book

Index 33

The power of his family

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel


တနင်္လာနေ့ရောက်တဲ့အခါမှာတော့

နူးညံ့နွေးထွေးတဲ့ Zhong Feng 

ပျောက်ကွယ်သွားပြီး သူမရဲ့

နတ်ဆိုးဘုရင် ပြန်ရောက်လာသလို

ခပ်တည်တည်နဲ့ ဖြစ်နေခဲ့တယ်...။

Etude Technologies ကို ပိုပြီး

လေ့လာပြီးတဲ့အခါ...,

Zhong Feng ရဲ့ပုံစံနဲ့ သူ့ရဲ့ပိုပြီး

များပြားလှစွာသော meeting schedule

တွေကို Hu Lei ပိုပြီး နားလည်လာခဲ့တယ်။


လက်ရှိ စီးပွားရေးလောကထဲ 

Etude Technologies က 

အောင်မြင်မှုရရှိဆုံးပဲ...။

Zhong Feng ဟာ အသက်၁၉မှာ

စပြီး ဝင်ရောက်လာခဲ့ပေမဲ့ ၆နှစ်ကြာတဲ့

အခါ စီးပွားရေးလောကရဲ့ ဘုရင်တစ်ပါး

ဖြစ်နေခဲ့ပြီ....။ Etude Technologies ရဲ့

Solutions တွေနဲ့ နိုင်ငံတော်တော်များများက ယုံကြည်စွာလက်တွဲခဲ့ကြတယ်...။

ကံမကောင်းစွာပဲ Games တွေ 

တစ်ချို့ company တွေရဲ့ software

ပိုင်းတွေနဲ့ယှဥ်ရင်တော့ Etude က

အဲ့အပိုင်းမှာ အားနည်းတယ်...။


ဒါပေမယ့်လည်း အဲ့တာကပဲ

သူတို့ ကုမ္ပဏီကို ပိုသတိထားမိစေတဲ့

အချက်ဖြစ်ပြီး တခြားကို ဆွဲဆောင်နိုင်တဲ့

အချက်ဖြစ်လာခဲ့တယ်...။

Software ပိုင်းမှာ ရင်းနှီးချင်တဲ့ ကုမ္ပဏီ

တော်တော်များများ မရှိပေမယ့် 

ရှိတဲ့တချို့ကပဲ နိုင်ငံအတွင်းကို

အတော် လွှမ်းမိုးနိုင်ခဲ့တယ်....။

တစ်နည်းပြောရရင် Etude က softwareပိုင်း မကောင်းဘူးဆိုတဲ့ သတင်းက

နိုင်ငံခြားကုမ္ပဏီတွေအထိ ပျံ့နှံ့သွားခဲ့ပြီး

Etude Technologies ကို ပိုစိတ်ဝင်စားလာကြတယ်....။


Zhong Feng ဟာ ပြည်တွင်းသတင်းစာ

တော်တော်များများရဲ့ ထိပ်စီးပိုင်းတွေကိုလဲ

နေရာယူထားသေးတယ်.....။

စစချင်းမှာတော့အချို့သတင်းထောက်

တွေကတော့ အသက်ငယ်ငယ်နဲ့

Zhong Feng ကိုစီးပွားရေးအတွက် 

မသင့်တော်ဘူးလို့ဆိုကြတယ်...။

ဒါပေမယ့် Zhong Feng ရဲ့ ၆နှစ်အတွင်း

မိသားစု စီးပွားရေးမှာကြိုးစား

အောင်မြင်မှုဟာ အဲ့သတင်းတွေကို

ဖယ်ရှားနိုင်ခဲ့တယ်.....။


Hu Lei ကလဲ Zhong Gp မှာ အလုပ်လုပ်နေပြီဆိုတော့ ဒီမိသားစုစီးပွားရေး

အကြောင်း တဖြည်းဖြည်း

နားလည်လာတယ်။ 

Zhong Feng ဟာ အသက်အငယ်ဆုံး

အချမ်းသာဆုံး သူဌေးကအစ

Zhong Family ရဲ့ စီးပွားရေးဟာ 

နေရာတိုင်းကျယ်ပြန့်နေတဲ့အကြောင်းက

အဆုံး Hu Lei သိလာခဲ့တယ်....။

စိတ်မကောင်းစွာပဲ အဲ့တာကပဲ

Zhong Feng အတွက် ဆိုးကျိုးအနည်းငယ်

ရှိနေတယ်နဲ့ တူတယ်...။


သူ့မိသားစုအပေါ် မှီခိုလို့ မိသားစု

ပုံရိပ်ကြောင့် သူအောင်မြင်တယ်လို့ 

ထင်နေကြသူတွေက သူ့ကိုယ်ပိုင်

စီးပွားရေးမှာ အောင်မြင်နေတာ သတိမပြုမိကြဘူး...။ မိသားစုအရှိန်အဝါကြောင့်လို့ပဲ

မှတ်ယူနေကြတယ်....။


အခုလက်ရှိ Hu Lei ကတော့ 

အတတ်နိုင်ဆုံး Zhong Feng စိတ်ဓာတ်

မကျအောင် အတတ်နိုင်ဆုံး ကာကွယ်ပေးဖို့

တွေးထားတယ်....။

လောလောဆယ်တော့ ကျင်းပမယ့် ညီလာခံအထိ သူမ မချစ်မိဖို့ မဝန်ခံမိဖို့ 

အတတ်နိုင်ဆုံး ထိန်းထားသေးတယ်။

သူမ သာမာန်လိုပဲ အိပ်လိုက် စားလိုက်

အလုပ်လေးလုပ်လိုက်နဲ့ ကိုယ်ပိုင်ဘဝမှာပဲ

အေးအေးဆေးဆေး နေဖို့လုပ်ထားသေးတယ်။ 


ညီလာခံကျင်းပမယ့် အပတ်ရဲ့ ပထမဆုံး

နေ့ကစပြီး သူမ schedule အပြည့်ဖြစ်လာတယ်..။ Hu Lei ကိုမလိုအပ်တောင် 

သူတက်သမျှ အစည်းအဝေးကို 

Zhong Feng ခေါ် သွားခဲ့တယ်...။

ပြန်ပြောဖို့လဲ သူမ မရဲဘူး...။

ဒီနတ်ဆိုးကောင် ဒီအချိန်စိတ်ဆိုးနေတဲ့

နတ်ဆိုးဘုရင်ကို ပြန်ပြောမိရင် 

သူမ ငရဲတွင်းထဲ ခုန်ချမိတာထက်ကို

ဆိုးနေလိမ့်မယ်...။


သူမတာဝန်တွေကို တတ်နိုင်သမျှ 

အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်

နေလိုက်တယ်...။

တစ်ချို့ စီးပွားရေးပညာရှင်တွေဟာ

သူတို့ အင်္ဂလိပ်စကားကောင်းမွန်စွာ

ပြောတတ်ပေမယ့်လည်း သူတို့နိုင်ငံစကား

ကိုပဲ ပိုပြီးအသုံးပြုချင်ကြတာ သူမ သတိထားမိလာတယ်....။


Hu Lei မန်နေဂျာ Lin နဲ့ 

ဆွေးနွေးတိုင်ပင်တဲ့အခါ တခြားနိုင်ငံမှာ

စီးပွားရေးတစ်ခုလုပ်နေသူလိုမဟုတ်ပဲ 

သူတို့နိုင်ငံမှာလို အိမ်မှာလို သဘောတကျ

ခံစားရအောင် ပြောဆိုပေးဖို့ မန်နေဂျာLin

ဟာ သူမကို အကြံပြုသင်ကြားပေးခဲ့တယ်။

အစည်းအဝေးပွဲပေါင်းများစွာကို

အပြုံးလေးနဲ့ ယဥ်ကျေးမှုရှိရှိ မေးခွန်းပေါင်းများစွာ နဲ့ သူမတက်ရောက်ခဲ့ရတယ်..။

ဒါပေမယ့်လည်း ပြီးဆုံးဖို့နီးကပ်လာတာမလို့

သူမ အားတင်းထားခဲ့တယ်...ါ


သောကြာနေ့မနက်ခင်းမှာ Hu Lei ရုံးကို

စောစောလာခဲ့မိတယ်...။

ဒီနေ့က ရုရှားလူမျိုးတွေနဲ့ အရေးကြီး

အစည်းအဝေးရှိတဲ့အတွက် သူမဖက်က

အသင့်ဖြစ်နေမှ အဆင်ပြေမယ်...။


နဂိုအတိုင်းဆို ဒီအစည်းအဝေးက

အင်္ဂါနေ့မနက်ခင်းမှာ ဖြစ်ပေမယ့် 

နီးကပ်လာတဲ့ ညီလာခံအတွက် 

နိုင်ငံခြားကုမ္ပဏီတော်တော်များများဟာ

ဒီနိုင်ငံအတွင်း စီးပွားချဲ့ထွင်ဖို့ အားလုံး

ကြိုတင်ပြင်ဆင်နေရတဲ့အတွက်

နောက်ကျသွားခဲ့တယ်...။


Novia Corporation ဟာ

သူတို့ရဲ့ ကိုယ်စားပြု ပြောင်းရမှာ

ဖြစ်တဲ့အတွက် အစည်းအဝေးရွှေ့ပေးဖို့

တောင်းဆိုလာခဲ့တယ်.....။

ပထမက ကုမ္ပဏီရဲ့ ဒုဥက္ကဌ

တက်ရောက်မယ်လို့ ပြောထားပြီး

အခုက ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်မယ်လို့

ပြောင်းလဲသွားခဲ့တယ်...။


Hu Lei က အဲ့ကုမ္ပဏီဥက္ကဋ္ဌအကြောင်း

website ပေါ် ရှာဖတ်ခဲ့ပေမယ့် မတွေ့တဲ့အတွက် သူမရဲ့ ဘော့စ်ကို မေးဖို့

ကုမ္ပဏီကို စောစောလာခဲ့တာပဲဖြစ်တယ်။


သူမရုံးခန်းကို ရောက်တဲ့အချိန်

Zhong Feng ဟာအိပ်ပျော်နေခဲ့တယ်။

သူ့ကိုမြင်တော့ သူမအနည်းငယ်ရီမိသွားတယ်။ သူအိပ်နေတဲ့ပုံစံက ရီလဲရီရသလို

သနားဖို့လဲကောင်းတယ်...။

သူဟာ သူ့ခုံမှာပဲနဂိုထိုင်နေကြအတိုင်း

ထိုင်ရင်း အိပ်ပျော်နေတာ...။

မသိတဲ့သူဆို သူအိပ်ပျော်နေတယ်လို့တောင်

ထင်မှာ မဟုတ်ဘူး...။


သူမအနီးမကပ်သွားခင်လေးမှာပဲ

သူနိုးလာပြီး သူမကို ကြည့်လာခဲ့တယ်။

သူ့မျက်ဝန်းကိုကြည့်ရင်း သူမသက်ပြင်းချလိုက်မိတယ်... ဒီတစ်ပတ်လုံး ညတွေ

မအိပ်ခဲ့ရဘူး ထင်ပါရဲ့...။


" ရှင်အရမ်းပင်ပန်းနေမှာပဲ "


Hu Lei နူးနူးညံ့ညံ့လေးပြောလိုက်မိတယ်။


သူဟာ ခေါင်းငြိမ့်ရင်း ကွန်ပျူတာစီ

ချက်ချင်းအကြည့်ရောက်သွားတယ်။

အကြောင်းရင်းမရှိပဲ အိပ်ချင်မူးတူးနဲ့

ခေါင်းငြိမ့်လိုက်တဲ့ သူ့ပုံစံဟာ 

ချစ်ဖို့ကောင်းတယ်လို့ တွေးမိသွားတယ် ။


" အချက်အလက်တွေက ဆိုဖာပေါ် မှာနော်"


Hu Lei ကိုမကြည့်ပဲ သူပြောလာတယ်။

သူ့ကို ဆက်အနှောင့်အယှက်မပေးချင်တာ

မလို့ ဆိုဖာစီပဲ Hu lei တန်းသွားလိုက်တယ်။

ဖိုင်ထဲမှာ Novia Corporation ဥက္ကဋ္ဌရဲ့

အချက်အလက်တွေ

အပြည့်အစုံရှိနေခဲ့တယ်...။

ကိုယ်အလုပ်တွဲလုပ်မယ့်သူရဲ့

Profile ကို အတိအကျ သိတာဟာ

အလုပ်လုပ်ရာမှာ ကိုယ့်ဘက်က 

ဦးစီးဦးဆောင်ပြုနိုင်တဲ့ အဓိကသော့ချက်လို့

မန်နေဂျာ Lin သင်ပြပေးဖူးတယ်...။


Vladimir Romanov.


စကားလုံးနှစ်လုံးက သူမသွေးကြောထဲ

သွေးတွေ ခဲသွားသလိုပဲ...။


Vladimir Romanov.


သူမ ဘယ်နှစ်ကြိမ်ကြည့်ပါစေ

မှင်စက်တွေက မပျောက်ကွယ်သွားဘူး..။


Hu Lei ဘဝမှာ ဘယ်တော့မှ 

ပြန်မကြားချင်တော့တဲ့ နာမည်တစ်ခုဟာ

စာရွက်ပေါ် မှာ ထင်ရှားစွာပဲ ရှိနေခဲ့တယ်။


TBC.....



rate now:

1 Reviews
  • reader Kim Eun Byul 15.07.2021, 12:09 5

    💖😍

    reply