရပ် ဖြစ်လာပါတော့

သည်။


ဆရာသည် ဆွေဆွေ့ကိုလည်း စက်ချူပ်ပညာ

နဲ့ ပက်သတ်ပြီး ပိုလေ့လာလို့ရအောင် စာအုပ်

တွေ ဝယ်ပေးခဲ့ပါသည်။မသူဇာကဖြင့် စျေး

မရောင်းရမနေနိုင်ဘူးဟုဆိုကာ မှော်ဘီစျေး

တွင် မနက်ပိုင်း ကောက်ညှင်းပေါင်း သွား

ရောင်းပြန်ပါသည်။လူသုံးယောက်ရှိပေမယ့်

တစ်ယောက်တစ်မျိုးစီ အချိန်တွေကို အကျိူး

ရှိရှိ အသုံးချနေကြတာ ကြည်နူးစရာကောင်း

နေပေတော့သည်။


စိုး ဗိုက်ကလေးသည်လည်း တဖြေးဖြေး

ထွက်လာခဲ့ပါပြီ။ဆရာက ထိုဗိုက်လေးကို

ကြည့်ပြီး စိုး မသိအောင် ကျိတ်ရယ်တတ်

သေးသည်။


" ဘာရယ်တာလဲ ဆရာ... "


" သြော်...ဒီဟာလေးက ဘာလေးမှန်းမသိ

  သေးဘူး...ကိုယ်က စိုးဗိုက်လေးထဲမှာတင်

  သူ့ကို ချစ်နေမိလို့လေ... "


စိုးကပါ ဆရာ့အပြောကို သဘောကျကာ

ရယ်ခဲ့မိပါသေးသည်။ရယ်နေရင်းမှ ကိုကြီး

ကို ရုတ်တရက်သတိရမိသွားပြီး ရင်ထဲ

လှိုက်ဖို ဝမ်းနဲလာပြန်သည်။စိုးဘေးမှာ

ကိုကြီးသာ ရှိခဲ့ရင် ဘယ်လောက်ကောင်း

မလဲ။ကိုကြီးကရော ဆရာ့လိုပဲ..စိုး ဗိုက်

ကလေးကိုကြည့်ပြီး မျက်နှာတည်တည်ကြီး

နဲ့ ပြုံးနေမှာပဲလား။


ဘယ်အရာကိုမှ စိုး မတတ်နိုင်ခဲ့ပါဘူး။ပူ

လောင်လွန်းသည့် အရာမှန်သမျှ လွှတ်ချဖို့

အတွက် အားလုံးနဲ့ဝေးရာ ထွက်လာခဲ့ပြီးပြီ

ပဲ။ဘာကိုမှ မမျှော်လင့်ချင်တော့ပါဘူး....။


@@@@@@@@@@@@@@@@@@@


စိုးမေလှိုင်နဲ့ ဆက်စက်လာရင် ကံတရား၏

မျက်နှာသာပေးမှုကို ညီလင်းညို မစံစားခဲ့ရ

ပါဘူး။ရွှေအိမ်သူနှင့်အတူ လာခဲ့သည့်နေ့က

သူ စိုးဆီသွားတွေ့ဖို့ စိတ်ကူးထားခဲ့ပါသည်။

ထွက်လစဒေါသတွေသည် အရှိန်အဟုန် မြင့်

မားလာခဲ့ပြီး မေမေနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့

အကြောင်းဖန်လာခဲ့လေသည်။


အဲ့နေ့က မေမေသည် သွားနေကျရက်အတိုင်း

မှော်ဘီကို သွားခဲ့ပြီး သူနဲ့ ရှေ့ဆင့်နောက်ဆင့်

ပြန်ရောက်လာခဲ့ပါသည်။


သူ့ရင်ထဲမှာ မကျေနပ်ချက်တွေ စုပြုံလာခဲ့

သည်။သဘောထားမပြည့်ဝတဲ့အပြင် စိတ်

ဓာတ်ရေးရာမှာပါ အောက်တန်းကျလွန်းလှ

သည့် ရွှေအိမ်သူကို မေမေကိုယ်တိုင်က

မိန်းမကောင်းလေးဟု တင်စားပြောကာ သူ့

လက်ထဲ ဘာ့ကြောင့်ထည့်ခဲ့သလဲ တွေးမရ

နိုင်အောင် ဖြစ်နေတော့သည်။


" ကျတော် ပြောစရာရှိတယ်.... "


ဒေါ်သစ္စာစိတ်ထဲမှာလည်း လက်ကျန်ဒေါသ

တွေက ရှိနေသေးရာ အရင်လို တည်ငြိမ်စွာ

သပ်သပ်ရပ်ရပ်မပြုံးနိုင်တော့ပေ။ရွှေအိမ်သူ

တို့ဘက်က သတင်းစာထဲ စေ့စပ်ထားတဲ့

အကြောင်း တင်လိုက်ရာ ဂျပန်ကလူကြီး

သိသွားခဲ့ပြီး ဒေါ်သစ္စာကို ဖုန်းလှမ်းဆက်ကာ

ပြသာနာရှာနေတော့သည်။


" ပြောလေ.... "


" အေးတိအေးစက်လုပ်မနေပါနဲ့မေမေ....

  ကျတော့်ကို တစ်ခါလောက်ပွင့်လင်းပေးပါ

  လား... ရွှေအိမ်သူ ဘယ်လိုမိန်းမစားလဲ...

  မေမေ မသိတာလား...မသိချင်ယောင်

  ဆောင်နေတာလား...ကျတော်နဲ့သူ ရှေ့ဆက်

  ဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်တာ မေမေသိရဲ့

  နဲ့ဗျာ.... "


သည်ရက်ပိုင်း ရွှေအိမ်သူတို့ဘက်က ပေးတဲ့

ဖိအားတွေရယ်...သားဖြစ်သူရဲ့ စိတ်အလို

မကျမှုတွေရယ်...သူ့ကိုမပြောပြလို့ ဒေါသ

တွေထွက်ပြီး ခင်ပွန်းဖြစ်သူရဲ့ ပြသာနာရှာမှု

တွေရယ်ကို ဒေါ်သစ္စာတစ်ယောက်ထဲ 

ရင်စည်းခံနေရပါသည်။အားလုံးသည် ပြသာ

နာ တစ်ခုထဲသာ ဖြစ်ပါသည်။ထိုအကြောင်း

အရာ မပေါ်စေဖို့အတွက် ရည်ရွယ်ချက်ဟာ

လည်း တစ်ခုထဲပါပဲ။တစ်ခုနှင့် တစ်ခုချိတ်

ဆက်နေရာ အားလုံးကို ပြေလည်အောင်ဖြေ

ရှင်းပေးဖို့ ဒေါ်သစ္စာ အင်မတန် ခေါင်းခဲနေ

ရပါပြီ။


" သည်းခံလိုက်ပါသားရယ်...ကိစ္စတွေက

  လွန်ကုန်ပြီလေ....တဖက်ကမိန်းခလေးရဲ့

  သိက္ခာကို မေမေတို့ ထည့်တွက်ပေးရမယ်..

  ရွှေအိမ်သူ့အကြောင်းကို မေမေလည်း...

  နောက်မှသိခဲ့ရတာ... "


" မေမေသိတာရော ဘာအကြောင်းလဲ..

  မေမေ သိထားတာထက်...အဲ့မိန်းမက အဆ

  ပေါင်းများစွာ ဆိုးတယ်...သူ့ သိက္ခာကိုထည့်

  တွက်ပေးရအောင်...မေမေ့လူလည်းပြန်မေး

  ကြည့်ပါအုံး...အရှက်တရားရောရှိရဲ့လား

  လို့ "


ခက်တယ်...ရွှေအိမ်သူ ပြောပြလို့ သား

အကြောင်းတွေကို ဒေါ်သစ္စာ သိခဲ့ပြီးပြီ။

တကယ်ပဲ သားဟာ စိုးမေလှိုင်ဆိုတဲ့ ကလေး

နဲ့ ပက်သတ်ခဲ့တာလား။သားအကြောင်းတွေ

စုံစမ်းဖို့ စိတ်ကူးထားသော်လည်း မအားလပ်

သေး၍ ခြေဦးမလှည့်ရသေးဘူး။


" နေပါအုံး သားရဲ့...တဖက်ထဲကိုအပြစ်ပြော

  နေလို့မရဘူး....မေမေ မေးပါအုံးမယ်....

  ရွှေအိမ်သူပြောတာတွေကရော..အမှန်

  တရားတွေလား "


မေမေက သူ့ကို တရားခံစစ်သလို လာမေး

နေပါသည်။သူလည်း မေမေ့လိုပဲ...မေမေရော

ဘာတွေများဖုံးကွယ်ထားသေးလဲဟု ရုပ်တည်

တည်နဲ့ မေးပစ်လိုက်ချင်ပါသည်။


" အမှန်တရားဖြစ်ခဲ့တယ်ဆိုရင်တောင်..ကြာ

  ကြာ ဖုံးကွယ်လို့မရပါဘူး မေမေ...အချိန်

  တန်ရင် အားလုံးသိမှာပဲ..."


" သားပြောချင်တာက.... "


မေးသာမေးရတယ်...ဒေါ်သစ္စာရင်တွေတုန်

နေခဲ့ပါတယ်။သားအကြည့်တွေကတဆင့်

ရင်ထဲအထိ ထိုးဖောက်မြင်နိုင်ပါတယ်။ဒီ

အမေကိုယ်တိုင် မွေးထုတ်လာခဲ့တဲ့သားမို့

ပါးစပ်ဟလိုက်ရုံနဲ့ ဘာကိုဆိုလိုမှန်း တန်းသိ

နေသည်။


" တချိူ့သောအမှန်တရားတွေ ပြောတာပါ...

  ကျတော့်ကိစ္စကို မေမေစိတ်မပူပါနဲ့...ဟုတ်

  ခဲ့ရင်တောင်.... အပြတ်ဖြတ်ပြီးသားမို့...

  ရှုပ်လာစရာ အကြောင်းမရှိဘူး...ရွှေအိမ်သူ

  သာ...အစမဖော်ထုတ်ဘူးဆိုရင်..အားလုံးက

  ပြီးနေပြီ... "


" ဟင်...ဒါဆို...အဲ့ကလေးမနဲ့သားနဲ့က... "


" ဟုတ်တယ်...မေမေတို့ထင်နေတဲ့အတိုင်းပဲ..

  ကျတော့်ကိစ္စနဲ့ ကျတော်ပါ "


" မေမေဖြင့် နားကိုမလည်တော့ဘူး သား...

  ရွှေအိမ်သူ့ဆီက သိရသလောက်..အဲ့ကလေး

  မက...."


" မဟုတ်ဘူး...ရွှေအိမ်သူ ပြောသမျှတိုင်း

  မေမေ ယုံမနေပါနဲ့...စိုးက...မေမေတို့ထင်

  သလို မိန်းမပျက်တယောက်မဟုတ်ဘူး...

  ကျတော်နဲ့သူ့ရဲ့ ပက်သတ်မှုကလည်း...

  အပြစ်ကြွေး ပြန်ဆပ်တဲ့...ပက်သတ်မှုမျိူး.

  မေမေ နားလည်အောင် မရှင်းပြတတ်ဘူး..

  ဒါမဲ့....ရွှေအိမ်သူနဲ့ကျတော် ဘယ်နည်းနဲ့မှ

  မဖြစ်နိုင်ဘူး မေမေ... "


မဖြစ်နိုင်လို့မရဘူး သားရယ်...ဒါတွေကို

သား နားဝင်အောင် မေမေ ဘယ်လိုနည်းနဲ့

ရှင်းပြရပါ့မလဲ။


" ခနလေးစောင့်ကြည့်ပေးပါအုံး သား "


မေမေ နဲ့ အချေအတင်ဆွေးနွေးပြီး ရလဒ်က

ခနလေးစောင့်ကြည့်ပေးပါဆိုသော စကားက

လွဲ ကျန်တာ ဘာမှမထူးလာခဲ့ဘူး။ရွှေအိမ်သူ

တို့သားအမိနဲ့ မေမေ့ကြား သူ မသိနိုင်သော

ဆက်စပ်မှုတွေ ရှိနေသေးတာလား။


ဖြစ်နိုင်ရင် အာရုံနောက်စရာတွေ မတွေးချင်

တော့ဘူး။ဘဝကို အေးဆေးတည်ငြိမ်စွာ

ဖြတ်သန်းချင်တဲ့ သူ့ကိုမှ ဘာလို့ လောကကြီး

က ရှုပ်ထွေးစေချင်နေရတာလဲ။


ထိုပြသာနာတွေကြောင့် စိုး ဆီ သူချက်ချင်း

သွားမတွေ့နိုင်ခဲ့ဘူး။ရွှေအိမ်သူ မွှေခဲ့တဲ့

လုပ်ရပ်တွေကြောင့် မျက်နှာပူခဲ့တာလည်း

ပါတယ်။စိုးနဲ့ တွေ့ဖြစ်ရင် ဘာအရင်စပြော

ရမလဲ တွေးရင်းနဲ့ အချိန်ဆွဲမိသလို ဖြစ်သွား

ခဲ့သည်။တကယ်တမ်း သွားခဲ့တဲ့အချိန်မှာ

စိုး တို့မရှိကြတော့ဘူး။ဘယ်ပြောင်းသွားလဲ

စုံစမ်းကြည့်တော့ ဘယ်သူမှ ရေရေရာရာ

မသိကြပြန်ဘူး။


သည်လိုနဲ့ စိုးနဲ့သူဟာ နီးတော့မလိုလိုနဲ့ အစ

ရှာမရအောင် ဝေးကွာသွားခဲ့ပြန်တယ်။


စိုးတို့နေခဲ့သည့် အိမ်ကနေ ညီလင်းညို ပြန်

သွားပြီးနောက် ဒေါ်သစ္စာ ရောက်လာပါ

သည်။သားအမိနှစ်ယောက် မျက်နှာချင်း

ဆိုင် တိုးမသွားတာ တော်သေးသည်။


ဒေါ်သစ္စာလည်း စိုးမေလှိုင်နဲ့ မတွေ့ခဲ့ပါဘူး။

သူမ သတင်းတွေသာ ဆိုးရွားစွာ ကြားခဲ့ရ

ပါသည်။ဒါဟာလည်း စိုးကိုယ်တိုင် လုပ်ကြံ

ဖန်တီးသွားခဲ့တဲ့ ဇာတ်လမ်းတွေပါ။


" ခနခန လာမေးကြတယ်နော်...ဖြေပေးနေရ

  တာ...အလုပ်တစ်လုပ်ဖြစ်နေပြီ...ခုနက

  လည်း ကောင်လေးတစ်ယောက်လာမေး

  တယ်...ခုလည်း လာပြန်ပြီနောက်တယောက်

  မရှိတော့ဘူး...ပြောင်းသွားကြပြီ..အဲ့စိုးမေ

  လှိုင်ဆိုတဲ့တယောက်က တကယ့်ပွေလီမပဲ.

  ရပ်ကွက်ကရိပ်မိတာနဲ့ ပြောင်းနေကျထင်

  တာပဲ...ဘယ်ပြောင်းသွားတာလဲ လာမမေး

  နဲ့....မသိဘူး....အသိမခံချင်လို့...ခိုးကြောင်

  ခိုးဝှက်ပြောင်းသွားတာ... "


စိုးမေလှိုင်ရဲ့သတင်းတွေသည် မကောင်းတာ

တွေကြီး ကြားခဲ့ရပါသည်။ဒေါ်သစ္စာသည်

စိုးမေလှိုင် နေခဲ့သည့် အိမ်မှ လှည့်ထွက်လာ

ပြီး ကားထဲဝင်မယ့်ဆဲဆဲ မိမိလိုပဲ သူမတို့

အိမ်ဘက် ခြေဦးလှည့်ဖို့ ပြင်နေသော သား

သူငယ်ချင်း ငမိုင်းကို လှမ်းမြင်လိုက်ရ၍

ကားမမောင်းသေးပဲ စောင့်ကြည့်နေခဲ့ပါ

သည်။


ငမိုင်း အိမ်မလာတာ တော်တော်ကြာသွားခဲ့

ပြီ။ဟိုးတလောက သူ အိမ်ခနခန လာလို့

ဒေါ်သစ္စာပင် အံ့သြလျက် သားကို မေးခဲ့ဖူး

သေးသည်။သားဘက်က မပြောလည်း

ငမိုင်း စိုးမေလှိုင်အကြောင်း သေချာပေါက်

သိလောက်မည်။


ငမိုင်းသည် မိမိအတိုင်း ထိုအိမ်ထဲက ခေါင်း

ကြီးငိုက်စိုက်ချလျက် ထွက်လာခဲ့ပါသည်။

ဒေါ်သစ္စာ ကားကိုဖြေးဖြေးလေးမောင်းကာ

သူ့အနားရောက်မှ ကားရပ်လိုက်ပြီး...


" ကားမပါရင် အန်တီပြန်ပို့ပေးမယ်...သားကို

  မေးစရာလေးရှ်ိလို့...စကားပြောလို့ရမလား"


ဒေါ်သစ္စာကို မြင်လိုက်ထဲက ငမိုင်း မျက်လုံး

ပြူးသွားသည်။တောင်ကြီးက ပြန်ရောက်

ရောက်ချင်း သူမကိုတွေ့ချင်တာနဲ့ ကားပြင်

ထားတာ မယူပဲ taxi နဲ့လာခဲ့မိတာ မှားတာပဲ။

ဖုန်းဆက်တာ စက်ပိတ်ထားတယ်ကြီး ပြော

နေလို့ စိတ်ထဲ မတင်မကျ ဖြစ်နေခဲ့တာ။

သူ ထင်ထားတဲ့အတိုင်း ဘယ်ကိုထပ်ပြောင်း

သွားပြန်ပြီလဲမသိ။


ကိုယ့်အပူနဲ့ကိုယ် လမ်းပျောက်နေတဲ့ကြား

ဒေါ်သစ္စာနဲ့ ထပ်တိုးပြန်ရာ ရှောင်ထွက်လို့

လည်းမရ ဖြစ်နေတော့သည်။


ဒေါ်သစ္စာသည် အေးဆေးစကားပြောလို့ရ

တဲ့နေရာက်ို ခေါ်သွားခဲ့ပါသည်။အနီးနားရှ်ိ

ကော်ဖီဆိုင်ကိုပဲ ရောက်လာဖြစ်ပါသည်။

အရင်ဆုံး ကော်ဖီနှစ်ခွက် ကို မှာလိုက်ပြီး

အမူအယာပျက်နေသော ငမိုင်းကို ကြည့်ကာ

ဒေါ်သစ္စာ သက်ပြင်းချလိုက်သည်။သားရဲ့

အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်က

သားနဲ့ပက်သတ်ဖူးခဲ့တဲ့ မိန်းခလေးနဲ့ ဘယ်လို

ဆက်ဆံရေးမျိူးဖြင့် ရှေ့ဆက် ဆက်နွယ်နေ

တာလဲ တွေးမိလို့ ဖြစ်ပါသည်။


" ဖြစ်နိုင်ရင် အန်တီ့ကို အမှန်အတိုင်းပြောပြ

  ပေးစေချင်တယ်... သား သူငယ်ချင်းက

  သိုသိပ်နိုင်လွန်းတယ်...သားလည်းသိမှာပါ.

  သူ မကြာခင်လက်ထပ်ရတော့မယ်..ဒါမဲ့

  သူရှုပ်ထားခဲ့တဲ့ ဇာတ်လမ်းတွေက အခုပေါ်

  လာနေပြီ..ရွှေအိမ်သူလည်း ရိပ်မိသလောက်

  ရှိနေပြီ...သားသိထားတဲ့အကြောင်းတွေ...

  အန်တီ့ကိုပြောပြပေးပါ "


မဖြစ်နိုင်တာကြီးကိုမှ တောင်းဆိုနေသော

ဒေါ်သစ္စာနှင့် စိုးမေလှိုင်နဲ့ပက်သတ်ပြီး ဘယ်

သူ့ကိုမှ ဘာအကြောင်းနဲ့မှ မပြောပါဘူးလို့

ညီလင်းညိုကို ကတိပေးထားခဲ့မိသည့် သူနဲ့

စတွေ့တော့တာပဲ။


" ကျတော့်ကို မေးတာထက်...ညီလင်းညို

  ပြောပြတာ ပိုပြည့်စုံမယ်ထင်တယ်အန်တီ..

  သူ့က်ိုလည်း ကျတော်ကတိပေးပြီးသား

  ဖြစ်နေလို့ပါ...အန်တီအရမ်းသိချင်ရင်..

  ကျတော် တစ်ခုတော့ပြောပြနိုင်ပါတယ်..

  စိုးမေလှိုင်နဲ့သူ အရင်က ပက်သတ်ခဲ့ဖူးတာ

  မှန်ပါတယ်...ရွှေအိမ်သူနဲ့လက်ထပ်တော့

  မယ်ဆိုထဲက သူ့ဇာတ်လမ်းသူ ဖြတ်ခဲ့ပြီးပါ

  ပြီ...ပြသာနာ မဖြစ်စေရပါဘူး "


" အန်တီ မရှင်းတာကလည်း အဲ့ဒါပဲ...မိန်းမ

  တစ်ယောက်ကို သားက ပက်သတ်ခဲ့တယ်

  ဆိုတာ ဘယ်အတိုင်းအတာအထိလဲ..စိတ်

  အပျော်သက်သက်လား...စိုးမေလှ်ိုင်..

  အကြောင်း အန်တီသိရသလောက်..သား

  နဲ့ အက်စက်တဲ့အရာ တစ်ကွက်မှမရှိဘူး..

  မင်း သူငယ်ချင်းကရော..အဲ့လိုမိန်းခလေး

  မျိူးကို ဘာလို့ ပက်သတ်ခဲ့ရတာလဲ... "


" ညီလင်းညိုမှာ...သူ့အကြောင်းနဲ့သူရှိမှာပါ..

  အန်တီထင်သလို စိုးမေလှိုင်က...မိန်းမပျက်

  တစ်ယောက်မဟုတ်ပါဘူး..ကျတော်ပြော

  နိုင်တာ ဒီလောက်ပဲအန်တီ...အချိန်တန်ရင်

  သိရမှာပါ... "


ကော်ဖီတွေအေးစက်ကုန်တဲ့အထိ သူတို့

စကားပြောဖြစ်ခဲ့ကြပါသည်။ဒေါ်သစ္စာ သိ

ချင်တဲ့အကြောင်းအရာတွေ ဘာတစ်ခုမှ

တိတိကျကျ မသိခဲ့လိုက်ရဘူး။ငမိုင်းက

စိုးမေလှိုင်ဘက်က ကာကွယ်ပေးချင်နေတဲ့

စကားလုံးမျိူးတွေသာ ဒေါ်သစ္စာ ကြားခဲ့ရ

ပါသည်။


" ထားပါတော့...ဒါဆို သားကရော..သူ့ဆီ

  ဘာအတွက်လာတာလဲ...မဟုတ်မှလွဲရော..

  ညီလင်းညို ခိုင်းတာလား "


" မဟုတ်ပါဘူး အန်တီ...ကျတော့်ကိစ္စနဲ့

  ကျတော်လာတာပါ...ညီလင်းညိုမသိပါ

  ဘူး..."


ထင်ထားသလို ဖြစ်နေ၍ ဒေါ်သစ္စာ ပြုံးလိုက်

မိသည်။ထိုအပြုံးကို ငမိုင်းက သိနေတယ်။

ချက်ချင်းပြန်လည် ရှင်းပြဖို့အတွက် ဆုံးဖြတ်

ချက် ချမိခဲ့ပါတယ်။


" အန်တီ ထင်သလိုမဟုတ်ဘူး...ကျတော်

  လာတာ...စိုးမေလှိုင်ဆီ မဟုတ်ပါဘူး...

  တခြားတယောက်ဆီပါ... "


" တခြားတစ်ယောက်...ဟူး....မင်းတို့..

  သူငယ်ချင်းနှစ်ယောက်က်ို အန်တီအရမ်း

  အံ့သြတာပဲကွယ်...ဘယ်လိုတောင်ပြော

  ရမှန်းကိုမသိတော့ဘူး... "


သူ့ဆီက ဘာသတင်းမှ နှ်ိုက်လို့မရမှန်းလည်း

သိရော ကော်ဖီဆိုင်မှာပင် လမ်းခွဲခဲ့ကြပါ

သည်။ညီလင်းညိုနဲ့ မတွေ့ဖြစ်ခဲ့သည့် အချိန်

ကာလလေးတစ်ခုမှာ သူနဲ့ဆွေဆွေ မထင်

မှတ်ပဲ ရင်းနှီးသွားခဲ့ကြပါသည်။


သူတို့နှစ်ယောက် ပက်သတ်မှုကို စိုး လည်း

မသိခဲ့ပါဘူး။မသူဇာတစ်ယောက်ပဲ သိခွင့်

ပေးခဲ့ပါတယ်။ဆွေဆွေနဲ့ ငမိုင်းဆုံခဲ့ပုံက

ရိုးရိုးလေးပါပဲ။


သူက ဆွေဆွေတို့ ရပ်ကွက်ထိပ် ဆောက်

လက်စ ကန်ထရိုက်တိုက်ဆီ လာခဲ့ရင်း

သူမနဲ့ဆုံခဲ့တာပဲ။အမှန်ပြောရရင် သူမကို

စိုး အမမှန်း မသိခဲ့ဘူး။သူမ ပုံစံလေးက

အူကြောင်​ကြောင် ပုံစံလေးမို့လား။အရာရာ

ကို ကြောက်နေတဲ့ဟန်လေး။သူကလည်း

ပါးပါး ခိုင်းထားတဲ့အလုပ်ကိစ္စနဲ့ ရောက်လာ

ခဲ့တာ။ဆောက်လုပ်ရေးဆိုဒ်ဆိုတော့ သိတဲ့

အတိုင်းပဲ...အလုပ်ကြမ်း ကလေးတွေက

ဆိုဒ်ရှေ့ ဖြတ်သွားတတ်တဲ့ ဘယ်မိန်းခလေး

မဆို လှမ်းနောက်တတ်ကြတယ်။ဘာရယ်

မဟုတ်ဘူး...သူတို့လေးတွေလည်း အလုပ်

ပင်ပန်းနေတဲ့ကြားက စိတ်အပန်းဖြေတဲ့

သဘောပါပဲ။


ဖြစ်ချင်တော့ အဲ့နေ့က ဆွေဆွေတစ်ယောက်

မသူဇာမပါပဲ တစ်ယောက်ထဲ စျေးသွားခဲ့

တယ်။စျေးကပြန်အလာမှာ ဆိုဒ်ထဲက 

ကောင်လေးတွေက ဝိုင်းစကြပါလေရော။

အာ့လောက်လေး စရုံနဲ့ သူမမှာ လမ်းလျှောက်

တာ ဒူးတုန်နေတယ်။ဆိုဒ်ရှေ့ကနေ ဖြတ်ရ

တာဆိုတော့ အုတ်ခဲအကျိူးအပဲ့တွေကလည်း

လမ်းမဘေး အနဲအကျဥ်းရောက်နေတာပေါ့။


အုတ်ခဲအပိုင်းအစကို နင်းမိပြီး ဆွေဆွေ

ချော်လဲပါလေရော။သူမ ချော်လဲတော့

ချာတိတ်လေးတွေက ရယ်ကြတာပေါ့။

အဲ့လိုရယ်ကြလေ...သူမက ငိုလေ..တကယ့်

အဖြူထည်လေးပါပဲဗျာ။ငမိုင်းလည်း လက်

ပိုက်ကြည့်မနေနိုင်တာနဲ့ သူမကို သွားကူထူ

ပေးခဲ့တယ်။အဲ့ကစခဲ့တာပါပဲ...တွေ့ဆုံခြင်း

က အဲ့ကနေစခဲ့ပြီး...ရင်ခုန်သံက နောက်က

နေ လိုက်ခဲ့တာပါပဲ။ခင်တာကြာမှ သူမကို

စိုးရဲ့ အမမှန်းသိခဲ့တာ။


သူကလည်း ဆိုဒ်ထဲကို ပါးပါးမခိုင်းလည်း

ခနခန သွားတတ်သလို သူမကလည်း မသူဇာ

ကို တမင်ချန်ထားပြီး စျေးကို တယောက်ထဲ

ထွက်လာတတ်ပါတယ်။အချိန်ခနလေး

အတွင်းမှာ ရင်းနှီးသွားခဲ့ကြတယ်။ပြီးတော့

ကိုယ်တိုင်တောင် သတိမထားနိုင်ပဲ ချစ်ခဲ့

မိတယ်။ညီလင်းညို အဖေ သုံးပြီးသားကြီး

မှန်းသိနေရဲ့နဲ့ သူ ဘာလို့ချစ်ခဲ့မိမှန်း မသိ

ဘူး။တကယ်တမ်း သူမတို့ ညီအမနှစ်ယောက်

၏ ဘဝအကြောင်း သိခဲ့ရတဲ့အခါ သူ သနား

မိခဲ့တယ်။


ဖြစ်ခဲ့သမျှအရာအားလုံး၏ အဓိက တရားခံ

ဟာ ဒေါ်မေခပဲ။


" စိုးအပေါ်မှာလည်း အထင်မလွဲပါနဲ့နော်

  အကို...အန်တီခကြောင့် အများကြီးပါခဲ့ပါ

  တယ်...စိုးကလေ သိပ်သနားစရာကောင်း

  တာပဲ...အကို့သူငယ်ချင်းကို တကယ်ချစ်

  သွားရှာတာ...မနေ့ကဆို ရွှေအိမ်သူနဲ့ကို

  ညီလင်းညိုတို့..ဆိုင်ကိုရောက်လာကြတယ်

  စိုး ဘာတွေလုပ်သွားတယ်ထင်လဲ..."


ဆွေဆွေ ပြောပြတုံးက စိုးကို သူ တကယ်

သနားခဲ့တာ။စိုး ဘေးမှာဒေါက်တာဇေယျ

ကျော် ကပ်နေတာကအစ သူရကျော်ထင်

လာကြောင်နေတာကအဆုံး ဆွေဆွေ ပြောပြ

ခဲ့လို့ အားလုံး သိခွင့်ရခဲ့တယ်။ညီလင်းညို

အပေါ် ထားရှိခဲ့တဲ့ စိုးရဲ့ အချစ်တွေကအစ

သူ့အမ ပြောပြခဲ့လို့ ငမိုင်း သိခဲ့ရတယ်။


ဒါပေမယ့် သူနဲ့ဆွေဆွေတို့ရဲ့ ချစ်ခြင်းတစ်ခု

ခိုင်မြဲဖို့ဆိုတာ ဘေးပယောဂတွေ ကင်းနိုင်မှ

ဖြစ်မှာလေ။ဆွေဆွေ့ကိုလည်း စိုး မသိအောင်

ဖုံးခိုင်းထားရတယ်။စိုးသိရင် မရ ရအောင်

ဖြတ်တော့မှာ သူသိနေတယ်။သူ တကယ်

ဆွေဆွေ့ကို ချစ်သွားမိခဲ့တာ ဘယ်သူမှ ယုံ

နိုင်မယ်မထင်ဘူး။သူ့ဘက်ကလည်း ဆွေဆွေ

နဲ့ ချစ်သူတွေဖြစ်နေပြီဆိုတာ ညီလင်းညိုကို

မပြောပြဖြစ်ခဲ့ဘူး။တချိန် စိုးကို ညီလင်းညို

လက်ထပ်မယ်လို့ ပြောခဲ့တုံးက သူ့ပါးစပ်က

ဒီလိုမိန်းမမျိူးနဲ့ မင်းနဲ့မတန်ပါဘူးလို့ ပြောခဲ့

မိတယ်။ဝဋ်ဆိုတာ ချက်ချင်းလည်တတ်ပါ

ကြောင်း သက်သေတွေ ထုတ်စရာမလို

လောက်အောင် သူလည်းပဲ နွားကျခံပြီး

ဆွေဆွေ့ကို ချစ်ရဲနေခဲ့ပြီလေ။


ကိုယ့်စကားနဲ့ကိုယ်မို့ ညီလင်းညိုကို သူ

မပြောပြရဲခဲ့ဘူး။သူတို့နှစ်ယောက်ကြား

စိုးတို့နှစ်ယောက်ကို ဝင်မပါစေချင်တာ အမှန်

ပဲ။ညီလင်းညိုကိုလည်း သူ အပြည့်အဝ 

နားလည်ပေးနိုင်ခဲ့ပြီ။သို့သော် ရှုပ်ထွေးလွန်း

သည့် ညီလင်းညိုနဲ့ရွှေအိမ်သူ ကြားတော့

သူ ထပ်မပါနိုင်တော့ဘူး။


စိုးကိုယ်တိုင်က ပြတ်သားနေမှတော့ သူ

ကူညီလည်း အရာမထင်နိုင်တော့ဘူးလေ။

ရွှေအိမ်သူ စိုးဆီ ပွဲလာကြမ်းပြီးနောက်ရက်

သူနဲ့ဆွေဆွေ နောက်ဆုံးတွေ့ခဲ့တာပဲ။သူ

အလုပ်ကိစ္စနဲ့ တောင်ကြီးသွားရမယ်ဆိုတဲ့

အကြောင်းတောင် သူမကို သေချာပြောပြ

ခဲ့သေးတာ။နောက်ရက်အထိ ဖုန်းအဆက်

အသွယ်ရခဲ့ပါသေးတယ်။နောက်ပိုင်း သူမ

ဖုန်းလည်းဆက်မရ...မသူဇာဖုန်းလည်း

ခေါ်မရ...တခုခုထူးခြားပြီလို့ စိတ်ကထစ်

နေတုံး ဒေါ်သစ္စာနဲ့ တန်းတိုးတာပဲ။


ဘယ်ကိုများ ပျောက်သွားခဲ့တာလဲ။ခန့်မှန်း

ကြည့်ရသလောက် ရွှေအိမ်သူမွှေနေလို့

သူမတို့ ထပ်ပြေးခဲ့ရတာ ဖြစ်မည်။


@@@@@@@@@@@@@@@@@@@


မှော်ဘီရောက်နေတာ ဘာလိုလိုနဲ့ ဆယ်ရက်

ကျော်ရှိနေလေပြီ။စိုးသည် ကိုယ့်ကိုကိုယ်က

လွဲ ဘယ်သူ့မှ မယုံသေးဘူးဆိုကာ ဆွေဆွေနဲ့

မသူဇာ ဖုန်းကို သိမ်းထားခဲ့ပါသည်။အဲ့ဖုန်း

သိမ်းတဲ့ ကိစ္စသည် ဆွေဆွေ့ကို ပိုအနေခက်

စေခဲ့ပါသည်။


" စိုး.... "


" ဟင်...ပြောလေ အမ...ဘာပြောမလို့လဲ "


" ငါ့ဖုန်းလေး ပြန်မပေးသေးဘူးလား "


" နင်ဖုန်းဆက်စရာရှိလို့လား "


" အဲ့လိုတော့မရှိပါဘူး...ငါ အိန်းကျီပုံစံလေး

  တွေ လိုင်းပေါ်က ကြည့်ချင်လို့... "


ဆွေဆွေသည် အချစ်နဲ့ ထိပ်တိုက်ကြုံခဲ့ဖူးပြီ

မို့ အချစ်ကြောင့် အရဲစွန့်လိုသော စိတ်ခွန်အား

များ ရှိလာပြီးနောက် တဖက်လူမရိပ်မိအောင်

ပိပိရိရိ လိမ်တတ်လာခဲ့ပါသည်။ဆွေဆွေ့

စကားက လက်တွေ့ကျနေရာ စိုး ယုံကြည်

မိခဲ့ပြီး သူမဖုန်းကို ပြန်ပေးခဲ့ပါသည်။


" ဘယ်သူ့ဆီမှ မဆက်နဲ့နော်.... "


" မဆက်ပါဘူးဟယ်...ငါကဘယ်သူနဲ့သိနေ

  လို့ ဆက်ရမလဲ "


စိုးက သူ့အမ အကြောင်း မသိတဲ့လူမို့ 

သံသယ နဲနဲလေးတောင် မဖြစ်ခဲ့ပါဘူး။

ဆွေဆွေသည် စိုး ခြံအနောက်ဘက် လမ်း

ဆင်းလျှောက်တာနဲ့ ငမိုင်းဆီ ဖုန်းခေါ်လိုက်

ပါသည်။


" ဆွေဆွေ....မင်းလုပ်ရပ်တယ်ကွာ...ငါ..

  ဘယ်လောက်ရင်ပူနေလဲ မင်းသိလား..

  အခုဘယ်ကိုပြောင်းသွားကြတာလဲ..ဖုန်း

  ဘာလို့ပိတ်ထားရတာလဲ... "


ဖုန်းကိုင်ကိုင်ချင်း တရစပ် ကျလာသော

မေးခွန်းတွေကို သူမ ဘယ်လိုဖြေရမှန်း

မသိ။နဂိုထဲကမှ မပြောတတ်မဆိုတတ်ပါ

ဆိုနေမှ။


" ဖြေးဖြေးမေးပါလား ကိုရယ်...ဘယ်ကနေ

  စဖြေရမှန်းမသိတော့ဘူး....ခုတောင်...

  ကျမအရဲစွန့်လို့...ကိုနဲ့ဖုန်းပြောခွင့်ရတာ..

  စိုးက ဖုန်းတွေအားလုံး သိမ်းထားတာ "


" ဘယ်လို...မသူဇာရော...ရွာပြန်သွားတာ

  လား "


" မပြန်ပါဘူး...အတူနေတုံးပါပဲ..မကြီးက

  မနက်ပိုင်း မှော်ဘီစျေးထဲ ကောက်ညှင်း

  ပေါင်းရောင်းနေတာ "


" သြ...ဒါဆို မှော်ဘီကိုပြောင်းသွားကြတာ

  ပေါ့ "


" ဟောတော်...ကျမ ပြောလိုက်မိပြီလား...

  ဒုက္ခ ပါပဲ...စိုးသိရင် မလွယ်ဘူး...မလာပါ

  နဲ့အုံး ကိုရယ်...နော်...ကိုလာလည်း..ကျမ

  ကို တွေ့ရမှာမဟုတ်ဘူး "


" စိုးသိရင် မလွယ်ဘူးဆိုတော့..စိုးက ညီလင်း

  ညိုကို မသိစေချင်တာမို့လား...ကိုယ်ဘယ်

  တုံးက ပြောခဲ့ဖူးလို့လဲ ချစ် ရာ...မင်းလိပ်စာ

  ကိုယ့်ကိုပြော....စိတ်ချ....ချက်ချင်းလိုက်

  မလာဘူး.... "


ခုလို ပြောလာပြန်တော့ သူမ အသဲမမာနိုင်

ခဲ့ပါဘူး။မှော်ဘီက လက်ရှိလိပ်စာကို တန်း

ပြောလိုက်မိတာပဲ။


" မလာသေးဘူးဆိုလို့ ပြောပြတာနော်... "


" ဟုတ်ပါပြီဗျာ... "


ငမိုင်းသည် သူ့ချစ်သူ ငနုံမလေးကို ညဏ်နဲ

လို့ ဂရုဏာ ပိုခဲ့ရပါသည်။


" ကို...ဘယ်သူမှမသိစေနဲ့နော်...ရွှေအိမ်သူ

  တော်တော်ဆိုးတယ်... "


" ဒါသူတို့ကိစ္စ...သူတို့ဘာသာရှင်းလိုက်မယ်..

  ကိုယ်တို့အကြောင်းပဲပြောရအောင်လား "


" သူတို့ကိစ္စလို့ ပြောလို့မရဘူးလေ..ကျမ

  ညီမက အရင်လိုမဟုတ်တော့ဘူး... "


" ဘာဖြစ်တယ်... "


" စိုးမှာ......ကိုယ်ဝန်.... "


ပါးစပ်က တဝက်တပျက်ထွက်မိသွားပြီးမှ

အသိစိတ်ဝင်ကာ အလျင်အမြန်ပိတ်လိုက်

ရပါသည်။


" ဘာဖြစ်တယ် ချစ်... "


" ဘာမှမဟုတ်တော့ဘူး...ဒါနဲ့ ကို ဘယ်တုံးက

  ပြန်ရောက်တာလဲ "


ဆွေဆွေလှိုင် မပီသတဲ့အတိုင်း ချက်ချင်းကြီး

စကားလမ်းကြောင်း လွှဲနိုင်ခဲ့ပါတယ်။ကိုယ်

ဝန်ဆိုတာကြီး သူ့နားက သဲသဲကွဲကွဲ ကြားခဲ့

ရတာမို့ ခေါင်းရှုပ်သွားတာ အမှန်ပဲ။သူများ

အပူကို ကိုယ့်အပူလုပ်ပြီး ရင်မအေးနိုင် ဖြစ်

နေပြန်သည်။


သူတို့နှစ်ယောက်ကြား ဝင်မပါတော့ဘူးလို့

ဆုံးဖြတ်ထားပြီးမှ ဆွေဆွေ့ စကားကြောင့်

ဘာဆက်လုပ်သင့်မှန်း မရေရာတော့ဘူး။

အခြေအနေတွေကို တိတိကျကျသိအောင်

သူ သွားတော့ကြည့်ရမယ်။သေချာပြီဆိုရင်

ဖြင့် ညီလင်းညိုကို အသိပေးရမယ်။


စိုးဟာ ဘယ်လိုမိန်းခလေးမျိူးဖြစ်ခဲ့ပါစေ

ညီလင်းညိုကြောင့် ဖြစ်လာခဲ့တာဆိုရင်

သူ ယောကျာ်းပီသစွာ တာဝန်ယူကို ယူရ

မည်။ဦးဟန်မင်းညို မည်မျှဒေါသထွက်ပါ

စေအုံး....သူ့ ရင်သွေးလေးအတွက် ခံနိုင်ရည်

ရှိကို ရှိရမည်။


ဆွေဆွေ့ဆီက လိပ်စာရပြီးသည်နှင့် အချိန်

မဆိုင်းပဲ သူ ရောက်လာခဲ့ပါသည်။သူ့ရှေ့

က ဖြတ်ဝင်လာသည့် ကားကြောင့် မျက်လုံး

ပြူးသွားခဲ့ရပြန်သည်။ဒေါ်သစ္စာရဲ့ကား...

ကံကို မကုန်နိုင်သေးဘူး...ပြန်ဆုံပြန်ပြီလို့

စိတ်ထဲက ညည်းလိုက်မိသည်။


သူ ထင်ထားသလို ဒေါ်သစ္စာရဲ့ကားသည်

စိုးတို့ခြံရှေ့ ရပ်မသွားပဲ ကျော်မောင်းသွား

ခဲ့ပါသည်။သူလည်း စိုး အခြေအနေကို လာ

ကြည့်ရာကနေ ရည်ရွယ်ချက်တွေပြောင်း

သွားပြီး ဒေါ်သစ္စာကားနောက် မသိမသာ

လိုက်ခဲ့ပါသည်။သူမတို့ခြံနှင့် လေးငါးအိမ်

လောက်အကွာတွင် ဒေါ်သစ္စာကားရပ်သွား

ခဲ့ပြီး ကားဟွန်းတီးလိုက်သည်။မကြာခင်

ဒေါ်သစ္စာနဲ့ မတိမ်းမယိမ်း အန်တီတစ်ယောက်

ခြံတံခါး လာဖွင့်ပေးသည်။သူလည်း ကားထဲ

ကဆင်းပြီး ထိုခြံအနား တဖြေးဖြေး လမ်း

လျှောက်သွားလိုက်သည်။


​ပွေလီစွာ ပေါက်နေသည့် အပင်တွေကို အကာ

အကွယ်ယူရင်း ခြံထဲကို လှမ်းကြည့်ရာ...

ဝှီးချဲပေါ်ထိုင်နေသော လူကြီးတယောက်

အနား ဒေါ်သစ္စာ ကပ်လျက်ထိုင်ပြီး စကား

တွေပြောနေတာ လှမ်းမြင်ခဲ့ရသည်။ပြီးတော့

ပိုက်ဆံအိတ်ထဲက ငွေတွေထုတ်ပြီး ခြံတံခါး

လာဖွင့်ပေးတဲ့ အန်တီ့လက်ထဲ ထည့်ပေး

နေတယ်။


ခနကြာတော့ ကလေးမတစ်ယောက်က

သူတို့အနား ထမင်းပန်ကန်ကိုင်ပြီး လှမ်း

လာတယ်။ဒေါ်သစ္စာသည် ထိုထမင်းပန်ကန်

ကို လက်ပြောင်းလွှဲယူပြီး ဝှီးချဲပေါ်ကလူကို

သေချာ ထမင်းခွံ့ကျွေးနေလေရဲ့။


ဘာတွေလဲတော့ သေချာမသိရသေးပေမယ့်

ဒေါ်သစ္စာကိုယ်တိုင် မရိုးသားခဲ့တာ သူ့မျက်စိ

နဲ့ တပ်အပ်မြင်ခွင့်ရခဲ့ပါတယ်။သူ့နေရာမှာ

ညီလင်းညိုသာဆိုရင် ဘယ်လောက်တောင်

ပေါက်ကွဲနေမလဲ။


ကျိကျိတတ်ချမ်းသာတဲ့ မိသားစုတစ်စုမှာ

သစ္စာတရားတွေခေါင်းပါးနေကြတာ မယုံ

နိုင်စရာပါပဲ။အဖေဖြစ်သူကလည်း small

လေးတွေတစ်ယောက်ပြီးတစ်ယောက် ထား

တယ်။အမေကျပြန်တော့လည်း လက်ကျန်

ဇာတ်လမ်းဟောင်းလိုလို ဘာမှန်းမသိ လျှိူ့

ဝှက်ချက်ပေါင်း များစွာနဲ့။


ညီလင်းညိုရဲ့ ဘဝကို သူအရင်က အရမ်း

အားကျခဲ့ရတာ။ပြီးတော့ ဒေါ်သစ္စာအပေါ်

မှာလည်း သနားစိတ်ဗရပွနဲ့ ကိုယ်ချင်းစာ

ပေးခဲ့လိုက်ရတာ။အပြင်မှာပွေချင်တိုင်း

ပွေနေတဲ့ ခင်ပွန်းကို သားမျက်နှာကြောင့်

အနစ်နာခံ ပေါင်းသင်းနေတယ်ပဲ ထင်ခဲ့တာ။

ခုတော့ ဘယ်ဟုတ်ပါ့မလဲ...အားလုံးက

အတူတူကြီးပဲ။


ညီလင်းညိုအစား သူ ရင်မအေးနိုင် ဖြစ်နေမိ

ပါသည်။ဒီကောင် မသိသေးတဲ့အရာတွေ

တယ်များပါလား။လိမ်တာမကြိုက်တဲ့လူ...

လှည့်စားတာကိုမှ မကြိုက်ပါဘူးဆိုတဲ့လူကို

မအေလုပ်သူကအစ ဘဝတလျှောက်လုံး

လှလှပပ လှည့်စားခဲ့တာများ ညီလင်းညို

သိခဲ့ရင်.......။


******************************************


အခန်း(12) မျှော်


Author 😍 A Mon Ko 😍


rate now: