book

Index 6

Novel Experience

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel

Hu Lei ဟာသူမကို ထိုင်ဖို့ပြောတဲ့အခါမှ 

စိတ်သက်သာရာ ရသွားတယ်...

သူမရဲ့ သူ့ကိုမျက်နှာချိုသွေးဖို့ စဥ်းစား

ထားတဲ့အတွေးတွေဟာလဲ 

သူ့ကိုအလေးမထားသူလိုပြုမူရင်း 

ပျက်စီးသွားခဲ့တယ်...

သူမအတွက်အလုပ်ကောင်းရှာပေးထားတဲ့

အဖေ့ကိုမြင်ယောင်ရင်း ကသိကအောက်

ဖြစ်စေမယ့်အခြေအနေကို ရှောင်ရှားပြီး

သူမအပေါ်ကောင်းမွန်တဲ့ ထင်မြင်ချက်ပဲ

ရအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်...


သူမကို အထင်သေးတဲ့အကြည့်နဲ့ 

ကြည့်ခဲ့တာသိပေမယ့် သူ့နဲ့တူအောင် 

စိတ်ထားသေးသိမ်သူမဖြစ်ချင်ဘူး....

သူ့ပုံစံအတိုင်းပြန်ပြုမူရင် သူမလဲ 

ဘာကွာခြားတော့မှာလဲ....


"Miss Hu, 

မင်းသိထားတဲ့အတိုင်းပဲ မင်းက

ဒီမှာ အထူးပုဂ္ဂိုလ်အနေနဲ့ ရောက်လာတာ...

ကိုယ့်အဖေရဲ့ စကားကို

မငြင်းဆန်နိုင်ခဲ့ပေမယ့် မင်းလုပ်ရမယ့်

အလုပ်ကတော့ မင်းရဲ့လုပ်နိုင်စွမ်း

အပေါ် မှာပဲမူတည်တယ်...

မင်းဒီမှာရှိနေသမျှကာလပတ်လုံး 

ကိုယ့်တာဝန်အရတော့ 

ကြည့်ရှုစောင့်ရှောက်ပေးမှာပါ....

ဒါပေမယ့် မင်းနေရာဝင်လျှောက်ပြီး

မရခဲ့သူတွေရဲ့ မျှော်လင့်ချက်တွေအတွက်

မင်းက ပိုပြီးကောင်းအောင်

လုပ်ပေးနိုင်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်....

Mr Zhong ဟာ အေးစက်စက်နဲ့ပဲ 

သူမကိုပြောနေခဲ့တယ်...


Hu Lei ဟာ ဒီအ​ခြေအနေကို

မရိပ်မိဘူးဆိုရင် သူမညံ့ဖျင်းရာ 

ရောက်တာပေါ့...

ဒီသူမရှေ့က Mr Zhong ဆိုတဲ့သူဟာ

သူမအဖေရဲ့သူငယ်ချင်းဆိုသူ မဟုတ်ပဲ

အဖေ့သူငယ်ချင်းရဲ့သားပဲ...

သူမလုပ်ရမယ့်နေရာအတွက် သူဟာ

အတင်းအကျပ်စီစဥ်ပေးနေတာပဲ...

သူမကို သူ့အလုပ်တွက်မလိုဘူးလို့

သူဟာ သိသိသာသာကြီး

တွေးနေတာတော့ မဟုတ်ဘူးမလား?

သူမငိုချင်လာတယ်....

သူမကိုယ်တိုင်လဲ ဒီမှာမလုပ်ချင်ပါဘူး..

သူမမှာတခြားအလုပ်ရှိသလို 

ငွေဆိုတာလဲအများအပြားရှိတယ်...

ဒါပေမယ့်လည်း အဖေ့ရဲ့စေတနာအပေါ်

သူမစိတ်မပျက်စေချင်ဘူး...


"ကျွန်မနားလည်ပါတယ် Mr Zhong.

ကျွန်မကိုယ်တိုင်ကလဲ အဆင်မပြေ ကသိကအောက် မဖြစ်စေချင်ပါဘူး...

ဒါပေမယ့်လည်းကျွန်မက 

အကူအညီတစ်ချို့ပေးနိုင်ပါတယ်...

ကျွန်မမှာ အချိန်အကန့်အသတ်ရှိတာ

သိပေမယ့်အထောက်အကူတစ်ချို့ 

ပြုနိုင်ပါတယ်...."


Hu Lei ဟာသူမအကူအညီတစ်ချို့

ပေးနိုင်ကြောင်းဖြေတဲ့အဖြေအပေါ်

ကျေနပ်အားရမှုရှိတယ်...

သူမရဲ့ မျက်ဝန်းလေးတွေဟာ 

ရှေ့က သူဌေးဖြစ်လာမဲ့သူကို

ရှင်းလင်းတောက်ပစွာ ငေးကြည့်နေခဲ့တယ်...

ဒါပေမယ့် သူ့မျက်ဝန်းထဲမှာမနှစ်မြို့မှုတွေ

မတွေ့ရတော့ပဲ ထူးဆန်းစွာနဲ့ သဘောကျတဲ့

အရိပ်အယောင်တွေကို တွေ့လိုက်ရတယ်...


Zhong Feng ဟာခုကြုံတွေ့နေရသလိုမျိုး

အရင်က မဖြစ်ခဲ့ဖူးဘူး...

ဒီမိန်းကလေးငယ်ဟာ ဒီမှာအလုပ်ဝင်ဖို့

အတွက်လာခဲ့တာဖြစ်ပေမယ့် 

သူမပုံစံဟာ မထီမဲ့မြင်ပုံပေမယ့်

အလုပ်နဲ့ပတ်သက်လာရင်​တော့ 

တက်ကြွနေတယ်...

ဒီမိန်းကလေးဟာ ဘယ်လိုအမျိုးအစားလဲ

သူမခန့်မှန်းတတ်တော့ဘူး....

သူမက အလိုလိုက်ခံထားရတဲ့ 

ကလေးနဲ့လဲ မတူနေပြန်ဘူး...

အထူးသဖြင့် ယုံကြည်မှုရှိရှိ

စကားပြောတဲ့အခါမှာ သူမမျက်ဝန်းတွေဟာ

တလက်လက်တောက်ပနေခဲ့တယ်...

နောက်တကြိမ် ထပ်ပြီးတော့ 

သူမကိုဘာအဖြေပေးရမလဲ

ဆိုတာ သူမစဥ်းစားတတ်တော့ဘူး...


"မင်းဘယ်လိုအကူအညိီမျိုး

ပေးနိုင်တာလဲ Miss Hu? "


" ကျွန်မနားလည်ထားသလောက်ကတော့

Etude Technologies ဟာ software နဲ့ hardware ထုတ်ကုန်တွေကို နိုင်ငံတကာကို

ချဲ့ထွင် တင်သွင်းဖို့ လုပ်နေတာသိထားတယ်.

ကျွန်မရဲ့ ကမ္ဘာလှည့်ခရီးသွားထားခြင်းကနေ

ရှင်အကျိုးအမြတ်ရနိုင်ပါတယ်...

ကျွန်မ ဘာသာစကားအမျိုးမျိုး 

ပြောနိုင်တယ်... ပြီးတော့ နိုင်ငံပေါင်းစုံရဲ့

ယဥ်ကျေးမှုတွေကိုလည်း သိသေးတယ်..

နည်းပညာပိုင်းနဲ့ပတ်သက်ပြီးလဲ 

အနည်းငယ် သိထားတယ်..."

သူမဟာ ခဏရပ်ပြီး အလေးအနက်

တွေးတောစဥ်းစားရင်းဆက်ပြောတယ်...


"အင်း...ကျွန်မက ထူးခြားတဲ့စာရေးဆရာမ

တစ်ယောက်လဲဖြစ်တယ်..ဒါပေမယ့် 

အပြန်အလှန်အကျိုးသက်ရောက်မှု

ရှိမှ ပါဝင်ရတာကိုကြိုက်တယ်..."


သူမရဲ့အကြောင်းကိုတင်ပြနေတဲ့အချိန်

သူ့ရဲ့အေးစက်စက်အကြည့်က 

သူမမျက်နှာအပေါ် မှာပဲရှိနေခဲ့တယ်...

သူမပြောနေတာတွေက အပိုတွေ

ပြောနေတာနဲ့ မတူဘူး....

အမှန်တရားတွေကို ယုံကြည်မှုရှိရှိ

ပြောနေသလိုပဲ...

သူ့ရဲ့မျက်တောင်မခပ်စိုက်ကြည့်နေတာကို

သူမသတိထားမိသွားတဲ့အခါမှာ...

သူမကိုစေ့စေ့စပ်စပ် စစ်ဆေးနေတာကို

သိသွားပြီး စိတ်ရှုပ်ထွေးမှုနဲ့ ခေါင်းကို 

အနည်းငယ်ခါရင်း ပြန်ကြည့်လာတယ်...

ရုတ်တရက် သူ့ရဲ့နှလုံးသားဟာ အနည်းငယ်

ပိုပြီးမြန်ဆန်လာတာကို ခံစားမိသွားတယ်...

အချိန်ခဏလေးအတွင်း...

သူဟာ သူ့မရဲ့မျက်ဝန်းအကြည့်တွေထဲမှာ

ပျော်ဝင်မ်ိသွားတယ်.....

သူဟာလည်ချောင်းတွေ ခြောက်သွေ့လာခဲ့ပြီး

သူမဟာ ဘုရားသခင်ရဲ့ပြီးပြည့်စုံတဲ့

ဖန်တီးမှုတစ်ခုအဖြစ်

ခံစားတွေ့မြင်လာတယ်...


လူငယ်တစ်ယောက်အနေနဲ့ 

သူ့ရဲ့စိတ်ထဲမှာတွေးမိနေတာတွေကို

သတိထားမိပြီး တစ်ဖက်ကို 

အားနာမိသွားတယ်....

မိန်းကလေးအားလုံး ကြွေဆင်းနေရတဲ့

စီးပွားရေးလုပ်ငန်းရှင် လူငယ်လေး

တစ်ယောက်အနေနဲ့ သူဟာ များစွာသော

လှပတဲ့လိပ်ပြာလေးတွေကြား 

အန္တရာယ်ရှိသော အခြေအနေမျိုးတွေ

သူကြုံဖူးတယ်....

ရေတွက်လို့မရနိုင်တဲ့ မိန်းမပျိုတွေဟာလဲ 

သူ့ကိုချည်းကပ်ခဲ့ဖူးတယ်...

ဒါပေမယ့် သူဟာအဲ့အခြေအနေတွေကြားက

အမြဲ လွတ်မြောက်နိုင်ခဲ့တယ်....

သူ့ဘဝတစ်ခုလုံးကို သတိရှိရှိ 

နိုးကြားစွာနဲ့ဖြတ်သန်းခဲ့တယ်....

ထိန်းချုပ်နိုင်ခဲ့တယ်....

ဒါ့အပြင် သူဟာအခုခံစားနေရတဲ့

ခံစားချက်တွေကို ဘယ်တုန်းကမှ 

မခံစားခဲ့ရဖူးသေးဘူး....


သို့ပေမယ့် အခုခံစားနေရတဲ့ 

ခံစားချက်အသစ်တွေကိုလည်း 

သူဟာမငြင်းနိုင်ဘူး....

ဒါဟာ သူ့အတွက်လုံးဝ 

အသစ်လိုဖြစ်နေတယ်....

သူ့ရဲ့နှလုံးသားဟာ ပိုမိုမြန်ဆန်လာခဲ့ပြီး

ရှေ့ကကောင်မလေးကို 

အပိုင်ရယူချင်လာတယ်....

သူမကို ဖမ်းချုပ်ထားပြီး ဘယ်သူ့မှ မရှိတဲ့

နေရာမှာပဲ ဝှက်ထားချင်တယ်...


သူဟာ တွေးနေမိတဲ့ထူးဆန်းတဲ့ 

အတွေးတွေကြောင့် စိတ်ရှုပ်ထွေးလာခဲ့တယ်.


သူဟာ အဖေ့ရဲ့ချိတ်ဆက်ပေးမှုကို

လက်ခံခဲ့ပေမယ့် သူထင်ထားတဲ့

မိန်းကလေးပုံစံမျိုးဟာ ယုံကြည်

အားထားရပြီး ရင့်ကျက်တည်ငြိမ်တဲ့

မိန်းကလေးပုံစံမျိုးလို့ တွေးထင်ထားမိတာ....

စီးပွားရေးမှာ အောင်မြင်တဲ့လူငယ်

တစ်ယောက်အတွက် အောင်မြင်မှုကို 

သူအလေးထားဆုံးပါပဲ...

အခုတော့ ရှေ့ကကြောင်ပေါက်လေးလို

မိန်းကလေးကိုကြည့်ရင်း....

သူစိတ်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်

ပြုံးလိုက်မိရင်းခေါင်းခါရမ်းမိတယ်....

သူဘာလို့များ ဒီအထိတွေးမိနေတာလဲလေ?

သူမဟာ သူ့ရဲ့သက်ဆိုင်သူမှ 

ဖြစ်မလာခဲ့သေးပဲ.....။


သူမရဲ့ရှုပ်ထွေးတဲ့မျက်နှာလေးကိုကြည့်ရင်း

သူမဖော်ပြတတ်တဲ့ ခံစားချက်တွေ

ခံစားမိလာတယ်......။

မလိုအပ်ပဲ လည်ချောင်းကို 

နောက်တစ်ခါဟန့်လိုက်မိတယ်.......။


သူနောက်ထပ် ဘာမှမတွေးမိခင်

ဒီအခြေအနေက ရုန်းထွက်ဖို့လိုတယ်....


"ကိုယ့်ကို မင်းရဲ့ CV ပြနိုင်မလား?"

သူ မေးလိုက်တယ်....


သူမဟာ အိတ်ထဲက အသစ်စက်စက်

စာအိတ်ကို ထုတ်ယူရင်း သူ့ကို

ပေးလိုက်တယ်...။


" မင်းသွားလို့ရပါပြီ Miss Hu...

ကိုယ်ဆုံးဖြတ်ချက်ချပြီးတဲ့ အချိန်

လက်ထောက် Chen က မင်းကို

ဆက်သွယ်လာလိမ့်မယ်...."


သူဟာ သူမကိုသွားခိုင်းလိုက်တော့တယ် ။



TBC....



rate now:

2 Reviews
  • reader Kim Eun Byul 15.07.2021, 11:57 5

    🥰

    reply

  • reader Kim Eun Byul 15.07.2021, 11:57 5

    စောင့်နေပါတယ်ရှင်

    reply