ချိန်းဆိုထားတဲ့ စနေနေ့
ရောက်လာတဲ့အခါ
Hu Lei ဟာ မနက်စောစောမထခဲ့ဘူး....။
ဖိတ်ကြားထားတဲ့အရာအတွက် သူမဟာ
အရမ်းကြီးသတိလဲထားမနေဘူး......။
စနေ တနင်္ဂနွေ နားရက်အတွက်
သူမရဲ့ အစီအစဥ်ဟာရိုးရှင်းတယ်....
စောစောမထပဲအိပ်မယ်....
တစ်နေကုန် သူမမြတ်နိုးရတဲ့
စာအုပ်လေးတွေဖတ်ရင်း
အချိန်ကုန်ဆုံးမယ်....။
သူမနေနေကျပုံစံအတိုင်း နားရက်မှာ
သူမနေချင်လို့ရတယ်.....
သူမအမေရဲ့ဖိတ်ခေါ် ထားမှုကို
မသွားပဲ ငြင်းဆန်လို့ရတယ်.....။
ဒါပေမယ့် သူမအမေရဲ့ မိသားစုအသစ်ကို
သူမ တွေ့ချင်နေမိတယ်......။
နေ့လည်ခင်းကို ရောက်ခါနီးမှာတော့
သူမ ငှားထားတဲ့ အငှားယာဥ်ဟာ
Supremeမြို့ကြီးရဲ့ လူချမ်းသာတွေနေတဲ့
ရပ်ကွက်ကို မောင်းနှင်နေခဲ့တယ်.....။
သူမ အမေပေးထားတဲ့ လိပ်စာ
ရှေ့ရောက်တော့ ဒရိုင်ဘာဟာ
ကားရပ်လိုက်တယ်.....။
မြင်နေရတဲ့ အိမ်ကြီးကိုကြည့်ရင်း
သူမအမေဟာ လူရွေးတော်ကြောင်း
အသိအမှတ်ပြုတဲ့အနေနဲ့
သူမ ခေါင်းငြိမ့်မိလိုက်တယ်......။
အနည်းဆုံး ဒီလိုကြွယ်ဝ
ချမ်းသာမှုတွေကြောင့်သူမတို့ကိုထားပြီး
ထွက်သွားတာပဲဟာ....
သူအဆင်ပြေနေမှာပေါ့လေ.......။
သူမရဲ့ သူငယ်ချင်းဟောင်းတစ်ယောက်
ပြောပြခဲ့ဖူးတာကတော့ Relationshipတစ်ခုတည်ဆောက်တဲ့အခါ တစ်ဖက်က
ရုပ်ဆိုးလို့ဒါမှမဟုတ် ဆင်းရဲလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စပြီးထွက်ခွာသွားတာက အဆိုးဆုံးတွေဖြစ်ပျက်ဖို့ အကြောင်း
ဖန်တီးမှုတွေရဲ့ စတင်ရာပဲတဲ့.....။
French ကအရူးတစ်ယောက်ရဲ့
မေးခွန်းပေါင်းများစွာနဲ့အရာတွေ
ပြောနေတာကို သူမကနားမလည်နိုင်ပေမယ့်
လက်ခံပေးနိုင်ခဲ့တယ်.......။
အချစ်နဲ့ပတ်သက်လာရင်
ရူးတဲ့အထိချစ်ကြသလို.....
ကြွယ်ဝချမ်းသာမှုကိုတွေ့ကြုံရရင်လည်း
အချစ်ဆိုတာ အလကားပါပဲ.......။
ဂိတ်က လုံခြုံရေးဟာ သူမရဲ့အငှားယာဥ်ကို
ရပ်ခိုင်းရင်း သူမထိုင်နေရာက တံခါးကို
လာခေါက်တယ်.....။
သူမဟာ ကားမှန်ကိုချရင်း
လုံခြုံရေးကို ချိုသာစွာပဲပြုံးပြလိုက်တယ်...။
"Good Afternoon, ကျွန်မဒီကို
brunch အတွက်လာတာပါ...."
" ကျေးဇူးပြုပီး
မင်းရဲ့ ဖိတ်စာပြနိုင်မလား?... "
လုံခြုံရေးဟာ မျက်မှောင်ကြုပ်ရင်း
သူမကို ကြည့်နေရင်းပြောတယ်.....။
" Brunch အတွက်လာတာ
ဖိတ်စာလိုအပ်တာလား? ...."
Hu Lei ဟာ စိတ်ရှုပ်ပြီး ပြန်မေးလိုက်တယ်..။
တောက်ပရွှန်းလဲ့နေတဲ့ မျက်ဝန်းတစ်စုံကို
ကြည့်ရင်း လုံခြုံရေးဟာ တံခါးကိုချက်ချင်းပဲ
ဖွင့်ပေးချင်စိတ်တွေ ပေါ် လာမိတယ်....။
ဒါပေမယ့်လည်း သူအလုပ်လုပ်ခဲ့တဲ့
ကာလတစ်လျှောက်လုံး ဒီအိမ်တော်ကို
လာတဲ့ အရေးပါသူတော်တော်များများ
ကို သူမှတ်မိတယ်....။
ဒီသာမာန်လှည့်စားတတ်တဲ့မိန်းကလေးရဲ့
လှည့်ကွက်မှာတော့ သူအရူးလုပ်မခံနိုင်ဘူး..။
သူမကို ဒီမှာသူမမြင်ခဲ့ဖူးဘူး....။
သနားစရာ Hu Lei ကတော့
သူမအပေါ် အထင်သေးစွာတွေးနေတဲ့
လုံခြုံရေးရဲ့စိတ်ကို မရိပ်မိခဲ့ဘူး....။
တရားဝင်ဖိတ်ကြားတဲ့ ဖိတ်စာနဲ့
ပတ်သက်လို့ သူမအမေက သူမကို
ဘာမှမပြောခဲ့တဲ့အတွက်
စိတ်ရှုပ်ထွေးလာတယ်.....။
သူမဟာ ဒီကိုမနက်စာ လာစားရင်း
အမေ့ရဲ့ မိသားစုအသစ်ကိုပဲ
တွေ့ရမယ်လို့တွေးထားခဲ့တာ.....။
"တကယ်လို့မင်းမှာ ဖိတ်စာမပါဘူးဆိုရင်
ငါတို့သက်ဆိုင်ရာကို မခေါ်ခင်
မင်းလှည့်ပြန်သွားတာ ကောင်းမယ်
မိန်းကလေး......"
Hu Lei ဟာ အခုအခြေအနေအရ
သူမကို စော်ကားခံရသလို
ဒေါသတွေထွက်လာပေမယ်လည်း
စိတ်အေးအေးထားဖို့ ဆုံးဖြတ်လိုက်တယ်...။
လုံခြုံရေးပြောတဲ့ ပြန်လှည့်သွားဖို့ဆိုတာကို
သူမက တွေးတောင်မတွေးဘူး....။
သူမအမေ့ရဲ့ဘဝအသစ်ကို
ကိုယ်တိုင်တွေ့မြင်ရမယ့် အခွင့်အရေးကို
သူမ လက်လွှတ်မခံနိုင်ဘူး.....။
" ကျွန်မကို မနေ့က Miss Lu Liang
ကိုယ်တိုင်ဖိတ်ထားတာ....
ကျေးဇူးပြုပြီးသူမနဲ့ပြောကြည့်လိုက်ပါ..."
လုံခြုံရေးဟာ မျက်မှောင်ပိုကြုပ်လာတယ်။
" အကယ်၍ အချိန်တိုင်းဒီကိုလာတဲ့
လူတိုင်းအတွက် မဒမ် Murong ကို
ခေါ် ပေးနေရရင် ငါတို့မှာ တခြား
လုပ်စရာအလုပ်ဆိုတာ ရှိတော့မှာမဟုတ်ဘူး"
လုံခြုံရေးဟာ နည်းနည်း
စည်းကျော်နေပြီလို့သူမ ထင်တယ်....။
လုံခြုံရေးဟာလဲ အပိုတွေပြောနေတာ
မဟုတ်ဘူး.....
သူတို့ သခင်မအသစ်ရဲ့ ဆွေမျိုးတွေ
သူငယ်ချင်းဟောင်းတွေဟာ အကူအညီ
လိုအပ်တိုင်း ဒီအိမ်ကိုလာလေ့ရှိတာမလို့
သူတို့ သခင်က အရှုပ်ထုတ်တွေမဝင်အောင်
အမြဲသတိထား ရှောင်ရှားခိုင်းထားတာ...
ဒါဟာ သူတို့ရဲ့ တာဝန်ပဲ.....။
Hu Lei ဟာ အကျိုးမရှိတဲ့လူနဲ့
အချိန်အကြာကြီး မငြင်းချင်တော့ဘူး...။
ကောင်းကင်ကြီးပြိုကျလာပြီး
သူ့ကိုဖိလို့ အမဲသားအစာသွပ်မုန့်လို
ဖြစ်သွားရင်တောင် သူ့စိတ်ကို
ပြောင်းမယ့်ပုံ မပေါ် ဘူး......။
ဒါကြောင့်မလို့ ဒီအိမ်ကြီးရဲ့ သခင်မ
သူမအမေဖြစ်သူကိုပဲ ဖုန်းခေါ် ဖို့
ဆုံးဖြတ်လိုက်တယ်......... ။
"Madam Murong.....
ရှင်ဟာ ရှင့်ဧည့်သည်ကို
ကောင်းကောင်းမဆက်ဆံတတ်ဘူးနဲ့
တူတယ်......"
သူမဟာ စိတ်ဆိုးနေတဲ့အသံနဲ့ပဲ
ပြောလိုက်တော့တယ်.....။
အမေ့နဲ့စကားအနည်းငယ်ပြောပြီး
နောက်ဆုံးတော့ သူမအတွက်တံခါး
ဖွင့်ပေးလာတယ်....
ဒါပေမယ့်လည်း သူမရဲ့အငှားယာဥ်ကို
အထဲကိုဝင်ဖို့ခွင့်မပြုခဲ့ဘူး....။
အငှားယာဥ်ဟာ အဆင့်အတန်းမြင့်
ကောင်းမွန်တဲ့အထဲက ဖြစ်ပေမယ့်လည်း
လုံခြုံရေးဟာ public အငှားယာဥ်တွေကို
အထဲဝင်ဖို့ တားမြစ်ထားကြောင်းပြောတယ်။
Hu Lei ဟာ ကားထဲက
ခါးခါးသီးသီးထွက်လာလိုက်တယ်....
ဒါဟာလုံးဝကို စိတ်ပျက်ဖို့ကောင်းတယ်..။
သူမ ကားကိုဘယ်လိုမောင်းရမလဲမသိဘူး..။
ဒါကြောင့်သူဟာ သွားလာရေးအတွက်
အငှားယာဥ်တွေပဲ အမြဲငှားပြီးသွားတယ်...။
သူမဟာ မကောင်းတဲ့လုံခြုံရေးကို
စူးစိုက်ကြည့်ရင်း အထဲကိုဝင်လာလိုက်တယ်။
ကံကောင်းစွာနဲ့ပဲ သူမဒီနေ့စီးလာတဲ့ဖိနပ်ဟာ
လမ်းလျှောက်ဖို့အဆင်ပြေနေခဲ့တယ်....
မဟုတ်ရင် ဂိတ်ကနေအိမ်ကြီးထိ
လျှောက်ရင်း သူမခြေထောက်တွေ
ပျက်စီးသွားကုန်လိမ့်မယ်.......။
TBC.......