Zhong Feng စကားတစ်ခွန်းမှ
ဆက်မပြောပဲ သူမစားချင်တာကို
လုပ်ပေးနေလိုက်တယ်...။
သာမာန်လဲ Zhong Feng က စကားများများ
ပြောတတ်တဲ့သူမဟုတ်ပဲ တစ်ခုခုလုပ်ပြီဆိုလဲ အာရုံစူးစိုက်ထားတတ်တဲ့လူမျိုးပဲ...။
တစ်ဖက်မှာလဲ Hu Lei က သူ့ကို
တစ်ခွန်းမှဝင်မနှောင့်ယှက်ပဲ ပုံမှန်ချိန်
မြင်ရဖို့မရှိတဲ့ သူ့ရဲ့ဟင်းချက်နေပုံကို
ငြိမ်သက်စွာပဲ ထိုင်ကြည့်နေမိတယ်...။
Pancakes တွေဟာ စားဖိုမှူးချက်တဲ့
အဆင့်တော့ မဟုတ်ဘူး...။
ဒါပေမယ့် သူမ တစ်ခုပြီးတစ်ခု
စားနေမိတာတော့ ဝန်ခံရမယ်....။
တစ်ခြားအရသာတွေနဲ့မတူပဲ
သူ့မှာ သီးသန့်အရသာလေးရှိနေတယ်..။
အရမ်းအရသာရှိတဲ့ အစားအသောက်တွေဆို
မစားတတ်တဲ့ Hu Lei အတွက် ဒီ pancakes
ဟာ လုံးဝပြည့်စုံတယ်.....။
နောက်တကြိမ် သူမစိတ်ထဲ အကြောင်းရင်း
မရှိပဲ နွေးထွေးမှုကို ခံစားလိုက်ရပြန်တယ်။
အမှန်ကိုပြောရရင် သူမအတွက် စေတနာပါပါနဲ့ ချက်ပြုတ်ပေးခဲ့သူဆိုတာ ရှိမှမရှိခဲ့ပဲ..။
ငယ်စဥ်ကတည်းက သူမ အမေဟာအိမ်ကပ်တတ်တဲ့သူမျိုးမဟုတ်..။
ချက်ပြုတ်ဖို့ကိုမဆိုထားနှင့် အသင့်စား
အစားအစာတွေပဲ ဝယ်ပေးခဲ့သူမျိုး...။
အဖေကတော့ သူမကိုဘယ်လောက်ချစ်ပါတယ်ပဲ ဆိုနေပါစေ...သူမ ကိစ္စတွေကို
ထင်သလောက် စိတ်ဝင်စားမှုမရှိဘူး။
သူ့ရဲ့ဆေးပညာကို အသေးစိပ်လေးကအစ
ရှာဖွေဖို့လောက်ပဲ စိတ်ဝင်စားတဲ့သူမျိုး..။
ရလဒ်အနေနဲ့တော့ သူမကြီးပြင်းလာတဲ့
တစ်လျှောက် အစားအစာတွေကို
အိမ်တော်ထိန်းBai ရဲ့ဇနီး Mama Bai ကပဲ
ပြင်ဆင်ခဲ့ပေးတာပဲ.... ။
သူမရဲ့ ထူးဆန်းနေတဲ့ပုံကို Zhong Feng
သတိထားမိပေမယ့် မမေးလာခဲ့ဘူး..။
သူမ တွေးနေတဲ့အတွေးတွေကို
သူမဖျက်လိုက်ချင်ဘူး....။
Hu Lei စားပွဲနားမှာ Pancakes တွေကို
စိတ်ကျေနပ်တဲ့အထိစားရင်း
တွေးနေမိတဲ့အတွေးကို မေ့ပြီး
စိတ်ငြိမ်တဲ့အထိ ရပ်နေလိုက်တယ်...။
" အခုကျွန်မအတွက်အိမ်ပြန်ရမယ့်
အချိန်ရောက်ပြီ...."
လည်ချောင်းရှင်းရင်း သူမပြောလိုက်တယ်။
Zhong Feng ခေါင်းငြိမ့်ပြလိုက်ပေမယ့်
စိတ်ထဲမတင်မကျနဲ့ တွန့်ဆုတ်နေမိတယ်။
ဒီကောင်မလေးနဲ့ ပတ်သက်ပြီး
သူတကယ်ထူးထူးဆန်းဆန်း ခံစားမိနေတာ။
ဒါမှမဟုတ်ရင် သူမပြန်မယ်ပြောတာနဲ့
ရုတ်တရက်အထီးကျန်တယ်လို့ သူဘာလို့
ခံစားမိနေတာလဲ? သူမက ထာဝရထွက်သွားမှာမှ မဟုတ်တာ....။
" မင်းအဝတ်အစားတွေ
ကိုယ်သွားယူပေးမယ်...."
သူဟာ မီးဖိုချောင်ထဲက ထွက်သွားခဲ့တယ်။
သူမရှေ့က ပုံရိပ်ပျောက်ကွယ်သွားတာနဲ့
Hu Lei မျက်လုံးတွေ စူးလာတယ်။
သူမ တစ်ဖက်ကိုလှည့်လိုက်ရင်း
ခံစားနေမိတဲ့ ခံစားချက်တွေကို
သတိထားမိတော့ မျက်ဝန်းတွေဟာ
ထူးဆန်းလာတယ်...။
အကယ်၍ သူမသာ ခံစားချက်တွေကို
မိမိကိုယ်ကို ဝန်ခံလိုက်ရင်
ဒီအခြေအနေကို ဖြေရှင်းပြီးထားဖြစ်မှာပဲ...။
Zhong Feng အတွက် သူမခံစားချက်တွေ
မရိုးသားတော့တာ Hu lei သိတယ်။
တစ်ဖက်ကကြည့်မယ်ဆိုရင်
သူမ သူ့စီကိုပဲ ကပ်တွယ်မှီခိုချင်တာ...။
ဘဲကလေးလေးက သူ့အမေစီလိုက်ကပ်
နေသလိုပဲ...။ ပြန်စဥ်းစားကြည့်မိရင်
သူမ ဒီ Supremeမြို့ကြီးကို စရောက်ပြီး
Zhong Feng ကိုတွေ့တဲ့အချိန်ဟာ
ဒီမြို့ကြီးက သူမအတွက် အိမ်ပဲလို့
ခံစားမိခဲ့တာပဲ....။
အိမ်တော်ထိန်း Bai နဲ့ သူ့ဇနီးဟာ
အမေ့တာဝန်နဲ့ အဖေ့နေရာက အပြည့်အဝ
စောင့်ရှောက်ပေးခဲ့ပေမယ့် Hu Lei
သူတို့ကို သိပ်မခင်တွယ်ခဲ့မိဘူး..။
အဖေကတော့ သူမနဲ့အမြဲအတူမရှိနေတာမလို့
ထားပါတော့...။ အမေကရော?
သူ့ကို ပြောဖို့တောင်မတန်ဘူး...။
ဒါကြောင့် ဒီမြို့ကြီးမှာ Zhong Feng က
သူမ အားကိုးရမယ့်တစ်ဦးတည်းသောသူပဲ။
သူမအကူအညီလိုအပ်မယ့်အခါ
သူက ကူညီပေးမယ့်သူပဲ...။
အထူးသဖြင့် ညကနေအခုချိန်ထိ သူ့ရဲ့
ကြင်နာမှုကိုတွေ့လိုက်ရတဲ့ Hu Lei အတွက်
သူ့ကိုပိုပြီး ယုံကြည်လာစေခဲ့တယ်...။
သူပြန်မထွက်လာခင် သူမအရင်
ထွက်သွားသင့်တယ်လို့ထင်တယ်။
သူမ ၈နှစ်လောက်ကတည်းက
ဒီလို ပြည့်ပြည့်ဝဝ မအိပ်ခဲ့ရတဲ့ ညတွေ
မရေမတွက်နိုင်အောင်ပဲ...။
ခြောက်လန့်နေတဲ့ အိမ်မက်ဆိုးတွေကြောင့်
သူမအိပ်ရင်းနိုးပြီးပြန်မအိပ်နိုင်ခဲ့သလို
မျက်လုံးဖွင့်ရင်းအိပ်ပျော်ခဲ့တဲ့
ညတွေလဲ အများကြီးပါပဲ...။
ဒါပေမယ့် မနေ့ညကတော့
နွေးနွေးထွေးထွေး လုံခြုံတယ်လို့
ခံစားရပြီး သူမကောင်းမွန်စွာ
အိပ်ပျော်ခဲ့တာပဲ...။
တွေးရင်းနဲ့ သူမရင်ခုန်သံတွေ
ပိုမြန်လာခဲ့တယ်....။
အသက်ကို ရှူသွင်း ရှူထုတ်လုပ်ရင်း
စိတ်ထဲမှာအကြိမ်ကြိမ် တွေးမိနေခဲ့တယ်။
ဒါပေမယ့် ရုတ်တရက်ကြီး ခံစားလာမိတာကို
ထုတ်ဖော်ပြဖို့အထိ Hu Lei မရဲသေးဘူး။
ခုချိန်တော့ သူ့အပေါ် Hu Lei ခံစားမိနေတာတွေကို ဖုံးကွယ်ထားရမယ်....။
သူမလုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက
ခံစားချက်တွေကို ထိန်းချုပ်နေမယ့်အစား
ခံစားချက်နောက် အေးအေးဆေးဆေး
လိုက်နေလိုက်ဖို့ပဲ...။ Hu Lei ပြုံးလိုက်မိတယ် ။ ခုချိန်တော့ သူ့ကိုအဝေးကပဲ
ကြည့်နေရမယ်...။ ဒါပေမယ့်လည်း
သူမနှလုံးသားက လိုချင်နေတဲ့ အဖြေက
ဒါတော့ မဟုတ်ဘူး...။
သို့ပေမယ့် သူမခံစားချက်တွေကို
ကိုယ်တိုင်တောင်လက်မခံရဲ မယုံကြည်ရဲ
တာမလို့ Hu Lei ခဏစောင့်ကြည့်ရမယ်။
တခြားဆက်မတွေးခင် Hu Lei ရဲ့
ဖုန်းသံက မြည်လာခဲ့တယ်....။
အသံမှတ်မိနေလို့သာ သူမဖုန်းမှန်းသိတာ
မနေ့ညက ကိုယ့်ဖုန်းကို နောက်ဆုံး
Hu Lei တွေ့ခဲ့တာပဲ....။
အသံနောက်လိုက်ရင်း အခန်းနားက
တံခါးတစ်ခုပေါ် မှာ သူမဖုန်းကို
တွေ့သွားတယ်....။
အရေးကြီးတဲ့ဖုန်းများလားဆိုတဲ့
အတွေးနဲ့ သူမဖုန်းကို အလျင်အမြန်
ယူလိုက်မိတယ်...။
ကံမကောင်းစွာပဲ ခေါ် ဆိုသူကို
ကြည့်ရင်း Hu Lei စိတ်ပျက်သွားတယ်။
သူမ အမေပဲ...။ ဒါပေမယ့် သူမ အမေ
ဘာလိုချင် ဘာပြောချင်လဲသိချင်တာမလို့
ဖုန်းချက်ချင်းကိုင်လိုက်တယ်။
" Madam Murong, အံဩစရာပဲ "
Hu Lei တိုက်ရိုက်ပဲပြောလိုက်တယ်...။
"Xiao Lei, ငါက နင့်အမေနော် "
သူလိုအပ်တာရှိလို့ ဖုန်းဆက်တာဆိုတဲ့
အတွေးကိုပဲ Hu Lei ဆက်တိုက်
တွေးနေမိတယ်။
" အမေဘာလိုချင်တာလဲ? "
သူမ သိချင်စိတ်နဲ့ မေးလိုက်ပေမယ့်
" ဘာမှမလိုချင်ပါဘူး...။
ရုပ်ရှင်ကြည့်ဖို့အတွက် သမီးကို ဖိတ်ချင်တာ..။ Murong Yue ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ် ပါတဲ့ကား
ခုလွှင့်မှာလေ...ဒီအချိန်က ရင်းနှီးမှုယူဖို့
အကောင်းဆုံးပဲ..."
အမေဖြစ်သူဟာ ချိုချိုသာသာပဲ
ရှင်းပြလာခဲ့တယ်....။
" အမေ သမီးကို ဘာသက်ဆိုင်သူ
အဖြစ်နဲ့များ ဖိတ်တာလဲ?
ရပ်ဝေးက ဆွေမျိုးတစ်ယောက်
အနေနဲ့လား? "
Hu lei နာကျင်မှုနဲ့ မေးလိုက်မိတော့
တစ်ဖက်က ခနတိတ်ဆိတ်သွားတယ်။
" ဒီအချိန်မှာ မင်းဟာ အမေ့သမီးဖြစ်ကြောင်း လူတွေသိလို့မဖြစ်ဘူးလေ။
အရာအားလုံးရှုပ်ထွေးကုန်မှာပေါ့...။
ဂရုမစိုက်မိတဲ့အသေးအမွှားအပြုအမူကနေ
များစွာသော ပျက်စီးခြင်းဖြစ်တတ်တယ် "
" ဒါကလည်း သမီးအတွေးပဲ..။
သမီးတို့ကြားမှာ အဆက်အသွယ်မှ
မရှိတာ...မလိုအပ်တဲ့ လူတစ်ယောက်ကို
မိသားစုအရေးအတွက် ဖိတ်မလို့လား? "
Hu Lei က သူမကို သူ့ရဲ့သမီးအဖြစ်
တရားဝင်ကြေညာပေးတာ လိုချင်တာ
မဟုတ်ပေမယ့် ခုချိန်နွေးထွေးနေတဲ့
အမေ့ပုံစံဟာ အစစ်အမှန် ဟုတ်မဟုတ်ကိုပဲ
သိချင်တာ...။
သူမ Hu Lei အပေါ် ကောင်းခဲ့ဖူးတာမှ
မဟုတ်ပဲ.....။
" Hu Lei အမေလမ်းကို ရောက်နေပြီ..
မင်းအမေ့ကို လာတွေ့လို့ရမလား? "
နာကျင်သံနဲ့ပြန်မေးလာပေမယ့်
Hu Lei အ နေတာမှမဟုတ်တာ..။
သူမ မျက်ဝန်းတွေပိုအေးစက်လာတယ်။
အမေက သူမကြိုးစားနေတာ ဘာအတွက်လဲ
Hu lei မခန့်မှန်းမိဘူးလို့ ထင်နေတာလား?
Supremeမြို့ကို လွန်ခဲ့တဲ့ ၄လကတည်းက Hu Leiရောက်နေမှန်းအမေ သိတယ်ဆိုတာ
သူမ သိတယ်..ဒါပေမယ့် လုံးဝ မဆက်သွယ်ခဲ့ပဲ အခုလိုအပ်မှ ဆက်သွယ်နေတာ..။
အကြောင်းရင်းကို သေချာအတိအကျမသိပေမယ့် လိုအပ်လို့ဆိုတာ Hu Lei သိတယ်။
အမေက ပြန်ကပ်လာတိုင်း
သူမ ပြန်မပါသွားပဲ သတိထားနေမယ်ဆိုတာ
အဖေ့ကိုလည်း ကတိပေးထားပြီးပြီ။
ပြန်ဖြေဖို့လုပ်တဲ့ အချိန်မှာပဲ
ချောမောခန့်ညားတဲ့ သူမရဲ့ ဘော့စ်ကို
တွေ့လိုက်ရတယ်...။
ချိုမြိန်နေတဲ့ သူ့မျက်ဝန်းက Hu Leiရဲ့
ဒေါသတွေကို လျော့သွားစေတယ်...။
ဖုန်းချရင်း မျက်မှောင်ကြုပ်ချင်သယောင်
ဖြစ်နေတဲ့ Zhong Feng ကို ပြုံးပြလိုက်တယ်။ သူအကုန်ကြားသွားလားလို့လဲ
Hu Lei စိတ်ပူနေမိတယ်...။
ဒါပေမယ့်လည်း သူ့မျက်နှာမှာ
ကြားလိုက်ရတဲ့ အရိပ်အယောင်ရှိမနေဘူး။
" မင်းရဲ့အဝတ်အစားတွေ အိပ်ယာပေါ် မှာ
အဆင်သင့်ပဲ..."
Hu Lei က ဒီအိမ်ထောင်ဦးစီးပုံစံ
Zhong Feng ကို ချစ်မြတ်နိုးမိနေတာ
သူမကိုယ့်ကို ဝန်ခံလိုက်မိတယ်...။
TBC