book

Index 12

အခန်း ၁၂

" မမ  "

" ဖြိုးရောက်လာပြီလား ရွှေကော ဒီနေ့မလာဘူးလား "

ဖြိုးဖြိုးတစ်ယောက်ထဲ မြင်လို့ ကျွန်မမေးလိုက်တော့   ဖြိုးဖြိုးမျက်၀န်းမှာ 

မျက်ရည်ကြည်တွေ ရစ်ဝဲလာတာ‌ကို ကျွန်မတွေ့လိုက်ရတယ်။

" ဖြိုးဖြိုး ဘာဖြစ်လာတာလဲ မမကို ပြောစမ်း "

" ရွှေ ရွှေ့မေမေဆုံးပြီ မမ "

" အို  "

ကျွန်မရင်ထဲ နင့်ခနဲဖြစ်သွားရတယ်။ ဆို့နင့်ပြီး စကားတောင်မပြောနိုင်တော့ဘူး။ 

" ဘယ်လိုဖြစ်ရတာလဲကွယ် "

"' မနေ့က ရွှေပြန်တော့ စကားမပြောနိုင်တော့ဘူး  ညဆယ့်နှစ်နာရီလောက်မှာဆုံးသွားတယ်မမ "

" အခုရော ရွှေဘယ်လိုစီစဉ်မလဲကွယ် "

" ရွှေ့အ‌မေရဲ့ အစ်ကို တွေ  နဲ့ရပ်ကွက် လူကြီးတွေက ဝိုင်းစီစဉ်ပေးကြတယ်မမ "

" အင်း စိတ်မကောင်းလိုက်တာကွယ် "

ကျွန်မရင်ထဲ  မချိတင်ကဲဖြစ်နေမိတယ်။ အမေ မရှိတော့ ရွှေ့ဘ၀လေး အရိပ်မဲ့ရပြီ။ ရွှေ ရှေ့ဆက် ဘယ်လိုရပ်တည်မှာလဲ ။ ရွှေ့အတွက် ကျွန်မ အရမ်းစိတ်ပူနေမိရသလို  အရွယ်ရောက်စ အရိပ်မဲ့ပန်းလေး ဘယ်လိုဆက်ရှင်သန်ရှာမလဲလို့‌ေတွး‌ေနမိပြန်တယ်။  ရွှေ့မေမေ  အသုဘချမယ့်နေ့ကို

လိုက်ပို့ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ အဲဒီနေ့ကို မမဟေမာန်ဆိုင်စောင့်ပေးဖို့ 

ကျွန်မအကြောင်းကြားရပါမယ်။ 

 စိတ်မကောင်းလိုက်တာရွှေရယ်။  နေ့လည်လောက်ကျတော့ မမဟေမာန်ဆီအကျိုးအ‌ေကြာင်း ဖုန်းဆက်ဖြစ်တယ်။  မမဟေမာန်က ရွှေ့အ‌ေမ အသုဘအတွက် တစ်သိန်းကူခိုင်းတယ်။ ကျွန်မကလည်း  တစ်သိန်းလောက်တော့ ရွှေ့ကို ကူညီချင်ပါတယ်။ ရွှေ့အမေ အသုဘချမချခင်  သတင်းသွားမေးဖို့ ဆုံးဖြတ်လိုက်တယ်။  အသုဘချမယ့်နေ့ကျ တနေကုန်ဆိုရင် မမဟေမာန်က နှစ်ဆိုင်ဖြစ်နေတော့ အဆင်ပြေမယ်မထင်ဘူး။  

" ဖြိုးရေ ရွှေ့အမေက သဘက်ခါ မြေချမှာပေါ့  "

" ဟုတ်တယ်မမ "

" အဲဒီနေ့တော့ မမတို့သွားလို့အဆင်မပြေ‌ေလာက်ဘူး  မနက်ဖန်သတင်းသွားမေးရင်း ကူငွေသွားထည့်ရအောင် ရွှေမရှိတော့  ဖြိုးက ပုံမှန်အလုပ်လာမှရမယ်  မနက်ဖန် ဖြိုးနဲ့မမ  မမဟေမာန်လာရင် 

တအောင့်သတင်းမေးရင်း ၊ ကူရင်းသွားကြမယ် "

" ဟုတ်ကဲ့ပါမမ "

တခါတလေ  ရွှေက ကျွန်မစိတ်ရဲ့ လမ်းပြလေးလားလို့တောင် ထင်မိပါတယ်။ ရွှေ့လိုမျိုး ကျွန်မသမီးလေး မကြုံရဖို့က  ကျွန်မအတွက် သင်ခန်းစာပေးနေသလို ထင်နေရတယ်။ တနေကုန် ရွှေ့အကြောင်းစဉ်းစားရင်းရွှေ့အတွက်  စိတ်ပူနေရတယ်။  အားကိုးရာ ရွှေ့အမေ မရှိတော့ လောကကြီးကို ရွှေဘယ်လိုရင်ဆိုင်မလဲ။ ရွှေ့အတွက် တွေးမိတိုင်း ကျွန်မရင်ဘတ်ထဲ လေးလံနေတယ်။

ညနေဆိုင်သိမ်းချိန်ရောက်တော့ ဖြိုးဖြိုးကို မှာလိုက်တယ်။

" ဖြိုးရေ ရွှေ့ကို မနက်ဖန်သတင်းလာမေးမယ့်အကြောင်း ပြောလိုက်နော် "

" ဟုတ်မမ ဖြိုးပြောလိုက်ပါ့မယ် "

ဆိုင်သိမ်းတော့ ကျွန်မလည်း အိမ်ကို ပြန်လာလိုက်တယ်။ ရွှေ့အတွက် စိတ်ပူနေရလို့ ကျွန်မစိတ်တွေ မလန်းတာအမှန်ပဲ။ ကျွန်မမျက်နှာမကောင်းတာကို သတိထားမိတဲ့

မေမေက " ဘာဖြစ်နေလဲ သမီး အလုပ

်မှာ အဆင်မပြေဘူးလား " တဲ့။ မေမေ့အမေးကို ခေါင်းခါပြရင်း ရွှေ့အကြောင်း တစ်စွန်းတစ်စ ပြောပြလိုက်တယ်။ 

" လောကကြီးမှာ အသက်တစ်ရာသာ မနေရတာ အမှုတစ်ရာမကပွေလီတယ်  

သမီးပြောပုံအရဆို အဲဒီကလေးမလေးအတွက် စိတ်တွေပူလိုက်တာ "

မေမေ့ညည်းသံကို ကျွန်မငိုင်ပြီး နားထောင်နေမိတယ်။ ရွှေ့နေရာမှာ ကျွန်မသာဆိုရင် ...။  စိတ်မွန်းကြပ်တာနဲ့ သူ့ဘိုးအေနဲ့ဆော့နေတဲ့ သမီးကို 

ပစ်ထားခဲ့လိုက်ပြီး ကျွန်မအခန်းရှိရာ

တက်လာလိုက်တယ်။ ကျွန်မနားချင်ပြီလေ။ 

မောင့်ကို ဖုန်းခေါ်ကြည့်တော့ ဖုန်း ကစက်ပိတ်ထားတယ်။ မကြည်တဲ့စိတ်က မောင့်အပေါ်ပုံကျသွားတယ်။  မောင်နဲ့အဆက်အသွယ် ပြန်ရရင် အဲဒီကိစ္စ ရှင်းမှရမယ်။   အိပ်ရာပေါ်  လှဲလိုက်တော့  တနေကုန် ပင်ပမ်းနွမ်းနယ်နေသလို ခံစားချက်က သက်သာသလို ခံစားလိုက်ရတယ်။   တွေးမထားဘဲ ‌ေ

ရွှရောင်လင်း မျက်နှာလေး မြင်ယောင်မိတော့ ကျွန်မ စိတ်မကောင်းလွန်းလို့ ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာတယ်။  ရွှေ့ကိုသနားနေမိတယ်။ ထမင်းတောင် စားချင်စိတ်မရှိဘူး။  ဒီည ရွှေ့အကြောင်းစဉ်းစားရင်း ကျွန်မတော်တော်နဲ့ အိပ်မပျော်ဘူး။ ရွှေရယ်။

ရင်ဘတ်က နာနာကျင်ကျင် ညည်းလိုက်မိတယ်။

*******

" အား ကျွတ် ကျွတ် "

ကျွန်မ ဒီမနက် အိပ်ရာကထလိုက်တာနဲ့ ခေါင်းက သိပ်ကိုက်တာပဲ။ ညကညည့်နက်မှ အိပ်ပျော်လို့နေမယ်။ အိပ်ရာကမထချင်သေးပေမယ့် ကျွန်မကြိုးစားထလိုက်ရတယ်။  အိမ်အပေါ်ထပ်ကနေ အောက်ထပ်ကိုဆင်းလာတော့ မီးဖိုထဲ အလုပ်ရှုပ်နေတဲ့ မေမေ့ကို တွေ့ရတယ်။

မေမေပင်ပန်းလို့  အိမ်အကူငှါးဖို့ပြောတိုင်း မေမေက ဘယ်တော့မှ လက်မခံဘူး။ 

"  မိန်းကလေးတွေချည်း ရှိတဲ့အိမ်မှာ အိမ်အကူထားတယ်ဆိုကထဲက အဲဒီမိန်းကလေးတွေရဲ့ အရည်ချင်းကို ပြရာရောက်တယ်  နောက်တစ်ခုက အိမ်မှာ အပိုငွေကုန်သလို မိသားစုထဲ သူစိမ်းအ၀င်မခံချင်ဘူး ကိုယ့်အိမ်တွင်းရေးအကြောင်း ကိုယ်မပြောဘဲ သူများသိတာ မကောင်းဘူး  မေမေလည်း မပင်ပန်းပါဘူး တလှုပ်လှုပ် လှုပ်နေမှ လူကကျန်းမာရေးကောင်းတာ ငြိမ်နေကြည့် ရောဂါက တစ်ခုမဟုတ်တစ်ခု ပေါ်လာရော "

တတွတ်တွတ်ပေါက်ပေါက်ဖောက်သလို ရွတ်နေတဲ့မေမေ့စကားနားထောင်ပြီးရင် အိမ်အကူခေါ်ဖို့ ဘယ်သူမှမပြောကြတော့ဘူး။ သူ့ခင်ပွန်းနဲ့ သူ့သမီးတွေကို ကြိုက်တာလေးတွေ ချက်ပြုတ်ပေးရင်း ပျော်နေတတ်တဲ့မေမေမို့  ကျွန်မတို့တ‌ေတွလည်း ထပ်မပြောဖြစ်တော့ပါဘူး။

အောက်ထပ်ဆင်းလာတဲ့ကျွန်မမျက်နှာကို  လှမ်းကြည့်ပြီးမေမေက လှမ်းမေးတယ်။

" သမီးလတ်  ဒီနေ့ အိပ်ရာထနောက်ကျတယ်

နေကောင်းရဲ့လား "

" ကောင်းပါတယ်မေမေ ခေါင်းထဲထိုးကိုက်နေလို့ "

" နားလိုက်ပါလား တစ်ရက်တလေ "

မေမေ့ကိုခေါင်းခါပြရင်း ဖြေလိုက်တယ်။

" နားမရဘူးမေမေ ဒီနေ့ရွှေ့ဆီ သွားရမှာ ဆိုင်ကလည်း နားချင်ရင် ကြိုပြောရတာမေမေရဲ့ "

" အာ့ဆို ရေမချိုးပါနဲ့လား သမီးလတ်ရယ်

"

မေမေစိတ်ပူနေတာသိတော့ ရယ်ပြလိုက်ပြီး

" စိတ်မပူပါနဲ့မေမေရယ် သမီးဘာမှမဖြစ်ပါဘူး  ရေချိုးရင် စိတ်လန်းသွားမှာပါမေမေရဲ့" 

လို့ ဖြေရင်း ‌ေရချိုးခန်းထဲ၀င်လာခဲ့တယ်။ ရေချိုးတော့လည်း စိမ်ပြီး မချိုးရဲတော့ဘူး။ မြန်မြန်ချိုးပြီး လတ်စသပ်လိုက်ရတယ်။  အခန်းထဲရောက်တာနဲ့ အလှပြင်ပြီး လုပ်စရာရှိတာ သွက်သွက်လုပ်ရပြန်တယ်။ တခါမှ အလုပ်ကို ကျွန်မနောက်မကျဖူးဘူးလေ။  ဆိုင်ရှေ့ရောက်တော့ကို ရှစ်နာရီထိုးတော့မယ်။ ဖြိုးဖြိုးတောင်  ဆိုင်ရှေ့မှာ မတ်တပ်လေးရပ်လို့။ 

" မမလာပြီ "

လှမ်းနုတ်ဆက်တဲ့ ဖြိုးဖြိုးကို ကျွန်မခေါင်းလေးညိတ်ပြရင်းမေးလိုက်တယ်။

" ဖြိုးဖြိုး ရောက်တာကြာပြီလား "

" မကြာသေးပါဘူးမမရဲ့ နာရီ၀က်ဝန်းကျင်ပါ "

"'မမသိပ်နေမကောင်းချင်လို့  ဒီနေ့အိပ်ရာထ နောက်ကျသွားတယ်လေ "

ဆိုင်တံခါးသော့ကိုဖွင့်ရင်း ဖြိုးဖြိုးကို ကျွန်မ ဖြေလိုက်တယ်။  ဆိုင်ထဲရောက်တာနဲ့ ဆိုင်တန်းဖွင့်ပြီး လုပ်စရာရှိတာကို  ဇယ်ဆတ်သလို လုပ်လိုက်တယ်။ 

ရွှေရောင်လင်းမလာနိုင်တော့ သူ့အစားပါပိုလုပ်ရတာပေါ့။

" ဖြိုးဖြိုးရော ရွေ္ဆီရောက်သေးလား " 

" ဟုတ်မမ  ညကရောက်တယ် ဒီမနက်တော့မရောက်ခဲ့ဘူး ဖြိုးမေမေကတော့ 

ရွှေတို့အိမ်မှာလေ "

" အင်းပါ မမဟေမာန်လာရင် ဖြိုးနဲ့မမ သွားကြတာပေါ့ "

 ကျွန်မစိတ်ထဲ ရွေ့အကြောင်းတွေးလိုက်ရင် နင့်ကျင်နေအောင် ခံစားရတယ်။  နေ့လည်ကျ ဖြိုးနဲ့ကျွန်မ ထမင်းစားကြပြီးချိန်မှာပဲ ဆိုင်က ၀ယ်သူကျလာတယ်။ ကျွန်မတို့မနားရပြန်ဘူး။  အလုပ်ထဲစိတ်၀င်စားနေတဲ့အ

ချိန်မှာပဲ ဖုန်းသံမြည်လာတယ်။  မောင်လားလို့ အတွေးလေး လှပ်ခနဲ၀င်ပြီး ကိုင်လိုက်ပေမယ့် ဆုတောင်းမပြည့်ပါဘူး‌ေလ။  မမဟေမာန်ဆီကဖုန်းပါ။

" ဟယ်လို မမ "

" ဟုတ်မမ အဲဒါဆို လဲ့ကေတို့ပဲ သွားလိုက်တော့မယ် ဟုတ်မမ ဟုတ် "

မမဟေမာန်နဲ့ ဖုန်းပြောပြီးတာနဲ့ ကျွန်မလည်း ဖြိုးကို လှမ်းပြောလိုက်တယ်။ 

" ဖြိုးရေ ဒီနေ့ ဆိုင်စောစောသိမ်းမယ် 

မမဟေမာန်က ဆိုင်ပိတ်သွားလိုက်တဲ့ 

အစ်ကိုမိုးအောင်မရှိလို့ မမဟေမာန် ဒီဘက်ဆိုင် ကူးမရဘူးတဲ့ ညီမလေးရေ

မမတို့ဆိုင်စောစော သိမ်းကြမယ် "

ကျွန်မစကားအဆုံး " ဟုတ်မမ " ဆိုပြီး

သွက်လက်နေတဲ့ ဖြိုးကိုကြည့်ပြီး ကျွန်မပြုံးလိုက်မိတယ်။ ကျွန်မဆိုင်ကယ်နဲ့ သွားမှာဆိုတော့ ဖြိုးစက်ဘီးက

ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားနေမိသေးတယ်။  

" ဖြိုးစက်ဘီး ဆိုင်မှာထားခဲ့မလား မနက်ဖြန်မှစီးပြန်ပေါ့  မနက်ကိုအလုပ်ကို အဆင်ပြေသလို လာလို့ရလား

ဖြိုး "

"ရတယ်မမ ဖြိုးသူငယ်ချင်းကို လိုက်ပို့ခိုင်းမယ် "

ဖြိုးဖြိုးအဆင်ပြေတယ်ဆိုတော့ ကျွန်မ

တို့ ရွှေ့ဆီသွားဖို့ပဲ စီစဉ်ရတော့မယ်။ 

ဆိုင်ပိတ်သိမ်းပြီးတာနဲ့ ကျွန်မနဲ့ဖြိုးဖြိုး

ဆိုင်ကယ်နဲ့ အတူတူလာကြတယ်။ ကျွန်မကလမ်းမသိတော့ ဖြိုးဖြိုးက လမ်းပြပေါ့။ မန္တလေးက စက်ဘီးအဓိက စီးကြတာလေ။ ကျွန်မတောင် ဒီဆိုင်ကယ်လေးကို တက္ကသိုလ်စတက်တဲ့နှစ်ကမှ ဖေဖေ၀ယ်ပေးထားတာ။ အခုဆို ဘယ်သွားသွား ဆိုင်ကယ်ရှိတော့ ပိုမြန်သလို ခရီးတွင်တယ်‌ေလ။ သိပ်မမောင်းရပါဘူး။ ရွှေတို့အိမ်က  နာရီ၀က်သာသာလောက် မောင်းရတယ်။  

" မမရေ ရှေ့လမ်းကြားထဲ ချိုးကွေ့မယ် "

ဖြိုးဖြိုးပြတဲ့ လမ်းကြားထဲ ဆိုင်ကယ်ကို ကွေ့လိုက်တယ်။ လမ်းကြားရဲ့ ဆယ့်ငါးအိမ်လောက်ရောက်တော့  

" ဒီအိမ်ပဲမမလို့ " ဖြိုးကဖြေတယ်။ အိမ်ရှေ့မှာ လူအနည်းကျဉ်း ရုတ်ရုတ် ရုတ်ရုတ်နဲ့ မြင်နေရတယ်။ ကျွန်မလည်း ဆိုင်ကယ်ရပ်ပြီး ဆိုင်ကယ်ပေါ်ကဆင်းလိုက်‌ေတာ့  ကျွန်မကို လူစိမ်းမှန်း သိတယ်ထင်ပါရဲ့။ အိမ်ထဲရှိနေတဲ့လူအချို့က ဝိုင်းကြည့်နေကြတယ်။ အိမ်ရှေ့မှာ  အလောင်းပြင်ဆင်ဖို့ လုပ်နေကြလေရဲ့။  သစ်ပင် ၊ ပန်းပင်မရှိသေးတဲ့အတွက် ကျွန်မမြင်နေရတဲ့ ရွှေတို့ပတ်၀န်းကျင်တဝိုက်က ပို ပူလောင်နေသလိုပဲ။ မန္တလေးနေကလည်း  ခြစ်ခြစ်တောက်ပူတာမဟုတ်လား။  အိမ်ထဲကနေ အသားညိုညို ဘီးစပတ်ကြီးနဲ့ အဒေါ်တစ်ယောက်ထွက်လာတာ တွေ့လိုက်ရတယ်။ 

" မေမေ "

ဖြိူးဖြိုးလှမ်းခေါ်လိုက်မှ ဖြိုးဖြိုးအမေမှန်းသိလိုက်ရတယ်။ ဖြိုးအမေက

 ကျွန်မကို ဖော်ဖော်ရွေရွေနုတ်ဆက်ရှာတယ်။  ကျွန်မရောက်တာကို သိလို့ထင်ရဲ့။ အိမ်ထဲကနေ ရွှေမ‌ေပြးရုံတမယ်ထွက်လာတယ်။ ကျွန်မအနားရောက်တာနဲ့ ကျွန်မကိုဆီးဖက်ရင်း ရွှေငိုတယ်။ ကျွန်မရင်တစ်ခုလုံး ဆို့နင့်လှိုက်တုန်နေရတယ်။ 

" ရွှေ ညီမလေး မငိုပါနဲ့နော်  မငိုပါနဲ့ "

မငိုပါနဲ့ဖြောင်းဖျနေတဲ့ ကျွန်မကိုယ်တိုင်က ပါးမှာမျက်ရည်တွေ စီးကျနေပြီလေ။ 

" မမရယ် ရွှေ့မှာ မေမေ မရှိတော့ဘူး

ရွှေ ဘယ်သူ့ကို အားကိုးရမလဲဟင် 

ရွှေဘယ်သူနဲ့ နေရမလဲဟင်မမ  မေမေက

ရွှေ့ကိုရက်စက်တယ်  အခု ရွှေ့ကို ထားခဲ့ပြန်ပြီ "

" ရွှေရယ်  တိတ်ပါညီမလေးရယ်   အားမငယ်ပါနဲ့နော် ရွှေ့အနား မမရှိတယ်လေ "

ရွှေ့ကို ကြည့်ပြီး ကျွန်မရင်ဘတ်တွေ နာကျင်လှပြီ။ ရွှေတစ်ယောက် ဘ၀အတွက် ဘယ်လိုရပ်တည်ရှာမလဲ။

ဒီအသိက ကျွန်မစိတ်ကို တော်တော်လေး ခြောက်လှန့်တာအမှန်ပါ။ တအောင့်ကြာတော့  ငိုရတာမောသွားလို့ထင်ရဲ့။ ရွှေအငိုတိတ်သွားတယ်။ ကျွန်မလက်ကို ဆွဲပြီး အိမ်ထဲကိုခေါ်တယ်။ 

ရွှေတို့အိမ်လေးက ကျဉ်းကျဉ်းလေးရယ်။ အိမ်ပေါ်မှာ ဦးလေးအရွယ် လူကြီးတွေ လေးငါး‌ေယာက်ထိုင်‌ေနကြတယ်။ အဲဒီထဲ ရွှေ့ဦးလေး ဘယ်သူဆိုတာတော့ ကျွန်မလည်းမသိပါဘူး။

ရွှေက သူ့ဦးလေးဆိုသူကို မိတ်ဆက်ပေးတယ်။

" ဦးလေး ဒါကရွှေလုပ်တဲ့ဆိုင်က မန်နေဂျာမမ  သတင်းလာမေးတာ "

ကွမ်းသွေးနီရဲခတ်တဲ့ သွားကြီးနဲ့  ရွှေ့ဦးလေးဆိုသူက ခေါင်းညိတ်ရင်း ရယ်ပြပါတယ်။  

" တူမကြီး ထိုင်ပါနော် အိမ်ကကျဉ်းတော့ အားနာမိတယ် "

" မမ လာနော် ဒီနားမှာထိုင်ရအောင် "

ကျွန်မပုံစံကြည့်ပြီး ရွှေ့ဦးလေးက  အားနာသလို ဆိုတယ်။ ရွှေက ကျွန်မလက်ကလေးကိုဆွဲပြီး ကျွန်မထိုင်ဖို့ လုပ်ပေးတယ်။ ကျွန်မလည်း ရွှေခေါ်ရာမှာ 

ထိုင်လိုက်ရင်း ဖြိုးအမေနဲ့ စကားခဏပြောဖြစ်တယ်။ ပြီးမှ မမဟေမာန်

ကူခိုင်းတဲ့ တစ်သိန်းကို  အသုဘနာရေးစားရိတ်အဖြစ်  ရွှေ့ဦးလေးလက်ထဲ ထည့်ပေးခဲ့တယ်။  ရွှေ့ဦးလေးနဲ့ ဖြိုးမေမေက ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောတာကို ကျွန်မခေါင်းတညိတ်ညိတ်နဲ့ နားထောင်ပေးနေရတယ်။   တအောင့်ကြာမှ ကျွန်မပြန်မယ်ဆိုတော့  ရွှေနဲ့ ဖြိုးက အိမ်၀အထိ လိုက်ပို့ကြတယ်။

" ကဲ မမပြန်မယ်  ဖြိုးက မနက်ဖန် အလုပ်လာဖြစ်အောင်လာနော် ရွှေ ရော့ ညီမလေး "

ကျွန်မက နုတ်ဆက်ရင်း ရွှေ့လက်ထဲကို ငွေတစ်သိန်း ထည့်ပေးလိုက်တယ်။ ရွှေကအံ့ဩသလိုကြည့်ပြီး

" မမ ဒါက ဘာလဲဟင် " လို့မေးတယ်။

ကျွန်မက ရွှေ့ကို ပြုံးပြလိုက်တယ်။

" ဒါက ရွှေ့အတွက် မမပေးတာ အခုသိမ်းထားနော် အားလုံးကိစ္စ‌ေတွပြီးစီး

သွားရင်  ရွှေ့မှာ အသုံးလိုလာလိမ့်မယ် 

အဲဒီကျရင် သုံးဖို့ သိမ်းထားပါ ရွှေ  ကိစ္စဝိစ္စ ပြီးရင် ရွှေအလုပ်ပြန်ဆင်းနော် 

မမကိုလည်း အခြေနေအကျိုးအကြောင်းပြောပြ ဟုတ်လား "

" မမရယ် "

ရွှေက၀မ်းနည်းသလို ညည်းတယ်။ ကျွန်မက  ရွှေ့ခေါင်းလေးကို ဖွဖွပုတ်ရင်း  နုတ်ဆက်လိုက်တယ်။ 

" ကဲ ဖြိုးနဲ့ ရွှေ မမသွားတော့မယ် "

ခေါင်းညိတ်ပြနေတဲ့ သူတို့နှစ်ယောက်ကို  လှည့်မကြည့်တော့ဘဲ ဆိုင်ကယ်ကို မောင်းထွက်လာလိုက်တယ်။  ဒီနေ့ အိမ်ကို စောစောပြန်ရတာပေါ့လေ။ အချိန်လည်း စောနေသေးတော့ ကျွန်မစိတ်ထဲ ဘုရားသွားချင်စိတ်ဖြစ်လာတာနဲ့ မဟာမြတ်မုနိဘုရားကြီးဆီ မောင်းလာခဲ့လိုက်တယ်။ ဘီးစတင်းဆိုင်ကယ် ၊ စက်ဘီး  အပ်လို့ရတဲ့နေရာက   က တောင်ဘက်မုဒ်မှာပဲရှိလို့ တောင်ဘက်မုဒ်ကိုပဲ ဦးတည်လိုက်တယ်။  ဆိုင်ကယ်ကို ဘီးစတင်းထဲထိုးလိုက်တော့  ဘီးစတင်း၀န်ထမ်းက လာပေးတဲ့  ကဒ်နံပါတ်လေးကို  ကျွန်မရဲ့ စလင်းဘတ်အိတ်လေးထဲ ထည့်လိုက်တယ်။  မဟာမြတ်မုနိဘုရားကြီးက ညနေစောင်းမို့လားမသိဘူး။ လူကကြိတ်ကြိတ်တိုးနေပြန်ရော။  ဘုရားစောင်းတန်းပေါ် တက်ခါနီး ဖိနပ်ချွတ်မလို့  လုပ်ပြီးမှ  လိပ်စာ ၊ ငါးစာ ကျွေးချင်လာတာနဲ့  ၀င်ကျွေးဖို့ လုပ်လိုက်တယ်။ 

ငါးစာ၀ယ်ပြီး  လိပ်ကန်ထဲပစ်ချပေးတော့ ငါးတွေ ၊ လိပ်တွေ လာစားကြတာကြည့်ပြီး ကျွန်မစိတ်ထဲ အလိုလိုကြည်နူးလာတယ်။  စိတ်ထဲ မွန်းကြပ်တာတွေလည်း လျော့သွားတယ်။ ဒီလိုမသွားလာဖြစ်တာလည်း ကြာပြီလေ။  ငါးကန်ကနေ ပြန်ထွက်လာပြီး ဘုရားစောင်းတန်းထဲ ၀င်ဖို့ ဖိနပ်လေးချွတ်ပြီး ကိုင်လိုက်တယ်။ 

" သမီးရေ ဖိနပ်ကို ဒီမှာ အပ်ထားခဲ့လို့ရတယ် အထဲကို ဖိနပ်ယူလို့မရပါဘူး‌ေနာ် ဘုရားပန်းလေးတွေ အားပေးပါဦး သမီးရေ  "

ပြောပြောဆိုဆို ဘုရားစောင်းတန်းအပေါက်၀ကနေ ဆီးပြီး ပန်းအော်ရောင်းနေတဲ့ အန်တီ၀၀ကြီးဆီမှာပဲ ပန်း‌ေတွအားပေးလိုက်တယ်။ 

" သမီးရေ ဒီနှင်းဆီနဲ့ သပြေကတော့ တစ်စည်းမှ ငါးရာထဲ စံပယ် ၊ ဇွန် ၊ ရွှေပန်း ၊ငွေပန်းလေးတွေလည်း ရှိတယ် 

သမီးကြိုက်သလောက် ၀ယ်လို့ရတယ် "

ပန်းသည်အဒေါ်ကြီးက ပန်းကလေးတွေပြရင်း ပြောနေလို့  ပန်းစည်း သုံးစည်းနဲ့ ရွှေပန်း ၊ငွေပန်းအစုံ တစ်ထောင်ဖိုး ၀ယ်လိုက်ပြီး  မဟာမြတ်မုနိဘုရားကြီးဆီ လှမ်းလာခဲ့တယ်။ ဘုရားစောင်းတန်း တစ်လျှောက်လည်း ဈေးသည်တွေရဲ့ " ဘာယူမလဲ  ညီမရေ ၀င်ကြည့်လို့ ရတယ် " ဆိုတဲ့ အသံတွေကိုလည်း အဆတ်မပြတ် ကြားနေရတယ်။ မဟာမြတ်မုနိ ဘုရားရဲ့ ရင်ပြင်မှာလည်း လူကပြည့်ကျပ်နေတာပါပဲ။ ကျွန်မလည်း လွတ်တဲ့နေရာလေးမှာ ပုဆစ်တုပ်ကလေး ထိုင်လိုက်တယ်။ လက်အုပ်လေးချီပြီး  ပန်းတွေကို မဟာမြတ်မုနိဘုရားကြီးဆီ စိတ်ထဲက ရွတ်ဖတ်ကပ်လိုက်ပြီး ငါးပါးသီလခံပြီး ဘုရားကန်တော့လိုက်တယ်။ ပြီးမှ လက်ထဲက ပန်းတွေကို  ဘုရားအရှေ့မှာ ထားတဲ့ပန်းအိုးတွေထဲ သွားစိုက်လိုက်တယ်။ ရွှေသင်္ကန်းကပ်ချင်လာတာနဲ့ ရွှေဆိုင်းရောင်းနေတဲ့နေရာသွားပြီး ၀ယ်လိုက်တယ်။ ဘုရားရင်ပြင်ထဲ မိန်းကလေးမ၀င်ရလို့  အနီးက ဦးလေးကြီးတစ်ယောက်ကို အကူညီတောင်းပြီး ကပ်ခိုင်းရတယ်။ ရွှေသင်ကန်းကပ်ပြီးတာနဲ့ 

စောင်းတန်းမြောက်ဘက်မှာရှိတဲ့ ရေသပ္ပါယ်လို့ရတဲ့ဆီမှာ ဖေဖေ၊မေမေ၊သက်စေ့ ၊ ကျွန်မသက်စေ့ ၊ သမီးလေးသက်စေ့  ရေသပ္ပါယ်ပေးလိုက်တယ်။ 

မောင့်အတွက် သတိရသွားလို့ ကျွန်မထက် တစ်နှစ်ငယ်တဲ့ မောင့်အသက်ကို 

ရည်စူးပြီး လှူပေးလိုက်သေးတယ်။ 

ဒီနေညနေက ကျွန်မစိတ်တွေကို တော်တော်လေး ကြည်နူးငြိမ်းချမ်းစေလိုက်တာ။ ဘုရားအရိပ်က တကယ်အေးမြတာပါ။  အားလုံးစိတ်ကျေနပ်မှ ဘုရားထဲကနေ ပြန်ထွက်လာခဲ့တယ်။ 

ကျွန်မအပြင်ရောက်တော့ မြောက်ဘက်မုဒ်ပေါက် လမ်းဘေး ကတ္တရာလမ်းဘေးမှာ တောင်းနေကြတဲ့ အဖိုးအဘွားအရွယ် လူကြီးတွေကို လှူချင်လာတာနဲ့ 

ကျွန်မပိုက်ဆံအိတ်ထဲက  ၂၀၀တန်ရှိသမျှလေးတွေကို လိုက်လှူနေမိသေးတယ်။ သူတို့တတွေကို ကြည့်ပြီး ကျွန်မရင်ထဲ နင့်နင့်သီးသီး ခံစားရပြန်တယ်။ ဆုပေးနေတဲ့သူတို့အသံတွေက

ကျွန်မရင်ကို ဆို့နင့်စေလိုက်တာ။ နောက်ဆုံးအလှူခံ အဖိုးအိုကို ထည့်လှူပြီး ပြန်လှည့်အထွက် 

 တစ်စုံတစ်ယောက်ကလည်း ထိုအ

ဖိုးအိုထဲ ပိုက်ဆံအထည့်နဲ့ တိုးပြီး ကျွန်မနဲ့ တိုးတိုက်မိပါရော ။ 

" ဟာ ဆောရီးနော် တောင်းပန်ပါတယ် ဟင်  "

" အို ရပါတယ်ရှင် မတော်လို့ပဲ ဟင် "

သူ့တောင်းပန်စကားကို 

ကျွန်မကလည်း အားနာလို့  ပြန်ပြော ပြီး

မော့ကြည့်လိုက်တဲ့အခါမှာတော့

ကျွန်မရဲ့မျက်ဝန်းတွေဟာ  အံ့ဩလွန်းလို့ ပြူးကျယ်ဝိုင်းစက်သွားရပါတော့တယ်။ 

*********


rate now: