book

Index 7

Romantic SetUp

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel

သူ့ရုံးခန်းထဲက ယုံကြည်မှုရှိရှိနဲ့

ကျက်သရေရှိစွာထွက်သွားတဲ့

ကောင်မလေးကို Zhong Feng ဟာ

လိုက်ငေးကြည့်နေမိတယ်....

သူ့ခေါင်းထဲမှာ စွဲကျန်ခဲ့တဲ့ ကောင်မလေး

ပုံရိပ်ပျက်ပြယ်စေဖို့အတွက် 

သူဟာခေါင်းခါရမ်းမိတယ်....

ဒါပေမယ့်လည်း 

သူ့နှုတ်ခမ်းများကတော့ ပြုံးနေဆဲပဲ.....။

မိမိကိုယ့်ကို ယုံကြည်မှုရှိရှိနဲ့ 

မာနကြီးသယောင်ထင်ရတဲ့ ပုံရိပ်တွေရဲ့

အရင်းအမြစ်ကဘာလဲဆိုတာ 

သူသိချင်တယ်.....


CV ကိုဖွင့်ကြည့်ပြီး သူ့မျက်လုံးများဟာ

အံဩမှုကြောင့် ပြူးကျယ်မိသွားတယ်...

Hu Lei ဟာ အသက် ၂၂ ပဲ

ရှိသေးပေမယ့်သူမမှာ ထူးချွန်မှုတွေ 

အတော်များများ ရှိတယ်....

နိုင်ငံတကာလူမှု့အကျိုးဆောင်

အဖွဲ့အစည်းတော်တော်များများနဲ့လဲ 

သူမဟာအလုပ်လုပ်ခဲ့ဖူးတယ်...။

သူမလုပ်ခဲ့ဖူးတဲ့ အလုပ်တွေနဲ့ 

အကြောင်းအရာတွေဟာ 

ဂျာနယ်ပေါင်းများစွာ...

သတင်းစာတွေထဲရော...

Website တော်တော်များများမှာ

မရေမတွက်နိုင်အောင် ရှိနေခဲ့တယ်....။

ပိုပြီး မထင်ရက်စရာကောင်းတာက

သူမဟာ ဘာသာစကားပေါင်း 

၉မျိုးတောင် ထူးချွန်စွာပြောနိုင်တယ်...။


သူဟာမျက်ခုံးပင့်ရင်း သေသေသပ်သပ်နဲ့

သူမ​ပြောခဲ့တဲ့ စကားတွေဟာ 

အပိုတစ်ခုမှ မပါကြောင်း သိလိုက်ရတယ်...။

အကယ်၍ သူမသာ ဒီအဖွဲ့အစည်းတွေမှာပဲ

ဆက်လက်လုပ်ကိုင်မယ်ဆိုရင် 

အရမ်းကိုအောင်မြင်မှုရရှိမှာ အမှန်ပါပဲ....။


အခွင်အရေးပေါင်းများစွာရှိတဲ့ သူမက

ဘာလို့များ Etude Technologies ကို

ရွေးချယ်ခဲ့လဲဆိုတာ သူစဥ်းစားလို့

မရနိုင်ခဲ့ဘူး....

ဒီ Etude Technologies ကုမ္ပဏီဟာ

ဒီနိုင်ငံရယ် Supremeမြို့ရယ်မှာ

အကြီးဆုံးဖြစ်ပေမယ့်လည်း 

သူမရဲ့ အတွေ့အကြုံအရဆို 

ကမ္ဘာကို ခြေဆန့်ဖို့အလွယ်လေး....။

ပထမတော့ သူ့အဖေဟာ သူ့လက်တွဲဖော်

ရအောင် သူမကို တွေ့ခိုင်းခဲ့တာလို့ 

သူသေချာကို ယုံကြည်ထားခဲ့မိတာ...

ဒါပေမယ့် သူမကိုတွေ့ပြီးနောက်မှာတော့

သူ့အတွေးတွေဟာ ပြောင်းလဲသွားခဲ့တယ်..။


အခုသူမရဲ့ထူးချွန်မှုကိုကြည့်ရင်း

သူ့ရဲ့ခုနက တွေးမိနေတဲ့အတွေးကို

ပြန်ရောက်သွားခဲ့တယ်....

သူ့အဖေဘက်က ဒီကိစ္စမှာ

ရိုးသားနေရင်တောင် သူ့အဖေရဲ့

သူငယ်ချင်းကလဲ အတူတူပဲလို့ 

သူမပြောနိုင်ဘူး.....။

Hu Lei နဲ့သူ့ကို အတူတူအလုပ်

လုပ်ခိုင်းတာဟာ သူတို့နှစ်ယောက်ကြား

အဆင်ပြေအောင် ကြိုးပမ်းနေတာကို

သူတပ်အပ်ပြောနိုင်တယ်... ။


သူ့စိတ်ထဲမှာတော့ မျက်လုံး

တောက်တောက်ပပနဲ့ ကောင်မလေးအကြောင်းကိုတွေးနေမိတယ်....

သူက အမြန်ပဲခေါင်းခါလိုက်မိတယ်...။

သူဟာ ချစ်စရာကောင်းတဲ့

ကြောင်ပေါက်လေး ခေါ် ဆောင်ရာကို

ဘာမှမတွေးပဲ လိုက်သွားမယ့် 

လူစားမျိုးမဟုတ်ဘူး...။

သူဟာကျန်တာဆက်မတွေးတော့ပဲ

လက်ထဲက CV ကို သူ့စားပွဲရဲ့အံဆွဲတစ်ခုထဲ

ထည့်သိမ်းလိုက်တော့တယ်...။


အကယ်၍ အဖေကသူမအကြောင်း

မေးလာခဲ့ရင် သူမနဲ့သင့်တော်တဲ့

အလုပ်နေရာမရှိသေးကြောင်းပဲ

သူပြန်ပြောလိုက်မယ်.....။

သူတို့ရဲ့ Etude Technologies မှာ 

စာရေးဆရာမတွေ မလိုအပ်​သေးသလို

ဘာသာပြန်တွေကလဲ လုံလုံလောက်လောက်

ရှိပြီး အဆင်ပြေနေသေးတယ်....။


တကယ်လို့ အဖေနဲ့ပြေလည်မှု

မရနိုင်ဘူးဆိုရင် သူမရဲ့လူအများနဲ့ 

ပေါင်းသင်းဆက်ဆံမှုအကြောင်းကို

ပြလိုက်မယ်...။

သူမရဲ့သဘောထားဟာ 

လက်မခံချင်စရာဖြစ်နေတယ်...။

Etude Technologies ဟာ

ငွေကြေးချမ်းသာပြီး ဂုဏ်သတင်းတွေ

ကျော်ကြားရုံနဲ့ လွယ်လွယ်ကူကူ

ဝင်လို့ရတဲ့ ကုမ္ပဏီတစ်ခုမဟုတ်ဘူး...။


သူ့ရဲ့အတွေးထဲမှာတော့

သူမအကြောင်းတွေးရင်းရှုပ်ထွေးနေခဲ့တယ်။


သူမရဲ့အင်တာဗျူးအပေါ် 

ဖြေခဲ့တဲ့ အဖြေတွေအတွက် အားရ

ကျေနပ်မှုပေါင်းများစွာနဲ့ Hu Lei ဟာ

အဆောက်အဦးကြီးထဲက ထွက်လာခဲ့တယ်။

အရမ်းစိတ်လှုပ်ရှားပြီး မေးခွန်းတွေ 

မဖြေနိုင်မှာလို့ သူမ ကြိုတွေးထားခဲ့ပေမယ့်

ထင်သလောက် မခက်ခဲပဲ လွယ်လွယ်ကူကူနဲ့

ပြီးဆုံးသွားခဲ့တယ်.... ။

နတ်ဆိုးဧကရာဇ်လို့ သူမကိုယ့်ဘာသာ

သတ်မှတ်လိုက်တဲ့ Mr Zhong နဲ့ 

ဆွေးနွေးစကားပြောတာကလည်း

ချောချောမွေ့မွေ့ပဲ ပြီးဆုံးသွားခဲ့တယ်...။

သူမရဲ့အဖြေအားလုံးဟာလဲ 

နောက်တခါဖြေစရာမလိုအောင်ကို

ရှင်းလင်းပြတ်သားတယ်....။

သူမရဲ့လုပ်နိုင်စွမ်း အပေါ် လဲ

သူအနည်းငယ် အံ့သြသွားသယောင်

ရှိနေတာ သူမသတိထားမိတယ်...။


လူမှု့အကျိုးဆောင်အဖွဲ့အစည်းမှာပဲ

အလုပ်လုပ်ခဲ့ဖူးတဲ့သူမအတွက် 

စီးပွားရေးအဖွဲ့အစည်းလုပ်ငန်းမှာ

နေသားတကျဖြစ်အောင် ဘယ်လို

နေရမလဲတော့ သူမ မသိသေးဘူး...။


သူမရဲ့အလုပ်အတွေ့အကြုံတွေဟာ

ကွန်ပျူတာအနောက်ကနေပဲ

တင်ပြခဲ့ရတယ်....

သူမအဖေရဲ့ ဆေးဘက်ဆိုင်ရာကိစ္စတွေ

ပြိုင်ဘက်ကင်းအောင် ကုသခြင်းများနဲ့

လူမှု့အကျိုးဆောင်အဖွဲ့အစည်းအတွက်

လိုအပ်တာတွေ စတဲ့အကြောင်းအရာတွေ

ကိုပဲ သူမဟာ တင်ပြခဲ့ရတယ်....။

အခုသူမဟာ အမှီခိုကင်းကင်းနဲ့ 

လက်တွေ့ဘဝထဲကို ကိုယ်တိုင်ဝင်ပြီး

ဒီကမ္ဘာမှာရှိတဲ့ အခွင့်အရေးတွေကို

လက်တွေ့ရှာဖွေခွင့်ရခဲ့ပြီ....။

သူမဟာ မျှော်လင့်ချက်များနဲ့ 

ပြုံးနေမိတယ်...........။


သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားကြပြီး

အလုပ်လုပ်နေကြတဲ့ ဝန်ထမ်းတိုင်းဟာ

ဆွဲဆောင်မှုတစ်မျိုးစီ ရှိကြတာကိုလည်း

သူမဝန်ခံရမယ်....။


ရုတ်တရက် သူမရဲ့စိတ်ဟာ 

အနက်ရောင် suit အပြည့်ကို

သပ်ရပ်စွာဝတ်ဆင်ထားတဲ့ 

လူတစ်ယောက်ကို ပြန်တွေးမိသွားတယ်...။

သူ့ရဲ့မျက်နှာဟာ ဘုရားသခင်က

လိုအပ်မှု တစ်စမကျန်အောင်

ပြည့်ပြည့်စုံစုံ ဖန်တီး

ထုဆစ်ပေးထားခဲ့တယ်....။

ပြီးတော့ သူ့ ခန္ဓာကိုယ်ဟာလဲ

ပြောမပြနိုင်တဲ့ ပါဝါတစ်မျိုးနဲ့ 

ကြည့်ကောင်းတယ်....။

သူ့ရဲ့အကြည့်တစ်ချက်က

သူမရဲ့ စိတ်ဝိညာဥ်အထိ 

ထိုးဖောက်သွားနိုင်အောင် စူးရှလွန်းတယ်။

သူမကိုမတည်မငြိမ် နှလုံးခုန်တဲ့အထိ

သူဟာ ပြုစားနိုင်ခဲ့တယ်.....။


သူမရဲ့အတွေးထဲက သူ့မျက်နှာ

ပျောက်ကွယ်သွားမလားအထင်နဲ့

ခေါင်းခါရမ်းမိတယ်....


သူမကိုအထင်သေးတဲ့အကြည့်နဲ့

ကြည့်ခဲ့တဲ့ နတ်ဆိုးကောင်အကြောင်း

သူမ မစဥ်းစားသင့်ဘူး.....။

သူမရဲ့ လုပ်နိုင်စွမ်းကို သူကိုယ်တိုင်

မြင်တွေ့ရမှ သူကိုယ်တိုင် သူမကို

နောက်တကြိမ် အားနာပြီး​

တောင်းပန်စေရမယ်......။


TBC....



rate now:

1 Reviews
  • reader Kim Eun Byul 15.07.2021, 11:58 5

    💞

    reply