Hu Lei ဟာ Zhong Feng အနောက်ကနေ
မီးဖိုခန်းရောက်တဲ့အထိ လိုက်သွားလိုက်တယ်။ ကောင်တာက ခုံကိုထုတ်ပေးရင်း
ထိုင်ဖို့ သူမကို ညွှန်ပြလာတယ်...။
Hu Lei ကလဲ အသင့်ပဲ ထိုင်လိုက်မိတယ်။
" မင်းဘာစားချင်လဲ? ဒါမှမဟုတ်
သောက်ချင်တာ တစ်ခုခုရှိလား? "
Hu Lei မီးဖိုခန်းကို ကြည့်လိုက်မိတယ်။
သူတစ်ခုခု ချက်ဖို့များစီစဥ်နေတာလား?
One-night stand လို့ပဲစဥ်းစားအုံး
သူ့ရဲ့ပြုစုမှုတွေဟာ အရမ်းကို
ကောင်းမွန်နေပြီကို ချက်ကျွေးတဲ့အထိ?
မီးဖိုခန်းထဲက ဘာပစ္စည်းမှ
အသုံးပြုထားတဲ့ပုံတော့ သူမ မမြင်ဘူး။
" ကျွန်မက ဘာမဆိုစားနိုင်တယ် "
ဒါကတော့ အမှန်ပဲ...
ဘယ်သူမှမသိတဲ့ဖက်မှာ အစားအနည်းငယ်
ဂျီးများပေမယ့် ဘယ်အစားအစာနဲ့မှ
ဓာတ်မတည့်တာတွေမရှိသလို
အားလုံးလဲ စားနိုင်တယ်...။
" မင်းကအစားကြီးသူဆိုတာ
ကိုယ်သိပါတယ်..."
သူဟာ အနည်းငယ်ရီရင်းပြောလာတယ်..။
ဒီနေ့ ခံစားချက်တွေကောင်းမွန်ပြီး
ပျော်ရွှင်နေပုံရတယ်...
" မဟုတ်ပါဘူး! "
Hu lei ကလဲ ချက်ချင်းပဲ ထငြင်းတယ်။
ပါးလေးတွေ ပိုဖောင်းလာပြီး
နှုတ်ခမ်းအနည်းငယ်စူထားမိတယ်..။
" ဒါဆိုရင်တော့ မင်းက စားစရာရှိတာတွေ
မစားပဲ ဘယ်သူမှမမြင်တဲ့အချိန် ခိုးပြစ်တတ်တဲ့ ကလေးမျိုးပဲဖြစ်မယ်..."
ဒီတခါသူပြောတာမှန်နေတာမလို့
သူမ အနည်းငယ်ရှက်မိသွားတယ်။
ငယ်ငယ်က အမေ ညစာပြင်ပေးတဲ့တစ်ခါက
သူမ မကြိုက်လို့မစားမိတာကို
ကုန်တဲ့အထိ နှစ်နာရီအတိ စောင့်ပြီး
ကျွေးခဲ့တာ.....။
အဲ့ကတည်းက အစားအစာဆို
မရွေးတတ်တော့ပဲ အဆင်ပြေအောင်
စားတတ်လာတယ်...။
အနည်းဆုံး ပြင်ဆင်ပေးတဲ့သူအတွက်
စားပေးတာက ကောင်းတာပေါ့...။
ဒါပေမယ့်လည်း အခု သူမအကြောင်း
သူပဲအားလုံးသိသလိုလို ပြောနေတဲ့
Zhong Feng ကို သူမ ရွဲ့ချင်လာတယ်။
" ကောင်းပြီ...။ရှင့်စီမှာ ကျွန်မကြိုက်တာ
ဘာမှမရှိတာဖြစ်နိုင်တယ်.."
စိန်ခေါ် မှု ပြည့်နှက်နေတဲ့ အကြည့်နဲ့
သူမ ပြောလိုက်တယ်..
" မင်းနို့ဆန်ပြုတ်ကြိုက်လား? "
စိန်ခေါ်မှုကို လက်ခံတဲ့ပုံနဲ့
သူဟာလဲ သာမာန်အစားအစာကို
ပထမဆုံးရွေးရင်း ပြန်ပြောလာတယ်။
" ကျွန်မ မကြိုက်ဘူး..."
" ကြက်ဥဆိုရင်ရော? "
" အဲ့အနံ့ကို ကျွန်မမုန်းတယ် "
" ကြက်အူချောင်းရော မင်းစားနိုင်လား?"
" အဲ့တာကြီးက ဆားငန်ပြီး
ဝလဲဝစေတယ် "
" ဒါဆိုရင် cereal ဆိုရင်ရော? "
Hu Lei ခဏစဥ်းစားမိသွားတယ်။
" Corn-based cereal ကို
ကျွန်မကြိုက်တယ်...
ဒါပေမယ့် နို့ကိုမုန်းတယ် "
နောက်ဆုံးမှာတော့ Zhong Feng အရှုံးပေးသယောင်ယောင်ရှိလာတယ်။
သူမရီချင်သွားတယ်...။
ပိုပြီး ခက်ခဲအောင်လုပ်ချင်လို့
သူမလိမ်ညာတာတွေ တစ်ခုမှမပါပဲ
ကြိုက်တာ မကြိုက်တာကို
ရိုးရိုးသားသား သူမဖြေခဲ့တာ...။
အလျှော့ပေးလိုက်တာကို မပြောသေးခင်
သူဟာ အနည်းငယ်တိတ်ဆိတ်နေခဲ့တယ်။
" မင်းဘာတွေကိုမမုန်းလဲဆိုတာပဲ
ကိုယ်မေးခဲ့သင့်တယ်..."
" ရှင်အခု အရှုံးပေးပြီလား? "
မျက်နှာနက်မှောင်သွားရင်း
သူအရှုံးပေးလိုက်တယ်...။
သူ့အိမ်မှာရှိသမျှ မနက်စာကို
သူပြောခဲ့တာပဲ...လူတစ်ယောက်က
ဘယ်လိုလုပ်ပြီးများ ဒီလောက်ရွေးချယ်နိုင်တာလဲ? သူမ အရပ်ပုပြီး ခန္ဓာကိုယ်သေးသေးလေးပဲ ပိုင်ဆိုင်ထားတာလဲ
မဆန်းတော့ပါဘူး...။
သူမကို ပိုပြီးထွားလာစေမယ့် အစားအစာတွေ သူကျွေးသင့်တယ်...။
သူဟာ သူမကိုသူ့အပိုင်လို စိတ်ထဲမှာ
တွေးနေခဲ့မိတယ်...။
Hu Lei ကလဲ အကြောင်းပြချက်မရှိ
ရင်တထိတ်ထိတ်ခံစားချက်ကြီး ခံစားနေရပေမယ့် ဘာမှမတွေးတော့ပဲ
လျစ်လျူရှုထားလိုက်တော့တယ်။
" ရေခဲသေတ္တာထဲမှာ
သွားကြည့်ပြီး မင်းကြိုက်တာသာ
ယူစားလိုက်တော့ "
ကောင်တာရဲ့တစ်ဖက်ကခုံမှာထိုင်ရင်း
သူဟာပြောလာတယ်..။
Hu Lei ချက်ချင်းထပြီး စားစရာအပြည့်နဲ့
မီးဖိုချောင်ကို မွှေဖို့ ထလာခဲ့လိုက်တော့တယ်။
" ရှင်အမြဲတမ်း ဒီလိုစားစရာ
အပြည့် ဖြည့်ထားတတ်တာလား? "
" မဟုတ်ဘူး "
သူခဏလေးငြိမ်သက်ရင်းပဲ
" နောက်အပတ်အလုပ်များမှာ
ဖြစ်တဲ့အတွက် ကိုယ်ကြိုဝယ်ထားတာ "
အော် ဒါဆို ဒီလိုပေါ့........
" ကျွန်မဆုံးဖြတ်ပြီးပြီ...။
ကျွန်မ scallion pancakes စားချင်တယ် "
သူမတောင်းဆိုလိုက်ပေမယ့်
သူဘယ်လိုလုပ်ရမလဲကော သိပါ့မလား?
သူမဘာလို့ဒီလိုခံစားနေရလဲ မသိပေမယ့်
သူ ဒီနေ့ သူမကိုအလိုလိုက်နေတယ်လို့
ခံစားနေရတယ်....။
ဒါမှမဟုတ်ရင်လဲ သူ Hu lei ကို
ကြိုက်နေတာနေမှာပေါ့.....။
" မင်းဘာတွေ တွေဝေနေတာလဲ?
မင်းစားချင်တာ ဘာမဆိုလုပ်ပေးမယ်လို့
ကိုယ်ပြောပြီးပြီလေ....."
Hu Lei နဖူးကို သူတစ်ချက်တောက်လိုက်မှ
သူမဘေးမှာ သူရောက်နေတယ်ဆိုတာ
Hu lei သတိဝင်လာခဲ့တယ်....။
သူမ ဘယ်လောက်တောင်
ငေးမောမိသွားတာလဲ?
Hu Lei မိမိ ခေါင်းတစ်ချက်ပြန်
ထုရင်း ကိုယ့်ခုံမှာ
ကိုယ်ပြန်ထိုင်နေလိုက်တယ်...။
ခဏအကြာမှာတော့ လိမ္မော်ရည်တစ်ခွက်
သူမအရှေ့ရောက်လာတယ်...။
Hu lei ရင်အနည်းငယ် ခုန်မိသွားပြီး
နွေးထွေးမှုကို ခံစားလိုက်ရတယ်.... ။
TBC....