နှစ်ပတ်ကြာပြီးနော် Hu Lei ဟာ
တိုးတက်နေတဲ့ အဆောက်အဦးမြင့်စီကို
လျှောက်လမ်းနေမိတာသတိထားမိသွားတယ်
ဒီအဆောက်အဦးကြီးကတော့
Supreme မြို့ကြီးရဲ့ ထင်ရှားသော
Etude Technologies software business ကုမ္ပဏီကြီးပဲ...သူမဟာအထဲကိုမဝင်ခင်
အပြင်မှာခဏရပ်လိုက်တယ်...
သူမဟာ ဧည့်ကြိုကောင်တာစီသွားမေးရင်း
ဓာတ်လှေကားစီ တိုက်ရိုက်သွားလိုက်တယ်
ဓာတ်လှေကားထဲမှာ တစ်ယောက်ထဲရှိနေချိန်
မျက်နှာပြင်မှာ ထင်ဟပ်နေတဲ့ သူမကိုယ့်ကို
ငေးကြည့်မိတယ်...
သူမရဲ့အဓိက အာရုံစိုက်စူးစိုက်
ကြည့်မိတာကတော့ သူမရဲ့
အဝတ်အစားကိုပါပဲ...
သူမရဲ့အရင်က နေထိုင်မှုပုံစံကြောင့်
အလုပ်ခွင်အဝတ်အစားကို ဘယ်တော့မှ
မဝတ်ဆင်ခဲ့ဖူးဘူး....
သူမဝတ်ဆင်ခဲ့ဖူးတာတွေဟာ
သာမာန်တီရှပ်တွေနဲ့ ဘောင်းဘီရှည်
လည်ရှည်ဖိနပ်တွေပါပဲ
သူမက အဲ့အဝတ်အစားတွေကို
မကြိုက်ခဲ့ပါဘူး...
သူမဟာလှပတဲ့ dresses တွေနဲ့ လှပတဲ့ဖိနပ်
တွေကို ကြိုက်နှစ်သက်သူပါပဲ...
ဒါပေမယ့်လည်း တောထဲမှာ
ဖုံးကွယ်ထားရတဲ့ ရွာမှာ အဖေဒီလိုတွေ
ဝတ်ခွင့်မပြုခဲ့ပဲ လွတ်လပ်တဲ့ ဘောင်းဘီရှည်
တွေပဲ ဝတ်ဆင်ခဲ့ရတယ်...
သူမရဲ့စကပ်တိုလေးကိုကြည့်ရင်း
ခေါင်းငြိမ့်မိသွားတယ်...
ခုဝတ်ဆင်ထားတဲ့ဟာတွေဟာ နာမည်ကြီး
ဖက်ရှင်အဝတ်အစားတွေမဟုတ်ပေမယ့်
သူမရဲ့အခြေအနေမှန်နေထိုင်ခဲ့ပုံကို
ဖုံးကွယ်ပေးထားနိုင်တယ်...
ဝတ်ဆင်ရတဲ့အဝတ်အစားကနေတဆင့်
သူမဟာလုပ်ရမယ့်အလုပ်ကိုပါ
စိတ်ဝင်စားလာခဲ့တယ်....
တွေးရင်းနဲ့သူမပြုံးမိလိုက်ပါတယ်...
ဓာတ်လှေကားပွင့်တာနဲ့ သူမဟာအရမ်းပဲ
စိတ်လှုပ်ရှားလာခဲ့တယ်...
အနည်းငယ်ကြောက်ရွံံ့နေမှုကိုလည်း
သူမ မငြင်းနိုင်ပါဘူး...
သန့်ရှင်းနေပြီး တိတ်ဆိတ်နေတဲ့
အခန်းတွေက သူမကို
ကြောက်လန့်နေစေတယ်...
ရုတ်တရက် သူမရဲ့ငယ်ဘဝကို
ပြန်စဥ်းစားမိတော့ ပိုပြီးတော့
စိတ်တွေရှုပ်လာခဲ့တယ်...
အတိတ်ကအရိပ်မည်းက သူမကိုလိုက်ပြီး
ခြောက်လန့်နေဆဲပဲ....
သူမဟာအသက်ကိုပြင်းပြင်းရှူသွင်းရင်း
လက်ကို နှလုံးသားပေါ်တင်လိုက်တယ်
ကြောက်လန့်မှုကိုဖယ်ရှားရင်း စိတ်ကို
ရှင်းလင်းလိုက်တယ်...
ဓာတ်လှေကားအပြင်မှာ သူမကိုယ့်ကို
အနည်းငယ်ပြုပြင်းရင်း အခန်းတွင်းက
Reception စီဝင်သွားလိုက််တယ်...
မိန်းမကြီးကလှပပြီး professional ဆန်တယ်
အထူးသဖြင့် သူမရဲ့အသက်အရွယ်အရ
သူမဟာ မာနကြီးပြီးလှပတဲ့
မိန်းမတစ်ယောက်ပဲ...
Hu Lei သူမစီလျှောက်လာတာကို
စူးစမ်းချင်စိတ်နဲ့ ကြည့်နေတယ်...
သူမဟာ များပြားလှစွာသော အမျိုးမျိုးသော
မိန်းကလေးတွေဟာ ဒီအခန်းတွင်းကို ဝင်ရင်း
သူမရဲ့ သူဌေးဖြစ်သူကို ချည်းကပ်ဖို့
ကြိုးစားတာ မြင်ဖူးတယ်...
စိတ်မကောင်းစွာနဲ့ပဲ အဲ့မိန်းကလေးတွေ
မဝင်နိုင်ခင်မှာပဲ သူမဟာအကြောင်းကြားပြီး
လုံခြုံရေးတွေနဲ့ အပြင်ဆွဲထုတ်ပေးနိုင်ခဲ့တယ်
အမျိုးမျိုးသော မိန်းကလေးထဲ
တစ်ချို့ celebrities တွေပါ ပါဝင်ခဲ့တယ်
ဒီကောင်မလေးလောက်ကတော့
သူမအတွက်ဘာမှတောင်မဟုတ်ဘူး...
ဒါပေမယ့်လည်း ဒီမိန်းကလေး
ဒီအထပ်ကို တက်လာနိုင်တာမလို့
နည်းနည်းအရေးပါသူဖြစ်နိုင်တယ်
ဒီအထပ်မှာ အလုပ်လုပ်သူက သူမရယ်
ကျန်တဲ့နှစ်ယောက်ရယ်ပဲရှိတာ....
ဒီမိန်းကလေးဟာ အရေးပါသူမဟုတ်ဘူးလို့
သူမက သေချာသလောက်ရှိတယ်..
အရင်မိန်းကလေးတွေလို ညံ့ဖျင်းမှုတွေ
လုပ်ရင် သူမဟာလဲ အလုပ်ရမှာ
မဟုတ်ဘူး....
ယုံကြည်မှုရှိရှိနဲ့ အဲ့မိန်းကလေး သူမစီ
ချည်းကပ်လာတာ ခွင့်ပြုလိုက်တယ်...
Hu Lei ဟာ အဲ့မိန်းမကြီးရဲ့ ခေါင်းထဲက
အတွေးအားလုံးကိုမသိပေမယ့်
သူမက အထင်သေးပြီးလှောင်ပြုံး
ပြုံးနေတာတော့ သိနေတယ်...
" Good Morning အန်တီ...
ကျွန်မဒီက Mr Zhong နဲ့တွေ့ချင်လို့ပါ.."
သူမအပြုံးလေးနဲ့ပဲ ပြောခဲ့တယ်...
Reception က မိန်းမဟာအမှန်တော့
အဲ့လောက်အသက်မကြီးသေးဘူး...
သူ့အသက်က အခုမှ ၃၇ နှစ်...
ပြီးတော့ သူမဟာလှပနေဆဲပဲ...
ပိုပြီးခံရခက်စေတာက သူမနာမည်ကို
စားပွဲပေါ် မှာ ပြထားတယ်...
Hu Lei ဟာ သူမရဲ့မကောင်းစိတ်ကို
မြင်နေလို့ အန်တီလို့ ခေါ် လိုက်တာဖြစ်တယ်
Hu Leiဟာ ကမ္ဘာပတ်ခရီးသွားထားပြီး
လူအမျိုးမျိုးနဲ့ တွေ့ခဲ့ဖူးတာမလို့
လူတွေရဲ့စိတ်ကို အလွယ်လေး
ခန့်မှန်းနိုင်တယ်...
Hu Lei အန်တီ ခေါ် လိုက်တာလဲ မှားတာမှ
မဟုတ်တာ...သူ့ထက်အသက်ကြီးတာပဲလေ
မိန်းမကြီးရဲ့မျက်နှာဟာ ဒေါသကြောင့်
နီရဲလာတဲ့အခါဟာ Hu Leiဟာ ပိုပြီး
ပြုံးလာတယ်...ရယ်ချင်သလိုခံစားရပြီး
ခုနက စိတ်ညစ်တာတွေလဲမရှိတော့ဘူး...
ကံဆိုးချင်တော့ သူမကဧည့်သည်ဖြစ်နေတဲ့
အတွက် အန်တီက ဘာမှမလုပ်နိုင်ဘူး...
"မင်းကြိုတင်ချိန်းဆိုထားလား? "
"ဟုတ်ကဲ့...ကျွန်မကို လက်ထောက်Chenက
ဖိတ်ထားတာပါ..."
အန်တီကြီးက ရွေးချယ်စရာမရှိတော့
ယဥ်ကျေးရတယ်...
သူမဟာ Hu Lei ကို ထိုင်ခိုင်းပြီး စောင့်ခိုင်း
ထားလိုက်တယ်...
တခြားဘာစကားမှထပ်မပြောပဲ
ဖိတ်ခေါ် ထားတာကို အတည်ပြုဖို့
လက်ထောက် Chen ရုံးခန်းစီကို
သူမကဖုန်းခေါ် တော့တယ်...
Hu Lei ကို Mr Chen ကသာ
ဖိတ်ခေါ် တာအမှန်ဆိုရင် ဒီမိန်းကလေးဟာ
အရေးကြီးသူဖြစ်လိမ့်မယ်...
တစ်ဖက်ကသူဟာ သူမကိုပြောဖို့
မေ့သွားတဲ့အတွက် တောင်းပန်တယ်...
သူဟာ Miss Hu ကို လူချင်းတွေ့ချင်တယ်..
Reception က မိန်းမကြီးကဒီမိန်းကလေးကို
မဆင်မခြင်မဆက်ဆံလိုက်မိတာ သက်သာရာ ရသွားတယ်...
၄မိနစ်လောက်ကြာပြီးတဲ့အခါ
ခင်မင်ရင်းနှီးဖွယ်အပြုံးနဲ့ လူငယ်လေး
တစ်ယောက်က Hu Lei စီ
လျှောက်လာတယ်...
သူမဟာအမြန်ပဲ ထရပ်ပြီး
နှုတ်ဆက်လိုက်တယ်...
"ကျွန်တော်က လက်ထောက် Chen ပါ
Miss Hu.. ကျွန်တော်တို့ ဖုန်းထဲမှာ
စကားပြောခဲ့ကြတယ်နော်...
ကျေးဇူးပြုပြီး ကျွန်တော့်နောက်လိုက်လာပါ"
Hu Lei ဟာ အိတ်ကိုတင်းတင်းကိုင်ရင်း
သူ့နောက်က လိုက်သွားလိုက်တယ်...
သူဟာမရုံးအတွင်းကိုလမ်းလျှောက်နေတာနဲ့အညီ စိတ်တွေဟာလဲ လှုပ်ရှားနေခဲ့တယ်...
မသိစိတ်က ကြောက်လန့်ခြင်းနဲ့ စိတ်
လှုပ်ရှားမှုတွေဟာ သူမကို မူးဝေလာစေတယ်
အသက်ကိုဖြည်းဖြည်းချင်းရှူနေတာလဲ
သတိထားမိလာတယ်...
သူမဟာ အသက်ကိုပြင်းပြင်းပြန်လည်
ရှူသွင်းလိုက်တယ်...
ဒါနဲ့ပတ်သက်ပြီးဘာမှစိုးရိမ်စရာမရှိဘူး
ပြီးတော့ သူမကလဲ ဒီအလုပ်ကို ပြင်းပြင်းထန်ထန်လိုချင်နေတာမှမဟုတ်တာ
သူမဘာလို့ စိုးရိမ်ထိတ်လန့်မှုကို ခံစားနေရတာလဲ သူမကိုယ်တိုင်တောင်မသိဘူး...
သူမဟာခြေလှမ်းတွေကို ရေတွက်ရင်း
မြဲမြဲ လျှောက်နေမိတယ်...
သူမ Mr Zhong နဲ့တွေ့ရမှာ
ဝန်မလေးနေပါဘူး....
ဒါပေမယ့်လည်း သူမစိတ်ကို မတားစီးနိုင်တဲ့
အတွက်စိုးရိမ်ပူပန်နေတာကို ထိန်းချုပ်ဖို့
ကြိုးစားလိုက်တယ်...
လက်ထောက် Chen နောက်ကလိုက်ရင်း
သူမဟာ မသေချာတဲ့ fact နှစ်ခုကြား
ဝေခွဲမရဖြစ်နေခဲ့တယ်...
တစ်ဖက်မှာ သူမဟာ အဖေ့ကို
မျက်နှာမပျက်စေချင်ဘူး....
ဒါကြောင့် အဖေ့သူငယ်ချင်းဟောင်းကို
သူမရဲ့ကြိုးစားမှုတွေကို ပြချင်တယ်...
တစ်ဖက်မှာကြတော့လည်း...
ဒီအဆောက်အဦးထဲကလေထုရယ်
ဒီရုံးရယ်က သူမအတွက်လို့ မခံစားမိဘူး
လှပတဲ့ ဒီဇိုင်နာစကပ်ဖြစ်တဲ့
အလုပ်ဝတ်စုံကို ဝတ်ဆင်ထားရင်း
သူမကိုယ့်ကို အယောင်ဆောင်သူ
တစ်ယောက်လို့ ခံစားမိလာတယ်...
ဒီ Etude Technologies ကြီးမှာတင်
မဟုတ်ဘူး....
ဒီ Supremeမြို့ကြီးကတောင်
သူမအတွက်အိမ်လို့ မခံစားရတော့ဘူး...
သူမအတွက်မဟုတ်ဘူးလို့ ခံစားနေရတဲ့
နေရာမှာ သူမဘယ်လို
အထောက်အကူပြုနိုင်မလဲ?
အရင်က ရေတွက်လို့ မရနိုင်အောင်
တည်းခိုခဲ့ဖူးတဲ့ Hotelတွေကတောင်
ပိုပြီး အိမ်လို့ ခံစားမိနေခဲ့တယ်....
သူမရဲ့အတွင်းစိတ်ကတော့ ဘာမှမပြောပဲ
လှည့်ပြန်နေချင်ခဲ့တယ်...
သို့ပေမယ့်လည်း သူမဒါကိုရင်ဆိုင်ဖို့
ဆုံးဖြတ်ခဲ့တယ်....
သူမဆက်ပြီးတော့
မထွက်ပြေးချင်တော့ဘူး....
လက်ထောက် Chen ဟာ အခန်းတံခါး
တစ်ခုရှေ့မှာရပ်ရင်း သူမကိုလှည့်ကြည့်တယ်
သူဟာ တံခါးကိုခေါက်ရင်း
ဖြည်းဖြည်းချင်းဖွင့်လိုက်တယ်....
လက်နဲ့ညွှန်ပြရင်း သူမကို အခန်းထဲဝင်ဖို့
ပြောရင်း သူဟာ လိုက်မလာပဲ
အခန်းတံခါးဝကနေ လှည့်ပြန်သွားခဲ့တယ်....
TBC....