book

Index 1

အခန်း - ၁

  • Author : A Mon Ko
  • Genres : Romance, Drama

သူမ နာမည်က စိုးမေလှိုင်....။နာမည်နဲ့လိုက်

အောင် ဆိုးလိုက်တာလည်း မပြောနဲ့။မိဘတွေ

မရှိဘူး....အဒေါ်တစ်ယောက်နဲ့နေတယ်။စိုးမှာ

အမတယောက် ရှိတယ်။ဆွေဆွေလှိုင်တဲ့....စိုး

လောက်တော့ မဆိုးဘူး။သို့သော် ဒေါ်မေခ

ချခင်းပေးထားတဲ့ လမ်း​ကြောင်းမှာ ဘဝ

မပျက်ရုံတမယ် လမ်းစပျောက်နေရှာသည်။


" စိုး....ဒီခနလာအုံး...."


အခန်းအောင်းပြီး ဘာတွေကြံစည်နေမှန်း

မသိတဲ့ သူမကို လူတစ်ယောက်နဲ့ မိတ်ဆက်

ပေးဖို့ ဒေါ်မေခ လှမ်းခေါ်လိုက်သည်။လာပြီ

ဟူသော အသံနဲ့အတူ သူမ အိမ်ရှေ့ထွက်လာ

လေသည်။အန်တီခ နဲ့ယှဥ်လျက်ထိုင်နေသော

အန်ကယ်ကြီးကို မြင်မြင်ချင်း သူမ အပြုံး

ချိူချိူလေး ပစ်ကျွေးလိုက်သည်။


" ဘယ်လိုလဲ ကိုဥက္ကာ...မေခ တူမလေး

  မချောဘူးလား...."


" ချောတာမှ မှုံနေတာပါပဲဗျာ...ငယ်ဂုဏ်လေး

  လဲရှိတော့ အလှတွေထင်ပေါ်နေတာပေါ့ "


" ဒါဖြင့် အလုပ်ကိစ္စ အဆင်ပြေနိုင်လား "


" မပြေစရာမရှိဘူး.... တစ်ခုပဲ...အရမ်းငယ်

  လွန်းမနေဘူးလား...သားအဖတွေထင်ကုန်

  ရင်ခက်မယ်ဗျ..."


အန်ကယ်ကြီး အပြောကို သဘောကျကာ

ခေါင်းလေးငုံ့လျက် စိုး ကျိတ်ပြုံးလိုက်၏။

ဆွေဆွေလှိုင်ထက်စာရင် စိုးက ဒေါ်မေခ

ခြေရာကို အမှီလိုက်နိုင်သည်။ဆွေဆွေက 

အရိပ်ပြတာတောင် အကောင်မြင်ဖို့ ခဲယဥ်း

တဲ့အထိ နုံအသည်။စိုးကတော့ သွက်လက်

ချက်ခြာလွန်းလို့ ဒေါ်မေခ ပွဲထုတ်ဖို့ စီစဥ်နေ

တာ ဖြစ်သည်။


" အာ့မလေး ကိုဥက္ကာရယ်...စိုးနဲ့သာ ဒီပွဲတက်

  လိုက်ရင်..မျက်နှာပွင့်မှာ ကျိမ်းသေတယ်..

  အခုမှ မေခ တူမလေးကို ပွဲစထုတ်တာနော်..

  စျေးတော့မဆစ်နဲ့....ပွဲတက်ဖို့ အဝတ်အစား

  ဝယ်ရမယ်...အို...ပြင်ဆင်စရိတ်တွေက

  လည်း ကြီးမှကြီး...."


ဒေါ်မေခ ဘက် ဦးဥက္ကာ လက်တစ်ဖက် ကာပြ

ရင်း...


" ကျုပ် စျေးမဆစ်တတ်တာ ခင်ဗျားသိတယ်

  ကြိုက်စျေးခေါ်...ပေးဖို့အသင့်ပဲ...စိုးကိုသာ

  သေချာသင်ပေးထားအုံး...လောလောဆယ်

  သုံးသိန်းပေးခဲ့မယ်...ပွဲပြီးရင် ၇သိန်းပေး

  မယ်...ကျေနပ်ရဲ့လား ဒေါ်မေခ "


" ရတာပေါ့ရှင်...."


စကားမဆုံးခင် ဒေါ်မေခရဲ့ လက်တွေသည်

ငွေထုတ်ဆီ ရောက်နှင့်နေပြီ။စိုးကလည်း

ငွေတွေကို ကြည့်ရင်း အကြည့်တွေတောက်ပ

လာသည်။ပွဲတက်မယား အချိန်ပိုင်းလေး

အငှားလိုက်ပေးရုံနဲ့ ငွေဆယ်သိန်းရသတဲ့

လား။ပိုက်ဆံရှာရတာ လွယ်လိုက်တာဆိုတဲ့

အတွေးကို ဒေါ်မေခ ကိုယ်တိုင် စိုးကိုသင်ပေး

ခဲ့တာ။


ဦးဥက္ကာ ပြန်သွားမှ ဒေါ်မေခက စိုးဘက်ကို

လှည့်ပြီး....


" စိုး...အန်တီခ ပြောတာ သေချာနားထောင်..

  ငွေရှာရတာ ဘယ်လောက်လွယ်လဲ စိုးမြင်

  တယ်နော်...ဒါပေမယ့် တစ်ခုသတိထားရ

  မယ်...အန်တီခ တို့က ကျားအစစ်တွေနဲ့

  လည်သလို ကစားနေရတာ....ခြေချော်သွား

  တာနဲ့ ဘဝပျက်ပြီသာမှတ်....လှည့်တတ်

  ကွေ့တတ်...ရှောင်တတ်ရမယ်...ချောက်ထဲ

  ကျဖို့ လက်သုံးလုံးပဲ လိုခဲ့ရင်တောင်...ကိုယ့်

  မိန်းမညဏ်နဲ့ ဆွဲတင်နိုင်ရမယ်...လောကမှ

  ညဏ်ကောင်းတဲ့လူတွေပဲ မပင်ပန်းပဲ ငွေရှာ

  နိုင်တာ...အန်တီခ ပြောတာ စိုး နားလည်

  တယ်နော်..."


" ဟုတ်...နားလည်ပါပြီ အန်တီခ..စိုးကလည်း

  အန်တီခ တူမပါ...ဒီလောက်တော့အေးဆေး

  အသက်သာငယ်တာ...အဆိပ်ပြင်းတယ်.."


စိုး စကားကို အားရကျေနပ်ဟန် ဒေါ်မေခ ပြုံး

လိုက်မိသည်။ဆွေဆွေ့ထက် စိုးက အဆတရာ

မက သာသည်။နဲနဲလေး လမ်းကြောင်းပေး

လိုက်ရုံနဲ့ ဘယ်လိုလှုပ်ရှားရမလဲ စိုးသိသည်။

အကြီးမလို အူတူတူ နုံအအ မဟုတ်ဘူး။


" ရော့...ဒါ စိုးသုံးဖို့ တသိန်းယူထား...ကျန်တဲ့

  ငွေနဲ့ အဆင်ပြေအောင် အန်တီခ ကြည့်လုပ်

  လိုက်မယ်...ပွဲပြီးရင် သူ့ဆီက ကျန်ငွေယူ

  လာ....သတိတော့ထားရမယ်နော် စိုး....

  ကြားလား..."


" စိတ်ချ...."


ဆယ်တန်းသာ အခုထိ မအောင်သေးတာ..

ညဏ်နီညဏ်နက်ကတော့ မဟာဘွဲ့ရထား

သလား မှတ်ရတယ်။စိုး ကိုယ်တိုင်က ပညာ

ရေးကို စိတ်မဝင်စားတော့တာ ကြာခဲ့ပြီ။

အသက် ၁၄နှစ်ထဲက ချစ်သူစထားခဲ့တာကိုပဲ

ကြည့်။စိုးက ငွေတအားမက်တဲ့ မိန်းမထဲ

ပါသည်။ငွေဖြုန်းတတ်အောင်လည်း အန်တီခ

က သင်ပေးခဲ့တာ။ကုန်ကုန်ပြောရရင် ငွေကို

သည်းခြေမတတ်ကြိုက်တတ်အောင် တမင်

သင်ပေးခဲ့တာ။ငွေအလွယ်ရှာနည်းကိုပါ ရှေ့

ဆောင်လမ်းပြ သင်ပေးထားတော့ စိုးမေလှိုင်

ဆိုတဲ့ ကလေးမလေး ကမ်းကုန်အောင် ဆိုး

သွမ်းနေတာ ဒေါ်မေခရဲ့ မြှောက်ထိုးပင့်ကော်

မှုတွေနဲ့ အများကြီး သက်ဆိုင်နေသည်။


" ဟဲ့...စိုး...ဒီလာစမ်း....."


တသိန်းအုပ်လေး လှုပ်ရမ်းကိုင်လျက် အခန်း

ထဲ ပြန်ဝင်လာသော စိုးကို အမဖြစ်သူက 

လှမ်းခေါ်ပြီး အခန်းတံခါး ပိတ်လိုက်သည်။


" ဘာလဲ...ငါ့ဝေစုထဲက တောင်းမလို့လား "


သူမတို့ ညီအမ နှစ်ယောက်က ၂နှစ်ကြီး ၂နှစ်

ငယ်မို့ သူငယ်ချင်းတွေလို ဖြစ်နေသည်။


" အာ့ပိုက်ဆံကိစ္စ ငါစိတ်မဝင်စားဘူး...ငါ

  ပြောမယ် စိုး....အန်တီခ ခင်းပေးတဲ့လမ်း

  နင် တကယ်ကြီးလျှောက်တော့မှာလား "


" အေးလေ...နင်တောင်လုပ်သေးတာပဲ..ငါ

  ရော..ဘာလို့မလုပ်နိုင်ရမလဲ....ငွေရမယ့်

  အလုပ်ပဲဟာ...ဘာဖြစ်ဖြစ် ငါတော့လုပ်

  မှာပဲ...အခုပဲကြည့်...ငွေတသိန်းတောင်မှ

  ငါ့လက်ထဲရောက်လာပြီ "


" ဒီမယ် စိုး...နင့်အသက်က ၁၈နှစ်တောင်

  ပြည့်သေးတာမဟုတ်ဘူး...ပညာရေးက

  တပိုင်းတစနဲ့...နင်ပညာတတ်အောင်ပဲ

  လုပ်စမ်းပါဟာ...ငါ့တုံးက သူပြောတဲ့

  အတိုင်းလုပ်ခဲ့တယ်ဆိုတာ နင့်အတွက်..

  နင့်ကို ငါ့လိုဖြစ်မှာစိုးလို့...ငါရင်းခဲ့တာဟ."


" ဟာကွာ...အကြီးမ...နင်ဘာတွေဂျေနေ

  တာလဲ...နင့်လိုင်းနဲ့ ငါ့လိုင်းမတူဘူး....

  ငါ့လိုင်းက သန့်သန့်လေး...ကျစ်...အာရုံ

  လာနောက်နေတယ်ဟာ "


အမဖြစ်သူ ဘာအလုပ် လုပ်စားလဲဆိုတာ

စိုး အသိဆုံး။အန်တီခ ပြောတာတော့ သူ

နုံခဲ့လို့ ဒီဘဝ ရောက်သွားတာတဲ့။သူများ

တွေလို စုတ်ပြတ်သပ်နေတဲ့ ဘဝတော့မဟုတ်

ပါဘူး။သူက တလက်ကိုင်ဆိုလား...အန်တီခ

ပြောတာပဲ။နားလည်လွယ်အောင်ပြောရရင်

စပွန်ဆာ ရှာပေးထားတယ်ပေါ့။ဟိုဘက်က

ဆန္ဒရှိရင် အချိန်မတော်လည်း ဆွေဆွေတို့

လစ်ရတာပဲ။ခုနေတဲ့ တိုက်ခန်းက သူမ

စပွန်ဆာဘဲကြီး အမ်းထားတာ။  


သူမ ဘဝလည်း သူ့ဟာနဲ့သူ အဆင်ပြေနေ

တာပဲလေ။ခုကျမှ ဘာတွေဖြစ်နေမှန်း မသိ..

တရေးနိုးလာပွားနေတယ်။


အမဖြစ်သူကို မချေမငံပြောဆိုပြီးနောက် စိုး

ငွေတွေကိုကြည့်ရင်း ခုတင်ထက် အားရပါးရ

ပစ်လှဲလိုက်လေသည်။ဆွေဆွေက စိုးအစား

ရင်လေးဟန် အသက်ပြင်းပြင်းတစ်ချက်ရှု

ရှိုက်လိုက်တော့သည်။


စိုးသည် ငွေတွေကို ပိုက်ဆံအိတ်ထဲ ကျကျနန

ထည့်ပြီးနောက် ခေါင်းအုံးအောက်ကဖုန်းအား

လှမ်းယူလိုက်သည်။ဘယ်သူ့က်ိုမှအသိမပေး

ပဲ စိုး ကျိတ်လှုပ်ရှားနေသည့် ဂွင်တစ်ခုရှိသည်


Facebook ပေါ်ကနေ အချဥ်တကောင် စိုး

ဖမ်းမိထားသည်။အဲ့လူက ဂျပန်မှာ အလုပ်

လုပ်နေတာ ကြာပြီ။သူက အရမ်းဆရာကြီး

လုပ်ချင်တဲ့ပုံပါပဲ။အဲ့ဆရာကြီးလုပ်ချင်တဲ့

စိတ်ကြောင့်ပဲ စိုးနဲ့သူ လိုင်းပေါ်မှာခင်ခဲ့ကြ

တာ။စိုးက fb မှာ ပုံတွေ အရမ်းတင်တယ်။

သူက စိုးဆီ တကူးတက စာတွေပို့ပြီး အကို

တယောက်က ညီမတယောက်ကို ဆုံးမသလို

ပုံတင်တာမကောင်းကြောင်း လာပြောခဲ့ရင်း

ခင်သွားကြတာ။သူနဲ့ ခင်တာ ခြောက်လ

ကျော်သွားခဲ့ပြီ။သူ့ပုံကိုတောင်းတိုင်း လုံးဝ

မပြခဲ့ဘူး။သူ အလုပ်အားတဲ့အချိန်တိုင်း

ဖုန်း ပြောဖြစ်ပါတယ်။သူ့အသံက တည်တည်

ငြိမ်ငြိမ်လေးနဲ့ ဆရာကြီးအသံလို သြသြကြီး

ရယ်။တခါတလေ သူစိတ်ကြည်ရင် သီချင်း

ဆိုပြတတ်သေးသည်။စိုးက သူ့အပေါ်ဆိုးလို့

ကောင်းလို့ အစက တကယ်ခင်ခဲ့တာ။


နောက်ကျ စိုးရဲ့ ၁၇နှစ်ပြည့်မွေးနေ့မှာ လူကြုံ

ရှိတယ်ဆိုပြီး မုန့်ဖိုး ငါးသောင်း ပို့ပေးခဲ့တဲ့

အချိန်ကစပြီး စိုးရဲ့ ရိုးသားခင်မင်မှုတွေဟာ

အရောင်ပြောင်းလာခဲ့ပြီးနောက် သူ့ကို စိုး

ခပ်ချင်သလောက်ခပ်လို့ရမည့် ငွေတွင်းကြီး

သဖွယ် မြင်လာပြီး သူ သနားလာအောင် စိုးဘဝကို အပြတ်အသပ် ဇာတ်နာလိုက်ပြီး ခြူဆီ လုပ်ခဲ့မိပါသည်။


သူဟာ သူများအပေါ် ဆရာကြီးသာ လုပ်ချင်

စိတ်ရှိတာ...သူ့အားနဲချက်က အယုံလွယ်

တတ်သည်။သူက ဂျပန်မှာ...စိုးက မြန်မာ

ပြည်မှာ။စိုးကို အယုံလွန်ပြီး ဘယ်လိုဇာတ်

ခင်းခင်း သနားစိတ်နဲ့ နားထောင်ပေးခဲ့တာ

ကြီးပဲ။


" စိုးမှာ မိဘတွေမရှိကြတော့ဘူး ကိုကြီးရဲ့.. 

  အဒေါ်တယောက်နဲ့နေတာ...သူကအရမ်း

  ဆိုးတာပဲ ကိုကြီးရယ်...ဆယ်တန်းလေး

  တစ်နှစ်ကျတာကို ကျောင်းဆက်မထားပဲ

  ယောကျာ်းပေးစားဖို့ စီစဥ်နေတယ်...စိုးက

  တော့ လောကကြီးကို အရွဲ့တိုက်ချင်နေပြီ "


" ဟာ...ဟေ့....မင်း ညဏ်လေးနဲ့မဟုတ်တာ

  တွေ လျှောက်လုပ်ဖို့မစဥ်းစားနဲ့..ပြသာနာ

  တိုင်းမှာ အဖြေရှိတယ်...မင်းထက်ဆိုးရွား

  တဲ့ ဘဝတွေမှာ အဆင်ပြေအောင် နေနေတဲ့

  လူတွေ အများကြီးပဲ...ကဲပါ...အခုအိပ်ပျော်

  အောင် အိပ်လိုက်...ကိုယ်တစ်ခုခုစီစဥ်ပေး

  မယ်.."


ကိုယ်တစ်ခုခုစီစဥ်ပေးမယ်ဆိုတဲ့ အဆုံးသတ်

စကားလုံးကို စိုး သဘောအကျဆုံးပဲ။အခု

လည်း သူဘာစာတွေများ ချန်ထားမလဲ ရင်

ခုန်စွာနဲ့ ဖုန်းဖွင့်ကြည့်လိုက်ပါသည်။


" မင်းကို ငွေလွှဲဖို့ ဘဏ်ကတဆင့်ပဲ လွှဲပေးဖို့

  အဆင်ပြေမယ်....မင်းကိုကူညီပေးနေတယ်

  ဆိုတာ ဘယ်သူ့ကိုမှမသိစေချင်ဘူး...မင်း

  ဘက်ကလုပ်ရမှာတစ်ခုရှိတယ်....မင်း ၁၈

  နှစ်မပြည့်သေးဘူး...မှတ်ပုံတင်မရှိဘူးမို့

  လား...ယုံကြည်ရမယ့်လူတယောက်ရှာထား

  အဲ့လူကို ကိုယ်ငွေလွှဲပေးမယ်...ပြီးရင်...

  မင်းအဒေါ်အိမ်မှာ မနေနဲ့တော့...အဆောင်

  မှာလည်း မနေရဘူး...လူပေါင်းစုံဆိုရင်

  အဆင်မပြေဘူး....မင်းအရွယ်က သင်လွယ်

  တတ်လွယ်...တိုက်ခန်းတစ်ခန်းရှာထား...

  တစ်ယောက်ထဲနေတတ်အောင် မင်းကြိုးစား

  ရမယ်.. မင်း ကျောင်းဆက်တက်ရမယ်...

  ပညာရေးကို ဆုံးခန်းတိုင်အောင်သင်ရမှာ

  မင်းအလုပ်...ကျန်တာ ကိုယ်အကုန်တာဝန်

  ယူတယ်...."


သူ ပို့ထားသည့်စာတွေကို ဖတ်ရင်း သူမ

မျက်ဝန်းတွေ တစစ အရောင်တောက်ပလာ

သည်။မျက်လုံးထဲ စာလုံးတွေမမြင်တော့ပဲ

ပိုက်ဆံတွေ မြင်လာသည်။ပျော်တဲ့စိတ်ဖြင့်

လက်ဖျားတွေအေးစက်လာပြီး အသက်ရှုဖို့

တောင် ခက်ခဲသွားသည့်နှယ်။ဖုန်းကြီးကို

ကိုင်လျက် ခုတင်ထက် ဝုန်းခနဲဆင်းကာ 

အခန်းပြင် ထွက်သွားသည်။


" အန်တီခရေ....အန်တီခ....."


ဒေါ်မေခ နာမည်ကိုတရစပ် ခေါ်လျက် ၁၈ပေ

သာရှိတဲ့ တိုက်ခန်းလေးတွင် အဒေါ်ဖြစ်သူ

အား အသဲအသန် လိုက်ရှာနေတော့သည်။


" ဘာဖြစ်တာလဲ စိုး...."


" ဒီမှာဖတ်ကြည့်...."


ဖုန်းကြီး ထိုးပေးရင်း ညီလင်းညို ပို့ထားသည့်

စာတွေကို ဖတ်စေပါသည်။ဘာတစ်ခုမှ နား

မလည်သေးသည့် ဒေါ်မေခ အတွက် မေးစရာ

မေးခွန်းတွေက များလာသည်။


" သူက ဘယ်လိုတာဝန်ယူမှာလဲ "


ဒီလို အန်တီခရဲ့ ဆိုပြီး သူမ အကြံအဖန်လုပ်

ခင်းထားတဲ့ ဇာတ်လမ်းတစ်ခုကို စီကာပတ်

ကုံး ရှင်းပြလိုက်သည်။ဇာတ်ရည်လည်သွား

သော ဒေါ်မေခသည် စိုးကို မချီးကျူးပဲ မနေ

နိုင်တော့ဟန် လက်ခုတ်တီးရင်း....


" ဘယ်သူ့တူမလေးလည်းဟယ်...."


" ဒေါ်မေခ တူမလေးလေ...."


တူရီး နှစ်ယောက် ပြ်ိုင်တူ ရယ်မိလိုက်ကြ

တော့သည်။ဒါမို့ ပြောပါတယ်...ဆွေဆွေ့

ထက် စိုးက အများကြီး သာတယ်လို့။


" ညီလင်းညိုက လည်မလိုနဲ့အတော်နုံတာပဲ.

  စိုး ဖန်တီးထားတဲ့ဂွင်က အရိုးကိုက်စရာမလို

  ဘူး...အသားချည်းပဲ စိမ်ပြေနပြေ နွှင်စားရုံ

  ပဲ....ပိပ်ိရိရိလိမ်နိုင်ဖို့ပဲလိုတာ...ငါ့တူမလေး

  က...သိပ်သင်ပေးစရာမလိုပါဘူး..."


" အန်တီခ သိရင်ပီးတာပဲ...ဒါနဲ့ သူပြောတဲ့

  ယုံကြည်ရမယ့်လူ ဘယ်လိုလုပ်မလဲ..."


" အင်း....ဒီလိုလုပ်ကြမယ်...စိုး သူ့ကို

  အန်တီခ နာမည်သုံးထားမိသေးလား "


" ဟင့်အင်း....အဒေါ်တစ်ယောက်ရှိတယ်ပဲ

  ပြောထားတာ...နာမည်မပြောရသေးဘူး "


" ကောင်းတယ်....ဒါဆို အဆင်ပြေတယ်...

  သူ့ကိုပြောလိုက်...သူငယ်ချင်းတယောက်ရဲ့

  အဒေါ်က ကူညီပေးမယ်ပြောတယ်လို့...ပြီး

  ရင် အန်တီခရဲ့ မှတ်ပုံတင်နံပါတ် သူ့ပေး

  လိုက် "


အရာရာဟာ ထင်ထားတာထက်ပိုပြီး အဆင်

ပြေ ချောမွေ့နေခဲ့ပါသည်။သူက စိုးပြောသမျှ

အကုန် မျက်စိမှိတ်ယုံပြီး တကယ်ကူညီပေး

ခဲ့သည်။ပထမဆုံး တစ်ခေါက်တင် ငွေဆယ်

သိန်းကို လွှဲပေးခဲ့လေသည်။အပြင်မှာမမြင်

ဖူးတဲ့ မိန်းခလေးတယောက်ကို ဘာမျှော်လင့်

ချက်မှလည်း ထားစရာမရှိပါပဲ ဘလိုင်းကြီး

ကူညီနေတာ အံ့သြစရာကောင်းသည်။အဲ့

အချိန်ကစ၍ သူလတိုင်း စိုးဆီ ငွေရှစ်သိန်း

အမြဲ ပို့ပေးခဲ့သည်။စိုးသုံးဖို့ သုံးသိန်းယူထား

ပြီး ကျန်တာ အန်တီခ လက်ထဲ အပ်ခဲ့ပါသည်


အလွယ်ရနေတဲ့ ငွေတွေကို စိုး အလွယ်သုံးခဲ့

သည်။ဂျပန်မှာ သူ ဘာအလုပ်လုပ်တာလဲ

စိုး စိတ်မဝင်စားဘူး။သူ့ တစ်လဝင်ငွေ

ဘယ်လာက်ရှိလဲ စိုး မသိချင်ဘူး။စိုး သိတာ

တစ်ခုထဲ....သူလတိုင်း ပို့နေတဲ့ငွေတွေပဲ

စိတ်ဝင်စားသည်။


သူ့ဘက်က ထင်နေတာသည် စိုးဟာ စာမေးပွဲ

ပြန်ဖြေဖို့ အလုပ်ရှုပ်နေတဲ့ ကလေးမလေး။

သူထင်ထားသလို သူမ ဆယ်တန်းပြန်မဖြေ

ခဲ့ပါဘူး။သူ တာဝန်ယူချင်အောင် ညာခဲ့တာ။


ဒီလိုနဲ့ လိမ်လာလိုက်တာ ဆယ်တန်းအောင်

စာရင်းတွေ ထွက်တော့မယ့်အချိန်ကို ရောက်

လာခဲ့ပြီ။ဘာဖြစ်လဲ...ဆက်လိမ်ရုံပေါ့။ဂုဏ်

ထူး ၂ဘာသာနဲ့ အောင်တယ်ဘာညာပေါ့။သူ

မြင်ရတာလည်း မဟုတ်ဘူးလေနော်။သူက

လည်း ယုံခဲ့တာပဲလေ။ဆယ်တန်းအောင်သွား

လို့ ဂုဏ်ပြုတယ်ဆိုပြီး ပူဆာထားတဲ့ iphone

ဝယ်ပေးပြန်ရော။


စိုး ဘဝကလေ ညီလင်းညိုကြောင့် သာယာ

စိုပြေနေခဲ့တာ အသေချာပဲ။စိုးနဲ့ အန်တီခ

ကျိတ်ပြီး ကြံနေတာတွေ...ပြောဆိုနေတာတွေ

ဆွေဆွေ အကုန်သိနေသည်။သူများရဲ့

ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး ငွေတွေ

ညာယူနိုင်တာကို အဟုတ်ကြီးထင်ပြီး ကိုယ့်

ကိုကိုယ် အထင်တွေကြီးနေကြသည်။တစ်

ချိန်မှာ အလိမ်ပေါ်ခဲ့ရင် ပေးဆပ်ရမယ့်အပြစ်

ကြွေး ဘယ်လောက်ကြီးလဲ တွေးမထားကြ

တော့ဘူး ထင်ပါရဲ့။


စိုး တကယ်ပဲဆယ်တန်းအောင်သွားပြီအထင်

နဲ့ သူ့ရဲ့ စနစ်တကျအစီအစဥ်တွေ စလာတော့

သည်။အစထဲက သူ စိုးကို စိတ်ဝင်စားနေ

တယ်ဆိုတာ ရိပ်မိပါသည်။


" ကိုယ်ပြောစရာရှိတယ် စိုး...စိုးကအခု

  ဆယ်တန်းလည်းအောင်သွားပြီ...၁၈နှစ်

  လည်း ပြည့်သွားပြီ...ကိုယ်ပြောတာကို

  လေးလေးနက်နက် နားထောင်ပေး..."


ဆရာသမားက ရည်းစားစကားပြောချင်လို့

လိုင်းပေါ်မရှိတာတောင် ရိုးရိုးဖုန်းနဲ့ခေါ်ပြီး

မရ ရအောင်ပြောခဲ့တာ။


" ဟုတ် ကိုကြီး...စိုး နားထောင်နေပါတယ် "


" အင်း...ကိုယ် မင်းကို ချစ်နေတာကြာပြီ...

  မင်းဘဝလေးကို အဆုံးထိ ကိုယ်တာဝန်ယူ

  ပေးချင်တယ်....အပြင်မှာမမြင်ဖူးပေမယ့်

  ကိုယ့်အချစ်ထုထည်ဘယ်လောက်ကြီးလဲ

  မင်းသိမှာပါ....မင်းကိုလက်ထပ်ချင်တယ်.

  တစ်ခုရှိတယ်...အေးအေးဆေးဆေးစဥ်းစား

  ပြီးမှ အဖြေကိုပေး....ဆုံးဖြတ်တဲ့နေရာမှာ

  ကျေးဇူးတရားတွေ ထည့်တွက်စရာမလိုဘူး

  မင်း စိတ်ထဲကမပါရင် ငြင်းခွင့်ရှိတယ်...

  မင်းဘဝအခြေကျတဲ့အထိ ကိုယ်ဆက်ပြီး

  ထောက်ပံ့ပေးသွားမှာ မင်းယုံ...အေး...

  ကိုယ့်အချစ်ကို မင်းလက်ခံပြီးသွားရင်တော့

  သစ္စာဖောက်ခွင့်မရှိဘူး....ထားသွားခွင့်မရှိ

  ဘူး...မင်းသေတဲ့အထိ...ကိုယ်သေတဲ့အထိ

  ကိုယ့်အနား မင်းနေပေးရမယ် "


ချစ်ရေးဆိုတာကြီးကလည်း ကြောက်စရာ

ပါလား။ဒါကို လွယ်လွယ်လေးတွေးပြီး

ဆုံးဖြတ်လို့မရဘူး။ခင်နေတာကြာပြီဆိုတော့

သူ့အကြောင်း အများကြီးမဟုတ်ရင်တောင်

သူ ဘယ်လိုလူဆိုတာလောက်တော့ စိုး သိနေ

ပြီ။မပေါင်းဖြစ်ခဲ့တဲ့ ရည်းစားဟောင်းကို

တောင် အမှတ်အတေးထားပြီး စနစ်တကျ

ကလဲ့စားချေခဲ့တာ သူ ပြောပြခဲ့လို့ စိုးသိခဲ့ရ

ပါသည်။


" သြ...စိုးရယ်....လွယ်တာကိုခက်အောင်

  လုပ်ပြန်ပြီ...ခေါင်းညိတ်လိုက်ပေါ့...သူ့

  ချစ်သူဖြစ်သွားရင် ဒီထက်တောင်ပိုကြည့်

  အုံးမှာ...ကိုယ်ကချစ်ပါတယ်လို့ ပါးစပ်လေး

  က ပြောလိုက်ရုံပဲ...လူချင်းတွေ့ရတာလည်း

  မဟုတ်ဘူး...အသားပဲ့ပါသွားတာမှမဟုတ်

  တာ...အန်တီခ ပြောတဲ့အတိုင်းသာလုပ် "


အန်တီခက ညီလင်းညိုကို လျှော့တွက်ထား

တဲ့ပုံပဲ။မြင်လည်းမမြင်ဖူးပဲ ငွေတွေအမ်းနေ

တဲ့ ကိစ္စဟာ ပေါကြောင်ကြောင်လုပ်ရပ်လို့

အန်တီခ တွေးမိပုံရသည်။လူ လူအချင်းထား

တဲ့ စေတနာစိတ်တွေကို အန်တီခ နားလည်ပုံ

မရဘူး။


" သူ့ပုံတစ်ခါမှ စိုး မမြင်ဖူးဘူး..."


အန်တီခက ပြောတယ်....တောင်းကြည့်ပေါ့

တဲ့။စခင်ထဲက ပုံတောင်းတိုင်း သူ အမြဲပြော

နေကျ စကားတစ်ခွန်းက ပြန်လာရင် တွေ့ရ

မှာပဲကိုးတဲ့။ဘာအလုပ်လုပ်တာလဲ မေးမိရင်

ပိုက်ဆံရတဲ့ အလုပ်ပေါ့တဲ့။တစ်ခါတစ်ရံ လူ့

ဂွစာကြီး သူက စိုးကို ချစ်ခွင့်မပန်ခင်ထဲက

စိုးရဲ့ လွတ်လပ်ခွင့်တွေ ပိတ်ပင်ထားခဲ့သေး

တာ။fb မှာ ပုံတင်တာမျိူး သူ လုံးဝ မကြိုက်

ဘူး။


အန်တီခ ပြောတဲ့အတိုင်း သူနဲ့စကားပြောတဲ့

အချိန်မှာ....


" ကိုကြီးကို စိုးဘက်က တောင်းဆိုစရာရှိ

  တယ်...."


" ဘာလဲ...ပြော "


" ကိုကြီးက စိုးကို ချစ်ခွင့်ပန်ထားတယ်လေ..

  စိုးဘက်ကိုလည်း နဲနဲလောက်စဥ်းစားပေး

  လေ "


" အင်း...စဥ်းစားပေးမယ်...ပြော "


သူနဲ့စကားပြောရတာ တစ်ခါတစ်ရံ အရမ်း

လက်ပေါက်ကပ်လွန်းသည်။မသိရင် လူကို

အရွဲ့တိုက်ပြီး ပြောနေသလိုပဲ။


" ကိုကြီးပုံတစ်ပုံလောက်တော့ စိုးကိုပြသင့်

  တယ်မထင်ဘူးလား....အခုစိုးက ကိုကြီး

  မျက်နှာလည်း မမြင်ဖူးဘူး...ဘယ်လိုစိတ်

  နဲ့ ပြန်ချစ်ရမလဲ "


" စိုးမေလှိုင်...."


" ရှင်...."


စိုးရဲ့ နာမည်အပြည့်အစုံကို သူ ခေါ်တိုင်း

မဟုတ်တာလုပ်ထားသူတို့၏ ထုံးစံအတိုင်း

လန့်ဖျပ်သွားတတ်ပါသည်။


" ကိုယ်ပြောမယ် သေချာနားထောင်....စိုး...

  ကိုယ့်ကိုဘယ်လိုစိတ်နဲ့ပြန်ချစ်ရမလဲ ဟုတ်

  လား...ဒီလူကြီးကို အားကိုးချင်စိတ်နဲ့ချစ်

  ရမယ်....အချစ်စိတ်ဆိုတာ ရုပ်လှလို့..ဂုဏ်

  ရှိလို့...အာဏာရှိလို့...ငွေရှ်ိလို့...အဲ့ဒီ

  အကြောင်းပြချက်တွေနဲ့ ချစ်စရာမလိုဘူး..

  တစ်စုံတစ်ယောက်ဖြစ်နေလို့ကို ချစ်ရမယ်..

  ကိုယ်ပြောတာတွေ အဓိပ္ပါယ်ရှိချင်မှရှိမယ်

  ဒါဟာ ကိုယ်ဖွင့်ဆိုထားတဲ့ ချစ်ခြင်းရဲ့

  ဝေါဟာရပဲ "


သူ့ဆီက စိုး လက်မခံနိုင်တဲ့ စကားလုံးတွေ

ကြားလိုက်ရသည့်အခါမျိူးတွင် သူဟာ

လူတွေထဲက လူမှဟုတ်ရဲ့လား တွေးမိသည်

အထိ စိုးအတွက် ထူးဆန်းနေခဲ့ပါ၏။


" အခု အဖြေကပေးတော့မှာလား "


" ရှင်...."


" မရှင်နဲ့လေ....အခုပဲပေးတော့မလိုလိုနဲ့...

  ဘာလဲ...မစဥ်းစားရသေးဘူးလား "


" စဥ်းစားပြီးပါပြီ...."


ကြောက်ကြောက်နဲ့ စိုး ပါးစပ်က သူလိုချင်တဲ့

အဖြေမျိူး ထွက်သွားသည်။


" ဒါဖြင့်ပြော...."


ခက်ပြီ....မမြင်ဖူးတဲ့လူတစ်ယောက်ကို ဘယ်

လိုစိတ်နဲ့ စိုး ချစ်ရမလဲ။အမှန်အတိုင်း ဝန်ခံ

ရရင် စိုး အခုလောလောဆယ် fb ကဆယ်လီ

တစ်ယောက်နဲ့ တိတ်တဆိတ်တွဲနေတာ ဖြစ်

သည်။သူကလည်း ဆယ်လီတစ်ယောက်မို့

လူသိရှင်ကြား မတွဲချင်ဘူးလေ။အဲ့အချက်က

စိုးအတွက် အေးအေးဆေးဆေး ဖြစ်စေတာ

ပဲ။


" ဘာလုပ်နေတာလဲစိုး...ပြောစရာရှိပြော "


" ဟုတ်...စိုး...ကိုကြီးကို.....ချစ်...ချစ်...ချစ်

  ပါတယ် "


စိုး အဖြေကြောင့် ဖုန်းကိုကိုင်ရင်း ညီလင်းညို

ပြုံးနေမိသည်။သူနဲ့ လိုက်ဖက်ဖို့အတွက် 

အစစအရာရာ ပြုစုပျိူးထောင်ပေးခဲ့တဲ့ ပန်း

လေးကို သူ ပိုင်ဆိုင်ရတော့မည်။စိုးကို စခင်

တုံးက သူ့ ဗီဇအတိုင်း ဒုက္ခရောက်နေတဲ့လူ

တစ်ယောက်ကို စိတ်ရင်းနဲ့ကူညီပေးချင်ရုံ

လောက်ပဲ ဖြစ်ခဲ့တာပါ။နောက်တော့ စိုး ပို့

ပေးခဲ့တဲ့ ပုံလေးတွေကို ကြည့်ရင်း အချစ်စိတ်

တွေ တစစ ကြီးထွားလာခဲ့သည်။အလုပ်ထဲ

စိတ်နှစ်ထားတတ်သည့် သူဟာ စိုးကြောင့်

တစ်ခုခုကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ချက်

ချခဲ့မိသည်။မြန်မာပြည်ကို ပြန်လာဖို့ လုံးဝ

စိတ်မကူးခဲ့တဲ့ သူက အခု စိုးကြောင့် မွေးရပ်

မြေ ဆီ အခြေချဖို့ စိတ်ကူးနေမိပြီ။မေမေက

သူ ပြန်လာဖြစ်မယ်ထင်တယ်ဆိုတဲ့ စကား

လေးကြားရုံနဲ့ အင်မတန် ပျော်နေရှာသည်။

မေမေ့ဘဝက သနားစရာကောင်းလှသည်။

ခင်ပွန်းရော တစ်ဦးတည်းသော သားရော

နိုင်ငံရပ်ခြားမှာ စီးပွားရှာနေရာ အထီးကျန်

လွန်းတဲ့ ဝေဒ နာတွေ ခံစားနေရရှာသည်။

ဖေဖေက အလုပ်ပါးတဲ့အချိန် မြန်မာပြည်ကို

ခန ပြန်တတ်သော်လည်း သူကဖြင့် လုံးဝကို

မပြန်ဖြစ်ခဲ့ပါ။မေမေ့ကို ဒီမှာနေဖို့ သူတို့သား

အဖ ခနခန နားချသော်လည်း မေမေသည်

မြန်မာပြည်ကို ချစ်တယ်...ကိုယ့်မွေးရပ်မြေ

မှာပဲ နေမယ်ဆိုတဲ့ ရှေးရိုးစွဲ မိန်းမသားပီသ

သည့်စိတ်ကြီးသည် မေမေ့အသွေးအသားထဲ

စီးဝင်နေလေသည်။ဖေဖေ့လုပ်ငန်းကို မြန်မာ

ပြည် ရွှေ့ဖို့ စီစဥ်နေတဲ့ဆဲဆဲ သူ့ပြသာနာ

ကြောင့် အကောင်အထည်မဖော်ဖြစ်ပဲ ဂျပန်

မှာပဲ ဆက်လက် လုပ်ကိုင်နေရတာ ဖြစ်သည်။


ယခုတစ်ကြိမ် သူ ရွေးချယ်ခဲ့သည့် အချစ်

သည် အင်မတန်မှ ရိုးရှင်းသည်။စိုးက သူ့

အပေါ် ငွေမက်လို့ ကပ်နေခြင်းလည်းမဟုတ်

သလို ရုပ်ချောလို့ ခေါင်းညိတ်ခဲ့တာလည်း

မဟုတ်ဘူးလို့ သူ ထင်ထားခဲ့သည်။သူ့ပိုင်

ဆိုင်မှုတွေကို စိုး လုံးဝ မသိသေးတာရယ်

ဇာတ်လမ်းခင်းပြီး ​စိုး ခြူဆီလုပ်နေတာ

သူ မရိပ်မိသေးတာရယ်...အသက်အရွယ်အရ

အပြစ်ကင်းစင်းလိမ့်မယ်လို့ ယုံကြည်ခဲ့တာ

ရယ် ကြောင့် စိုးကို သူ လုံးဝ သံသယကင်း

စွာ ချစ်ခဲ့မိပါသည်။သူနဲ့လိုက်ဖက်ဖို့ စိုး ဘဝ

ကို မြင့်မားအောင် အဝေးကနေ ပံ့ပိုးပေးခဲ့

သည်။စိုး ဘွဲ့ရတဲ့အထိ အမြင့်ဆုံးကို တင်

ပေးချင်တဲ့ ဆန္ဒလည်း ရှ်ိခဲ့သည်။စိုးကို သိပ်

တော် သိပ်ထက်မြက်တဲ့ မိန်းမတယောက်ဖြစ်

လာအောင် သူ အစွမ်းကုန် ပြုစုပျိူးထောင်

ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ တရက်

ပြီး တရက် သူ ဖြတ်သန်းလာခဲ့သည်။


တစ်ခါတစ်ရံ လူတွေဟာ အချစ်ကြောင့်

မျက်ကန်းဘဝ ရောက်မှန်းမသိ ရောက်တတ်

ကြတာ သဘာဝပဲလား။


@@@@@@@@@@@@@@@@@@@


ချစ်သူမဖြစ်ခင်က ညီလင်းညို သူမကို

လတိုင်း ရှစ်သိန်းထောက်ပံ့ခဲ့သည်။ချစ်သူ

တွေ ဖြစ်လာတော့ နှစ်ယောက်တစ်ဘဝ

ထူထောင်ဖို့အတွက်ဆိုပြီး အသုံးစရိတ်အပြင်

တစ်လ ဆယ်သိန်းပိုပေးကာ စိုးကို စုခိုင်း

ထားလေသည်။


အဲ့အချိန်တုံးက ငွေတွေသည် မိုးပေါ်က ကျ

လာသလိုမျိူး ဖြစ်နေရာ တူရီးတွေစိတ်ကြိုက်

သုံးဖြုန်းနေတော့သည်။အန်တီခသည်ပင်

သူဌေးမကြီး ပမာ ဖဲဝိုင်းသွားတတ်နေခဲ့ပြီ။

စိုးကလည်း ဘဲတွေ တယောက်ပြီးတယောက်

ထားကာ ရသလောက် ခြူဆီ လုပ်တတ်သေး

သည်။ငွေလိုလို့ လုပ်တာမဟုတ်ပဲ သူများ

ပိုက်ဆံ အလကားရတာကို ဝါသာနာပါသွား

ခဲ့တာပင် ဖြစ်တော့သည်။အချိန်ရရင် ရသလို

သူဌေးကြီးတွေရဲ့ ပွဲတက်မယားအငှားလည်း

လိုက်ခဲ့သည်။


ညီလင်းညိုက သူမကို ယုံကြည်လွန်းပြီး

သူမနဲ့ပက်သတ်တာ ဘာတစ်ခုမှ မစုံစမ်း

ခိုင်းသေးတာမို့ စိုးတယောက် မြန်မာပြည်

မှာ ထင်တိုင်းကြဲချင်တိုင်း ကြဲနေတော့သည်။


ရက်တွေ...လတွေ...နှစ်တွေ...တဖြေးဖြေး

ကုန်လာခဲ့လေသည်။လူချင်းမတွေ့ရသော်

လည်း ညီလင်းညိုရဲ့ ချူပ်ခြယ်လွှမ်းမိုးမှု

တွေသည် စိုးကို မွမ်းကြပ်လာစေခဲ့သည်။

တစ်ဖက်တွင်လည်း အလိမ်ပေါ်သွားမှာ စိုး

ရိမ်စိတ်ကြီးနဲ့ သူ ပြန်လာတော့မယ်ပြောတိုင်း

ရင်တွေတုန်လာသည်။


" သူပြန်လာရင် စိုး ဘယ်လိုလုပ်မလဲဟင် "


" ဒါများ လွယ်လွယ်လေး...."


အန်တီခက အခုထိ လွယ်နေတုံးပင်။စိုးကဖြင့်

အန်တီခလို ဒီအလိမ်ဇယားကြီးအား လွယ်

မယ်လို့ မထင်တော့ပေ။သူက အလိမ်ခံရတာ

ကို အမုန်းဆုံးတဲ့။သူ့ကို လိမ်ခဲ့တဲ့လူတိုင်း

အလွတ်မပေးတတ်ဘူး။အဲ့လူတွေရဲ့ ဘဝတစ်

ခုလုံး စုတ်ပျက်သပ်သွားအောင် လုပ်ရမှ

ကျေနပ်တတ်တဲ့လူမျိူးဆိုတာ စိုး သိနေသည်


" သူ မြန်မာပြည် ပြန်မရောက်ခင်...ခြေရာ

  ဖျောက်လိုက်ရုံပေါ့..ဘာခက်တာမှတ်လို့..

  ရသလောက်တော့ယူအုံးစိုး...လွှတ်ချခဲ့ရ

  မှာ နှမြောစရာပဲ...သူ ပြောတဲ့အတိုင်း..

  ဆယ်တန်းပြန်ဖြေ...ပညာဆုံးခန်းတိုင်

  အောင်သာ လုပ်ထားရင်...ဇာတ်လမ်းက

  ဆက်လို့ရသေးတယ်...ခုဟာက မလွယ်

  ဘူး "


အန်တီခ လေသံထဲတွင် သူမကို အပြစ်တင်

သည့် အရိပ်အယောင်တွေ ပါလာလေသည်။

လေးနှစ်နီးပါး အလကားရလာတဲ့ငွေတွေကို

စိတ်ကြိုက်သုံးခဲ့ပြီးတာတောင် လောဘမ

သတ်နိုင်ပဲ ဇာတ်လမ်းဆက်ဖို့ တွေးနေသေး

သည်။


စိုး အရမ်းတုန်လှုပ်ခဲ့ရသည့် အချိန်တွေ

တဖြေးဖြေး ရောက်လာတော့သည်။သူပြန်

လာမယ့်အကြောင်း စိုးအား ပြောပြလာသည်


" နောက်လ ၂၈ရက်နေ့ ကိုယ်ပြန်လာမယ်...

  စိုး လာကြိုမှာလား "


" ရှင်..  ဟုတ်.... "


" ကိုယ်စုခိုင်းထားတဲ့ငွေတွေ.... "


" ရှိ...ရှိပါတယ် ကိုကိုရဲ့...."


သူ စကားဆုံးအောင် မပြောရသေးခင် စိုး

ဘက်က အလောတကြီး ပြန်ဖြေခဲ့တာကို

အထင်လွဲမှာစိုး၍ သူမ ကမန်းကတမ်း ရှင်း

ပြတယ်လို့ပဲ အကောင်းဘက်က တွေးပေး

နေခဲ့ပါသည်။


" နဲနဲပါးပါးသုံးထားမိလည်း ကိုကို မဆူပါဘူး

  ကလေးရယ်...အဲ့လောက်ပြာယာခတ်စရာ

  မှ မလိုပဲ..."


စိုး စိတ်ထဲကနေ နဲနဲပါးပါးသုံးခဲ့မိတာမဟုတ်

ဘူး...တပြားမကျန်ဖြုန်းထားခဲ့တာလို့ ပြော

နေမိသည်။ချောက်ထဲကျဖို့ တစ်လပဲ လိုတော့

သည်။ပြန်လာတော့မယ်တဲ့....။


" ဘာလို့ငြိမ်နေတာလဲ စိုး....တစ်ခုခုမပူဆာ

  တော့ဘူးလား "


" မပူဆာတော့ပါဘူး ကိုကို "


" ဒါဖြင့် ကိုကိုဘယ်လိုရုပ်ကြီးပါလိမ့်ဆိုပြီး

  မမေးတော့ဘူးလား....."


မမေးချင်ပါဘူး....ကိုယ့်ဒုက္ခနဲ့ကိုယ် ဘယ်

ပြေးရမလဲ တွေးနေတာ။


" မေးတော့ရော...ကိုကိုက ပြောပြမှာမို့လို့

  လား..."


" ပြောပြမှာပေါ့ကွ....စိုး...ဘီလူးမြင်ဖူးလား"


" ဟင်...မမြင်ဖူးဘူးလေ...စာထဲတော့ဖတ်ဖူး

  တယ်...ဘာလို့လဲ "


" ကိုကိုက ဘီလူးနီးနီး ရုပ်ဆိုးတယ်ကွ....

  ကိုကို့ရုပ်ကြီးကိုမြင်ပြီး စိုး ထွက်ပြေးမှာ

  စိုးရိမ်နေတာ....စိုးသိတယ်မို့လား..ကိုကိုက

  စိုးမေလှိုင်ဆိုတဲ့ သိပ်လှတဲ့ပန်းလေးကို

  စောင့်ရှောင့်ရတဲ့ အရမ်းအကျည်တန်တဲ့

  ဘီလူး...."


ဒီအချိန်မှာ သူ ဘယ်လောက်ပြောပြော စိုး

မသာယာနိုင်ခဲ့ပါဘူး။ဘီလူးနီးပါး အကျည်း

တန်တဲ့ လူကြီးကိုလည်း ဆက်ချစ်ချင်စိတ်

မရှိတော့ဘူး။အပြင်မှာ မတွေ့ရသေးတာ

တောင် သူ့ ချူပ်ခြယ်မှုတွေ...လွှမ်းမိုးမှုတွေ

က စိုး လွတ်လပ်ခွင့်က်ို လှောင်အိမ်ထဲ ပိတ်

ထားခဲ့ပါသည်။


သူ နောက်လ ပြန်လာမယ့်အကြောင်း 

အန်တီခကို ပြောပြီး တ်ိုင်ပင်ရပြန်သည်။ငွေ

မက်တဲ့ အန်တီခက ဒီလအတွက် သူပို့ပေးတဲ့

ငွေတွေ ယူလိုက်အုံးတဲ့။ငွေတွေလက်ထဲ

ရောက်တာနဲ့ သူ့ သူငယ်ချင်းရှိတဲ့ ပြည်မှာ

တစ်လလောက် သွားနေကြမယ်တဲ့။


" တစ်လက နဲမနေဘူးလား...သူက နောက်လ

  ၂၈မှ လာမှာလေ..."


" တော်ချင်ရဲ့သားနဲ့ ဘာလို့တုံးအ သွားတာ

  လဲ စိုးရယ်...ဒီလကုန် စိုးဘက်ကအဆက်

  အသွယ်ဖြတ်လိုက်ရင်...၂၈ ထိ သူနေတော့

  မလား....ချက်ချင်းရောက်လာမှာ...မြေလှန်

  ရှာတော့မှာ သေချာတယ်...ဟော...ကိုယ်က

  ကြ်ိုပြေးထားတော့ အဆင်မပြေဘူးလား... 

  စိုးလူက အူကြောင်ကြောင်ပါ...ရှာလည်း

  တစ်လပေါ့...မတွေ့ရင် ပြီးသွားမှာပဲ "


တစ်ဖက်သားကို အထင်သေးသည့်စိတ်က

အန်တီခတွင် မွေးထဲက ပါလာပုံရသည်။စီစဥ်

ထားခဲ့သည့်အတိုင်း ညီလင်းညို ဆီက ငွေရ

ပြီးတာနဲ့ စိုးဘက်က အဆက်အသွယ်စဖြတ်ခဲ့

ပါသည်။


စိုးသုံးနေကျ facebook acc ကိုလည်း လုံးဝ

မသုံးပဲ ဒီအတိုင်းပစ်ထားခဲ့သည်။သူ ဆက်

သွယ်မရအောင် ဆင်းကဒ်ပါ ဖြုတ်ထားခဲ့

သည်။


အရိပ်အယောင်မပြပဲ ပျောက်ချင်းမလှ

ပျောက်သွားသည့် စိုးကို သူ တပါတ်တိတိ

သံသယကင်းစွာ မျှော်နေခဲ့မိပါသည်။သူ 

အယုံလွယ်ခဲ့မိပြန်ပြီ....တစ်ပါတ်ကျော်တဲ့

အထိ စိုး ပျောက်လို့ကောင်းနေတုံးပါပဲ။


ဒါဟာ သူ့နောက်ကျောကို ဓားနဲထိုးသွားတာ..

သူ့အချစ်တွေက်ို စနစ်တကျ စော်ကားသွား

တာ...သူ့စေတနာတွေကို တန်ဖိုးမထားခဲ့တဲ့

အပြင်..ရိုးသားမှုကို ခြေဆေးသွားခဲ့တာ...

သူအမုန်းဆုံးကတော့ လိမ်ခဲ့တာ..လှည့်စား

သွားခဲ့တာပဲ။သူ ဒီအတိုင်းနေဖို့ အဆင်မပြေ

တော့ဘူး။သူမနဲ့ ပက်သတ်တာ အကုန် သိရ

အောင် ကြိုးစားမှဖြစ်မည်။အိပ်နေတဲ့မြွေရဲ့

အမြှီးကိုမှ တက်နင်းခဲ့တဲ့ စိုးမေလှိုင်.....မင်း

မြွေဆိပ်သင့်မယ့် အချိန်ရောက်ပြီ။


စေတနာထားရင် သူများနဲ့မတူသလို...ယုတ်

မာပြီဆိုရင်လည်း ကမ်းကုန်အောင် ရက်စက်

တတ်တာ မင်းအသိဆုံး။သိသိရဲ့နဲ့ လှည့်စား

သွားခဲ့တဲ့မင်းကို မတွေ့ တွေ့အောင် ငါရှာပြ

မယ်...လုံအောင်ပုန်းစမ်း!!


*******************************************


အခန်း(2) မျှော်


Author....😍 A Mon Ko 😍


rate now: