Zhong Feng ဟာသူ့ရဲ့မနက်ခင်း
အစည်းအဝေးကို မကြည့်နိုင်တော့ဘူး
သူ့အချိန်ဇယားဟာ အပြည့်ဖြစ်နေပြီး
အရေးမကြီးသူတွေအတွက် သူအချိန်
မပေးနိုင်တော့ဘူး...
ဒါပေမယ့်လည်း ဒီအင်တာဗျူးကို
ကိုယ်တိုင်ပဲ စီမံခန့်ခွဲဖို့ အဖေက သူ့ကို
အလေးအနက်တောင်းဆိုထားတယ်...
အဖေရဲ့တောင်းဆိုမှုတွေကို စိတ်ရှုပ်ပေမယ့်လည်း သူအမြဲတမ်း မငြင်းနိုင်ပဲ
လက်ခံခဲ့ပါတယ်....
သူ့အဖေထပ်ကာ ထပ်ကာ
ပြောဆိုထားတဲ့ အင်တာဗျူးဖြစ်တဲ့
အတွက် သူအရမ်းကို
မျှော်လင့်ထားမိပါတယ်....
သို့ပေမယ့်လည်း ကိုယ်လုံးကိုယ်ပေါက်
ကျစ်လျစ်ပြီး နတ်သမီးလိုလှပတဲ့
မိန်းကလေးတစ်ယောက် သူ့ရုံးခန်း
တံခါးကနေဝင်လာချိန်မှာတော့
သူ့ရဲ့ကြိုတင်မျှော်လင့်ထားသမျှ
ပျက်စီးသွားခဲ့တယ်...
စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေနဲ့
သူဟာ ရုပ်ရည်အပေါ်သူအရေးမထားခဲ့ပါဘူး
ဒါပေမယ့် သေသေသပ်သပ်နဲ့ ဖြည်းဖြည်း
မှန်မှန်လှမ်းလာတဲ့ မိန်းကလေးကို
သူလျစ်လျူမရှူနိုင်ခဲ့ဘူး....
သူမဟာ ကျယ်ဝန်းသောအခန်းကျယ်ထဲမှာ
ပျောက်ကွယ်သွားမလိုပဲ....
ဒါ့အပြင် သူမစီမှာ မသေချာမရေရာမှုတွေ
တွန့်ဆုတ်ခြင်းတွေကို မြင်နေရတယ်...
ပြန်ထွက်သွားတော့မလို မသေချာပဲ
ဖြည်းဖြည်းချင်းလှမ်းလာနေတဲ့
မိန်းကလေးကို ကြည့်ရင်း
သူမျက်မှောင်ကြုပ်မိလိုက်တယ်....
သူ့ရဲ့မျက်ဝန်းတွေဟာ မိန်းကလေးစီကိုပဲ
စိုက်ကြည့်နေမိတယ်....
သူမ မျက်နှာပေါ် က ငယ်ရွယ်မှုတွေဟာ
သူခန့်မှန်းထားတာနဲ့ အများကြီး
ကွာခြားနေတယ်...
သူမကို ပိုပြီးအတိအကျဖော်ပြရမယ်ဆိုရင်
ချစ်စရာကောင်းတဲ့ ဘက်ကိုရောက်တယ်
မျက်ဝန်းလေးတွေဟာ တောက်ပပြီးကြည်လင်တယ်....
သေးငယ်ပြီးလှပတဲ့ နှာခေါင်းရယ်
ပန်းနုရောင်နှုတ်ခမ်းပါးလေးနဲ့
သူမဟာ အရုပ်မလေးတစ်ရုပ်နဲ့ တူတယ်
အရင်က အဖေသူ့နဲ့ချိတ်ပေးချင်ခဲ့တဲ့
ရေတွက်လို့မရတဲ့ မိန်းကလေး
ပေါင်းများစွာနဲ့ ဒီကောင်မလေးဟာ မတူဘူး..
အဖေက ရိုမန့်တစ်ဆန်တာတွေ
ကြိုက်တော့ လှပပြီး မိမိအလှမှာယုံကြည်မှု
ရှိတဲ့ အရပ်မြင့်မြင့်ကောင်မလေးတွေ ပိုသဘောကျပြီး သူ့အတွက်စီစဥ်ပေးတယ်..
ဒီကောင်မလေးက ယဥ်ကျေးသိမ်မွေ့ပြီး
ခေတ်ဆန်ဆန် professionalကျကျ မိန်းကလေးအုပ်စုထဲလဲ မပါဘူး...
သူ့ရဲ့အဖေဟာ သူမရဲ့အဖေအပေါ်
ကျေးဇူးကြွေးရှိခဲ့ဖူးတာမလို့ သူဒီကောင်မလေးကို ဂရုစိုက်ပေးပြီး
စောင့်ရှောက်ပေးဖို့ မှာထားတယ်...
ပထမတော့ ဒီကောင်မလေးဟာလဲ
သူ့အတွက်အဖေစီစဥ်တဲ့သူတွေထဲက
တစ်ယောက်လို့သူတွေးခဲ့တယ်...
သိုပေမယ့် အရှေ့က ယုန်ဖြူမလေးကို
ကြည့်ရင်း သူ့အတွေးတွေဟာမှားတယ်လို့
တွေးနေမိတာ မရပ်နိုင်ဘူး...
ပြီးတော့ အဖေပြောခဲ့တဲ့စကားနောက်မှာလဲ
ဖုံးကွယ်ထားတာမရှိနိုင်ဘူး...
သူ့ရဲ့ခံစားချက်မဲ့မျက်ဝန်းတွေဟာ
ရုံးခန်းတံခါးဝကနေ သူ့စီလာဖို့
နှစ် ၁၀၀လောက်အချိန်ယူနေတဲ့ ကောင်မလေးစီပဲရောက်နေတယ်...
Hu Lei ဟာလဲ တမင်သက်သက်
သူ့ရဲ့အလုပ်စားပွဲစီသွားရင်း
ဒီကောင်လေးကိုကြည့်ရှူနေခဲ့တယ်....
သူ့နဲ့မျက်နှာချင်းမဆိိုင်ခင်ပဲ
သူ့ကိုဝေဖန်ချင်တယ်...
သူမရဲ့ ရမ်းသန်းကောက်ချက်က
သူမကို အဆင်မပြေဖြစ်စေတယ်...
ဒီဇွဲကောင်းသောကောင်လေးဟာ
သာမာန်ကိစ္စလေးကို ဝေဖန်ပိုင်းခြားနေတဲ့
ဧကရာဇ်တစ်ပါးနဲ့တူတယ်...
သူ့ရဲ့ရက်စက်ပြင်းထန်သောအကြည့်နဲ့
အားကောင်းတဲ့ပြုမှုနေပုံက ဘာကိုမှ
အကြောက်အလန့်မရှိသလိုပဲ...
သူမဟာ သူ့စီကျရှုံးသွားတယ်လို့
ခံစားလိုက်ရပြီး သူ့ရဲ့မျက်ဝန်းတွေကို
ကြည့်ရင် သိမ်ငယ်သွားသလိုခံစားရပြီး
ဒေါသထွက်လာခဲ့တယ်....
ဒါပေမယ့်လည်း သူမဟာကိုယ့်နေရာ
ကိုယ်သိတယ်...
"Good Morning Mr Zhong...
ကျွန်မက Hu Lei ပါ...
များပြားလှတဲ့အလုပ်တွေကြားက
ကျွန်မနဲ့ တွေ့ဖို့အချိန်ပေးတဲ့တွက်
ကျေးဇူးတင်ပါတယ်...."
သူမဟာယဥ်ယဥ်ကျေးကျေးပဲ
ပြောဆိုလိုက်ရင်း ဦးညွှန့်နှုတ်ဆက်
လိုက်တယ်....
သူ့ရဲ့မျက်ဝန်းထဲမှာ နောင်တ
အနည်းငယ်တွေ့လိုက်ရတယ်....
သူဟာလည်း သူမရဲ့အပြင်ပန်းအသွင်ပြင်
ကိုကြည့်ပြီး သူမကိုဝေဖန်လိုက်တယ်လို့
ခံစားရတယ်...
လူတွေဟာ သူမရဲ့ငယ်ရွယ်နုပျိုတဲ့ မျက်နှာကို ကြည့်ပြီး အရင်ဆုံး ဆုံးဖြတ်ကြတာ
သူမအတွက်အထူးဆန်းကြီး
မဟုတ်တော့ဘူး....
Zhong Feng ဟာ အရှေ့ကမိန်းကလေးကို
တောက်ပလင်းလက်နေတဲ့မျက်ဝန်းတွေနဲ့
ပြန်ကြည့်မိလိုက်တယ်...
သူမက ယုန်ဖြူလေးတော့ မဟုတ်ဘူး..
ချစ်စရာကြောင်ဖြူလေးပဲဖြစ်မယ်...
သူမရဲ့ဖွက်ထားတဲ့ လက်သည်းလေးတွေကို
သူမြင်နေရတယ်....
သေးငယ်ပေမယ့် အစွမ်းထက်တဲ့
မိန်းကလေးမျိုး....
သူကြိုတင်ခန့်မှန်းတာ မှားသွားတယ်...
သူ့ကိုဒေါသထွက်နေတဲ့ အရိပ်အယောင်တွေ
မြင်နေရပေမယ့် သူမက ယဥ်ကျေးမှုတွေနဲ့
ဖုံးကွယ်လိုက်တယ်...
သူမစိတ်ဆိုးရတဲ့အကြောင်းရင်းကို
သူမသိပေမယ့်လည်း သူမပုံစံကို
သူသဘောကျမိသွားတယ်...
သူမရဲ့မကျေမနပ်ဖြစ်နေမှုကို
သူမ ကောင်းစွာမဖုံးကွယ်ထားဘူး....
အမွှေးပွပွနဲ့ကြောင်လေး မကျေမနပ်
ဖြစ်နေသလိုပဲ....
"မင်းဒီမှာ အဆင်မပြေဖြစ်နေတာလား
Miss Hu? "
Hu Lei ဟာ ရုတ်တရက်အသိ
ပြန်ဝင်လာတယ်.....
သူမ ဒီအင်တာဗျူးအတွက်
မေးခွန်းပေါင်းများစွာနဲ့ အရာရာ
ပြင်ဆင်ထားပေမယ့် ဒီလိုရုတ်တရက်ကြီး
မေးလာတဲ့ဟာမျိုးအတွက်
မမျှော်လင့်ထားမိဘူး....
သူမအဖြေအတွက် အမြန်စဥ်းစားလိုက်တယ်
"ဒါဘယ်လိုဖြစ်နိုင်မလဲ Mr Zhong?
ကျွန်မ ဒီ Etude Technologies မှာ
အလုပ်လုပ်ရတာဟာ ကျွန်မရဲ့ရှေးဘဝအဆက်ဆက်ရဲ့ကောင်းမွန်တဲ့ ကံကြမ္မာ
ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်..."
သူမဟာ အပြုံးလေးနဲ့ ပြန်ဖြေခဲ့တယ်...
Zhong Feng ရဲ့နှုတ်ခမ်းများဟာ
အံဩမှုကြောင့် ပွင့်ဟသွားတယ်...
ဒီလိုသာမာန်မဟုတ်တဲ့ အင်တာဗျူးတစ်လျှောက် မကြားခဲ့ဖူးတဲ့
အဖြေတစ်ခုအတွက်
သူဘာပြန်ပြောရမလဲဆိုတာ
စကားလုံးတွေရှာမတွေ့ခဲ့ဘူး....
Hu Lei ဟာ မမျှော်လင့်ထားသော မေးခွန်း
အပေါ် သူမဖြေလိုက်တဲ့ အဖြေအတွက်
တွန့်ဆုတ်မနေဘူး...
သူမဟာ အင်တာဗျူးဖြေတဲ့အတွေ့အကြုံ
လုံးဝမရှိခဲ့သလို သူမရဲ့ ဗဟုသုတဟာလဲ
ဒီစီးပွားရေးအတွက် လုံလောက်စွာ
မတွင်ကျယ်နေခဲ့ဘူး....
ဒါ့အပြင် ဒီဒေသရဲ့ ယဥ်ကျေးမှု
ဆိုတာတွေကိုလည်း ဝတ္ထုစာအုပ်တွေထဲမှာပဲ သူမ ဖတ်ခဲ့ဖူးတာ...
ခြုံငုံပြောရရင် ဆယ်စုနှစ်တစ်ခုအထိ
ဒီဒေသမှာ မနေထိုင်ခဲ့တဲ့သူမဟာ
နိုင်ငံခြားသားတစ်ယောက်နဲ့ မခြားနားပါဘူး..
သူမရဲ့လှလှပပဖြေလိုက်တဲ့ အဖြေဟာလဲ
ဝတ္ထုစာအုပ်တွေ နိုဗယ်လ်တွေထဲ
ပါခဲ့ဖူးတဲ့အဖြေတွေပါပဲ....
မခံချင်စိတ် ပြန်ဖြေချင်စိတ်ကလွဲရင်
သူမရဲ့စကားလုံးတွေနဲ့ပတ်သက်ပြီး
မှားတယ်လို့ သူမ မခံစားရဘူး...
တိတ်ဆိတ်ငြိမ်သွားပြီး ခဏအကြာအထိ
Zhong Feng ဟာ သူမရဲ့အဖြေ အပေါ်
သင့်လျော်သော အဖြေပြန်မပေးနိုင်သေးဘူး
ဒါကြောင့်မလို့ သူဟာ သူ့စားပွဲရှေ့က
ထိုင်ခုံကို ညွှန်ပြရင်း သူမကိုသာ
ထိုင်ခိုင်းလိုက်တော့တယ်.....
TBC....