book

Index 32

Living it up

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel


Hu Lei အိမ်ကိုပြန်ဖို့ အငှားယာဥ်

ခေါ် ဖို့စီစဥ်နေတဲ့အချိန်မှာပဲ Zhong Fengက

သူမကို အိမ်ပြန်လိုက်ပေးဖို့ ပြောလာတယ်။

သူမရဲ့ အိမ်တည်နေရာကို သူမ မသေချာပေမယ့်လဲ Zhong Feng ရဲ့ အားလပ်ရက်ကို

သူမ အနှောင့်အယှက်မပေးချင်ဘူး...။

ဒါပေမယ့် သူကလဲ တိုက်ခန်းကအပြင်

ထွက်ရမယ့်အကြောင်းရှိတယ်ဆိုလို့ 

Hu Lei လက်ခံလိုက်တော့တယ်...။


အဆောက်အဦးကနေ ထွက်လာတဲ့အခါ

အဆောက်အဦးမြှင့်ကြီးက ဒီမြို့ကြီးရဲ့

တိတ်ဆိတ်ငြိမ်သက်ပြီး စျေးကောင်း

ပေးရတဲ့နေရာမှာ ဆောက်ထားတာဆိုတာ

သူမ ခန့်မှန်းမိလိုက်တယ်....။

ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်ပြီး

ရှင်းလင်းနေတယ်....။

ပိုပြီးပြောရမယ်ဆိုရင် 

လမ်းမတွေကလည်း ကားတွေ

ထပ်မနေပဲ ရှင်းလင်းနေတာပဲ...။

ဒီနတ်ဆိုးကောင်ဟာ နေရာကောင်းကို

ရွေးထားတာပဲ.....။


ပတ်ဝန်းကျင်ကိုကြည့်ရင်း

Hu lei နက်နက်နဲနဲတွေးနေမိတယ်...။

ဒီလို လှပသန့်ရှင်းပြီး ငြိမ်သက်တဲ့

ပတ်ဝန်းကျင်မှာ နေတာ 

သူမအတွက်ကောင်းလား?


သူမ အခုအိမ်မှာနေရတာ မမုန်းပါဘူး..။

သူမပတ်ဝန်းကျင်ကလဲ တိတ်ဆိတ်ငြိမ်သက်

တာပါပဲ..ဒါပေမယ့် ကားလမ်းကအမြဲ 

ပိတ်နေတတ်တယ်...။

အင်တာနက်လိုင်းတွေကလဲ မကောင်းဘူး။


အရေးအကြီးဆုံးကတော့ 

သူမလက်ရှိနေတဲ့အိမ်ဟာ သူမအတွက်

အမှတ်တရကောင်းတွေ မရှိနေဘူး..။

ငယ်ငယ်က သူမအခန်းဖြစ်တဲ့ အိပ်ခန်းမှာတောင် ခုလက်ရှိသူမ မအိပ်ပဲ ဧည့်ခန်းမှာပဲ

အိပ်ဖြစ်နေခဲ့တာ....။

သူမအခန်းထဲဝင်မိတာနဲ့ ငယ်ငယ်က

အတိတ်ဆိုးတွေဟာ ပြန်မြင်ယောင်လာပြီး

သူမ အိပ်ရေးပျက်ခဲ့ရတဲ့ညတွေလည်း

မရေမတွက်နိုင်အောင်ပါပဲ....။


Hu Lei သေချာစဥ်းစားမိနေခဲ့တယ်။

သူမ နေအိမ်ပတ်ဝန်းကျင်ပြောင်းလိုက်ရင်

သူမနေချင်တဲ့ သာမာန်ဘဝလဲရပြီး

Supremeမြို့ကြီးရဲ့ အလှအပတွေကိုလည်း

စူးစမ်းနိုင်လိမ့်မယ်...။

ပါတီတွေလည်းသွားရင်း သူငယ်ချင်းတွေ

ထားပြီး သူမ ပျော်ရွှင်နိုင်မယ်လို့ တွေးနေမိတယ်။


Hu lei ပြန်ရောက်ကတည်းက

အလုပ်ကလွဲရင် အိမ်တွင်းအောင်းပြီး

အပြင်မထွက်ဖြစ်တာ များတယ်။

ဒါပေမယ့်လည်း ပတ်ဝန်းကျင်ပြောင်းလိုက်ရင် သူမ အတွက်အပြောင်းအလဲလေး

ဖြစ်သွားမယ် ထင်တယ်...။


ပြသာနာတစ်ခုထဲရှိနေတာက....

ကားမောင်းနေတဲ့သူကို Hu Lei 

ကြည့်လိုက်မိတယ်..... ။


" မင်းဘာပြောချင်လို့လဲ? "


Hu Lei ကိုမကြည့်ပဲ ကားမောင်းတာ အာရုံစိုက်ရင်း သူမေးလာခဲ့တာ....

Damn! ဘေးကမြင်ရတဲ့ သူ့ပုံလေးက

စွဲဆောင်မှုရှိလိုက်တာ....။

Hu Lei အတွေးတွေထဲ မရပ်မနား

သူ့ကို ကြွေနေမိတယ်...။

မြန်မြန်ဝန်ခံလိုက်ရင်ကောင်းမလား?


" ကျွန်မ ရှင့်ရဲ့ပတ်ဝန်းကျင်ကို

ပြောင်းလာချင်လို့...။

ရှင်အဲ့တာ အဆင်ပြေရဲ့လား? "


Hu Lei ခနရပ်လိုက်မိတယ်...။

သူဘာမှပြန်မပြောလာတဲ့အတွက် 

သူမရှေ့ဆက်ဖို့ လုပ်လိုက်တယ်...။


" ကျွန်မတို့နေ့တိုင်းတွေ့နေမှာ မဟုတ်သလို

ရှင်နေတဲ့ အဆောက်အဦးမှာ ကျွန်မ တိုက်ခန်းရမလားဆိုတာလည်း မသေချာဘူး။ ရှင့်နောက်က တကောက်ကောက်လိုက်နေတယ်လို့ မထင်စေချင်သလို ရှင့်ရဲ့ personal space ထဲ ဝင်နှောင့်ယှက်နေသလို

မဖြစ်စေချင်လို့ မေးတာပါ...."

နောက်ဆုံးအကြောင်းပြောတဲ့အခါ

သူမအသံဟာ ဖျော့တော့သွားတယ်...။


Hu Lei ပြောတာတွေ နားထောင်ရင်း

Zhong Feng ပြုံးလိုက်မိတယ် ။


တကယ်လို့ သူသာ Playboyဖြစ်ခဲ့မယ်ဆိုရင်

' မင်းငါ့နောက်တကောက်ကောက် 

လိုက်လို့ရပါတယ် ' လို့ သူဖြေမိမှာ...။

ဒါပေမယ့် ရင့်ကျက်တည်ငြိမ်တဲ့ Zhong Feng ကတော့ မပြောခဲ့ဘူး....။


" မင်းနဲ့အနီးကပ်နေရတာ 

ကိုယ့်အတွက်အဆင်ပြေပါတယ်..."


လမ်းမအပေါ် သာ အာရုံစိုက်

မောင်းနှင်နေရင်း အပြုံးလေးနဲ့ 

သူဖြေလာခဲ့တယ်....။

သူ့အသံဟာ သာမာန်ပေမယ့်

Hu Lei အနည်းငယ်ရှက်သွားတာ

မဖုံးကွယ်နိုင်လိုက်ဘူး....။

နတ်ဆိုးကောင် သူမကို flirt လိုက်သလို

ခံစားလိုက်ရတယ်....။

သူ့မျက်ဝန်းထဲက အကြည့်ရယ်

ပြုံးနေတဲ့အပြုံးတွေဟာ Hu Lei 

မျှော်လင့်ချက်ကို ပိုကြီးထွားအောင်

လုပ်နေသလိုပါပဲ....။

အကြောင်းရင်းမရှိပဲ 

သူမ အားနည်းလာခဲ့တယ်....။


တိုးငြင်းလှတဲ့ ရီသံကိုကြားရတဲ့အခါမှ

သူမ အတွေးထဲနစ်နေမိတာ Hu Lei 

သတိထားမိသွားတယ်....။

သူ့ရီသံကို ဂရုမစိုက်တော့ပဲ 

ခုသူမလုပ်နိုင်တာ တစ်ခုတည်းက 

နှုတ်ခမ်းလေးစူရင်း အပြင်ကို

ငေးကြည့်နေလိုက်တော့တာပါပဲ....။


Hu Lei က သူမအပြုအမူဟာ

အနည်းငယ်များ ပိုသွားတာလားလို့

ခံစားနေမိတယ်....။

သူမဘာလို့ ဒီလိုပြောင်းလဲသွားတာလဲ?

သူမဘဝအများကြီး ပြောင်းလဲသွားတာကို

တွေးမိရင်း သက်ပြင်းချလိုက်မိတယ်။


" အများကြီးစဥ်းစားမနေပါနဲ့...

ဒီအလုပ်များတဲ့ အပတ်ပြီးရင် 

ကိုယ့်ရဲ့ အဆောက်အဦးပိုင်ရှင်ကို

အကူအညီတောင်းပြီး မင်းကို

ဆက်သွယ်ပေးမယ်....

သူကယုံကြည်လို့ရတယ်..."


" ရှင့်အတွက် အနှောင့်အယှက်

မဖြစ်တာ သေချာလား? "


Hu Lei က ကိစ္စတစ်ခုခုကိုလုပ်ရင်

ကိုယ်တိုင် ကိုင်တွယ်ရတာကြိုက်တဲ့သူမျိုး။

သူမရဲ့ ဆောင်ပုဒ်က 

' မင်းအမှန်အကန်လိုချင်ရင် 

မင်းကိုယ်တိုက်လုပ်ယူရမယ် ' ဆိုတာပဲ..။

ဒါပေမယ့်လည်း Supremeမြို့ကြီးကို

ရောက်ပြီးမှ သူမ Zhong Feng အကူအညီပဲ

ယူနေမိတော့တယ်...။


" အင်း... တကယ်ဘာမှမဖြစ်ဘူး "


သူဟာ အပြုံးလေးနဲ့ဖြေလာတယ်...။

မပြောင်းလဲစွာ သေချာနေတဲ့သူ့ရုပ်ကို

ကြည့်ရင်း သူမ ပျော်လာတယ်...။

သူမရဲ့ dark side တွေဟာ 

ဘယ်ချိန်ပြန်ပေါ် လာမလဲ မသိပေမယ့်

လက်ရှိအချိန်မှာတော့ Hu Lei 

ပျော်ရွှင်စွာ နေချင်မိတယ်.....။


TBC....




rate now:

1 Reviews
  • reader Kim Eun Byul 15.07.2021, 12:09 5

    💛

    reply