book

Index 11

အခန်း ၁၁

ဒီနေ့ ရွှေ့မျက်နှာလေးကို သတိထားမိတယ်။ ညှိုးမှိုင်နေတာကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။ အသည်းကွဲခြင်းဝေဒနာက နုနယ်တဲ့နှလုံးသားကို ခံစားရခက်စေမှာပဲလေ။  မောင့်ကိုသတိရနေ‌ေပမယ့် အကြောင်းပြချက်မရှိဘဲ 

မောင်ပျောက်ပျောက်နေတာကို ကျွန်မသဘောမကျပါဘူး။ မောင်နဲ့ကျွန်မ မတွေ့ရတာ ရက်သတ္တပတ်ပြည့်ပြီပဲ။ ဒီတစ်ခါမောင်လာရင် ကျွန်မမှာ ပြောစရာတွေ အများကြီးဖြစ်နေပြီ။

" ရွှေ အဆင်ပြေရဲ့လား ညီမလေး "

" ဟုတ် ပြေပါတယ်မမ "

" အားမငယ်နဲ့နော် အရာရာကို ရင်ဆိုင်နိုင်ပါစေညီမလေး "

" ဟုတ်ကဲ့ပါမမ "

ကျွန်မ စိတ်ထဲ ရွှေ့အတွက် ပူရတာ နည်းနည်းလျော့သွားတယ်။ ရွှေ့အတွက် စိတ်မကောင်းတကယ်ဖြစ်ရတယ်။ မနေ့က ရွှေပြောတာတွေ ပြန်ကြားယောင်တိုင်း မိခင်တွေရဲ့ရင်ထဲ  ရွှေထင်သလိုမဟုတ်တာကိုတော့ 

ရှင်းပြချင်မိသေးတယ်။  

နေ့လည်ကျ ထမင်းအတူတူစားကြတော့ ရွှေ့ကို လှမ်းကြည့်လိုက်တယ်။အပြုံးရယ်ကင်းနေတဲ့ ရွှေ့ပုံလေးက တခုခုကို ကြေကြေကွဲကွဲ ခံစားနေရတဲ့ပုံစံလေးမို့ သက်ပြင်းချမိလိုက်တယ်။

ထမင်းစားသောက်ပြီးတော့ ဖြိုးဖြိုးက လက်ဖက်ရည်သွား၀ယ်တယ်။ ရွှေပဲကျန်ခဲ့လို့ ကျွန်မစကားစဖို့ကြိုးစားလိုက်တယ်။

" ရွှေ "

" ရှင်မမ "

" မမတို့စကားခဏပြောကြမယ် "

" ဟုတ်မမ "

ရွှေ့မျက်နှာကို တစ်ချက်အကဲခတ် လိုက်ပြီးဆက်မေးလိုက်တယ်။

" ရွှေ့ကောင်လေးနဲ့အဆက်ပြတ်ပြီလား"

" ဟုတ်မမ ဖြတ်လိုက်ပါပြီ "

အသံတိုးဖျော့ဖျော့လေးက နာကျင်နေမှန်း သိသာစေတယ်။ ‌ေရွှ့လက်လေးကို ကျွန်မ ဆုပ်ကိုင်လိုက်တယ်။

" ရွှေ့မေမေကို အထင်မလွဲပါနဲ့ကွယ်

မိခင်မေတ္တာဆိုတာ သားသမီးအတွက် အမြဲပေးဆပ်ချင်‌ေနတာပါ "

‌" ရွှေသိပါတယ်မမရယ် မေမေက ရွှေ့ကို ချစ်လွန်းလို့ အားလုံးကိုရင်ဆိုင်ပြီးမွေးခဲ့တာ  ရွှေသိပါတယ်

ဒါပေမယ့် မပြည့်စုံမှုရဲ့နောက်ကွယ်က 

ထိုးနှက်ချက်တွေကို ရွေအရွယ်နဲ့အမျှ ခံစားနေရတာမမရဲ့ အဲဒီခံစားချက်က ခံစားဖူးသူမှ သိတာပါ ရွှေသာ 

ရွှေ့မေမေနေရာမှာဆိုရင် အဲကလေးကိုမမွေးဘူး ဖျက်ချပစ်မှာ ဘာလို့လဲသိလားမမ"

ရွှေက  ကျွန်မကို လှမ်းကြည့်ပြီးမေးတယ်။ ကျွန်မက မဖြေတော့ ပြုံးတယ်။သူ့အပြုံးက လောကကြီးကိုအရွဲ့တိုက်ချင်နေတဲ့အပြုံးမျိုး။ ပြီးတော့ တလုံးချင်းဆက်ပြောတယ်။

" အဲဒီကလေးကို သိပ်ချစ်မိလို့ မမွေးတာပဲ အခု ရွှေ့မေမေကိုကြည့် အားလုံးကို တိုက်ခိုက်ပြီး ရွှေ့ကို မွေးခဲ့တယ်

ရှက်လို့ ဆိုတဲ့စကားနဲ့ ညီကိုမောင်နှမကအစ ပစ်ပယ်ကြတယ် မွေးလာတော့ လူမမယ်ကလေးကို  သူများဆီ ခဏအပ် သွေးနု သားနုနဲ့ ဈေးရောင်း  သားအမိနှစ်ယောက်ဘ၀အတွက် ခက်ခက်ခဲခဲနဲ့

ရွှေ့မေမေရှာခဲ့ရတယ် အဖေမရှိတဲ့ကလေးမို့  ဟိုလူကမကြည်ဖြူ ဒီလူကမနှစ်သက်  မသိတတ်ခင်က ဘာမှမဖြစ်ခဲ့ပေမယ့် သိတတ်လာတော့ အဲဒီဒဏ်တွေကို အရွယ်နဲ့မမျှအောင်နာကျင်ခံစားရပြန်ရော ပိုက်ဆံရှိမိသားစုအတွက်ဆိုရင်တော့ ဒီအဖြစ်ပျက်က လွယ်မလား ခက်မလား  ရွှေမသိဘူး  ရွှေတို့လိုဆင်းရဲတဲ့သူတွေအတွက်တော့ မမေ့နိုင်တဲ့နာကျင်မှုပဲ ရွှေသာဆိုရင် မပြည့်မစုံနဲ့တော့ လူ့ဘ၀ထဲဆွဲမခေါ်ဘူး  အဲဒီလိုဆွဲခေါ်မယ့်အစား ဖျက်ချပစ်လိုက်တာ ရွှေတို့လိုကလေးတွေအတွက် ပိုကောင်းပါတယ်မမရယ် "

ရွှေ့ရင်ထဲက နာကျင်မှုက ဖြောင်းဖျပြောဆိုမယ့် ကျွန်မကို  ပြောမရအောင် 

ဖြစ်သွားစေပါတယ်။ ကျွန်မတခါမှမတွေးဘူးသေးတဲ့အချက်တွေကို ရွှေက

ချက်ကျ ၊လက်ကျ ပြောသွားတာပါ။

လူကြီးနှစ်ယောက်ရဲ့ ချစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မထိန်းချုပ်နိုင်တဲ့ဆန္ဒတွေက  အပြစ်မဲ့တဲ့ ရွှေတို့လို ကလေးတွေကို မွေးဖွားစေခဲ့ကြတာ မှန်ရဲ့လားလို့တောင်ကျွန်မ ကိုယ်ကျွန်မ မေးခွန်းတွေ ပြန်ထုတ်‌ေနရပြီ။  မှားခဲ့တဲ့အမှားတစ်ခုအတွက်  အပြစ်မဲ့တဲ့ သားသမီးဆိုပြီး မိခင်စိတ်နဲ့ မွေးဖွားဖို့ပဲ 

ကြိုးစားခဲ့တဲ့ ကျွန်မတို့လိုမိခင်တွေက

သူတို့လေးတွေရဲ့ ရင်ထဲကို ၀င်မကြည့်ခဲ့တာ သေချာပါတယ်။ ဟုတ်တာပေါ့။

ကျွန်မမှာ  ဖေဖေ ၊မေမေ ရှိသလို သူတို့မှာလည်း အဲဒီလိုပိုင်ဆိုင်ခွင့် ၊ အဲဒီလိုရပိုင်ခွင့်တွေ ရှိသင့်တာပေါ့။ ကျွန်မတို့က ကျွန်မတို့မိုက်လို့  လင်ကောင်မပေါ်ဘဲ ကလေးမွေးတဲ့မိန်းမလို့ အကဲ့ရဲ့ခံသင့်ပေမယ့် သူတို့လေးတွေက  ဖအေမရှိဘဲ မွေးတဲ့ကလေးလို့ သူတို့မကျူးလွန်ဘဲ ဘာလို့အခေါ်ခံရမှာလဲ။

ရွှေ့ရင်ထဲက နာကျင်မှုက ကျွန်မရင်ဘတ်ထဲထိ ကူးစက်လာခဲ့တယ်။ ကျွန်မသမီးလေးကရော တနေ့ ရွှေ့လိုကြုံလာခဲ့ရင်  ရွှေနာကျင်သလို  သမီးလေးလည်း နာကျင်မှာပေါ့။ အခုရွှေငိုနေသလို သမီးလေးပါ ငိုရမှာပေါ့။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားဘဲ ကျွန်မကျူးလွန်မိတဲ့အပြစ်က  ကျွန်မဘ၀ပါမကဘူး။ ကျွန်မသမီးလေးဘ၀ကိုပါ ထိခိုက်စေရမှာလား။ ကျွန်မရင်ဘတ်တစ်ခုလုံး မေးခွန်းပေါင်းများစွာရဲ့ နှိက်စက်မှုကြားမှာ စုတ်ပြတ်သတ်မတတ်ခံစားနေရပြီ။ ဖေဖေမေမေတို့ရဲ့ ရပ်တည်မှုသာမရှိရင် ကျွန်မဘ၀ကလည်း ရွှေတို့သားအမိနဲ့ ဘာခြားမှာလဲ။ ည‌ေနဆိုင်သိမ်းတော့ 

အိမ်သာပြန်လာတယ်။ ကျွန်မစိတ်တွေက ရွှေ့စကားတွေကြားမှာပဲ  နစ်မျောနေခဲ့တယ်။  ရေချိုးခန်းထဲ၀င်ပြီး ရေပန်းအောက်မှာ အကြာကြီး ထိုင်နေမိတဲ့ကျွန်မဟာ  မေမေအော်မှ သတိ၀င်လာရတယ်။  ရေချိုးပြီးတာနဲ့ သနပ်ခါးရေကျဲလေးပွတ်နေတဲ့ ကျွန်မရဲ့လှုပ်ရှားမှု‌ေတွဟာ စက်ရုပ်ဆန်နေခဲ့တယ်။  

" အလတ်မရေ ထမင်းစားမယ် "

မေမေ့အော်သံက ကျွန်မကို ထပ်ပြီးအသိ၀င်လာစေတယ်။ ထမင်းစားဝိုင်းဆီထိုင်ပြီး ထမင်းသာစားနေတယ်။ ကျွန်မခန္ဓာမှာ အသိမကပ်တော့ဘူး။

" အလတ်မ ဘာတွေငိုင်နေတာလဲ 

ညည်းအပေါ်ထပ်က အခန်းကိုပြန်ရွှေ့တော့  အောက်ထပ်အခန်းက မေမေနဲ့ ပုံပုံ အိပ်မယ်"

" ရှင် "

ကျွန်မရဲ့အံ့ဩသံ ရှင်ကို မေမေက ခေါင်းညိတ်ပြတယ်။

" မနက်ဖြန်မှရွှေ့တော့မယ်မေမေ "

ကျွန်မ စိတ်မပါသလို ဖြေပြီး ထမင်းစားတော်လိုက်တယ်။ ဘေစင်မှာ ပန်းကန်ဆေးပြီး ပန်းကန်စင်မှာ ထားလိုက်တယ်။ လက်သုတ်ပြီးတာနဲ့ ကျွန်မအခန်းထဲ၀င်လာလိုက်ပြီး ကုတင်ပေါ်မှာ ငူငူကြီးထိုင်နေမိတယ်။ အဲဒီနေ့က သမီးလေးကို မပြည့်စုံဘဲ လူ့ဘ၀ထဲခေါ်လာမိတာကို ကျွန်မနောင်တစရမိခြင်းပဲ။

**********"*

ကျွန်မအပေါ်ထပ်က အခန်းကို ပြန်ရွှေ့လာခဲ့ရတယ်။ သမီးလေးနဲ့ခွဲအိပ်ရတာတောင်  သုံးလ‌ေကျာ်ခဲ့ပြီ‌ေလ။ သမီးလေးနဲ့ခွဲအိပ်ရတာတော့ ၀မ်းနည်းမိတယ်။  စအိပ်ခါစညကဆို  အိပ်လို့မရလို့ ငုတ်တုတ်ထထိုင်မိပေမယ့် မေမေ့ကိုလည်း မပြောရဲဘူး။ အခုတော့လည်း ကျင့်သားရလာပါပြီ။  ကျွန်မအခန်းက ညီမလေးသုန်သုန်နဲ့ ကပ်ရပ်အခန်း။

ဘုရားရှိခိုးပြီး ကျွန်မပဌာန်းရွတ် အမျှဝေလိုက်တယ်။  ပြီးတာနဲ့ မောင့်ဖုန်းကိုခေါ်ကြည့်တော့ ခေါ်မရဘူး။ ကျွန်မသက်ပြင်းရှိုက်မိတယ်။ မောင်အခုဆို ကျွန်မနားက ပျောက်သွား ပြန်တာ လေးလတောင် ပြည့်‌ေတာ့မယ်။  ဟူး။ သက်ပြင်းရှည်ကြီးချမိပြန်တယ်။   မောင်ဘာလို့ မပြောမဆို ပျောက်သွားရတာလဲ။ ကျွန်မညတိုင်း မေးခွန်းတွေကြား ငိုခဲ့ရတယ်။ 

လွယ်လွယ်ချစ်ပြီး လွယ်လွယ်မေ့ခဲ့ပြန်တာလားမောင်။ ကျွန်မက အချစ်ရေးမှာ တကယ်ကိုကံမကောင်းခဲ့ဘူး။ အတွေး‌ေတွကြား နစ်မောနေတဲ့ကျွန်မ တစ်ဖက်ခန်းက သုန်သုန်ဖုန်းပြောနေသံကို ကြားလိုက်ရတယ်။ ဘာမှန်းမသိပေမယ့် ရှိုက်သံလိုလို ကြားလိုက်ရတာမို့

ကျွန်မနားစွင့်လိုက်တယ်။  သုန်သုန့်ရှိုက်သံပဲ။ လူက ထူပူသွားတယ်။ သုန်သုန့်အတွက် စိတ်ကပူလောင်လာတယ်။ ဆက်နားထောင်တော့ သုန်သုန့်ငိုသံ တိတ်သွားပြန်တယ်။ နောက်ထပ်ဘာသံမှမကြားရတော့ဘူး။ အဲဒီအ

ခါကျမှ ကျွန်မသက်ပြင်းချရင်း အိပ်ရာ၀င်လိုက်တယ်။  

*"*****

ဒီနေ့ အလုပ်ပိတ်လို့ ကျွန်မအိပ်ရာက   အိပ်ရေး၀အောင် အိပ်ပြီး နေမြင့်မှထလိုက်တယ်။ အိပ်ရာကနိုးတာနဲ့  ရေမိုးချိုးဖို့ ရေချိုးခန်းထဲ၀င်လာလိုက်တယ်။ 

ရေချိုးနေတဲ့အချိန် ရေချိုးခန်းတံခါးကို တဝုန်းဝုန်းနဲ့ သမီးလေး လာထုတယ်။

" မေမေ မြန်မြန်ချိုးပါ "

" အေးပါသမီးရာ ခဏပဲ "

ကျွန်မလှမ်း‌ေအာ်ရင်း  မြန်မြန်ချိုးရတော့တယ်။ တကယ့်မိရှုပ်လေး။

ရေချိုးပြီးတာနဲ့ အခန်းထဲ၀င်တော့ သမီးလေးပါ လိုက်လာတယ်။

" မေမေ သမီးဒီနေ့လျှောက်လည်ချင်တယ် လိုက်ပို့ပါလား "

" သမီးက သမီးဖိုးဖိုးနဲ့ သွားနေကြကို ဖိုးဖိုးနဲ့သွားလေ "

" မေမေကလည်း မေမေနဲ့လည်း တခါတလေ သွားချင်တယ်လေ "

" အင်းပါ သမီးဖွားဖွားလွှတ်ရင် သွားမယ် ဖွားဖွားသွားမေး "

ကျွန်မစကား နားထောင်ပြီး သမီးပြေးထွက်သွားတယ်။ ခဏကြာတော့ ကျွန်မဆီပြန်လာပြီး

" ဖွားဖွားက မသွားရဘူးတဲ့ တီတီတို့ဆီ သွားမလို့တဲ့ မေမေလိုက်မလားတဲ့ မေးခိုင်းလိုက်တယ် " လို့ဆိုတယ်။

" မေမေ မလိုက်တော့ဘူး အိမ်မှာပဲ နေကျန်ခဲ့မယ် "

" ဟုတ်မေမေ "

ပြေးထွက်သွားတဲ့သမီးလေးကို လှမ်းကြည့်ရင်း ကျွန်မပြုံးမိတယ်။ ကျွန်မရဲ့

အလှပြင်ဆင်ခြင်း ပြီးဆုံးသွားလို့ အောက်ထပ်ကို ဆင်းလာခဲ့တယ်။

အောက်ထပ်ရောက်တော့ မေမေက

" သမီးလတ် ဘယ်မှမသွားနဲ့နော် "

" ဟုတ်မေမေ ဒါနဲ့သုန်သုန်ကော မလိုက်ဘူးလားမေမေ "

" ညည်းညီမ မလိုက်ဘူး  တဲ့ "

ဖေဖေ၊ မေမေနဲ့သမီးလေးတို့က ကားနဲ့ 

မမကြီးအိမ်ကိုသွားကြတယ်။ အိမ်မှာ ကျွန်မနဲ့သုန်သုန်ပဲ ကျန်ရစ်ခဲ့တယ်။ ကျွန်မလည်း ပျင်းပျင်းရှိတာနဲ့ တီဗွီ ဖွင့်ကြည့်နေလိုက်တယ်။ နွယ့်ကိုသတိရတာနဲ့ နွယ့်ကိုဖုန်းခေါ်လိုက်မိတယ်။

" နွယ် နင်ဒီနေ့အားလား အားရင် အိမ်လာခဲ့ပါလားဟင်"

" မအားဘူး လဲ့ကေရဲ့ နောက်ရက်ကျမှ လာခဲ့မယ် "

" အင်းပါသူငယ်ချင်း နင့်ရုံးပိတ်ရက်ကျရင် လာခဲ့ဟာ ဆိုင်ကို "

" အေးပါ လာခဲ့မယ် နောက်မှတွေ့မယ် လဲ့ကေ "

နွယ်က ဖုန်းချသွားတယ်။  ကျွန်မတီဗွီကြည့်နေတုန်း သုန်သုန် အိမ်ပေါ်ထပ်က ဆင်းလာပြီး ရေချိုးခန်းတန်း၀င်နေတယ်။ ရေချိုးခန်းကထွက်လာတာနဲ့ မေမေပြင်ထားခဲ့တဲ့မနက်စာကို စားနေတယ်။ သုန်သုန်ကို ကျွန်မမေးစရာရှိတာကို မေးသင့်မမေးသင့်ချိန်နေမိတယ်။ သုန်သုန်ညက ငိုတာကို သတိရမိတော့ ကျွန်မစိတ်တွေပူလာတယ်။ 

ဒါနဲ့ သုန်သုန့်ကိုစကားစလိုက်တယ်။

" သုန်သုန်ညီမလေး ညက ညီမလေးငိုသံကြားတယ် ဘာဖြစ်လို့လဲဟင် "

" ဘာမှမဖြစ်ပါဘူး "

ကျွန်မအမေးကို  သုန်သုန်က လေသံပြတ်နဲ့ဖြေတယ်။

" သုန်သုန်ညက ငိုတာ မမလေးနားနဲ့ကြားတာပါ  ပြောပြ  ဘာဖြစ်တာလဲသုန်သုန် "

" မမလေးက သိပ်စပ်စုတာပဲ ကိုယ့်စည်းနဲ့ကိုယ်နေတာမဟုတ်ဘူး  သုန်သုန့်ကိစ္စ မမလေးနဲ့ဘာမှမဆိုင်ဘူး "

" သုန်သုန် နင်ဘယ်လိုပြောလိုက်တာလဲဟင်  နင် အကြီးကိုအကြီးမှန်းမသိ "

သုန်သုန့်စကားကြားတော့ ကျွန်မဒေါသဖြစ်ပြီး အော်လိုက်တယ်။

"  သုန်သုန့်ကိစ္စ မမလေးနဲ့ ဘာဆိုင်လို့လဲ နေရာတကာ ငါအကြီးဆိုပြီးဆရာလာမလုပ်နဲ့ ဆရာလာလုပ်ရအောင် မမလေးကရော လမ်းမှန်နေလား "

" နေဦးသုန်သုန် ငါမေးမိတာ နင့်ကိုငါ့ညီမမို့မေးတာလေ   ငါဘာတွေလွန်လွန်ကျုးကျုး ပြောမိနေလို့လဲ "

" ပြောလို့ရော ဘယ်သူက လက်ခံမှာလဲ 

မမလေးကရော ခြောက်ပစ်ကင်းသဲလဲစင်‌ေနတာလား ကိုယ်ကိုယ်တိုင်တောင် လင်ကောင်မပေါ်ဘဲ ကလေးမွေးထားပြီး လူကိုလာဆရာလာလုပ်နေတယ် လုပ်ချင်ရင် ကိုယ်ကိုယ်တိုင် အပြစ်ကင်းအောင်နေ "

" သုန်သုန် နင်နင် အရမ်းရိုင်းတယ် "

" ရိုင်းအောင်လုပ်လို့ ရိုင်းတာ  သုန်သုန်က မမလေးလို မဖြစ်သေးဘူး အခုခေတ်မှာ ရည်းစားထားတာ မဆန်းတော့ဘူး နေရာတကာ အစ်မဆိုပြီး မဏ္ဌပ်တိုင် လာတက်မပြနဲ့ မမလေးလို လင်ကောင်မပေါ်ဘဲ ကလေးမွေးတဲ့အဆင့်မဟုတ်ဘူး  အဲဒီလိုမဟုတ်ဘဲ လာဆရာမလုပ်နဲ့  မကြိုက်ဘူးဘယ်တော့မှလည်း မခံဘူး "

" သုန်သုန် "

ကျွန်မအသားတွေ တဆတ်ဆတ်တုန်လာပြီး သုန်သုန့်အနားရောက်သွားကာ

သုန်သုန့်ပါးကို တစ်ချက် ရိုက်ပစ်လိုက်တယ်။

" ဖြန်း"

" ဟင်" 

ကျွန်မအခုလိုလုပ်မယ်မထင်လို့ သုန်သုန် အံ့ဩသွားတယ်။ နောက်မှဒေါသအရမ်းဖြစ်လာပုံနဲ့ 

 " ဟာကွာ " 

လို့ ညည်းတယ်။  ကျွန်မကို ဒေါသမျက်၀န်းတွေနဲ့ စူးစိုက်ကြည့်နေပေမယ့် 

 ပြန်ခံမလုပ်ဘူး။   ထမင်းစားပွဲခုံပေါ်က ထမင်းပန်းကန်တွေသာ  အကုန်ဆွဲလွှင့်ပစ်တော့တာပဲ။ ကျွန်မပါးပြင်ပေါ် မျက်ရည်တွေ စီးဆင်းကျလာတယ်။ ကျွန်မ၀မ်းနည်းလိုက်တာ။  ကျွန်မ ၊ ကျွန်မဒီလိုမေးမိတာ မှားသွားလားဟင်။ ကျွန်မအချစ် ၊ ကျွန်မသံယောဇဉ်‌ေတွကို သုန်သုန်ဘာလို့မမြင်ရတာလဲ။  ကျွန်မဘာလုပ်ရမလဲဟင်။  ကျွန်မဘာလုပ်သင့်လဲဆိုတာကို  ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျွန်မလည်း အခုလက်ရှိ မေမေနဲ့ပုံပုံအိပ်တဲ့ အောက်ထပ်က အခန်းထဲ၀င်ပြီး ရှိုက်ကြီးတငင် ငိုပစ်လိုက်တယ်။  ကျွန်မစေတနာက ကျွန်မမှားခဲ့တဲ့အမှားကြောင့် မမြင်တော့ဘူးတဲ့လား။ ကျွန်မကို  မရိုသေရင်နေပါ။ အပြစ်မပြောပါဘူး။ ဒီလိုရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်တာကိုတော့ ကျွန်မကြေကွဲရပါတယ်။ နွယ်သတိပေးတာကို ပြန်သတိရမိတော့  မှန်လိုက်တာနွယ်ရယ်လို့ ညည်းလိုက်မိတယ်။  သုန်သုန်လည်း သောင်းကျန်းလို့၀တော့ 

သူ့အခန်းပြန်သွားတယ်ထင်တယ် ၊ အသံမကြားရတော့ဘူး။  

သုန်သုန်မရှိမှ သုန်သုန်သောင်းကျန်းထားတာတွေကို ကျွန်မသိမ်းဆည်းလိုက်တယ်။  မေမေတို့ပြန်လာရင် အဆူခံရမှာသေချာတယ်။  ကျွန်မဘာလုပ်သင့်လဲမောင်ရယ်။ ရင်ထဲက တိတ်တိတ်လေး မောင့်ကိုမေးမိတယ်။

ကျွန်မလေ မောင့်ကိုသိပ်တွေ့ချင်တယ်။  ညနေစောင်းကျတော့ မေမေတို့ပြန်လာကြတယ်။ ကားရပ်တာနဲ့ သမီးလေးရဲ့အသံစာစာလေးက ဆူညံနေတာပဲ။

" မေမေ ‌မေမေရေ မီးမီး ပြန်လာပြီ

တီ‌ေလး သုန်သုန် မုန့်တွေပါတယ် "

" ဟင် "

သမီးလေးက ကျွန်မကိုရော သူ့အဒေါ်ကိုရော အော်ခေါ်နေတာမို့  ကျွန်မလန့်သွားတယ်။ အခန်းပြင်ပြေးထွက်ပြီး

သမီးကို ခေါ်မို့လုပ်ပေမယ့် သမီးက အိမ်အပေါ်ထပ်ကို တက်သွားပြီ။

" မေမေ  တီလေးသုန် တီလေး မေမေကော တီလေးအတွက် မုန့်တွေပါတယ် "

" သွား  ငါ့ကိုလာမခေါ်နဲ့ ကိုယ့်နေရာကိုယ်နေ ငါ့လာမပက်သက်ကြနဲ့  နင်တို့သားအမိနဲ့မပက်သက်ချင်ဘူး "

 သုန်သုန်အော်သံ ကြားလိုက်သလို ငိုပြီးဆင်းလာတဲ့သမီးလေးကို မေမေက

ဆီးပွေ့တယ်။ 

ဖေဖေက အပေါ်ထပ် တက်သွားပြီး  သုန်သုန့်ကို အောက်ထပ်ဆင်းခဲ့ဖို့ လှမ်းခေါ်တယ်။

ဖေဖေကိုတော့ သုန်သုန်ကြောက်တယ်။

အောက်ထပ်ကိုဆင်းလာတယ်။

" ကလေးကို ဘာလို့အဲဒီလို ပြောရတာလဲ သုန်သုန် "

မေမေမေးတော့ သုန်သုန်ပြန်ခံပြောတယ်။

" သုန့်ကြီးပဲ အပြစ်မပြောနဲ့မေမေ 

မေမေ့သမီးအလတ်မက သမီးကို ပါးရိုက်တာကျ မ‌‌ေပြာဘူးလား "

" ဟင် "

မေမေ့မျက်၀န်းက ကျွန်မဆီ ရောက်လာတယ်။

" အလတ်မ ဘာဖြစ်တာလဲ  ပြောစမ်း အကြောင်းစုံ "

မေမေမေးတော့  ကျွန်မအကြောင်းစုံပြောပြလိုက်တယ်။ ကျွန်မစကားဆုံးတော့ မေမေကသက်ပြင်းရှိုက်တယ်။

တော်တန်ရုံ၀င်မ‌‌ေပြာတတ်တဲ့ဖေဖေက နှစ်ယောက်စလုံးကိုဆူတယ်။

" အငယ်ကလည်း အငယ် အကြီးကလည်း အကြီး ကိုယ်ကအကြီးဖြစ်ပြီး

ရှေ့ကလမ်းမှားနေရင် ဒီလိုကြုံရမှာပဲ 

ကိုယ်ထိလက်ရောက် ငါအကြီးဆိုပြီး လုပ်ရလား 

အငယ်ကရော ကိုယ့်အစ်မပြောတဲ့စကားက ကောင်းစေချင်တာလား ဘာလား နည်းနည်းခွဲခြားနားထောင်လေ 

တခါမှားဖူးလို့ သူ့စကားဘယ်တော့မှနားမထောင်ဘူးဆိုတဲ့ အဖြစ်က ဖြစ်သင့်လား  ဒါ ပထမဆုံးနဲ့ နောက်ဆုံးပဲ

နောက်တစ်ခါ ဒီလိုအဖြစ်မျိုးထပ်ဖြစ်ရင် နှစ်ယောက်စလုံး‌ေသပြီသာမှတ် "

ဖေဖေက ဆူပြီး အပြင်ထွက်သွားတယ်။ မေမေက သက်ပြင်းရှိုက်တယ်။

ဖေဖေအပြင်ထွက်တာနဲ့ သုန်သုန်က ဆောင့်အောင့်ပြီး တဒုန်းဒုန်းနဲ့ အပေါ်ထပ်ကို ‌ေပြးတက်သွားတယ်။ ကျွန်မကတော့ ပါးပြင်ပေါ်ကျလာတဲ့မျက်ရည်တွေကို ပွတ်သုတ်လိုက်ပြီး 

 မေမေ့ကို ကြိုးစားပြီး ပြောလိုက်တယ်။

" မေမေ သမီးတို့သားအမိတွေ အိမ်ခွဲနေရရင် ကောင်းမလားလို့ "

" တော်စမ်းသမီးလတ် မိဘအုပ်ထိမ်းသူမရှိဘဲ တစ်ယောက်ထဲ အဆင်ပြေနိုင်မယ်ထင်နေတာလား အေး အဲဒီလို 

နေချင်တယ်ဆိုရင် ညည်းမမကြီးသ‌ေဘာတူတဲ့ ကောင်လေးနဲ့ အိမ်ထောင်ပြုလိုက်  အဲဒါဆို မေမေခွင့်ပြုမယ် "

ကျွန်မဆက်မပြောဖြစ်တော့ဘူး။ ပြောလည်း ဒီအိမ်ထောင်ပြုမယ့်စကားပါလာမှာမို့ မပြောချင်တော့ပါဘူး။ နောက်ဆုံးတော့ နွယ်နဲ့တိုင်ပင်ဖို့ပဲ

ဆုံးဖြတ်လိုက်တယ်။ ကျွန်မ

လေ ဒီလိုရက်တွေ ကြုံလာတိုင်း ရှင့်ကိုသိပ်လွမ်းတယ်မောင်ရဲ့။  ရှင်ဘယ်ဆီရောက်ပြီး ဘာတွေလုပ်နေလဲ။ ကျွန်မအနားက  အခုလို ပျောက်သွားတာ ဘာကြောင့်လဲမောင်ရယ်။ ကျွန်မ မသိတဲ့အကြောင်းအရာတွေ မောင့်ဆီမှာ ဘာတွေရှိနေရတာလဲ။ ရှင့်ကိုလွမ်းတိုင်း ကျွန်မအတွက် အိပ်ပျက်ညတွေ များခဲ့ပြီ။ အမြန်ပြန်လာပေးပါတော့မောင်ရယ်...။

********

နောက်တစ်နေ့ ဆိုင်ရောက်တာနဲ့ နွယ့်ကိုအ‌ေရးတကြီးတိုင်ပင်စရာရှိလို့ လာခဲ့‌ေပးဖို့ ဖုန်းဆက်လိုက်တယ်။ နေ့လယ်လောက် နွယ်ရောက်လာတယ်။

" နွယ် လာ ငါမျှော်နေတာ "

နွယ့်ကို နုတ်ဆက်ရင်း ကြိုလိုက်တယ်။  ကျွန်မကို ကြည့်ပြီး နွယ်ကမေးတယ်။

" လဲ့ကေ ဘာဖြစ်ရပြန်လဲ "

" ထိုင်ဦးနွယ်  ငါ့မှာလည်း တိုင်ပင်စရာဆိုလို့ နင်ပဲရှိတာလေ "

" ဟုတ်ပါပြီ "

နွယ်က ပြန်ဖြေရင်း ထိုင်‌ေနကျခုံမှာထိုင်လိုက်တယ်။ 

" ငါ မနေ့က အငယ်မနဲ့ ပြဿနာတက်တယ် "

ဖြစ်ပျက်အ‌ေကြာင်းစုံ နွယ့်ကိုပြောပြလိုက်တယ်။ နွယ်ကသက်ပြင်းချရင်း 

" ငါမ‌ေပြာဘူးလား " လို့ ဖြေတယ်။

" ငါလည်းလွန်လွန်ကျူးကျူး ဘာမှမပြောပါဘူး ဘာလို့ငိုတာလဲပဲ မေးမိတာပါ  အဲဒါကို မဆိုင်တာတွေ ပြောတော့ အရမ်းဒေါသဖြစ်ပြီး ရိုက်လိုက်မိတယ် "

" ဖြစ်ရမယ် လဲ့ကေရယ် နင့်အိမ်က ဘာပြောလဲ " 

" ဆူတာပေါ့ နှစ်ယောက်လုံးအဆူခံရတယ် "

" ဟူး  ငါ့ကိုခေါ်တဲ့ ကိစ္စက "

" ငါတိုင်ပင်ချင်တာ နွယ် ငါလေ အိမ်လေးနဲ့ မြေအပိုင်လေး ရချင်တယ် ငါ့မှာ စုထားတာတော့ရှိတာပေါ့  ငါကြိုက်တဲ့နေရာလေးရရင် ငါ့မြေကွက်နှစ်ကွက် ရောင်းပစ်မယ်ဟာ  ပိုတဲ့ငွေလေးကို ငါပိုင်ဆိုင်လေး ဖွင့်ချင်တယ်  မြေဈေးတွေ ဘယ်လောက်တက်လဲသိချင်တယ်  နင်က အဲဒီဘက်အပိုင်း ပိုင်တော့  ငါ့ကိုကူညီပေးပါ "

" အဲဒါကရတယ်လဲ့ကေရဲ့ နင့်အိမ်က ရောင်းစေပါ့မလား "

" အိမ်ကမရောင်းစေချင်သေးဘူးလေ 

အိမ်ကတားမှာပဲ  ငါ့ကိုလည်းအိမ်ခွဲနေစေမှာမဟုတ်ဘူး ဒါကြောင့် နင့်ကို တိတ်တိတ် တိုင်ပင်တာပေါ့ "

" အင်းပါ ငါစုံစမ်းလိုက်မယ် နင့်ကိုအချိန်တော့ယူစေချင်တယ်  နင်ကြိုက်တဲ့နေရာတွေ့ပြီဆိုမှ  ငါတို့ ရောင်းဖို့စဉ်းစားကြတာပေါ့ "

" အေးပါဟာ အငယ်မနဲ့ငါက ဆက်ပြီး အတူနေဖို့ အဆင်မပြေနိုင်ဘူး  နောက်ပြီး အိမ်ခွဲနေမယ်ဆို မေမေက သူတို့သဘောတူတဲ့သူနဲ့ အိမ်ထောင်ပြုရမယ်တဲ့ ငါက မောင့်ကိုပဲ ချစ်တာလေ "

"နင့်မောင်ကရော အခုလိုတွေဖြစ်တော့ ဘာပြောလဲ "

နွယ့်အမေးကို ကျွန်မခေါင်းခါပြလိုက်တယ်။ 

" မောင်မသိဘူး မောင်နဲ့ငါ အဆက်ပြတ်နေတာ လေးလ၀န်းကျင်ရှိပြီ အဲဒီအတောအတွင်း ဖြစ်လိုက်တဲ့ ပြဿနာတွေက  သူ့ကိုဖုန်းခေါ်လဲ မကိုင်ဘူး ငါ့ဆီလည်း မဆက်ဘူး "

" နင်တို့ဟာကလည်း စိတ်ညစ်စရာဟာ နင့်လူက ဘာလို့အဆက်သွယ်ပြတ်နေရတာလဲ မဟုတ်သေးပါဘူး  မမဟေမာန်ကိုကော  မေးမကြည့်ဘူးလား "

" ဟင့်အင်း မမေးဘူးနွယ်  မမေးချင်ပါဘူး "

" အင်းပါ နင် စိတ်မညစ်နေနဲ့ အားလုံးအဆင်ပြေသွားမှာပါဟာ "

ကျွန်မလက်ကို ဆုပ်ကိုင်ပြီး နွယ်ကအားပေးတယ်။  ကျွန်မဘာပဲဖြစ်ဖြစ် နွယ့်ကို ပြုံးပြီးခေါင်းညိတ်ပြလိုက်တယ်။

" နွယ် မြေဈေးအခြေနေသိရင် ငါ့ကိုဖုန်းဆက်ပါနော် "

" အေးပါ စိတ်ချ နင်အဲဒီဘက်မှာ အိမ်ဆောက်ပါလား အခု အဲဒီမှာ စည်စပြုနေပြီ  သူဌေးတွေက အဲဒီဘက်ပဲ မြေစု၀ယ်နေတာ ငါဆိုလိုတာကွာ တစ်ကွက်ကိုအိမ်ဆောက်  ၊ တစ်ကွက်ကိုရောင်း အဲလိုပြောတာ "

" အင်း အဲဒါတော့ အခြေနေကြည့်ကြတာပေါ့ဟာ ငါက မေမေတို့နဲ့မနီးမဝေးမှာ နေချင်တာ မေမေတို့ကအသက်ကြီးနေပြီလေ  နေထိုင်မကောင်းရင် ပြုစုဖို့က ငါတို့သားသမီးတွေပဲရှိတာမဟုတ်လား "

" အင်းပါနွယ် ငါပြန်မယ် ည‌ေနဆို  ငါကမအားတော့ဘူး အိမ်မှာ အကုန်လုံးက အိမ်ကွဲကုန်တော့ ငါပဲလုပ်မယ့်လူရှိတာ မေမေက ဒူးအမြဲနာနေတော့ အထိုင်ထမကောင်းဘူးလဲ့ကေရဲ့ အဲဒါကြောင့်  အိမ်အလုပ်ကို မလုပ်စေဘဲ ထားရတာ ငါလစ်ရင် လစ်သလို ထထလုပ်တတ်လွန်းလို့ "

" အေးပါ နွယ်ရယ် အားတာနဲ့ ငါ့ဆီခဏခဏလာနော် "

နုတ်ဆက်ပြန်သွားတဲ့ နွယ့်ကို ကြည့်ပြီး

ကျွန်မစိတ်ထဲ မွန်းကြပ်‌ေနတာတွေ  ခဏတော့ သက်သာသွားရတယ်။ ဆိုင်သိမ်းပြီး အိမ်ပြန်တော့ မောင့်ကို ကျွန်မလွမ်းမိသေးတယ်။  ရက်စက်လိုက်တာမောင်ရယ်လို့ ရင်ဘတ်ထဲက နာနာကျင်ကျင်ညည်း‌ေနမိတယ်။ မောင့်ကိုလွမ်းတိုင်း မျက်၀န်းမှာ မျက်ရည်တွေဝေနေရတယ်မောင်။

      *************


rate now: