Hu Lei ဟာ သူမအဖေစကားနားထောင်ပြီးတဲ့ နောက်မှာ ဒေါသနဲ့ သက်ပြင်းချလိုက်တယ်...
သူမဆုံးဖြတ်ချက်ချပြီး သူတို့ရဲ့ Supreme
မြို့က အိမ်ပြန်ဖို့အဖေကို ပြောတာ
အဖေက သဘောမကျဘူး...
သူမအဖေနဲ့ ကမ္ဘာပတ်ပြီး ခရီးတွေ
သွားလာခဲ့တာ ၁၂နှစ်ရှိပြီ...
သူမတကယ် တစ်ယောက်ထဲ
အထီးကျန်မနေခဲ့ပါဘူး...
ဘယ်လိုလုပ်မှ အဖေ သူမကိုမစိုးရိမ်မလဲ?
"သမီး ၃လတောင်ပြန်ခဲ့တယ်
ဒါလဲ အသက်ဆက်ရှင်နေဆဲလေအဖေ "
သူမဟာ ရယ်ရင်းပြောလိုက်တယ်
"အဖိုး Bai က သမီး အဲ့အိမ်ကြီးမှာရှိနေချိန်တွေကို အဖေ့ကို မပြောပြဘူးလို့ ထင်တာလား? "
"အဲ့အဖိုးက အတင်းပြောတဲ့နေရာမှာ
အရမ်းစိတ်ဝင်စားတာလေ... "
သူမဟာအဖေမေးတာကို သွားတကြိတ်ကြိတ်လုပ်ရင်းပြန်ဖြေခဲ့တယ်...
အဖိုးက သူမတို့အဝေးမှာရှိနေတဲ့ တစ်လျှောက်လုံး အိမ်ကို စောင့်ရှောက်ပေးခဲ့တယ်...
အဆင့်အတန်းခွဲခြားမှုတွေမရှိတော့ပေမယ့်
တိုင်းရင်းသား အဖိုးကတော့သူမအဖေကို သခင်တစ်ယောက်လို ရိုသေလေးစားတယ်..
"အကယ်၍ Supreme မှာ သာမာန်ဘဝနဲ့
နေချင်တာက သမီး ဆန္ဒအမှန်ဆိုရင်
အဖေသမီးဘက်က မရပ်တည်နိုင်ဘူး...
အိမ်ကြီးထဲရှိတဲ့ ဥစ္စာပစ္စည်းတွေကိုလဲ
မရရှိနိုင်ဘူး... "
ဒီအဖြေဟာ သူမ မမျှော်လင့်ထားတဲ့
အဖြေတစ်ခုပဲ...
အဖေ့ရဲ့ အသံထဲမှာ ဝမ်းနည်းမှုတွေ
ပါနေတာက Hh Lei ကို တွန့်ဆုတ်စေတယ်...
သူမ အိမ်ကထွက်သွားမှာမဟုတ်ပါဘူး...
မြို့ကြီးမှာ သာမာန်ဘဝနဲ့နေရတာ
ဘယ်လိုလဲဆိုတာ သူမတကယ်သိချင်တာ
ဒါပေမယ့် ဘယ်ကစရမလဲ သူမ မသိခဲ့ဘူး...
သူမလိုသမျှရနေတဲ့ ဒီအိမ်ကြီးက
ထွက်သွားဖို့ မလိုအပ်ပါဘူး..
အခုက သူမမှာဘာမှမရှိတဲ့အပြင်
ဘယ်ကိုသွားရမလဲ လဲမသိဘူး...
Supreme မြို့ကြီးက တစ်နှစ်ပြီးတစ်နှစ်
ပြောင်းလဲနေတာ...
အဲ့မြို့နဲ့ပတ်သက်ပြီး သူမဘာမှ
မမှတ်မိတော့ဘူး....
အခုနေ အိမ်ထဲကထွက်သွားရင်တောင်
သူမလမ်းပျောက်သွားလိမ့်မယ်...
"သမီးအဆင်ပြေပါတယ် အဖေ..."
သူမ ယဥ်ကျေးချိုသာစွာပြန်ဖြေခဲ့တယ်
"Lei ကလေး... သမီးရဲ့ငယ်ဘဝအဖြစ်အပျက်တွေက သမီးကို ခြောက်လန့်နေဆဲဆိုတာ
အဖေသိပါတယ်...
ပြီးတော့ သမီးကို အဖေ့နဲ့ ခေါ် လာမိတာလဲ
အဖေ့ဆုံးဖြတ်ချက်မှားခဲ့တာပါပဲ...
အကယ်၍ မခေါ်ပဲ ထားခဲ့ရင် သမီးဖြတ်သန်းချင်တဲ့ သာမာန်ဘဝမျိုးကိုရနိုင်တယ်...."
အဖေပြောလိုက်တဲ့အသံမှာ နောင်တတွေ
အပြည့်အဝပါနေခဲ့တယ်...
Hu Lei ရဲ့မျက်လုံးတွေဟာ မည်းမှောင်နက်သွားခဲ့ပြီး မျက်နှာဟာလည်း တည်သွားတယ်..
သူမရဲ့ ငယ်ဘဝအကြောင်းပြောတာ
ဒါမှမဟုတ် ကြားရတာကို သူမတကယ်
မကြိုက်ဘူး...
အဲ့တုန်းကအဖြစ်အပျက်တွေဟာ
အိမ်မက်ဆိုးတစ်ခုလို မှတ်မိနေဆဲပဲ....
သူမဟာ အသက်ကိုဝဝရှူရင်း
တည်ငြိမ်အောင် ကြိုးစားလိုက်တယ်....
" ဒါက အမှန်မဟုတ်ဘူးဆိုတာ အဖေ
သိပါတယ်... သမီးဟာကလေးပဲ
ရှိနေသေးပေမယ့်
အဖေ့နောက်ကိုလိုက်ဖို့ဆုံးဖြတ်ခဲ့တာ
သမီးရဲ့ဆုံးဖြတ်ချက်ပါ...."
သူမဟာ အဖေ့စိုးရိမ်မှုတွေကို ဖျောက်ပေးချင်လို့ ပျော်ရွှင်နေတဲ့အသံနဲ့ ပြောလိုက်တယ်
တစ်ဖက်က နားထောင်နေတဲ့အဖေဖြစ်သူဟာ
စကားလမ်းကြောင်းကို အဆုံးသတ်လိုက်တယ်
"သမီးရဲ့အမေကိုရော တွေ့လား? "
"သူ့မှာမိသားစုအသစ်ရှိနေပြီ..ပြီးတော့
သူထိတွေ့ကိုင်တွယ်လို့မရတော့ဘူး...
သူသမီး အပေါ် စိတ်ဝင်စားမှုမရှိတာလဲ
ပေါ် လွင်နေတာပဲဟာကို..."
Hu Ming ဘာဆက်ပြောရမှန်းမသိတော့ဘူး..
သူချစ်ခဲ့တဲ့မိန်းကလေးကို
သူကာကွယ်ပေးချင်ပေမယ့် သူ့ပါးစပ်က
ဘာစကားမှထွက်မလာခဲ့ဘူး...
သူဟာအသုံးမကျတဲ့သူမဖြစ်ချင်ဘူး...
သူ့သမီးကသာ သူ့ဘဝရဲ့ဦးစားပေးပထမပဲ
ဖြစ်ရမယ် ... အတိတ်ကအတိတ်ပဲ...
ဒီအချိန်မှာပြောင်းလဲလို့ရတာမရှိတော့ဘူး..
သူဟာစကားလမ်းကြောင်းပြောင်းလိုက်တယ််
"သမီးမလိုအပ်တာတွေအတွက်
စိုးရိမ်ဖို့မလိုပါဘူး...
ဖြစ်လာမယ့်အရာတွေကို သဘာဝအတိုင်း
ဖြစ်ခွင့်ပေးလိုက်...အခုအတွက်တော့
သမီးရဲ့အလုပ်အသစ်ပေါ် ပဲ အာရုံစိုက်ထား"
သူဟာစိတ်လှုပ်ရှားမှုများစွာနဲ့ပြောလိုက်တယ်
Hu Lei ဟာ သူ့အဖေရဲ့အသံထဲမှာ ရုတ်တရက်ပျော်ရွှင်မှုတွေကို ခံစားမိတယ်
"အဖေ ဘာတွေလုပ်ထားတာလဲ?"
သမီးကမေးတော့ အဖေဖြစ်သူဟာ
လိပ်ပြာမလုံစွာနဲ့ ချောင်းတစ်ချက်
ဟန့်လိုက်တယ််...
"Lei.. အဖေကသမီးရဲ့ နံပါတ်တစ်
ပရိသတ်ဆိုတာ သမီးသိတယ်နော်...
ဒါပေမယ့် အဖေသမီးကို စိုးရိမ်တယ်...
သမီးဟာအမြဲ ကိုယ့်ဘာသာချုပ်နှောင်ထားလို့မရနိုင်ဘူး.. သမီးလိုချင်တဲ့ သာမာန်ဘဝရအောင် အဖေကူညီချင်တယ်...
သမီးပြန်ချင်တာကလဲ အပြင်ကို
အရမ်းလွမ်းနေလို့ဆိုတာ အဖေသိတယ်...
ပြီးတော့ အဖေသဘောတူတယ်...
ဒါပေမယ့်လည်း အတွေ့အကြုံမရှိရင်
သမီးဘာမှမရနိုင်ဘူး ..."
"အဖေဘာတွေလုပ်ထားတာလဲ? "
Leiဟာ စိတ်အားထက်သန်စွာ
ပြန်မေးလိုက်တယ်...
သူမအဖေဟာ မဖြေခင်မှာပဲ
နောက်တစ်ကြိမ် ချောင်းဟန့်ပြန်တယ်...
"ဘာမှအကြီးကြီးမဟုတ်ပါဘူး...
အဖေ ငယ်သူငယ်ချင်းဟောင်းနဲ့တွေ့ခဲ့တာ..
အရင်ကအဖေသူ့ကို ကူညီဖူးတယ်...
အခုသူက အဖေ့ကိုကျေးဇူးကြွေးဆပ်ချင်တယ်... ဒါကြောင့် သမီး သူ့ ကုမ္ပဏီမှာ
အချိန်တစ်ခုထိ အလုပ်လုပ်ရမယ်...
မစိုးရိမ်နဲ့... သမီးအခြေခံလေးတွေကို သင်ဖို့ အချိန်ပိုင်းလိုပဲ အဖေလုပ်ထားတယ်...
တကယ်လို့ သမီးမကြိုက်ဘူးဆိုရင်
အချိန်မရွေးထွက်ခဲ့လို့ရတယ်...."
"သမီးပြန်ဖို့ရွေးချယ်ထားတာကို ဝင်မစွက်ဖက်ပါဘူးလို့ အဖေကတိပေးထားတယ်လေ "
"အဖေ ဝင်စွက်ဖက်တာမဟုတ်ဘူး...
Supreme မြို့ကြီးမှာ သာမာန်ဘဝနဲ့
နေချင်တယ်ဆိုတဲ့ သမီးရဲ့ ပန်းတိုင်
ရောက်အောင် ကူညီတာပါ...."
အဖေဟာစိတ်လှုပ်ရှားစွာရယ်ရင်းပြောတယ်
"အဖေက မကောင်းဘူး...
သမီးက သမီးရဲ့ပန်းတိုင်ကို အကူအညီမပါပဲ ရောက်ချင်တာ!"
သူမဟာစိတ်ဆိုးတဲ့အသံနဲ့ ပြန်ဖြေခဲ့တယ်
"အရာအားလုံးအဖေ့နဲ့အတူတူလုပ်ခဲ့ပြီး
ခုတော့ အဖေ့အကူအညီမလိုအပ်ဘူးပေါ့...
ဒါပေမယ့်လည်း အဲ့မြို့ကြီးမှာက ပေါင်းသင်းဆက်ဆံရေးကမလွယ်ကူဘူး...
နိုင်ငံပေါင်းများစွာကို ခရီးသွားပြီး အတွေ့အကြုံရလာတာထက် ခက်ခဲတယ်..
သမီးစိတ်မပူနဲ့...သမီးမှာ လုပ်နိုင်တဲ့အရည်အချင်းတွေ မပြည့်ရင် အဖေ့သူငယ်ချင်းကလဲ သူ့ကုမ္ပဏီမှာ လက်ခံမှာ မဟုတ်ဘူး..."
အဖေဟာကျေကျေနပ်နပ်ကြီးရယ်ရင်း
ပျော်ရွှင်နေတယ်...
Hu Lei ဟာစိတ်တိုရင်း ဒေါသနဲ့
သက်ပြင်းတွေပဲ ချနေနိုင်တော့တယ်...
ဒီအဘိုးကြီးက ဒီလိုကူတာနဲ့တင် အားလုံး
အဆင်ပြေပြီလို့ တကယ်ထင်နေတာလား?
"သမီးဒါနဲ့ပတ်သက်ပြီးမသိသေးဘူး "
သူမဟာနူးညံ့စွာပဲ ပြန်ပြောလိုက်တယ်
သမီးဖြစ်သူအလျှော့ပေးတဲ့အသံကြားတာနဲ့
အဖေက သမီးစိတ်မပြောင်းခင် ဖုန်းချရမယ်
ဆိုတာ သိလိုက်တယ်....
"သမီးလုပ်ရမဲ့အလုပ်နဲ့ပတ်သက်ပြီး
အသေးစိတ်ကို ရက်အနည်းငယ်နေရင်
သိလိမ့်မယ်...သမီးအဆင်ပြေမှာပါ
ဒါပဲနော် ဘိုင့်..."
Hu Lei ပြန်မပြောနိုင်ခင်လေးမှာပဲ
ဖုန်းကကျသွားခဲ့ပြီ....
သူမအဖေရဲ့ကလေးဆန်မှုကို ရယ်ချင်
ပေမယ့်လည်း အလုပ်အသစ်တွက်လည်း
အနည်းငယ် ကြောက်ရွံ့နေမိတယ်...
ဒါဟာသူမ hometown ကို ပြန်နိုင်တဲ့
တစ်ခုတည်းသော အရာပဲ...
ဒါဟာပုံမှန်အလုပ်ခွင်မှာ အလုပ်အတူတူ
လုပ်ကြရင်း အလုပ်ပြီးရင် စကားပြောကြ
စားသောက်ကြနဲ့ သူမလိုချင်တဲ့ ပျော်စရာကောင်းတဲ့သာမာန်ဘဝမျိုးပဲ....
သူမရဲ့ဖုံးကွယ်ထားတဲ့ ဟန်ဆောင်မျက်နှာဖုံးအောက်မှာ ကြောက်စရာ အတိတ်မှောင်ကြီးက ဖုံးကွယ်နေတာ သူမသိတယ်...
တစ်ဖန်ပြန်စတင်မယ့် ဒီမြို့ကြီးမှာ
သူမဘဝဟာ အရာရာပြောင်းလဲသွားမှာလား?
TBC....