တစ်ပတ်ကြာသွားတဲ့အထိ
လက်ထောက် Chen ဟာ Hu Leiစီကို
မဆက်သွယ်လာခဲ့ဘူး....
သူမကိုယ့်ကို ယုံကြည်မှုတွေ
ပျောက်ဆုံးချင်လာတယ်....။
သူမကိုယ်တိုင်လဲ အလုပ်ချက်ချင်းရဖို့
မမျှော်လင့်ထားခဲ့ပါဘူး....။
သူမရဲ့လုပ်နိုင်စွမ်းက
မလုံလောက်သေးတာ သူမ သိတယ်...။
ထပ်ပေါင်းထည့်ရမယ်ဆိုရင်
သူမမှာ တခြားလုပ်စရာ ကိစ္စတွေ
အများကြီးရှိသေးတယ်....။
အကယ်၍ Etude Technologies မှာ
သူမအလုပ်မရခဲ့ရင် သူမ
သေသွားမှာတော့မဟုတ်ပါဘူး....။
အနည်းငယ် စိတ်ဆိုးမယ် ....
စိတ်မကောင်းဖြစ်မယ်.... ပြီးရင်တော့
သူမဘဝကို သူမရှင်သန်နေရအုံးမှာပဲ...။
ဖုန်းသံကရုတ်တရက်မြည်လာတဲ့အခါ
သူမရုတ်တရက် စိတ်လှုပ်ရှားမှုနဲ့
ထခုန်လိုက်မိတယ်....
စိတ်မကောင်းစွာနဲ့ပဲ ခေါ် ဆိုသူဟာ
လက်ထောက် Chen လဲမဟုတ်သလို
ဟိုမုန်းချင်စရာကောင်းတဲ့လူလဲ
မဟုတ်ဘူး.....။
"ဟယ်လို အမေ....."
သူမဖုန်းကို စိတ်မပါစွာပဲကိုင်လိုက်တယ်...
" Good afternoon, Hu Lei..."
အမေဖြစ်သူဟာ ဖုန်းထဲကနေ
ယဥ်ကျေးနူးညံ့သိမ်မွေ့တဲ့အသံလေးနဲ့
ပြန်ပြောလာခဲ့တယ်....
Hu Lei အတွက်တော့ အဲ့အသံဟာ
ကျွမ်းဝင်ရင်းနှီးမှုမရှိပဲ သူစိမ်းဆန်တယ်... ။
တစ်ဖက်က ဖုန်းပြောနေသူဟာ သူမကို
မွေးထုတ်ပေးခဲ့တဲ့ အမေဖြစ်ပေမယ့်လည်း
သူမနဲ့ ရင်းနှီးခဲ့တာမှ မဟုတ်တာ....။
အမှန်ဆို သူမအမေနဲ့ နောက်ဆုံး
တွေ့ခဲ့တာဟာ လွန်ခဲ့တဲ့ ၇နှစ်က
ကမ္ဘာလှည့်ခရီးသွားရင်း
သူမနဲ့အဖေ ဒီမြို့ကို ခဏ
ပြန်လာခဲ့တဲ့အချိန်ပဲ....။
အဲ့အချိန်တုန်းကတော့ အဖေဟာ
အမေစိတ်ပြောင်းပြီး သူ့သမီးနဲ့
ပြန်လည်အဆင်ပြေကြဖို့
မျှော်လင့်ထားသေးတယ်.....။
စိတ်မကောင်းစွာနဲ့ပဲ အမေရဲ့နောက်ဆုံး
ဆုံးဖြတ်ချက်က အဖေ့နဲ့ကွာရှင်းပြီး
နောက်အိမ်ထောင်ပြုဖို့ ဖြစ်ခဲ့တယ်....။
" သမီးဘာကူညီပေးရမလဲ? "
Hu Lei သာ သူ့အမေနဲ့ သဘာဝကျကျ
ဘယ်လိုစကားပြန်ပြောရမလဲ မသိဘူး...
ယဥ်ယဥ်ကျေးကျေးနဲ့သာ
ပြန်မေးလိုက်မိတယ်....။
တစ်ဖက်က ပြန်မပြောခင်
ခဏတိတ်ဆိတ်သွားတယ်....
" သမီး မနက်ဖြန်အမေတို့နဲ့ မနက်စာ
အတူတူစားနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
Hu Lei အတွေးထဲမှာ
မေးခွန်းပေါင်းများစွာ ရှိနေခဲ့တယ်....။
သူမရဲ့ပထမဆုံးမေးခွန်းကတော့
မနက်စာ? သူမကလေးဘဝ
Supreme မြို့မှာအမေနဲ့အတူတူ
နေစဥ်တောင် မနက်စာ စားပွဲမှာ
အမေ့ကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး..။
နောက်တစ်ခုက သူမဟာ အမေနဲ့
မတွေ့ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ....။
ပြီးတော့ သူမဟာလဲ
နောက်အိမ်ထောင်ပြုထားခဲ့ပြီ....။
သူမနားမလည်နိုင်ပေမယ့်
နောက်ထပ်မေးခွန်းတစ်ခုမေးဖို့
ဆုံးဖြတ်လိုက်တယ်......။
"အဲ့ဒီမနက်စာအတွက်
ဘယ်သူတွေတက်ရောက်မှာလဲ? "
ဟိုဘက်က ခဏငြိမ်သက်သွားပြန်တယ်...
" Hu Lei အမေ သမီးအပေါ်
မှားခဲ့တာတွေ သိပါတယ်....
ဒါပေမယ့် အမေ သမီးနဲ့နီးစပ်မယ့်
အဆင်ပြေမယ့် ဆက်ဆံရေးတစ်ခုကို
ပြန်လိုချင်တယ်.. ..
အမေ့ရဲ့မိသားစုနဲ့ တွေ့ဆုံရင်း
အားလုံးပြန်စတင်ရအောင်....."
သူမဟာ ချိုသာစွာပဲပြောလာတယ်...
Hu Lei ဟာ အမေဖြစ်သူ
စကားတွေအပေါ်အနည်းငယ်
နာကျင်မိပေမယ့် အရေးမပါတဲ့ ကိစ္စတွေကို
သူမ အဓိက မထားတော့ဘူး....။
သူမနဲ့ အမေဟာ မနီးစပ်ကြပေမယ့်
အမေက သူ့ရဲ့မိသားစုနဲ့တော့
သူမကို နီးစပ်အဆင်ပြေစေချင်တယ်....။
ဒါကြီးနဲ့ပတ်သက်ပြီး ဘယ်တော့မှ
ပြီးဆုံးတော့မှာ မဟုတ်ဘူး....။
"အမေ့ရဲ့မိသားစုအသစ်ကို
သမီးအကြောင်းပြောပြထားတာလား? "
"အမေ့ ယောကျ်ားနဲ့ ကလေးတွေက
အမေ့ရဲ့ ပျော်ရွှင်စရာမကောင်းတဲ့
အတိတ်အကြောင်းအားလုံးသိတယ်"
အမေ့ရဲ့အသံထဲမှာ အတိတ်အကြောင်း
ပြောရင်း မလိုသံတွေပါလာတယ်...
သူမအမေဟာ အမှန်တကယ်ကို တစ်ကိုယ်ကောင်းဆန်ဆန်
ဟာသလုပ်နေတာပဲ.....
အတိတ်အကြောင်းတော့ မပြောချင်ဘူး
အတိတ်က သမီးဖြစ်သူကိုတော့
ပြန်ဆက်သွယ်လာတယ်.....
နာကျင်စရာ အတိတ်မှာ
တစ်ယောက်ထဲ နာကျင်ခဲ့ရတဲ့
သမီးဖြစ်သူကို ဂရုမစိုက်ခဲ့တဲ့အပြင်
အခုချိန်ထိ သူမဟာမပြောင်းလဲသွားဘူး....။
Hu Lei ဟာအနည်းငယ် နာကျင်သွားတယ်
ဒါပေမယ့် အမေရဲ့ သူမအပေါ်
အဆိုးရွားဆုံး တိရစ္ဆာန်လို ဆက်ဆံခဲ့တာ
ကိုတောင် ကြုံတွေ့ဖူးခဲ့တာမလို့
ဒီနာကျင်မှုကတော့ သူမအတွက်
မပြောပလောက်စရာပါပဲ.....။
စိတ်မကောင်းစွာပဲ
သူမစိတ်ထဲမှာ မျှော်လင့်မိနေတဲ့
အမေ ပြန်လာမလားဆိုတဲ့
အတွေးလေးဟာနှမ်းစေ့တစ်စေ့လို
ပျောက်ကွယ်သွားတယ်.......။
မျှော်လင့်ချက်တွေပျောက်ဆုံးသွားပြီးနောက်
သူမဟာ အများကယုံကြည်
လက်ခံထားသလိုအမေက မလိုချင်လို့
စွန့်ပစ်ခဲ့ပြီး အမေကိုယ်တိုင်မေ့ပျောက်နိုင်တဲ့
ကလေးတစ်ယောက်ပါပဲ...။
သူမရဲ့စိတ်ထဲမှာတော့
သူမကိုအထီးကျန်အောင်လုပ်ခဲ့တဲ့အတွက်
စွန့်ပစ်ခဲ့တဲ့အတွက် သူမ အမေကို
ပြန်မေးလိုက်ချင်မိတယ်.....
ပေါက်ကွဲလိုက်ချင်တယ်....။
ဒါပေမယ့် သူမပေါက်ကွဲလိုက်လို့
ရလာမယ့် အစစ်အမှန်မဟုတ်တဲ့
မေတ္တာတရားကိုလည်း သူမ မလိုချင်ဘူး။
ပြီးတော့ သူမအဖေကလည်း သူမကို
အတိတ်ကို အတိတ်မှာချန်ခဲ့ပြီး
အမေနဲ့ အဆက်အသွယ်
ပြန်လုပ်ခိုင်းစေချင်တာသူမသိတယ်....။
ဒါကြောင့်မလို့ သူမဟာ ပြောသင့်တဲ့
စကားတစ်ခွန်းပဲ ပြန်ပြောလိုက်တယ်...။
"သမီးလာခဲ့ပါမယ်...
အသေးစိတ်ကိုပို့ထားလိုက်ပါ..."
ပြောပြီးတာနဲ့ သူမဟာဖုန်းချလိုက််တယ်။
သူမရဲ့နာကျင်နေတဲ့ မျက်နှာကို
အိမ်တော်ထိန်းရဲ့ဇနီး Bai Mama ဟာ
တွေ့သွားတယ်...
Bai Mama ဟာ မျက်လုံးလေးတွေ
နီရဲရင်းနာကျင်နေတဲ့ကလေးကို
ဂရုဏာသက်စွာကြည့်လိုက်မိတယ်....
သူမ ဒီကလေးကို သိတာမကြာသေးပေမယ့်
ကလေးရဲ့ စိတ်ထားကို ခန့်မှန်းဖို့က
လွယ်ကူခဲ့တယ်.....။
Hu အိမ်တော်က သခင်နဲ့ သခင်မ
ကွာရှင်းထားကြတာ သူမ မသိခဲ့ဘူး....
ဒါပေမယ့် အတင်းပြောတော်တဲ့
သူ့ယောကျ်ားကြောင့် အတိတ်မှာ
ဖြစ်ခဲ့သမျှ သူမ သိခဲ့ရတယ်....။
ဒီကလေးမကို စောင့်ရှောက်ပေးရင်း
သူမလေးမှာရှိတဲ့ ဖြူစင်တဲ့စိတ်ထား
လေးနဲ့ ချိုသာတဲ့အပြုအမူတွေကို
တွေ့ရှိခဲ့တယ်....။
ဒါကြောင့်မလို့ သူမကတော့
ဒီကလေးမလေးဘက်မှာပဲ အမြဲ
အတူတူရပ်တည်ပေးတယ်...။
"သခင်မလေး...
ဘယ်ကိုမှသွားစရာမလိုပါဘူး..."
Bai Mamaကနူးညံ့စွာ ပြောလိုက်တယ်
"ကျွန်မသွားရမယ်...
အဲ့မိသားစုနဲ့ ကျွန်မတွေ့ရမယ်...."
အားတင်းထားတဲ့အပြုံးနဲ့ သူမက
ပြန်ဖြေခဲ့တယ်.....
Hu Lei တကယ်သိချင်မိတယ်...
မွေးခဲ့တဲ့ အမေကိုယ်တိုင် မလိုချင်လို့
စွန့်ပစ်ခံခဲ့ရတဲ့ ကလေးတွေဟာ
သူမနာကျင်သလို နာကျင်မှုခံစားရလား
ဆိုတာကို သူမ အမှန်တကယ်ပဲ
သိချင်မိပါတယ်....။
နောက်ပြီးတော့
သူမတို့ကိုစွန့်ပစ်ပြီး ထူထောင်ခဲ့တဲ့
နောက်အိမ်ထောင်နဲ့ သူမအမေ
ဘယ်လိုနေထိုင်လဲဆိုတာ မြင်ရမယ့်
အခွင့်အရေးကိုသူမ လက်မလွှတ်နိုင်ဘူး....
သူမ သွားဖြစ်အောင်ကို သွားရမယ်..... ။
TBC.....