လောကဇာတ်ခုံထဲဝယ် ကိုယ်မရှုပ်ပါပဲ ရှင်းခဲ့
ရသည့် အမှုတွေ ရှိတတ်ပါလား စိုးမေလှိုင်
သိခွင့်ရတော့ပေမည်။ဘယ်သူနဲ့မှ မပက်သတ်
ချင်၍ ခပ်ကင်းကင်းနေခဲ့သော်လည်း စိတ်
ရှုပ်စရာတွေသည် ပါကင်လှလှလေးသဖွယ်
သပ်သပ်ရပ်ရပ်ထုတ်ပိုးပြီး ဆိုက်ဆိုက်မြိုက်
မြိုက်ရောက်လာပါတော့သည်။
ပတ်ဝန်းကျင်အသစ်တွင် စိတ်သစ် လူသစ်
ဖြင့် ကျင်လည်မည်ဆိုပါရဲ့ ဆရာကလည်း
ချောင်းပေါက်မတတ် လာခဲ့ပါသည်။သူရ
ကျော်ထင်သည်လည်း ညညဆို စိတ်ရူးပေါက်
ပြီး ပတ်ဝန်းကျင် သတိထားမိလေအောင်
အပေါင်းအပါများနှင့် အိမ်ရှေ့တွင် ဂီတာ
လာတီးတတ်ပါသည်။
သူတို့တွေ၏ တစ်ယောက်တစ်မျိူးစီ ပက်
သတ်နေမှုကြီးကြောင့် ရပ်ကွက်ထဲတွင်
စိုးမေလှိုင်ဟာ ကားပါမှပဲ ဧည့်ခံ အရောတဝင်
နေသလို အတင်းအဖျင်းတွေ ထွက်လာခဲ့ပါ
သည်။ရပ်ကွက်ထဲက ကာလသားတွေကျ
မတူမတန်သလိုဆက်ဆံပြီး ကားနဲ့ရောက်လာ
တတ်တဲ့ ရွှေဧည့်သည်တွေကျ ဖော်ရွေပြနေ
တယ်ဆိုကာ ကွယ်ရာမယ် စိတ်ကြိုက်
အတင်းတုတ်နေကြတော့သည်။
ယခုလည်းပဲ အိမ်ရှေ့ဝယ် ကားတစ်စီး လာ
ရပ်နေပြန်သည်။ထိုကားသည် ဆရာ့ကား
လည်းမဟုတ်...သူရကျော်ထင်ရဲ့ ဆူညံ
ပွက်လောက်ရိုက်အောင် နားငြီးပါလေသော
ပြိုင်ကားလည်း မဟုတ်ခဲ့ပါ။ဆင်းလာသူမှာ
မိန်းခလေးဖြစ်သောကြောင့် ပို၍ပင် အံ့အား
သင့်ကာ အကြောင်းစုံမေးမြန်းဖို့ ရှေ့ပြေး
အဖြစ် မသူဇာက တံခါးသွားဖွင့်ပေးပါသည်။
" ဒါ...စိုးမေလှိုင်တို့အိမ်လား "
" ဟုတ်ပါတယ် ညီမလေး... "
" သူရှိတယ်မို့လား...."
" သြော်...ရှိပါတယ်...ဝင်ပါ.... "
ဘယ်သူမှန်းမသိသော်လည်း မိန်းခလေးတစ်
ယောက်ဖြစ်နေတာမို့ အလွယ်တကူပင် အိမ်
ထဲပေးဝင်ခဲ့ပါသည်။အိမ်ထဲရောက်သည်နှင့်
ရွှေအိမ်သူသည် အိမ်အနေအထားပတ်ပတ်
လည်ကို အထင်သေးဟန် ရှုံ့ချလျက် ကြည့်
ရင်း ခေါင်း မသိမသာ ခါရမ်းလိုက်ပါသည်။
မသူဇာက ထုံးစံအတိုင်း ဖျာတစ်ချပ်အမြန်
ခင်းပေးပါသည်။ထိုဖျာပေါ်ထိုင်ရမှာကို
စိတ်မသန့်ဟန် သူမက ပိုက်ဆံအိတ်ထဲမှ
တစ်ရှုးထုတ်ကို ယူလိုက်ပြီး ထိုင်မယ့်နေရာ
ကို သေချာသုတ်လိုက်သေးသည်။
" ကျမတို့ဖျာကအသန့်ပါ...ဘာဖုန်မှမရှိဘူး "
သူမ လုပ်ရပ်ကိုကြည့်ရင်း မသူဇာ အမြင်
ကတ်လာသည်။
" ဖျာပေါ်မှာ တစ်ခါမှမထိုင်ဖူးလို့လေ..ဒါနဲ့
စိုးမေလှိုင်က ဘယ်သူ... "
မတ်တပ်ရပ်နေသော စိုးနဲ့ဆွေဆွေ့ဆီ
အကြည့်ပို့လျက် လက်ညှ်ိုးတချောင်း လှုပ်
ရမ်းကာ မေးနေပုံက ဖြတ်ရိုက်ချင်စရာ
ကောင်းနေတော့သည်။
" စိုးမေလှိုင်က ကျမပဲ...ဘာကိစ္စရှိလို့ လာတာ
လဲမသိ...သေချာတာတော့ ကျမ ရှင့်ကို
မသိဘူး "
" အို..ဟုတ်သားပဲ...ကိုယ့်ကိုတောင်မိတ်ဆက်
ပေးဖို့ မေ့နေတယ်...တို့နာမည် ရွှေအိမ်သူ..
ဦးညီလင်းညိုရဲ့ တရားဝင်ဇနီး ဖြစ်လာမယ့်
အမျိူးသမီးပေါ့...ဒါဆို ကိုယ်တို့ စကား
ဆက်ပြောလို့ရပြီလား... "
ရွှေအိမ်သူဆိုတဲ့ နာမည်နှင့်အတူ ကိုကြီး၏
တရားဝင်ဇနီးကို မျက်စိရှေ့ တွေ့လိုက်ရလျှင်စိုးတယောက် အံ့သြခြင်းကတစ်ဖက် နား
မလည်ခြင်းတွေက တဖက်နဲ့ ဘာပြန်ပြော
ရမှန်းမသိ အကျပ်ရိုက်သွားပါသည်။သူမ
သည် ဘာရည်ရွယ်ချက်နဲ့ စိုးဆီ ရောက်လာ
တာလဲ။ကိုကြီးတောင် စိုးဆီ လာတွေ့ခဲ့တာ
မဟုတ်ဘူး။မဆီမဆိုင် သူမက ဘာသဘော
နဲ့ ရောက်လာတာလဲ။
" ဘာတွေလာပြောနေတာလဲ...ကျမ နား
မလည်ဘူး... "
" ဘာ....ညီလင်းညိုကို မသိဘူးလား "
" ခက်တာပဲရှင်... မသိပါဘူးဆိုမှ..လူများ
မှားနေသလား "
စိုးက ခပ်တည်တည်နဲ့ ဘူးခံ ငြင်းနေလေရာ
သူမ အသဲတယားယား ဖြစ်လာပါသည်။စိုး
သည် မသူဇာနဲ့ဆွေဆွေ့ဆီ အကြည့်လှမ်းပို့
ရင်း ခေါင်း ခါရမ်းလျက် ဝင်မပြောဖို့ တား
ထားပါသည်။
" တကယ်မသိတာလား...မသိချင်ယောင်
ဆောင်နေတာလား...ညီလင်းညိုကို နင်
မသိဘူးဆိုတာ ဖြစ်မှမဖြစ်နိုင်တာ..ဒါဖြင့်
မေးပါအုံးမယ်...ဒေါက်တာဇေယျကျော်
ကိုရော သိလား...သူ့မှာ မသိဘူးဖြေရင်
နင်ညာနေတာပဲ "
" ဆရာ့ကိုတော့ သိတယ်လေ..သူက ကျမဆီ
အမြဲလာနေကျပဲ "
အမြဲလာနေကျပဲ ဟူသည့် စကားကို သူမ
ဘယ်လိုထင်သွားလဲမသိ...မျက်နှာကရှုံ့မဲ့
သွားလိုက်တာ။ခွင့်လွှတ်ပါ ဆရာရယ်...
ရိုးရိုးသားသား စိုးဆီလာခဲ့တဲ့ ဆရာ့ကို စိုး
သိပ်ချစ်ရသော ကိုကြီးရဲ့ သိက္ခာကို ကာ
ကွယ်ဖို့ ချနင်းလိုက်ရတာ စိတ်မကောင်းပါ
ဘူး။
" ထပ်မေးမယ်...သူရကျော်ထင်ရောသိလား"
သူမ မေးခွန်းတွေသည် စိုး အတွက် တွေးစရာ
များလာခဲ့ပြီ။ဆရာ...ပြီးတော့..သူရကျော်
ထင်...လောလောဆယ် အဲ့နှစ်ယောက်ဟာ
စိုးဆီ အကြောင်းပြချက်မျိူးစုံနဲ့ ရောက်လာ
ခဲ့တဲ့လူတွေ။သူမကပါ သူတို့နှစ်ယောက်ကို
သိနေတာ မထူးဆန်းပေဘူးလား။
" သူရကျော်ထင်ဆိုတာ...ဦးကျော်ထင်ရဲ့
သားလား... "
" ဟုတ်တယ်လေ... "
" မြင်ရင်တော့ မှတ်မိလောက်မှာပါ "
" ဘာရယ်.... "
စိုး ရူးချင်ယောင်ဆောင်လေ သူမ ဒေါသထွက်
လေ ဖြစ်လာပါသည်။ထင်ထားသလို အဆင်
ချောမနေ၍ ပိုပြီး ပေါက်ကွဲချင်လာသည်။
" စိုးမေလှိုင်... နင်ကငါထင်ထားတာထက်ကို
ပိုပြီး ရှုပ်ထွေးနေပါလား...ငါဒဲ့ပဲမေးမယ်...
ညီလင်းညို နင့်ကို မြရိပ်ညိုဟိုတယ်က
ပွဲတစ်ခုကို ခေါ်သွားခဲ့ဖူးတယ်မို့လား... "
" မြရိပ်ညိုဟိုတယ်....ညီလင်းညို...အားး...
သိပြီ...ဦးကျော်ထင်...သြော်....ခုမှ သတိ
ရပြီ...ဦးကျော်ထင်နဲ့ ချိတ်ပေးမယ်ဆိုပြီး
ခေါ်လာပေးတဲ့...ဟို စကားပြောရင်လက်
ပေါက်ကပ်တဲ့လူကြီးလား "
" ဘာ...ဘာ...ဘာရယ်... "
သူမ မေးသမျှကို ဟန်ဆောင်ကောင်းစွာ ပိပ်ိ
ရိရိ လိမ်နိုင်သော စိုးအား မသူဇာရော
ဆွေဆွေပါ ပါးစပ်အဟောင်းသားဖြင့် ငေး
ကြည့်နေကြပါသည်။ညီလင်းညိုအတွက်
ကိုယ့်ကိုကိုယ် မိန်းမပျက်ဘဝ ရောက်တဲ့
အထိ ကာကွယ်ပေးနေသော စိုးကို သူတို့
သနားလာသည်။
" ဟုတ်တယ်လေ အမရယ်...ကျမနဲ့ပက်သတ်
ခဲ့ဖူးတဲ့ လူတွေကအများကြီး...ဘယ်လို
လုပ်မှတ်မိမှာလဲ....မှတ်မိသလောက်ပြောရ
ရင်...အင်း...အဲ့...ဘယ်သူ အမပြောတဲ့လူ..
အဲ့လူက သူဌေးတယောက်နဲ့ချိတ်ပေးမယ်
ဆိုပြီး ခေါ်လာတာ...ဟိုရောက်တော့...သူ့
သားနဲ့ထည့်ပေးတယ်...သူ့သားက ထောင့်
မကျိူးဘူး...အရမ်းကြမ်းတမ်းလို့ ဆက်
မလုပ်ချင်တာနဲ့ ပြသာနာတောင်တက်ခဲ့
သေးတယ်...အဲ့မှာ ဆရာနဲ့စ ရင်းနှီးသွားတာ
ပဲ..ကဲ..အမသိချင်တာ ဒါတွေပဲမို့လား "
ဘာတစ်ခုမှ ဟာကွက်မရှိအောင် ဇာတ်လမ်း
ဆင်ပြီး ပြောပြသွားရာ တဖက်လူမှာ ဘာပြန်
ပြောရမှန်း မသိတော့ဘူး။ဒါဟာ အမှန်တရား
တွေ မဖြစ်နိုင်မှန်း ရွှေအိမ်သူ စိတ်ထဲ သိနေ
တယ်။အဲ့သိတဲ့စိတ်ကပဲ မိမိကိုဒုက္ခပေးကာ
နေရ ခက်စွာ စိတ်ထဲတနုံ့နုံ့နဲ့ အော်ဟစ်
သောင်းကျန်းချင်လာတော့သည်။
" နင် တော်တော်ဟန်ဆောင်ကောင်းတယ်
နော် စိုးမေလှိုင်...ငါထင်ထားတာထက်ကို
နင် သိပ်တော်တယ်သိလား...ငါ့လိုလူမျိူးကို
ဘယ်သူကမှ လိမ်လို့မရဘူး...အေး လိမ်နိုင်
တယ်ဆိုရင်တောင်....ငါ့ဘက်က သက်သေ
တစ်ခုခု မရခင်အချိန်ထိပဲ လိမ်လို့ရမယ်..
အင်းယားလမ်းကခြံမှာ နင်နေခဲ့တာကအစ
ညီလင်းညိုနဲ့ ပက်သတ်ခဲ့ဖူးတာအဆုံး..ငါ
အကုန်သိပြီးသား...အိပ်ပျော်ချင်ယောင်
ဆောင်နေတဲ့လူက နှိုးရသိပ်ခက်တာပဲ "
" ကွိုင်ပဲ.... ရေခမ်းနေလို့ စိတ်ညစ်နေရတဲ့ထဲ
ဘာတွေလာရှူပ်နေမှန်းကိုမသိဘူး..ပြောစရာ
စကားကုန်ရင်လည်း ပြန်ပါတော့...ကျမမှာ
အချိန်မရှိဘူး "
" ဟွန့်... နင်သိအောင်တစ်ခုပြောခဲ့အုံးမယ်..
သူရကျော်ထင်ရယ်..ပြီးတော့နင့်ဆရာ
ဇေယျရယ် ငါရယ်က...သူငယ်ချင်းတွေ.."
" သွ..... "
ပါးစပ်ကသာ သြ ဆိုပြီး အထူးအဆန်းလုပ်
မပြနေခဲ့တာ။တကယ်က သူတို့ပက်သတ်မှု
ကို ကြားခဲ့ရရုံနဲ့ ကိုကြီးအတွက် အရမ်းစိတ်ပူ
သွားမိတာပါ။
" ဇေယျကျော်လည်း ဘာဆေးမိထားလဲမသိ
ဘူး...နင့်လိုမိန်းမကိုမှ တမ်းတမ်းစွဲနေတယ် "
" အမက လာစားနေတယ်...သူငယ်ချင်းတွေ
ဆို...ကိုယ့်ဘော်ဒါကို ကိုယ်ပြောလေ..ကျမ
လို မိန်းမနဲ့လာမပက်သတ်ဖို့...သြော်..ပြီး
တော့ အမလည်းပြန်သင့်ပြီထင်တယ်...
ကျမနဲ့ခုလို စကားတွေအကြာကြီး ပြောနေ
ရတာ အမ သိက္ခာ ထိခိုက်နိုင်လို့..စေတနာ
နဲ့ ပြောတာပါ "
နောက်ဆုံးတွင် ရွှေအိမ်သူသာ စိုးကို လက်
မြှောက်အရှုံးပေးပြီး အိမ်ထဲက ထွက်သွားခဲ့
ပါတော့သည်။သူမ ပြန်သွားမှ စိုးသည် အံကို
တင်းတင်းကျိတ်ကာ မျက်ရည်တွေ စို့လာခဲ့
ပါသည်။တကယ်တမ်းကျ အဲ့လိုမိန်းမမျိူး
ရှေ့ ရင်ကိုကော့ပြီး ငါ့ကိုဘယ်လိုမိန်းမစား
မျိူးထင်နေလဲ ပြောကာ ရန်တွေ့ပစ်ရမှာ။
အဲ့အစား ကိုယ့်ကိုကိုယ် ထိခိုက်စော်ကားခံ
ပြီး အဆုံးထိ တိတ်တိတ်ပုန်းမယားဘဝ ခံယူ
ကာ ကိုကြီးအတွက် အစွမ်းကုန် ကာကွယ်
ပေးခဲ့တာ စိုး ဘာမျှော်လင့်ချက်မှ မရှိခဲ့ပါ
ဘူး။ရင်ထဲ နင့်နေအောင် ချစ်မိခဲ့တဲ့ အချစ်
တစ်ခုထဲအတွက် အရာရာကို မျိူသိပ်ထား
ခဲ့ရတာပါ။
စိုးဘဝဟာ သေလည်းမထူး...နေလည်းမထူး
ပါ ကိုကြီးရယ်။လမ်းဟောင်းအတိုင်းဆက်
မလျှောက်ပေမယ့် အရင်ပြသာနာတွေပေါ်
မှာစ်ိုးလို့ ကိုယ့်ဘဝကို နိမ့်ကျခံလိုက်တာပါ။
အစထဲက စိုးဘဝဟာ မလှပခဲ့တဲ့ ပန်းချီကား
တစ်ချပ်သာသာပါပဲ။ဘယ်လောက်ပဲလှပ
အောင် ခြယ်မှုန်းပါစေအုံး အဖုအထစ်လေး
တွေကတော့ ကျန်နေခဲ့အုံးမှာပဲလေ။
စိုးသည် ဟန်ဆောင်လိုက်ရ၍ အားအင်တွေ
ကုန်ခမ်းသွားခဲ့ပါပြီ။မတ်တပ်ရပ်လျက်အနေ
အထားမှသည် နှေးကွေးသောခြေလှမ်းတို့
ဖြင့် မိမိအခန်းဆီ လှမ်းလျှောက်သွားပါသည်
ညီမဖြစ်သူနောက်ကို လိုက်ဖို့ကြိုးစားနေသော
ဆွေဆွေ့အား မသူဇာ လှမ်းတားလိုက်ပါ၏။
သည်အချိန်မှာ စိုးဘာသာ တစ်ယောက်ထဲ
နေပါစေလေ...။
ညီလင်းညိုအပေါ်ထားရှိခဲ့သည့် စိုးရဲ့အချစ်
ထုထည် အတိမ်အနက်တို့ကို မသူဇာ မြင်ခွင့်
ရခဲ့ပါသည်။ရွှေအိမ်သူ မိမိတို့ဆီရောက်လာ
ခဲ့တာကို အကိုလေးထံ လှမ်းအကြောင်းကြား
ရင် ကောင်းလေမလား။စိုးက ဘာမျှော်လင့်
ချက်နဲ့မှ ကာကွယ်ပေးခဲ့တာ မဟုတ်ဘူး။
မသူဇာသွားပြောကာမှ စိုး တစ်ခုခု မျှော်လင့်
နေတယ်လို့ ထင်သွားရင် မကောင်းပေ။ဝင်
မပါတာ အကောင်းဆုံးပါပဲလေ။
@@@@@@@@@@@@@@@@@@@
အခန်းလေးထဲ ကျိတ်ကာ ငိုရှိုက်နေသော စိုး
သည် ကိုယ့်ဘဝကိုယ် မကျေနပ်ဟန် အံတင်း
တင်းကျိတ်လျက် ခေါင်းအုံးနဲ့ မျက်နှာအပ်
ကာ တမြေ့မြေ့ ခံစားနေလေတော့သည်။
မျက်ရည်တွေနဲ့အတူ အတိတ်ကအရိပ်မည်း
တွေပါ ပါသွားခဲ့ရင် ကောင်းမယ်။
ကိုယ့်အတွက် ခံစားနေရတာထက် ကိုကြီးကို
ပိုစိတ်ပူကာ စိုး နှုတ်ဖျားက နာမည်တစ်ခု
ထွက်သွားခဲ့ပါသည်။ " ဆရာ "...။ဟုတ်တယ်
... ဆရာက စိုးတို့နှစ်ယောက်အကြောင်း
အသိခဲ့ဆုံးလူတစ်ယောက်။ဆရာနဲ့ရွှေအိမ်သူ
..ပြီးတော့....သူရကျော်ထင်...။အို...မဖြစ်ဘူး
ဆရာနဲ့ မြန်မြန်တွေ့မှကို ဖြစ်မယ်။
စိုးသည် အိပ်ယာထက်က ကမန်းကတမ်း
ကုန်းထလိုက်ရာ ခေါင်းထဲ မူးနောက်နောက်နဲ့
မိုက်ခနဲ တစ်ချက်ဖြစ်သွားသည်။ဘေးက နံရံ
ကို ခန ကျောမှီထားလိုက်ပြီးမှ အပြင်ထွက်
လာပါသည်။မသူဇာရော ဆွေဆွေပါ ဆိုင်
စခင်းနေကြပြီ။
စိုးကိုမြင်လျှင်.....
" အေးဆေးသွားနားလေ စိုးရဲ့...မကြီးနဲ့ဆွေ
ဆွေပဲ...ဆိုင်ခင်းထားလိုက်မယ်...သွား "
" မဟုတ်ဘူး မကြီး...စိုး အပြင်သွားမလို့ "
" ဟင်...ဘယ်သွားမလို့လဲ...အကိုလေးဆီများ
လား... "
" မဟုတ်ပါဘူး....ဆရာ့ဆီသွားမလို့...ဟိုတစ်
ခါတုံးက ဆရာဖုန်းနံပါတ်ပေးထားတာ...
မကြီး သိမ်းထားတယ်မို့လား..."
" သိမ်းထားပါတယ်...လိပ်စာကဒ်လေးပြော
တာလား... "
" ဟုတ်တယ် ဟုတ်တယ်...အဲ့ထဲ...ဆရာ့ဖုန်း
နံပါတ် ပါလောက်မယ်...သွားယူပေး "
စိုးသည် ခုချိန်ထိ ကိုယ့်အတွက်ကိုယ်မပူပဲ
ညီလင်းညိုအတွက်သာ အပူဇောကပ်လျက်
အရူးမီး ဝိုင်းနေခဲ့ပါသည်။မသူဇာဆီက ဖုန်း
နံပါတ်ရတာနဲ့ အချိန်မဆိုင်း ဆရာ့ထံ ဖုန်း
ခေါ်လိုက်ပါသည်။
ဖြစ်ချင်တော့ စိုး ဖုန်းဆက်လာတဲ့အချိန်မှာ
အရေးကြီးလူနာအတွက် operation ဝင်ပေး
ရမယ့်အချိန်နဲ့ တိုးနေသည်။ဆက်လာသော
ဖုန်းသည် စိုးဖုန်းမှန်း သူ သိသည်။မသူဇာကို
ကပ်ပြီး စိုး ဖုန်းနံပါတ် သူ တောင်းထားခဲ့
တာပင်။ဒါပေမယ့် သူ မဆက်ဖြစ်ခဲ့ပါဘူး။
သူ့အတွက်အရေးကြီးတဲ့အချိန် ဖြစ်နေသော်
ငြား ခွဲခန်းထဲ မဝင်ခင် သူမ ဖုန်းကို ကိုင်ဖြစ်
ခဲ့ပါသည်။
" ဟဲလို.... ဆရာလားဟင်..... "
" စိုး ပြော.... "
" စိုး...ဆရာနဲ့တွေ့ချင်လို့....အခုတွေ့လို့ရ
မလား "
" အခုတော့မရလောက်ဘူးစိုးရဲ့...ကိုယ်ခနနေ
ခွဲခန်း ဝင်ရတော့မှာ... "
" ဒါဆိုလည်း ဆရာ့ဆီ စိုးလာလို့ရမလား "
" ရတာတော့ရပါတယ်...စိုး အကြာကြီးစောင့်
နေရမှာ.... "
" ရတယ် ဆရာ...စိုးလာခဲ့မယ် "
စိုး ခေါင်းထဲတွင် ညီလင်းညိုပဲ ရှိနေခဲ့ပါသည်
ကိုယ့်ကြောင့် တစ်ဖက်လူ စိတ်အနှောင့်
အယှက် ဖြစ်နေမလား တွေးမပေးနိုင်တော့
တဲ့အထိ စိုး ရင်တွေ ပူနေခဲ့မိပါသည်။
ဇေယျကျော်ခမျာလည်း စိုး ဘာလို့အလော
တကြီး တွေ့ချင်နေတာလဲဆိုသည့် မေးခွန်း
က ခေါင်းထဲ အလိုလို ဝင်လာခဲ့ပါသည်။
ဆရာဝန်တစ်ယောက်အတွက် ခွဲစိတ်ခန်း
ဝင်ရတော့မယ့်အချိန်မှာ လူနာအတွက်သာ
စိတ်ရောလူရော နှစ်ထားရမှာ ဖြစ်သော်
လည်း သူ့စိတ်တွေသည် စိုးဆီပဲ ရောက်နေ
လေတော့သည်။
အဲ့စိတ်ကိုကြိုးစားပြီး မေ့ဖျောက်ကာ သူ
ခွဲခန်းထဲ ဝင်သွားပါသည်။သူ ခွဲခန်းထဲဝင်
နေတဲ့အချိန် စိုး ဆေးရုံကို ရောက်နှင့်နေခဲ့ပါ
ပြီ။ဆေးရုံရှေ့က ကော်ဖီဆိုင်တွင် သူ ရောက်
အလာကို မျှော်နေခဲ့ပါသည်။မကြာခင်တွေ့ရ
တော့မှာမို့လည်း အနဲငယ် စိတ်အေးရပါပြီ။
အကြာကြီး ထိုင်စောင့်နေရပေမယ့် စိုး စိတ်
ရှည်လက်ရှည် စောင့်နေမိပါသည်။နေ့ခင်း
ထဲက ထိုင်စောင့်နေသော စိုးသည် ကိုယ်
တိုင်သတိမထားမိလိုက်ပဲ ကော်ဖီတွေ တခွက်
ပြီး တခွက် မှာသောက်မိနေတာ..ခုသောက်
လက်စနဲ့ဆို လေးခွက်ရှိသွားခဲ့လေပြီ။စိတ်နဲ့
ကိုယ် မကပ်ပုံများ ဘာတွေလုပ်လို့ လုပ်ခဲ့မိ
မှန်းကို မသိတော့တာ။
ညနေစောင်းလောက် ရောက်မှ ဆရာ့ဖုန်း
စိုးဆီ ဝင်လာပါသည်။အခုချိန်ထိ စောင့်နေ
သေးကြောင်း သိရတဲ့အခါ သူ အဝတ်အစား
ခပ်မြန်မြန်လဲပြီး စိုး ရှိရာ ပြေးလာခဲ့တော့
သည်။သူ ဆိုင်ထဲဝင်လာတာမြင်မှ စိုး ရင်ထဲ
က အပူလုံး တဖြေးဖြေး ကျသွားတော့သည်။
" စိုး.... ဘာတွေများ အရေးတကြီး တွေ့ချင်
နေရတာလဲ...ဟောဗျာ... ကော်ဖီတွေ...
ဘယ်နှစ်ခွက်သောက်ထားတာလဲ... "
" စိုး...စိုး...ဆရာ့ကို တောင်းဆိုစရာလေးရှိ
လို့ပါ "
" ဘာများလဲစိုးရယ်...အဲ့လောက်ထိအရေး
ကြီးသလား "
" စိုးအတွက်တော့ သေရေးရှင်ရေးနီးပါး...
အရေးကြီးပါတယ်ဆရာ.. "
" ကဲ...ပြောလေ စိုး.... "
" မရွှေအိမ်သူနဲ့ဆရာရယ်...ပြီးတော့ သူရ
ကျော်ထင်ရယ်က သူငယ်ချင်းတွေဆို...
ဟုတ်လား ဆရာ... "
" ဟုတ်ပါတယ်... "
သည်အကြောင်းတွေ စိုး ဘယ်လိုသိသွားခဲ့
တာပါလိမျ့။
" စိုး ပွင့်ပွင့်လင်းလင်းပြောမယ်နော်ဆရာ..
မရွှေအိမ်သူနဲ့ကိုကြီးက မကြာခင်လက်ထပ်
ကြတော့မှာ ဆရာလည်းသိပါတယ်...စိုးနဲ့
ကိုကြီးအကြောင်းကိုလည်း ဆရာသိမှာပါ.."
" ကိုယ်သဘောပေါက်ပြီ စိုး...ဆက်မပြောပါ
နဲ့တော့....မင်း.. ဒီကိုလာတာ ညီလင်းညို
အတွက်ပဲမို့လား.... စိတ်ချပါ...ကိုယ်..
သူများအကြောင်း လူတကာကို လျှောက်
မပြောတတ်ဘူး... "
ဆရာနဲ့ ခင်ခွင့်ရတာ သိပ်မကြာသေးပေမယ့်
အမြဲတမ်းပြုံးနေတတ်သောဆရာဟာ ခုလို
မျိူး စိတ်တိုတာ တစ်ခါမှ မကြုံဖူး၍ စိုး
အားနာစိတ် ဖြစ်မိသွားသည်။
" စိုး ပြောတာ...အဲ့အဓိပ္ပါယ်မဟုတ်ပါဘူး
ဆရာ..စိုးလေ..."
" တော်ပါတော့ စိုးရယ်...ကျတော်ကလေ...
စိုး အချိန်တွေအကြာကြီး ကျတော့်ကို
ထိုင်စောင့်ပေးနေတာကို ကျေနပ်နေခဲ့တာ..
တကယ်က စိုးအတွက်လည်းမဟုတ်...
ညီလင်းညိုအတွက် စိုးဒုက္ခ ခံနေတာပဲ.."
" တောင်းပန်ပါတယ် ဆရာ...စိုးရဲ့စိတ်တွေ..
အရမ်းလောနေလို့ပါ...ဆရာ့ကို ယုံပါတယ် "
" ယုံတယ်ဆို လာသင့်လားစိုး...ကျတော်...
အားလုံးကိုသိတယ်...စိုးဆီကျတော်လာ
တယ်...သူ့အကြောင်းများ မေးခဲ့ဖူးလား..
ပြောရောပြောခဲ့ဖူးလား...ကျတော်စိတ်ဝင်
စားတာ သူ မဟုတ်ဘူးလေ...စိုးကို စိတ်ဝင်
စားတာ... "
ဆရာက အဲ့လိုကြီး ပြောချလိုက်တော့ စိုး
ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ဘာ
ပြန်ပြောရမှန်းမသိ ငြိမ်နေသော စိုးကို သူက
တွေတွေလေး ငေးစိုက်ကြည့်ရင်း...
" ကျတော် မညာချင်တော့ဘူး စိုးရာ....
ကျတော် စိုးကို ချစ်နေခဲ့တာ ကြာပါပြီ...
ညီလင်းညိုလက်ထဲရောက်ထဲက..ကျတော်
ချစ်ခဲ့တာ...ကံငါးပါးလုံချင်မှ လုံလိမ့်မယ်
စိုး...ဘာမှမသိရသေးခင်အထိ...စိုး အပေါ်
ထားခဲ့တဲ့ အချစ်တွေ ကျတော်မရုတ်သိမ်း
နိုင်ဘူး....တကယ်တမ်းသိခဲ့ရတော့လည်း
မမေ့နိုင်ပြန်ဘူး...ပြီးတော့ စိုး..ကျတော့်
မျက်စိရှေ့က ပျောက်သွားခဲ့တယ်...ရောက်
တဲ့နေရာတိုင်း ကျတော်ရှာခဲ့တာ စိုးသိလား..
စိတ်ထဲက အလိုဆန္ဒတွေ ပြည့်ခွင့်ရခဲ့တယ်.
စိုးကို ပြန်တွေ့ခဲ့ရတယ်...ဘာနဲ့မှ ကျတော်
မလဲနိုင်ခဲ့ဘူး...အားလုံးကိုသိခဲ့တယ်....
တစ်ခွန်းမှ မမေးခဲ့ဘူး....အဲ့ဒါစိုးကို ချစ်လို့ "
အချစ်ဆိုတဲ့အရာကို စိုး ကိုယ်တိုင်လက်တွေ့
ကျကျ ခံစားဖူးခဲ့ပြီမို့ ဆရာ စိုးအပေါ်ထားရှိ
တဲ့ ချစ်ခြင်းတွေကိုလည်း နားလည်ပေးလို့
ရနိုင်ပါသည်။သို့သော် ဆရာ့အချစ်တွေသည်
စိုးနဲ့ တစ်စက်ကလေးမှ မတန်ခဲ့ပါဘူး။စိုး
ဘက်ကလည်း ဆရာ သိပ်လိုချင်ခဲ့တဲ့အချစ်
မျိူး ပေးနိုင်မယ် မထင်ပါဘူး။စိုး ရင်ထဲမှာ
ကိုကြီး တစ်ယောက်ပဲ ရှိတယ်။ဟော့ဒီ
နှလုံးသားထဲမှာလည်း ကိုကြီးနာမည်ကိုပဲ
ကဗ္ဗျည်းထိုးထားခဲ့တာ။လစ်ဟာသွားတဲ့
ကွက်လပ်လေးမှာ ဘယ်သူ့ကိုမှ စိုး အစား
ထိုးမှာ မဟုတ်ဘူး။
" မဖြစ်နိုင်ပါဘူး ဆရာ...စိုးတို့မိတ်ဆွေတွေ
လိုပဲ ဆက်သွားကြရအောင်နော်... "
" စကားကိုအကုန်မပြောပါနဲ့အုံးလား စိုးရာ..
ကျတော့်ဘက်က အခုချက်ချင်း အဖြေပေး
ရမယ် မပြောထားပါဘူး...စိုး လက်မခံနိုင်
ရင် ငြင်းခွင့်ရှိပါတယ်...ကျတော်ကတော့
စိုးကိုပဲ ဆက်ချစ်သွားမှာ...အချစ်ဆိုတဲ့
အဓိပ္ပါယ်ကို တယောက်တမျိူးစီ..ဖွင့်ဆို
နေကြတာပါ...တကယ်တော့ အချစ်ဆိုတာ
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်
ချစ်ကြမှ အချစ်လို့ခေါ်တာ မဟုတ်ပါဘူး..
ကိုယ့်ကို မချစ်နိုင်တဲ့ လူကို ဘာမျှော်လင့်
ချက်မှ မထားပဲ တသက်လုံးချစ်သွားနိုင်
တာဟာလည်း အချစ်ပါပဲ "
ဆရာ့ကို မြင်ရတာ ကိုယ့်ကို ကိုယ်ပြန်ကြည့်
နေရသလိုပါပဲ။ဆရာနဲ့ စိုးဟာ တကယ်တမ်း
ကျ ဘဝတူတွေပါလေ။ကိုယ့်ရင်ထဲက တစ်
ယောက်သော သူအတွက် အသက်ဆက်ရှင်
နေကြတယ်...ပေးဆပ်နေကြတယ်...သစ္စာ
ရှိနေကြတယ်..စိုးရိမ်ပေးနေကြတယ်..ခံစား
နေကြတယ်။ရယူလိုစိတ်ကင်းခဲ့တဲ့ ချစ်ခြင်း
တွေဟာ ပကတိ အေးချမ်းနေပြီးသားပါ
ဆရာရယ်။
ဆရာ့ အချစ်တွေကို စိုး ဘယ်လိုမှ မတုံ့ပြန်
နိုင်ခဲ့တာ စိတ်မကောင်းပါဘူး။
" ကဲပါ စိုးရယ်...ကျတော့်ကြောင့် စိတ်အညစ်
မခံပါနဲ့...စိုး စိတ်ပူခဲ့သလိုမျိူး...ဘယ်တော့
မှ ဖြစ်မလာစေရဘူးလို့ ကတိပေးပါတယ်..
ရွှေအိမ်သူ ဘာလာမေးမေး...ကျတော်မသိ
ဘူးလို့ အစထဲက ဖြေခဲ့ပြီးသားပါ...သူရ
ကျော်ထင်ကိုလည်း စိတ်သိပ်မပူပါနဲ့..သူ
ဘာတစ်ခုမှ တိတိကျကျ သိမသွားပါဘူး..
လာပါ...ကျတော်ပြန်ပို့ပေးရစေ "
" ရပါတယ် ဆရာ...ဘာပဲဖြစ်ဖြစ် ကျေးဇူး
တင်ပါတယ်... စိုး ဘာသာပြန်လိုက်ပါ့
မယ်... ဆရာလည်း ပင်ပန်းနေတာ..နား
လိုက်ပါအုံး "
သူ့ ရင်တွင်းခံစားချက်တွေ စိုး သိခွင့်ရခဲ့ပြီး
ပြီ။ဘယ်လိုစိတ်မျိူးနဲ့ ရှေ့ဆက် မျက်နှာ
ချင်းဆိုင်ရပါ့မလဲ။အားလည် နာသလို...
သူ့ဆန္ဒတွေ မဖြည့်ဆည်းပေးနိုင်လို့ စိတ်ထဲ
တကယ် မကောင်းပါဘူး။
" ညီလင်းညိုကို သိပ်ချစ်ခဲ့တာပဲလား စိုး... "
ထပြန်ဖို့အတွက် စိုး ခြေလှမ်းပြင်ဆဲ သူ ရုတ်
တရက် ကောက်မေးလိုက်တာ ဖြစ်ပါသည်။
သူ့မေးခွန်းကို စိုးက ခပ်ဖျော့ဖျော့လေးပြုံး
ရင်း...
" သိပ်ချစ်ခဲ့တာထက် ပိုခဲ့ပါတယ်ဆရာရယ်..
ကိုကြီးက စိုးရဲ့ဘဝပါ...စိုးရဲ့ အရာရာပါ..
..... "
ပြောပြီးသည်နှင့် စိုး ဆိုင်ထဲက ထွက်လာခဲ့ပါ
သည်။ဆရာ ဘယ်လိုပုံစံနဲ့ ကျန်ခဲ့မလဲ စိုး
မသိချင်တော့ပါဘူး။ကိုယ့်ဒဏ်ရာတောင်
အနာမကျက်သေးပဲ သူများ အနာကို ဘယ်လို
စိတ်မျိူးနဲ့ ဆေးသိပ်ပေးနိုင်မှာတဲ့လဲ။အတ္တ
မကြီးတဲ့ လူရယ်လို့ မရှိပါဘူး။
ဆရာ့ဆီက ပြန်လာခဲ့ပြီးနောက် အိမ်ကိုပင်
မရောက်သေး လမ်းထိပ်တွင် သူရရဲ့ ကားကို
တွေ့လိုက်ရ၍ စိုး စိတ်ညစ်သွားပါသည်။
သူရက စိုး taxi ပေါ်က ဆင်းလာတာကို
လမ်းအချိူးကွေ့ခဲ့ရာမှ လှမ်းမြင်သွားပြီး
ရှေ့ဆက်မမောင်းတော့ပဲ ကားကိုရပ်ကာ
တမင် စောင့်နေတာ ဖြစ်လေသည်။
ရွှေအိမ်သူ လာသွားတဲ့ကိစ္စလည်း သူ သိခဲ့
ပြီးပြီ။စိုးကြောင့် သူမ ဒေါသတွေလှိမ့်ထွက်
ပြီး ပေါက်ကွဲခဲ့တာလည်း သိပြီးပြီ။စိုးကို
သူ မလေးစားပဲ မနေနိုင်တာ အမှန်ပဲ။စိုး
ရွှေအိမ်သူကို ပြောခဲ့သမျှ စကားလုံးတိုင်းက
အမှန်တွေမှ မဟုတ်တာပဲ။တစ်ခုမက ဖုံးကွယ်
ထားခဲ့တာ သူ သိတာပေါ့။မသိစေချင်တဲ့
အကြောင်းရင်းကလည်း စိုးဆီမှာ သေချာ
ပေါက်ရှိနေမှာပဲ။
လောလောဆယ်အခြေအနေမှာ အဲ့မဆိုင်တဲ့
ကိစ္စတွေထက် စိုးကို သူ ပိုစိတ်ဝင်စားနေတာ
မငြင်းချင်ပါဘူး။အစက စိုးကို သူတစက်မှ
ကြည့်လို့ရတာ မဟုတ်ဘူး။ခုကျမှ ဘယ်လို
တွေ ပြောင်းလဲသွားမှန်း ကိုယ်တိုင်လည်း
မသိတော့ဘူး။
" ဟိတ်....စိုး....ဟာကွာ...စိုး...ခနလေး... "
သူ လှမ်းခေါ်နေသော်လည်း စိုးက လုံးဝ ရပ်
မပေးပဲ ကိုယ့်လမ်းကိုယ် ဆက်လျှောက်နေ
ခဲ့ပါသည်။လှည့်မကြည့်တဲ့စိုးကို ဆက်ခေါ်
မနေတော့ပဲ သူမရှေ့ ပိတ်ရပ်ပစ်လိုက်သည်။
" ရှင် ဘာဖြစ်ချင်နေပြန်တာလဲ "
" ခေါ်နေတာမကြားဘူးလား "
" ကြားသားပဲ...ခေါ်တိုင်းလှည့်ကြည့်ရမယ့်
ဆက်ဆံရေးမျိုးမှမဟုတ်တာ...ဘာကိစ္စ
စကားပြောပေးနေရမှာလဲ...တလက်စထဲ
ပြောလိုက်ပါအုံးမယ်...ရှင့်မှာအချိန်တွေ
သိပ်ပိုနေလား...ဘာလို့ သူများကိစ္စထဲ
ယောကျာ်းတန်မဲ့ ကန့်လန့်ကြီး တောက်
လျှောက်ပါချင်နေရတာလဲ...ရှင့်သူငယ်
ချင်း ရွှေအိမ်သူကို ဘာတွေအာချောင်ခဲ့
တာလဲ..ဒီလိုနှုတ်စည်းမစောင့်တဲ့လုပ်ရပ်
ကို မိန်းခလေးတွေပဲ လုပ်တတ်ကြတာ..
ရှင်က ဘယ်လိုလူလဲ..."
" ဟိုးးးး....နားနားပြီး ပြောစမ်းပါ...မမောဘူး
လား...ကိုယ်ပြောပြမယ်....ရွှေအိမ်သူ
မင်းဆီလာတာ ပြသာနာရှာချင်လို့မဟုတ်
ဘူး...မင်းနဲ့ပူးပေါင်းချင်တာ... "
" ဘယ်လို.... "
" ဒီလိုကွာ...သူက ညီလင်းညိုရဲ့အားနဲချက်
ကို ဟော့ဒီလိုကိုင်ပြီး..သူ့အစွယ်ကို ချိူး
ချင်တာ...မင်းအမှန်တိုင်းပြောပြလိုက်ရင်
သူက မင်းကိုကျေးဇူးတောင်တင်အုံးမှာ.. "
သြော်...သူ ပြောပြမှပဲ စိုးလည်း ဇာတ်ရည်
လည်တော့တယ်။အင်မတန် ကြောက်ဖို့
ကောင်းတဲ့ မိန်းမပါလား။ကိုကြီးလို လူက
ဘာအတွက်နဲ့ အဲ့မိန်းမကို လက်ထပ်ဖို့အထိ
ဆုံးဖြတ်ခဲ့တာလဲ။
" ဘာကို အမှန်အတိုင်းပြောပြစေချင်နေကြ
တာလဲ....ပြောပြီးပြီလေ..ဘာတွေထပ်သိ
ချင်နေကြတာလဲ "
" မညာပါနဲ့ကွာ...မင်းကို အင်းယားလမ်းက
အိမ်မှာ ငါကိုယ်တိုင်တွေ့ခဲ့တာ...ငြင်းချင်
သေးလား "
" တွေ့ရင် ခေါ်လေ...ခိုးကြောင်ခိုးဝှက်လာ
ကြည့်ပြီး...အခုမှ ငြင်းချင်သေးလား...လာ
မေးမနေနဲ့...ညီလင်းညိုနဲ့ကျမက ဘာမှ
ပက်သတ်ခဲ့တာမဟုတ်ဘူး...အဲ့နေ့က
ရှင်နဲ့ငြိလို့ စရံငွေတောင် ပြန်မပေးခဲ့မိဘူး..
သူနဲ့မျက်နှာချင်းမဆိုင်ရဲလို့ မတွေ့ခဲ့တာ
အခုထိပဲ....ရှင်းရဲ့လား "
အဆုံးစွန်ထိ ဖုံးကွယ်ဖို့ ကြိုးစားနေတာကို
ရွှေအိမ်သူ မပြောနဲ့.....သူတောင် အသဲယား
လာတယ်။အစကတော့ ရွှေအိမ်သူ သူမကို
ပြသာနာရှာမှာစိုးလို့ ညာခဲ့တယ်ပဲထင်နေ
တာ။အခု မဟုတ်တော့ဘူး....သူတို့မသိတဲ့
အကြောင်းရင်းတွေ အများကြီး ရှိနေသေး
တယ်။
" ဘာအတွက်လဲ စိုးမေလှိုင်..ဘယ်သူ့အတွက်
အဆုံးထိ ညာပေးနေရတာလဲ...ညီလင်းညို
အတွက်လား.... "
" မဆိုင်လိုက်တာရှင်..."
အဲ့တစ်ခွန်းထဲ စိုး ပြောနိုင်ခဲ့ပါသည်။ဆက်
ပြောဖို့လည်း အင်အား မရှိတော့ပါ။တနေ
ကုန် ပင်ပန်းထားတဲ့ အရှိန်နဲ့ လူက လဲချင်
နေပြီ။သူနဲ့လည်း ရှေ့ဆက်စကားပြောချင်
စိတ်မရှိတာနဲ့ ကိုယ့်လမ်းကိုယ်လျှောက်ကာ
အိမ်အရောက် ပြန်လာခဲ့ပါသည်။
ဆိုင်အခြေအနေကိုလည်း သူမ ဂရုမစိုက်နိုင်
ပဲ အိမ်ထဲတန်းဝင်သွားသည်။ဘယ်သူ့ကိုမှ
စကားမပြောပဲ အခန်းတွင်းအောင်းကာ
စိတ်လွတ်ကိုယ်လွတ် အိပ်ပစ်လိုက်ပါတော့
သည်။
@@@@@@@@@@@@@@@@@@@
ဖြစ်ခဲ့သမျှ အရာအားလုံးကို စိုးက တတ်နိုင်
သလောက် ဖုံးဖိပေးထားခဲ့သည်။ရွှေအိမ်သူ
က လက်မလျှော့နိုင်သေးပဲ ထပ်ကြိုးစားပြန်
သည်။ညီလင်းညို company ကို လိုက်သွား
ပြီး သူ အလုပ်ပြီးတဲ့အထိစောင့်ကာ စိုးဆီ
တစ်ဖက်လက်နဲ့ ခေါ်ထုတ်သွားဖို့ ကြံစည်နေ
ခဲ့ပါသည်။
ဒီအချိန်လောက်ဆို စိုးမေလှိုင်ရဲ့ မုန့်ဟင်းခါး
ဆိုင် ဖွင့်နေပြီ။မြောက်ဒဂုံဘက် အရေးတကြီး
သွားစရာရှိတယ်ဟုပြောကာ သူ့အား မရမက
အတင်းလိုက်ပို့ခိုင်းခဲ့ပါသည်။
" မင်းကားက ဘာဖြစ်သွားလို့လဲ "
" workshop ဆိုင်ပ်ို့ထားတယ်...ဘာဖြစ်မှန်း
မသိဘူး...ဒီလောက်လေးလိုက်ပို့ရတာပဲ..
စိတ်ရှည်စမ်းပါ "
စ်ိတ်က ဘယ်အတိုင်းအတာထိ ဆွဲဆန့်ပေးနေ
ရအုံးမှာလဲ။တစ်မျိူးပြီးတစ်မျိူး ရစ်နေတာ
စိတ်ပျက်ဖို့ကောင်းတယ်။အချစ်မပါခဲ့သော
ဆက်ဆံရေးမို့ သည်းခံစိတ် အစထဲကကို
ပါမလာခဲ့တာ။
" မြောက်ဒဂုံ ဘယ်ရပ်ကွက်လဲ "
စိုးမေလှိုင်နေသည့် ရပ်ကွက်ကို တိတိကျကျ
ပြောပြလိုက်ပြီး မောင်းခိုင်းလိုက်သည်။အဲ့
ဘက်တွင် အကြွေးတောင်းစရာရှိတယ်ဟု
ညာ၍ ခေါ်လာခဲ့တာ ဖြစ်သော်လည်း ဘယ်
အိမ်ကို လက်ညှိုးထိုးပြရမလဲ မသိ။
မောင်းလာလိုက်တာ စိုးမေလှိုင်တို့ဆိုင်အနား
ရောက်တော့မည်။ဆိုင်ကို ကျော်မောင်းသွား
ပြီးမှ...
" ခနလေး...ခနလေး ရပ်... "
" ဘာဖြစ်ပြန်ပြီလဲကွာ... "
" ဟိုဆိုင်လေးက ဘာဆိုင်လဲမသိ...ဝင်စားရ
အောင်... "
" ဘာ!!.... မင်းက အဲ့လိုဆိုင်မျိူးမှာ စားအုံး
မယ်... "
" ဟော...ဗိုက်ဆာနေတဲ့အချိန်...ဆိုင်ရွေးနေ
အုံးမလား...ကားနောက်ပြန်ဆုပ်လိုက်ပါ...
လုပ်ပါ "
ကိုယ့်မျက်နှာနဲ့မှမလိုက်...နွဲ့ဆိုး ဆိုးနေပြ
လိုက်တာများ ဘယ်လိုစိတ်နဲ့ ချစ်ပေးရမှန်း
ကို မသိတော့ဘူး။ရွှေအိမ်သူက မိမိအကြံ
အောင်မြင်တော့မယ့်အချိန် နီးကပ်နေပြီမို့
ကျိတ်ပျော်နေခဲ့ပါသည်။
ကားနောက်ပြန်ဆုပ်လိုက်သည့်အချိန်ထိ သူ
ဆိုင်ကို မကြည့်ဖြစ်သေးပါ။စိုးတို့လည်း
ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေတာမို့ ရပ်သမျှ
ကားတိုင်း မကြည့်အားခဲ့ပါ။
" ရှင်မဆင်းဘူးလား.... "
" မင်းဗိုက်ဆာတာလေ....ငါမှမဆာတာ..
ကိုယ့်ဘာသာ သွားစား...စောင့်နေမယ် "
" မရပါဘူး...မစားလည်း လိုက်ခဲ့... "
" ကျစ်.... "
ဆက်ပြောရင်လည်း ရန်ဖြစ်ရုံကလွဲ အကျိူး
ထူးလာမှာမဟုတ်ဘူး။ရွှေအိမ်သူက ရှေ့မှဦး
ဆောင်လျက် ဆိုင်ထဲဝင်သွားသည်။သူမ
နောက်တွင် ညီလင်းညို လျှောက်လာပါ
သည်။ဆိုင်ထဲရောက်ကာမှ သူ..စိုးကို မြင်
လိုက်ရသည်။စိုးလည်းပဲ ရွှေအိမ်သူကိုအရင်
မြင်ပြီး အာရုံနောက်နေဆဲ ကိုကြီးကိုပါတွေ့
လိုက်ရ၍ ခြေဖျား လက်ဖျားတွေ အေးစက်
ကုန်လာသည်။မသူဇာ ပါးစပ်က အကိုလေး
ဟု ယောင်ထွက်သွားသေးသည်။အသံတိုးတိုး
လေးမို့ ရွှေအိမ်သူ မကြားခဲ့ပါဘူး။
စိုးသည် မသူဇာလက်ကို ဆုပ်ကိုင်ရင်း...
" ကျေးဇူးပြုပြီး မသိချင်ယောင်ဆောင်ပေး
စမ်းပါမကြီးရယ်...နော်... "
မသူဇာအနား ကပ်နိုင်သလောက်ကပ်ပြီး
နားချရသေးသည်။ရွှေအိမ်သူသည် စိုးကို
ကျကျနန ကြည့်ပြီး ဘယ်အထိ ဟန်ဆောင်
နိုင်မလဲ စောင့်ကြည့်မယ်ဟူသော သဘော
ဖြင့် ခပ်ထေ့ထေ့ပြုံးနေလေရဲ့။သူမရဲ့ စိတ်
သဘောကို ညီလင်းညို တဖြေးဖြေး သဘော
ပေါက်လာသည်။သူ့ကို စိုးရှေ့ တမင်ခေါ်လာ
တာ သေချာသလောက်ပါပဲ။အဓိက တရားခံ
က သူရကျော်ထင်ဆိုတာ ပြေးကြည့်စရာ
မလိုတော့ပါ။
သူ့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွား
သော စိုးကိုသာ အားနာနေမိသည်။စိုး ဘဝ
လေး သူ့ဟာသူ အဆင်ပြေနေတာကို ဒီမိန်းမ
ဝင်ရှုပ်ချင်နေတယ်။ဖြစ်ချင်ရာဖြစ်ဆိုပြီး
သူ့ဘက်က ဖုံးကွယ်ထားသမျှ ခွာချဖို့ ပြင်
နေဆဲမှာပဲ စိုးက...
" အကိုတို့ အမတို့ ပါဆယ်လား...ထိုင်စားမှာ
လားရှင့်... "
ချက်ချင်းကြီးကို မသိချင်ယောင်ဆောင်ပစ်
လိုက်သော စိုးအား သူ သနားမိခဲ့သည်။
" ဟဲ့...မသိချင်ယောင်ဆောင်နေပြန်ပြီနော်..
နင်ပဲပြောခဲ့တယ်လေ...ပက်သတ်ဖူးတဲ့
ယောကျာ်းတွေကများတော့ မမှတ်မိဘူးဆို..
ဒါမို့ လူကိုယ်တိုင် ခေါ်လာပြတာ..ဘယ်လို
လဲ...မှတ်မိပြီလား... "
ဆိုင်မှာ လာစားနေတဲ့လူတွေက အများကြီး။
အစထဲကမှ စိုးကို ဟိုပြော ဒီပြော ပြောနေခဲ့
ကြတာ။ရွှေအိမ်သူက အထက်ပါအတိုင်း
ပြောလိုက်တော့ လူတွေသည် စိုးကို အံ့သြ
သလိုလို...ရှုံ့ချသလိုလို ကြည့်ကုန်ကြပါ
သည်။
" ရွှေအိမ်သူ...မင်း ဘာသဘောနဲ့ လျှောက်
လုပ်နေတာလဲ...ဟမ်...မင်းစိတ်ဓာတ်က
အဲ့လောက် အောက်တန်းကျလား...မင်း
ပြောတော့... "
" ရှုးးးးး... တိုးတိုးပြောစမ်းပါ...လူတွေအများ
ကြီးနော်...ရှင့်သိက္ခာကျနေမှာစ်ိုးလို့..ဘာ
လို့စိတ်တိုနေတာလဲ...တစ်ခုခုပေါ်သွားမှာ
ကြောက်နေတာလား "
" တောက်စ်.... "
စိုးက ဆက်ပြီး ဖုံးဖိဖို့ကြိုးစားခဲ့သည်။သူက
တော့ လူအများရှေ့ စိုး သိက္ခာကို ကယ်တင်
ဖို့ ဆုံးဖြတ်လိုက်သည်။သူ့စိတ်ကို စိုး သိနေ
တယ်။အဲ့လိုလုပ်လို့ မဖြစ်ဘူးလို့ စိုးအကြည့်
တွေက ပြောနေသယောင်ယောင်။စိုးရယ်...
ဘာအတွက်လဲကွာ။
" မရွှေအိမ်သူရယ်...အမမလဲ..ဒီကိစ္စ ပြီး...
မပြီးနိုင်တော့ဘူး...ဘာတွေဖြစ်ချင်နေမှန်း
ကိုမသိဘူး...အမလူကို ကျမ အခုမှတ်မိပြီ..
ဘယ်သူ...ကို...ညီ..လင်းညိုနော်..အကိုက
လဲရှင်...ပြောစရာရှိပြောလိုက်တာမဟုတ်
ဘူး...အဲ့နေ့က အကိုချိတ်ပေးတဲ့လူ အဆင်
မပြေဘူးသိလား...စရံငွေတောင်ပြန်မပေး
ရသေးဘူး...အဲ့ဒါများလာတောင်းကြတာ
လား "
စိုးရယ်......မင်းဘယ်လိုတွေ ပြောနေတာလဲ
ကွာ။မင်းဘဝတစ်ခုလုံး စုတ်ပျက်သပ်သွား
တဲ့ အဆင့်ထိ မရောက် ရောက်အောင် နှိမ့်
ချနေတာလား။ကိုယ့်တယောက်အတွက်နဲ့
တန်ရဲ့လား စိုးရာ။
စိုး စကားအဆုံးတွင် ဆိုင်ထဲတွင် ထိုင်စားသူ
အားလုံး သူမကို ပါးစပ်အဟောင်းသားဖြင့်
ဝိုင်းကြည့်နေကြတော့သည်။ရွှေအိမ်သူလည်း
စိုးကို လက်ဖျားခါသွားသည်။ညီလင်းညိုနဲ့
လူချင်းတွေ့လျှင် သူမ ဆက်ပြီး ဟန်ဆောင်
နိုင်မယ်လို့ မထင်ထားခဲ့တာလေ။ခုဖြင့် စိုးက
အမူအယာတစ်စက်ကလေးမှမပျက်ပဲ သူမ
မကြာခင်လက်ထပ်ရပါတော့မယ်ဆိုတဲ့
ယောကျာ်းက စိုးကြောင့် မိမိကိုယ်ပင် ထ
သတ်တော့မယ့်အတိုင်း ပေါက်ကွဲနေပြလိုက်
တာ။စိုးကို ကြည့်နေတဲ့အကြည့်ကအစ
အချစ်ရိပ်တွေ...အဆွေးရိပ်တွေ...ဂရုဏာ
သက်သလိုလို...အခုပဲပြေးဖက်တော့မလိုလို
စိတ်ပျက်ဖို့ အရမ်းကောင်းတယ်။
စိုးက မိမိကို အံ့သြစိတ်နဲ့ ဝိုင်းကြည့်နေသော
လူတွေအား ခြုံငုံကြည့်ပြီးမှ ရွှေအိမ်သူဘက်
အကြည့်ပြန်ပို့ကာ နှုတ်ခမ်းကိုတင်းတင်း
စေ့ရင်း တံတွေးတချက် အရင်မျိူချလိုက်ပါ
သည်။ပြီးမှ.....
" ဂွင်ပျက်နေလို့ စိတ်ရှုပ်နေရတဲ့ကြားထဲ...
အာရုံတွေလာနောက်နေကြတယ်..စျေးကို
အေးဆေးမရောင်းရဘူး...အထွေအထူး
ကိစ္စမရှိရင်လည်း ပြန်ကြပါတော့...ဘယ်လို
လူတွေမှန်းကိုမသိဘူး "
သူတို့ရှေ့ကနေ အကြောတင်းချင်ယောင်
ဆောင်ပြီး စိုး ကျောခိုင်း လှည့်ထွက်လာပါ
သည်။သူတို့ကို ကျောခိုင်းခဲ့သည့်အချိန်ကစ
စိုး ပါးပြင်မှာ မျက်ရည်တွေ ဒလဟော ပြိုကျ
လာခဲ့ပါသည်။ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်
ကွဲ ထွက်လာမလား စိုးရိမ်ရတဲ့အထိ
ဟန်ဆောင်ပြခဲ့ပြီးပါပြီ။လူတွေရဲ့ အထင်
သေးတဲ့ အကြည့်တွေအောက် စိုး ကြာကြာ
မနေနိုင်တော့ပါဘူး။ကိုကြီးနဲ့လည်း မျက်နှာ
ချင်းဆိုင်ဖို့ အင်အားမရှ်ိတော့ပါဘူး။
စိုး လှည့်ထွက်သွားမှ ညီလင်းညိုသည် ရွှေ
အိမ်သူ မျက်နှာတည့်တည့်ရှေ့ လက်ညှိုး
ငေါက်ငေါက်ထိုးလျက်....
" မင်းကလေ....တော်တော်လေးကိုစိတ်ပျက်
စရာကောင်းတဲ့ မိန်းမပဲ... "
တကယ်တမ်းအရှက်မရှိတာ စိုး မဟုတ်ခဲ့ဘူး။
ရွှေအိမ်သူ....သည်လောက် လူတွေရှေ့
အပြောခံရတာတောင် အပြုံးမပျက်ပဲ အေး
ဆေးရပ်နေနိုင်တာ မသူဇာ အံ့သြလို့မဆုံး
ဘူး။ညီလင်းညိုက သူမကို ထားပြီး ကား
နား လှမ်းသွားသည်။မျက်နှာပြောင်တိုက်
ရင်း သူမ နောက်ကနေ ပြေးလိုက်သွားသည်။
ဟိုကဖြင့် သူမအလာကို မစောင့်ပဲ ကားကို
အရှိန်ပြင်းပြင်း မောင်းထွက်သွားသောအခါ
ရွှေအိမ်သူတယောက် တီကောင် ဆားနဲ့
အပက်ခံရသလို စက်စက်ကို လူးနေတော့
တာပဲ။
" ကောင်းတယ်....အဲ့လိုဟာမမျိူးကို...အကို
လေး ဘာလို့ လက်ထပ်ဖို့တွေးနေတာလဲ
မသိဘူး... "
မသူဇာက ဆွေဆွေ့ကို ပြောပြသလိုနဲ့ တစ်
ယောက်ထဲ ရေ ရွတ်နေသည်။စားတဲ့လူ
အားလုံးနီးပါး ပြန်ကုန်ကြပြီ။စိုးအကြောင်း
သည် ရပ်ကွက်ပါးစပ်ထဲ ခေတ်အစားဆုံး
သတင်းဆိုးတစ်ခုအဖြစ် အချိန်ကြာကြာ
ရေပန်းစားနေအုံးမှာ သေချာသလောက်ပါ
ပဲ။
" မကြီး....စိုးဆီ သွားလိုက်ရင်ကောင်းမလား"
" မကြီးသွားကြည့်မယ်...ဆွေဆွေ ဆိုင်စောင့်
ထား "
ဆွေဆွေသည် မျက်နှာငယ်လေးနဲ့ ခေါင်း
ညိတ်ပြပါသည်။သူမဟာ အမကြီးတယောက်
ဖြစ်ပါရဲ့နဲ့ စိုး ရှေ့ မားမားမတ်မတ် မရပ်တည်
ပေးနိုင်ခဲ့တာကို အားမလိုအားမရ ဖြစ်နေခဲ့
ပါသည်။နေရာတကာ ကြောက်တတ်တဲ့စိတ်
ကြောင့် ဖိနင်းခံရပေါင်းလည်း များခဲ့ပြီ။စိုးလို
သူမလည်း သတ္တိရှိခဲ့ရင် ကောင်းမည်။
မသူဇာက စိုးရှိရာဆီ ခြေသံဖွဖွလေးနင်း
လျက် ဝင်လာခဲ့ပါသည်။စိုးဟာ အရှိန်လွန်
သွားသည့် ပါးစပ်ကို ကိုယ်တ်ိုင်အပြစ်ပေး
နေဟန် ကိုယ့်ပါးကိုယ် လက်နဲ့တရစပ် ရိုက်
နေရာ မသူဇာ လန့်ဖျပ်သွားပြီး သူမနား
အပြေးသွားလျက် စိုးလက်တွေကို ထိန်း
ချူပ်ထားလိုက်သည်။
" စိုးရယ်...ဘာလို့ ကိုယ့်ကိုကိုယ်နှိပ်စက်နေ
ရတာလဲ.. "
" ဖယ်ပါ မကြီးရယ်....ဖယ်ပါ....စိုး..ရင်တွေ
ကွဲထွက်တော့မယ်...စိုး ရူးချင်တယ်...စိုး..
စိုး...သေချင်တာပဲသိတယ်...ဘယ်တော့မှ
ဒီဘဝက ရုန်းထွက်နိုင်မှာလဲ...ဘယ်တော့မှ
... ဒီဘဝကို လွှတ်ချနိုင်မှာလဲ... "
" လွှတ်ချလို့ရပါတယ်စိုးရယ်...သိပ်ချစ်တဲ့
စိတ်တစ်ခုနဲ့ စိုးဘဝကို နစ်မွန်းခံနေတာ..
မကြီးဖြင့် နားမလည်ပေးချင်တော့ဘူး..
ကိုယ့်ကိုကိုယ် မနှိပ်စက်ပါနဲ့တော့ကလေး
ရယ်... "
မသူဇာက်ို ဖက်ပြီး စိုး အားရအောင်ငိုခဲ့ပါ
သည်။ဘယ်လောက်ငိုငို မျက်ရည်တွေဟာ
ခမ်းကိုမခမ်းနိုင်သေးဘူး။မသူဇာ ပြောခဲ့
သလိုပဲ စိုးဟာ လွှတ်ချလို့ရရဲ့သားနဲ့ ဖက်
တွယ်နေမိခဲ့တယ်။ဖြစ်နိုင်ရင် အားလုံးနဲ့ဝေး
ရာ စိုး ထွက်သွားချင်ပါပြီ။
" စိုးလေ..ကိုကြီးကိုသိပ်ချစ်တယ်..စိုးကြောင့်
ကိုကြီးဘဝ ထိခိုက်သွားမှာမလိုချင်ဘူး...
စိုးအတွက်နဲ့..ကိုကြီးကို ရွှေအိမ်သူ တသက်
လုံး အနိုင်ပိုင်းသွားတော့မှာ...မကြီး ဘာမှ
မသိပါဘူး...အဲ့မိန်းမက ထင်ထားတာထက်
ပိုကြောက်ဖို့ကောင်းတယ်..."
" စိုးရယ်....အခုပြောနေတာတွေအားလုံး..
စိုးအတွက်တစ်ခုမှလည်းမပါ ပါလား... "
" ဟင့်အင်း....စိုးက အရေးမကြီးပါဘူး....
ကိုကြီးပဲ.... "
ပြောရင်း စိုးတစ်ယောက် စို့နင့် ဝမ်းနဲလာပြန်
ပါသည်။ကိုကြီးကို အစထဲက ဆုံးရှုံးပြီးသား
ဆိုပေမယ့်လည်း တကယ်တမ်း သူ့ဘေးမှာ
တခြားမိန်းခလေးတစ်ယောက်ကို ယှဥ်တွဲမြင်
လိုက်ရသည့် အခိုက်အတန့် ဖြေမဆည်နိုင်
ခဲ့ပါဘူး။ကိုကြီးနဲ့ ပက်သတ်ပြီး စိုး အခုထိ
မရင့်ကျက်သေးဘူး။အရာရာဟာ ထိလွယ်
ရှလွယ်နဲ့ ခံစားနေရတုံးပါပဲ။
ဖြတ်သန်းခဲ့ရသည့် ရက်တွေသည် ယခင်က
ထက် ပိုပြီးမွန်းကျပ်စရာ ကောင်းခဲ့ပါသည်။
အဆိုးဆုံးတွေ ဖြတ်ကျော်ပြီးရင် အကောင်း
ဆုံးတွေ ကြုံတွေ့ရအုံးမှာလား။စိုး အတွက်
တော့ ဘယ်လိုကောင်းခြင်းကိုမှ မမျှော်လင့်
ရဲတော့ပါဘူး။
စိုးကို ကြည့်ပြီး မသူဇာ အားမရနိုင် ဖြစ်နေ
ပါသည်။စိုးသည် အရင်လို လန်းလန်းဆန်း
ဆန်း မရှိတော့ပဲ အမြဲ တမှိုင်မှိုင်နဲ့ အိပ်ယာ
ထဲ ခွေနေတတ်ပါသည်။ဘာပဲ ကျွေးကျွေး
စားချင်စိတ်မရှ်ိဘူးဟု ငြင်းကာ တစ်ယောက်
ထဲပဲ နေနေခဲ့ပါသည်။
တနေ့ မသူဇာနှင့် ဆွေဆွေတို့ မုန့်ဟင်းခါး
ချက်ရန် နောက်ဘက်တွင် အလုပ်ရှုပ်နေ
ကြစဥ် စိုးအခန်းထဲက ဝုန်းခနဲဟူသည့် အသံ
ကျယ်လောင်စွာ ကြားလိုက်ရ၍ လုပ်လက်စ
အလုပ်တွေကိုပစ်ထားပြီး နှစ်ယောက်သား
အပြေးသွားကြည့်ရာ......
ခုတင်ခြေရင်းတွင် ခွေခွေလေး မေ့လဲနေသော
စိုးကို မြင်လိုက်ရတော့သည်။
*******************************************
အခန်း(11) မျှော်
Author... 😍 A Mon Ko 😍