မမဟေမာန်ကခွင့်ပြုလို့ နွယ်က ကျွန်မကို ဆိုင်မှာ လာခေါ်လိမ့်မယ်။ နွယ့်ကို ဆိုင်ကနေပဲ စောင့်နေလိုက်တယ်။ ဟော။နွယ်လာပြီ။ နွယ်လာတော့ ကျွန်မက မမဟေမာန်ကို နုတ်ဆက်ပြီး နွယ်နဲ့လိုက်လာလိုက်တယ်။ ဘဏ်မှာအပ်ထားတဲ့ ကျွန်မပိုက်ဆံလေးလည်း အဆင်သင့်ထုတ်လာခဲ့တယ်။ မြို့သစ်ဆိုတော့ ဝေးတာပေါ့။ နွယ်နဲ့ကျွန်မ ဆိုင်ကယ်ကို တော်တော်မောင်းရတယ်။ အခုမှလယ်ကွက်တွေကို အကွက်ရိုက်ပြီးရောင်းတာတဲ့။ အကွက်ရထားတဲ့လူတွေက နွယ့်အစ်မ၀မ်းကွဲတွေပါ။ ကျွန်မလိုက်ကြည့်တော့ လူဆိုတာ ဘယ်ဆီနေမှန်းမသိဘူး။ ခဏတော့ ချီတုံချတုံနဲ့ စဉ်းစားနေမိေသးတယ်။ သမီးလေးအတွက် ရည်ရွယ်ထားလို့ သမီးလေးကံပဲတွေးပြီး နားမလည် ၊ပါးမလည် ကျွန်မ၀ယ်လိုက်တယ်။ အဓိကကတော့ နွယ့်ကိုယုံလို့ပါ။ နွယ့်အစ်မတွေကလည်း အဆင်မပြေလို့သာ ပြန်ရောင်းကြောင်း နောက်ဆို ဈေးတက်လာမယ့်အကြောင်းပြောတော့ ကျွန်မလက်ခံပါတယ်။ ကျွန်မလည်းနေမှာမှ မဟုတ်တာ။ ဈေးတက်ရင် ပြန်ရောင်းဖို့ စဉ်းစားလို့ မျက်စိဇွတ်မှိတ်ပြီး လုပ်လိုက်တာပါ။ ဘာလိုလိုနဲ့ လေးနာရီလောက်ကြာသွားတော့ ကျွန်မကို နွယ်က ဆိုင်အထိ ပြန်ပို့ပေးတယ်။ ကျွန်မဆိုင်ပြန်ရောက်မှ မမဟေမာန်က နုတ်ဆက်ပြီး သူ့ဆိုင်ကိုပြန်သွားတယ်။ ဆိုင်ကလည်း ဒီနေ့ ဈေး၀ယ်သူ သိပ်မကျဘူးလေ။ ဆိုင်သိမ်းချိန်ရောက်မှ ဆိုင်သိမ်းပြီး အိမ်ပြန်လာခဲ့တယ်။
အိမ်ထဲကို၀င်တာနဲ့ ကားတစ်စီးမြင်ေတယ်။ ဧည့်သည်ကားထင်တယ်လို့တွေးပြီး၀င်လာတော့ မမကြီးကိုမြင်လိုက်ရတယ်။
" အလတ်မပြန်လာပါပြီ "
မမကြီးက လှမ်းအော်တော့ မေမေကမီးဖိုထဲကထွက်လာတယ်။
" သမီးလတ် ဒီနေ့စောလှချည်လား "
" ဟုတ် မေမေ ဒီေန့နည်းနည်းစောတယ် ဒါနဲ့ သမီးလေးရောမေမေ "
" အိပ်နေလို့ အခန်းထဲသိပ်ထားတယ် ညည်းမမကြီးက ဒီည ဒီမှာအိပ်မှာလေ "
" ဟုတ်လား မမကြီးတောင်ဗိုက်လေးပူလာပြီ "
ကျွန်မက ပြုံးပြီး ပြောတော့ မမကြီးက ပြန်ရယ်ပြတယ်။ မမကြီးကို အားလုံးလွမ်းနေကြတာလေ။
" သမီးရေချိုးလိုက်ဦးမယ် နော်မေမေနဲ့မမကြီး "
ပြောပြောဆိုဆို အခန်းထဲ၀င်လာလိုက်တယ်။ အခန်းထဲအိပ်ပျော်နေတဲ့ သမီးလေးပါးကို ခပ်ဖွဖွ နမ်းလိုက်ပြီး ကုတင်ပေါ်ခဏတော့ လှဲလိုက်ေသးတယ်။ မျက်၀န်းထဲ မြင်ယောင်လာတာက လူမမြင်ရတဲ့ လယ်ကွက်များ။ သမီးလေးကံပဲလို့ တွေးပြီး စိတ်ကိုဖော့ချထားလိုက်တယ်။ ရေချိုးခန်းထဲ၀င်ပြီး ရေကို စိန်ပြေနပြေ ချိုးလိုက်တယ်။ ရေချိုးပြီးမှ စိတ်လည်း လန်းဆန်းသွားတယ်။ သနပ်ခါးရည်ကျဲလေး လိမ်းပြီးတာနဲ့
၀တ်နေကျ ချည်ထည် အထက်အောက် ဘောင်းဘီနဲ့တွဲရက် ပွပွလေးကို ထုတ်၀တ်လိုက်တယ်။ အိပ်ပျော်ရင်းလန့်မှာစိုးတဲ့အတွက် သမီးလေးရင်ဘတ်ပေါ်ကို စောင်ပိုင်းလေး ထပ်ဖိထားပြီး အိမ်ရှေ့ဧည့်ခန်းဆီ ထွက်လာလိုက်တယ်။ မမကြီးက သူ့အိမ်ကအကြောင်းတွေ မေမေ့ကိုပြောပြနေတာေပါ့။ ကျွန်မကိုတွေ့တော့
" လဲ့ကေ အလုပ်လုပ်ရတာ အဆင်ပြေလား ညီမလေး " လို့မေးတယ်။
" ပြေပါတယ် မမကြီး ဆိုင်ရှင်အစ်မက
ဆိုင်ခွဲဖွင့်တော့ လဲ့ကေကို အကုန်လွှဲထားတာ မမကြီးလည်းဂရုစိုက်နော်
အိမ်မှာ အိမ်အလုပ်လုပ်ဖို့ အိမ်အကူခေါ်ထားသေးလား "
ကျွန်မ က စိတ်ပူစွာပြောမိတော့ မမကြီးက ရယ်တယ်။
" ဘာမှ မပူနဲ့ ကိုယ်၀န်ရှိကထဲက ကိုနိုင်က ခေါ်ထားပေးတယ် မမကို ဘာမှမလုပ်စေပါဘူး ညည်းလည်း လုပ်ငန်းကျွမ်းကျင်အောင်လုပ်ထား တစ်နေ့ကျ အဲဒီလိုဆိုင်မျိုး ဖွင့်ပေးမယ် "
" ရပါတယ် မမကြီးရ လဲ့ကေအတွက် မလိုပါဘူး မမကြီးသာ အိမ်ထောင်ရေးအဆင်ပြေအောင်နေပါနော် "
" မေမေလည်း တွေးနေတာ သမီးလတ် ပြန်လာတာမိုးချုပ်ရင် မေမေ့မှာ သူတို့မရောက်မချင်းကို စိတ်ပူနေရတာ "
" မေမေလည်း သားသမီးတွေပူရတာနဲ့ မြေးကိုပူရတာနဲ့ တတ်နိုင်သလောက် စိတ်ဖိစီးမခံပါနဲ့ မေမေရယ် မေမေ့မှာသွေးတိုးရှိတယ်နော် "
မမကြီးစကားကိုကြားတော့ မေမေကပြုံး နေရော။
" ညည်းတို့လည်း မိခင်တွေဖြစ်လာကြတော့မှာပါ အကြီးမရယ် မပူမိအောင်နေလည်း ရမှမရတာ "
" မေမေက အစစ လိုက်မပူနဲ့လေ သုန်သုန်လည်း အောင်စာရင်းတွေထွက်တော့မယ် ဒီနှစ် သူနှစ်ချင်းအောင်နိုင်ပါ့မလားနော် "
မမကြီးနဲ့မေမေေပြာနေကြတာကို ကျွန်မက ဘေးကနေပဲ ပွဲကြည့်ပရိသတ် လုပ်နေရတာမဟုတ်လား။
" မေမေ့သမီး အလတ်မကို သင့်တော်တာတွေ့ရင် အိမ်ထောင်ချပေးမလားမေမေ "
မမကြီးစကားနားထောင်ပြီး ကျွန်မလန့်သွားတယ်။
" အင်း မေမေလည်း သမီးလတ်ကို သင့်တော်တာတွေ့ရင် ပေးစားချင်တာ"
" ဟာ သမီးမယူဘူးနော် သမီးဒီတစ်သက် အိမ်ထောင်မပြုတော့ဘူး
သမီးလေးကို ပထွေးနဲ့ မထားနိုင်ဘူးမေမေ "
မမကြီးတို့စကားဝိုင်းက ကျွန်မထွက်လာလိုက်တယ်။ နောက်ထပ် အိမ်ထောင်ပြုဖို့ ဘယ်တော့မှ စဉ်းစားနိုင်မှာ မဟုတ်ဘူး။ ကျွန်မရဲ့အတိတ်က ကျွန်မဘ၀အတွက် အရိပ်တစ်ခုလိုမို့ နောက်ထပ်နာကျင်မှုမှန်သမျှ မခံစားနိုင်တော့ပါဘူး။ သမီးေ လးကိုလည်း ပထွေးနဲ့ မထားရက်ပါဘူး။ ဟူး။သက်ပြင်းမောတစ်ခု ချမိပြန်တယ်။ ယောက်ျားဆိုတာ သမီးအတွက် ကြောက်စရာသတ္တဝါတစ်ကောင်ပါမေမေရယ်။
***************
" မင်္ဂလာပါရှင် လိုချင်တာရှိမရှိ ၀င်ကြည့်လို့ရပါတယ်ရှင် ကြိုက်နှစ်သက်တာတွေ့မှ ယူနိုင်ပါတယ်ရှင့် "
ကျွန်မတို့ဆိုင်ရှေ့မှာ ဆိုင်ထဲကိုလှမ်းတကြည့်ကြည့်နဲ့ လူတစ်ယောက်ကို ကျွန်မမြင်နေတာ ကြာပါပြီ။ မ၀င်ရဲလို့လားအသိနဲ့ ကျွန်မနုတ်ဆက်လိုက်ေတာ့ သူက ကျွန်မကို ပြန်ပြုံးပြတယ်။
" ဟုတ်ကဲ့ပါခင်ဗျား ကျေးဇူးတင်ပါတယ် "
ရည်ရည်မွန်မွန်နဲ့ ပြန်ဖြေမှ ကျွန်မလည်း ဆိုင်ထဲ လုပ်စရာရှိတာလုပ်နေလိုက်တယ်။ ဆိုင်၀န်ထမ်းကောင်မလေးတွေလည်း ဒီနေ့နောက်ကျလိုက်တာ။ မကြာခင် ဖြိုးဖြိုးရောက်လာတယ်။
" မမ ဒီနေ့နည်းနည်းလေးနောက်ကျတယ်မမ ဟင်းစောင့်နေလို့ "
ဖြိုးဖြိုးကို ခေါင်းညိတ်ပြလိုက်တယ်။ တခါတလေနောက်ကျတာမို့ ကျွန်မနားလည်ပါတယ်။ ပါးစပ်ကတော့
"နောက်ရက်တွေသတိထားနော် ဖြိုးဖြိုး"
လို့ပြောလိုက်ရတယ်။ နားလည်ပေမယ့် မမဟေမာန်သိရင်မကောင်းဘူးမဟုတ်လား။
"ဟုတ်ကဲ့ပါမမ "
ဖြိုးဖြိုးရောက်ပြီးမကြာ ခခနွယ်လည်း
ရောက်လာတယ်။
" မမရေ လမ်းမှာ စက်ဘီး ဘီးပေါက်လို့ ဖာနေရတာ "
ကျွန်မခေါင်းညိတ်ပြလိုက်တယ်။
" အေး အေး ပစ္စည်းတွေ ကြည့်လို့လှအောင် နေရာချ ၊ ဖုန်တက်နေတဲ့အရာတွေ လိုက်ခါကြနော် သန့်ရှင်းရေးလည်း လိုအပ်တာလုပ်ကြ "
" ဟုတ်မမ "
ဖြိုးဖြိုးနဲ့ ခခနွယ် က ဆိုင်ထဲသန့်ရှင်းရေးကစ လုပ်နေကြတယ်။ ကျွန်မလည်း မမဟေမာန်လာရင် အပ်ရမယ့်
ငွေစာရင်းတွေကို သေချာစစ်ပြီး စာရင်း လုပ်နေလိုက်တာေပါ့။
" မမ အရှေ့မှာ လူတစ်ယောက်ရပ်နေတာ ကြာပြီနော် "
" အင်း မမတွေ့တယ် သူ့ကိစ္စရှိလို့နေမှာပေါ့ "
ပြောပြီး ကျွန်မလည်း လုပ်စရာရှိတာဆက်လုပ်နေလိုက်တယ်။
" လဲ့ကေရေ "
" ရှင်ဟော မမ လာပြီ "
" ဟုတ်ပါ့ေအ လာမောင်လေး "
" ဟင် "
အစောကလူ။ သူကမမဟေမာန်နဲ့ပါလာပါလား။ ကျွန်မကို သူကပြုံးပြေနတယ်။
" လဲ့ကေကို မိတ်ဆက်ပေးရဦးမယ် သူက မမမောင်တစ်၀မ်းကွဲလေ နာမည်က ခန့်ထည် တဲ့ မှတ်ထားနော် "
" ခန့်ထည် သူကမမပြောပြောနေတဲ့ လဲ့ကေဆိုတာပဲ "
" ဟုတ်ကဲ့မမ တွေ့ရတာ ၀မ်းသာပါတယ် မလဲ့ကေ "
" ဟုတ်ကဲ့ "
သူက နုတ်ဆက်တော့ ကျွန်မဘာပြောရမှန်းမသိဘူး။ ဈေး၀ယ်သူထင်ပြီး ပြောထားမိလို့ နည်းနည်းတော့မျက်နှာပူေနမိတယ်။
"သူက မမတို့ဆိုင်တွေထဲ ရှယ်ယာပါထားတာလေ "
မမဟေမာန်ပြောမှ ဆိုင်ရှင်ကို ဈေးပြန်ရောင်းမိတဲ့အဖြစ်ဆိုတော့ နည်းနည်းတော့ ရှက်သွားတယ်။ သူက ကျွန်မအဖြစ်ကို ရိပ်မိတဲ့ပုံနဲ့ ပြုံးတယ်။ သူ့ရဲ့ စူးစူးစိုက်စိုက် ကြည့်တတ်တဲ့ အကြည့်စူးတွေကြောင့် ကျွန်မကတော့ သူ့ကိုပြန်မကြည့်ဖြစ်တော့ဘူး။ မမဟေမာန်ကို
ဆိုင်အရောင်းစာရင်းနဲ့ ရောင်းရငွေအားလုံးကို အပ်လိုက်တယ်။
" ဒီဆိုင်မှာလည်း လဲ့ကေရှိနေသေးလို့ အစစ စိတ်ချနေရတာ အင်း လဲ့ကေတခြားမရောက်အောင် ယောင်းမတော်မှထင်တယ် "
မမဟေမာန်က စတော့ ကျွန်မတကိုယ်လုံး ထူပူသွားရတယ်။ ဘာကိုရည်ရွယ်တာ သိနေတော့ မသိချင်ယောင်ဆောင်နေလိုက်ရတာေပါ့။
" မမကလဲ မလဲ့ကေကို အားနာစရာ"
သူက၀င်ပြောတော့ မမဟေမာန်က သဘောကျပြီး တဟားဟားရယ်နေတယ်။ ကျွန်မမှာ ခုန်ချင်နေသလိုဖြစ်နေတဲ့ရင်ခုန်သံတွေကို မခုန်မိအောင် မနည်းထိန်းချုပ်လိုက်ရတယ်။ နုတ်ဆက်ထွက်သွားတဲ့ မမဟေမာန်တို့ကိုကြည့်ပြီး ကျွန်မ သက်ပြင်းရှိုက်လိုက်မိတယ်။ ကျွန်မဘ၀မှာ နောက်ထပ်အချစ်ဆိုတဲ့အရာ မရှိနိုင်တော့တာ ကျွန်မကလွဲ ဘယ်သူသိမလဲ။
************
ညနေ ဆိုင်သိမ်းတော့ အိမ်ကိုပြန်လာရင်း ဟိုနေ့ကနွယ်နဲ့စားတဲ့အေကြာ်ဆိုင်ရှေ့ ရောက်တော့ ဆိုင်ကယ်ကိုရပ်လိုက်တယ်။
"အကြော်စားချင်လိုက်တာ "လို့ မေမေညည်းတာလေး ကြားမိတော့ ပါဆယ်ထုတ်ပေးဖို့ မှာလိုက်တယ်။
" မလဲ့ကေ "
ကျွန်မနာမည်ကို ခေါ်လိုက်သံကြောင့် လှည့်ကြည့်တော့ ခန့်ထည်ဆိုတဲ့လူ။
ကျွန်မ ရုတ်တရက်မို့ ဘာပြန်ပြောရမှန်းမသိဘူး။
" မလဲ့ကေ ဆိုင်သိမ်းလာပြီလား အကြော်စားပါဦးလား မိတ်ဆွေဖြစ်ပေါ့ "
ဘာမှလည်းမဆိုင်ဘူး။ မမဟေမာန်မျက်နှာ ရှိနေတာမို့ ကျွန်မအလိုက်သင့် ပြန်စကားေပြာလိုက်တယ်။
" ဟုတ်ကဲ့ မစားတော့ပါဘူး ကိုခန့်ထည် အိမ်ပြန်နောက်ကျနေမှာစိုးလို့ပါ
ကျွန်မကို ခွင့်ပြုပါဦးနော် "
အကြော်ထုတ်ကလည်း လက်ထဲရောက်လာပြီမို့ နုတ်ဆက်ပြီးတန်းထွက်လာလိုက်တယ်။ ဘာကြောင့်မှန်းမသိပါဘူး။ သူ့ကိုမြင်ရင် ကျွန်မရင်တွေခုန်ချင်လာတယ်။ သူ့အကြည့်စူးစူးနဲ့အကြည့်ခံလိုက်ရတိုင်း ရင်ထဲ ခံစားချက်မသိတဲ့ဝေဒနာတစ်ခုက ၀င်၀င်လာသလို။
အိမ်ကိုတောင် ဘယ်လိုရောက်လာလို့ ရောက်လာမှန်းမသိဘူး။
" ဟော အလတ်မပြန်လာပြီ "
မေမေက သမီးလေးကို လက်ဆွဲပြီး ကျွန်မကိုထွက်ကြိုကြတယ်။ သမီးလေးက အခုဆို တောက်တောက်ပြေးနေပြီ။
အငြိမ်မနေတော့တဲ့ သမီးကိုထိန်းရတာ မေမေမောမှာသေချာတယ်။
ကလေးထိန်းခေါ်ဖို့ပြောတာလည်း
မေမေက လက်မခံတော့ မခေါ်ရဘူး။သုံးနှစ်ပြည့်မှပဲ မူကြိုထားဖို့ စဉ်းစားရတော့မယ်။ အိမ်အကူလည်း မေမေကမခေါ်စေဘူး။ သူ့ဘာသာအပင်ပန်းခံ လုပ်တာ။
" မေမေစားချင်တဲ့ အကြော်၀ယ်လာပေးတယ် ဘူးသီးကြော်နဲ့ ကြက်သွန်ကြော်ပူပူမွမွလေး မေမေရဲ့ "
မေမေ့လက်ထဲ အေကြာ်ထုတ်ထည့်ပေးရင်း သမီးကို ပွေ့ချီလိုက်တယ်။
" မေမေ့ဆီလာပါဦး မေမေ့အမောပြေလေးရဲ့ "
" မေ့ မေ အာဝါး "
ကျွန်မကို မပီကလာလေးနဲ့ အာဘွားပေးပြီး
တခစ်ခစ်နဲ့ သဘောတကျရယ်နေတဲ့
သမီးလေးပါးပြင်ကို အားပါးတရ နမ်းရှိုက်လိုက်တယ်။ တနေကုန် ပင်ပန်းသမျှ အမေပြေသွားပြန်ရော။
သမီးလေးကို ချီရင်း မျက်လုံးအကြည့်က ခြံရှေ့ကို ဖြတ်ခနဲ ရောက်သွားတယ်။
" ဟင် "
တဖက်ပလက်ဖောင်းဘေးမှာ ဆိုင်ကယ်ရပ်ရင်း ကျွန်မတို့ခြံထဲ လှမ်းကြည့်နေတဲ့လူတစ်ယောက်။ ကျွန်မသေသေချာချာကြည့်မိတော့မှ ခန့်ထည်ဆိုတဲ့လူ ဖြစ်နေတယ်။ ကျွန်မနောက်က သူနောင်ယောင်ခံလိုက်လာတာပါလား။ ဒါဆို အကြော်ဆိုင်မှာ ဆုံတာက တိုက်ဆိုင်မှုမဖြစ်နိုင်ဘူးပေါ့။ တအောင့်နေတော့ သူ့ဆိုင်ကယ်က ပြန်မောင်းထွက်သွားတယ်။ ကျွန်စိတ်ထဲ တမျိုးကြီးပါ။ ရင်ထဲလှုပ်လှုပ်ခတ်ခတ်ကြီး ခံစားနေရတာအမှန်ပဲ။
မေမေ့အနား ကလေးထားခဲ့ကာ အခန်းထဲ၀င် ရေချိုးဖို့ပြင်ရတယ်။ မေမေကတော့ ကျွန်မ၀ယ်လာတဲ့အကြော်ကို
ဖေဖေနဲ့ သုန်သုန့်အတွက် ဖယ်ထားပြီး
သူ့မြေးနဲ့ထိုင်စားနေကြတယ်။
ရေချိုးခန်းထဲရောက်တော့ မျက်၀န်းထဲ ခန့်ထည်ဆိုတဲ့လူကိုမြင်ယောင်မိတယ်။
" အို သူ့ဘာသာဘာဖြစ်ဖြစ် ငါနဲ့ဘာမှမဆိုင်ဘူး ငါ့မှာ ငါ့သမီးလေးပဲရှိတယ် "
ယောင်ရမ်းညည်းမိရင်း ရေသာ အဆတ်မပြတ်လောင်းနေမိတယ်။ ရေချိုးပြီးတာနဲ့ မျက်နှာကို သနပ်ခါးရည်ကျဲလေး ပွတ်လိုက်တယ်။ အိမ်နေရင် ကျွန်မ၀တ်နေကျ ဘောင်းဘီနဲ့၀မ်းဆက် ချည်ရောင်စုံပွပွလေးထဲက အပြာရောင်ကို ရွေး၀တ်လိုက်တယ်။
မှန်ထဲမှာ မြင်နေရတဲ့ ကျွန်မပုံစံလေးက
ကလေးတစ်ယောက်အမေဆိုတာ ဘယ်သူယုံမှာတဲ့လဲ။ အသက်နှစ်ဆယ့်နှစ်နှစ်
ပြည့်နေတဲ့ကျွန်မက ကလေးတစ်ယောက်မဟုတ်တော့ဘူးလေ။ အဲဒီညက ကျွန်မဒိုင်ယာရီစာအုပ်ထဲ ထိုကဗျာလေးကလွဲ ဘာအကြောင်းမှမရေးနိုင်ခဲ့ဘူး။
" မျက်၀န်းတစ်စုံရဲ့အကြည့်ဟာ မာယာပါနေခဲ့တာလား
ငါသေချာမဆန်းစစ်နိုင်ပေမယ့်
အဲဒီမျက်၀န်းထဲကအဓိပ္ပါယ်ကို
ငါဘာသာမပြန်ချင်ဘူး"
************
" ကလင် ကလင် "
ဆိုင်ဖုန်းလာလို့ ကောက်ကိုင်လိုက်ပြီးဖြေလိုက်တော့ ကျွန်မအံ့ဩသွားရတယ်။
" မလဲ့ကေ ကျွန်တော် ခန့်ထည်ပါ "
" ရှင် ဟုတ် ဟုတ်ကဲ့ ဘာကိစ္စရှိလို့ပါလဲ ကိုခန့်ထည် "
" ကျွန်တော် မနေ့ညက အိပ်မပျော်လို့ "
" ရှင် "
သူ့စကားနားထောင်ပြီး ဖုန်းကို အလန့်တကြား ချပစ်လိုက်တယ်။ ခန့်ထည်ဟာ ကျွန်မအပေါ်မရိုးသားတာ
သေချာသလောက်ရှိနေပြီ။ ကျွန်မဘာလုပ်ရမလဲ။ ကျွန်မလည်း ဆယ်ကျော်သက်လေးလို ကတုန်ကရင်ကြီး ဖြစ်ကျန်ခဲ့တယ်။ ဒီလူနဲ့တော့ ခက်နေပြီ။ နွယ့်ကို တိုင်ပင်ရင် ကောင်းမလား။ မပြောချင်ပါဘူး။ နေပါစေ။ ငါ့ဘာသာပဲ ရှောင်တိမ်းရမှာပဲ။ အတွေးပေါင်းစုံနဲ့ စိတ်က ဂယောက်ဂယက်နဲ့ရယ်။ ညနေ ဆိုင်သိမ်းပြီး အိမ်ပြန်ရင်
ကျွန်မဆိုင်ကယ်နောက်က မယောင်မလည်ပါလာတတ်တဲ့ဆိုင်ကယ်တစ်စီးကို လေးလ၀န်းကျင်ေလာက်အထိ ကျွန်မနေ့စဉ်အမြဲတွေ့လာရတယ်။ ကျွန်မကို စကားလာမပြောသလို တခြားသရုပ်ပျက်အောင် နှောင့်ယှက်ခြင်းလည်း မရှိဘူးလေ။ ကျွန်မအပြန် သူ့ဘာသာ အနောက်ကလိုက်လာပြီး
ကျွန်မအိမ်ထဲရောက်တာနဲ့ လှည့်ပြန်တတ်တာ။ နွယ့်ဆီဖုန်းဆက်လိုက်တယ်။
" ဟယ်လို လဲ့ကေလား "
" ဟုတ်တယ်နွယ် ငါ့ကို လူတစ်ယောက်
ညနေတိုင်း အိမ်အပြန်လိုက်လိုက်လာတာ လေးလေလာက်ရှိပြီထင်တာပဲ"
" ဟုတ်လား သူက ဘယ်သူလဲ ဘယ်ကလဲ၊ ဘာအလုပ်လုပ်တာလဲ "
"နင်မေးခွန်းတွေစုံနေတာဘဲ ငါဘယ်ကစဖြေရမလဲ နွယ် "
" စုံရမယ်သူငယ်ချင်း ၊ နင်ကိုငါပထမအကြိမ်တုန်ကလို အဖြစ်မခံနိုင်ပါဘူး....
"နင်အဲ့လိုဖြစ်ခဲ့တာ
အခုချိန်ထိ ငါတာဝန်မကင်းသလိုခံစားရတယ်"
နွယ်ရဲ့ ဂရုဏာသက်တဲ့စကားေတွက
ကျွန်မကို အတိတ်ဆီတွန်းပို့လိုက်သလိုမို့ ကျွန်မမျက်လုံးထဲ
ယောက်ျားပီသပြီးယောက်ျားမဆန်ခဲ့တဲ့ လူရဲ့မျက်နှာကို ကျွန်မမြင်ယောင်လာမိတယ်။
"နွယ် ငါအတိတ်က အရိပ်ဆိုးနဲ့
ငါရဲ့အသိညဏ်မဲ့မိုက်မဲမှုတွေကို ၊ ငါမေ့ထားတာကြာပါပြီ၊ နွယ်ရယ် ဖြစ်နိုင်ရင် ငါအတိတ်ကိုနင်လည်းမေ့ထားပေးပါလား"
"ငါ..ငါတောင်ပန်ပါတယ် လဲ့ကေရယ်"
နွယ်ကကျွန်မစကားကြားပြီး စိတ်မကောင်းလို့ထင်ရဲ့။ ပျာပျာသလဲ တောင်းပန်တယ်။ ကျွန်မမျက်ဝန်းထောင့်ကေန ဝဲတက်လာတဲ့မျက်ရည်ကို ၊ မကျအောင် ကျွန်မထိန်းလိုက်တယ်။
အပြုံးကိုအစားထိုးရင်း
" နွယ် နင်မေးတဲ့မေးခွန်းတွေ ၊ ငါဘယ်ကစဖြေရမလဲ ပြော "
ဆိုပြီး စကားလမ်းကြောင်းပြန်တည့်ပေးလိုက်တယ်၊၊
ကျွန်မစကားအဆုံး နွယ့်ရယ်သံကို
ဖုန်းထဲက ကြားလိုက်ရတယ်။
" အေးဟုတ်သားဘဲ
သူကရုပ်ရည်ကရော စမတ်ကျရဲ့လား"
ကျွန်မမထင်မှတ်ထားတဲ့မေးခွန်းမေးလာတော့ မျက်နှာထူပူပြီး
" ဟာ နင်ကလဲ အကောင်းမှတ်လို့ လာနောက်နေတယ်" လို့ ဆိုလိုက်မိတယ်။
" အမယ် လဲ့ကေနင်ရှက်သွားတာလား
ဘာလဲ နင်သူ့ကို စေ့စေ့မကြည့်ဘူးလို့တော့ လာမညာနဲ့နော်၊ သူကရုပ်ဖြောင့်လား၊ချောလား ဆိုတာ နင်အရင်ဖြေရမယ်"
နွယ့်စကားအဆုံး ကျွန်မသေဘာတကျ ရယ်လိုက်မိတယ်။
" နင့်ဟာကလဲ မေးခွန်းကိုစုံနေတာပဲ
ငါဘယ်ကစဖြေရမလဲ "
" ချောလား အရင်ဖြေ "
သူ့ပုံကိုမြင်ေယာင်လာပြီး "ချောတယ်" လို့ ကျွန်မဖြေလိုက်တယ်။
" ဟိုအကောင်နဲ့ ဘယ်သူချောလဲ "
နွယ့်အမေးက ကျွန်မကို ထပ်ရယ်စေတယ်။
" သူကပိုချောတယ် သူက ငါ့အလုပ်ရှင်ရဲ့မောင်တစ်ဝမ်းကွဲဟ ပြီးတော့ ငါတို့ဆိုင်ပါ သူရှယ်ရာပါတယ် "
" ဟုတ်လား မဆိုးပါဘူး အဲဒါဆို "
" ဟာ ဆိုးတယ်ဟ ညနေတိုင်း လိုက်လိုက်လာတာ ငါစိတ်ရှုပ်ရတယ် ဒါပဲနွယ် မေမေလာနေလို့ မနက်ဖန် ငါ့ဆီလာလည်ပါလား "
" အေးအေး လာခဲ့မယ် "
ပြောပြောဆိုဆို နွယ်ဖုန်းချသွားတယ်။
မေမေက " ဘယ်သူ့ဆီဆက်တာလဲသမီး " လို့မေးနေတာနဲ့" နွယ့်ဆီဆက်တာမေမေ " လို့ ပြန်ဖြေရသေးတယ်။ ကျွန်မသိတယ်။ မေမေက ကျွန်မကို နောက်ထပ်ချစ်သူထားမှာ သေအောင်ကြောက်တာကို ကျွန်မရိပ်မိတာပေါ့။
ကျွန်မစိတ်ထဲ အခုရက်တွေမှာ ခန့်ထည်အကြောင်းသာ ကြီးစိုးနေတာကိုတော့ ကျွန်မ ၀န်ခံရပါမယ်လေ။
***************
ဆိုင်ကို ရောက်ပြီး လုပ်စရာ ရှိတာလုပ်နေချိန်မှာ နွယ်ရောက်လာတယ်။
" လာနွယ် "
နွယ့်ကိုဆိုင်ထဲ ခေါ်လိုက်ပြီး နွယ်ထိုင်ဖို့ခုံချပေးလိုက်တယ်။ နွယ်သောက်ဖို့ ဘေးနားအေအးဆိုင်က အအေးလှမ်းမှာလိုက်တယ်။
" ဆိုပါဦး နင့်မင်းသားလေးအကြောင်း "
မချိုမချဉ်နဲ့ စနေတဲ့နွယ့်ကိုကြည့်ပြီး ကျွန်မမဲ့ပြလိုက်တယ်။
" ဆိုင်ရောက်ကာစကို အမောေဖြပါဦးနွယ်ရယ် တကထဲ ဘာမင်းသားလေးလဲ ငါနဲ့ဘာမှမဆိုင်ဘူး "
" မဆိုင်ပေမယ့် နင့်ရင်ထဲရောက်နေပြီမဟုတ်လား "
" ဟာ နွယ်နော် ငါ့ကို မဟုတ်တာမပြောနဲ့ ဘာမှငါ့ရင်ထဲမရောက်ဘူး ရောက်လို့ကောရမလားဟာ ငါ့အကြောင်းမသိလို့သာ သူစိတ်၀င်စားတာနေမှာပါ ငါ့အကြောင်းသိရင် သူအထင်သေးသွားမှာလေ ဒါကိုသိရက်နဲ့ ရူးရလောက်အောင် ငါမမိုက်တော့ဘူးနွယ် "
ကျွန်မဆိုတော့ နွယ်က ခေါင်းခါပြတယ်။
" မဆိုင်ဘူးလဲ့ကေရ မင်းထက်ကိုလို
လူယုတ်မာတွေရှိသလို ယောက်ျားပီသပြီး သဘောထားကြီးတဲ့ ယောက်ျားတွေလည်း အများကြီးပါဟ ငါ့အထင်ဆိုရင် နင့်မင်းသားလေးက နင့်အကြောင်းကို သိကို သိနိုင်တယ် "
နွယ့်စကားကြားတော့ ကျွန်မ မျက်ခုံးနှစ်ဖက် ပင့်တက်သွားရတယ်။
" နေပါဦး နွယ် နင်ကဘာလို့ အဲဒီလောက် အသေချာပြောနိုင်ရတာလဲ "
" သိလို့လည်း နင့်ကို ညနေတိုင်း အိမ်လိုက်ပို့တာပေါ့ အဲဒါစိတ်မချလို့လို့ ခေါ်တယ် နင့်ကို စကားလာမပြောတာက
နင့်အားနည်းချက်ကိုသိလို့ နင်တမျိုးထင်မှာစိုးလို့ သူက နင့်ကို မချည်းကပ်တာ သူချစ်နေတယ်ဆိုတာ နင့်ကို အပြုမူနဲ့ပဲ အသိပေးတာ ငါ့အထင်ပြောရရင် သူဟာ မကြာခင် နင့်မိဘဆီတောင် လာတောင်းနိုင်တယ် "
" ဟာ ပေါက်ကရတွေ မပြောစမ်းပါနဲ့နွယ်ရာ ငါ ယောက်ျားတွေကို မယုံဘူးနွယ် "
ကျွန်မက ဇွတ်အတင်းငြင်းတော့ နွယ်ကရယ်တယ်။ မချိုမချဉ်နဲ့
" ငါပြောတာမယုံရင် နင်စောင့်ကြည့်ပေါ့ " လို့ ဖြေတယ်။ ကျွန်မ မယုံရဲတော့တာ အပြစ်လား။ ယောက်ျားတစ်ယောက်ရဲ့ လှည့်ဖြားမှုကို ခံရဖူးတဲ့မိန်းမတစ်ေယာက်ရဲ့ရင်ထဲမှာ ဖြစ်လာတဲ့ အချစ်ဆိုတဲ့အရာကြီးက သတ်ဖြတ်ခံလိုက်ရပြီးသားပါ။
ကျွန်မဘ၀မှာ နောက်ထပ် ထပ်ချစ်ဖို့ဆိုတာ ဘယ်တော့မှ မဖြစ်လာနိုင်တော့ဘူးလေ။ အဲဒီနေ့ညကလည်း အဲဒီခန့်ထည်ဆိုတဲ့လူ ၊ ကျွန်မအတွေးထဲ၀င်၀င်လာလို့ ကျွန်မရဲ့အိပ်ချိန်တွေ ညည့်နက်နက်လာခဲ့တယ်လေ။
************