" ကျွန်မ ဒီမှာရေချိုးလို့ရလား? "
အနည်းငယ်တိတ်ဆိတ်မှုအပြီး
Hu Lei ခွင့်တောင်းမိတယ်....။
နေရာသစ်တစ်ခုမှာ ရေချိုးဖို့အတွက်
သူမ အဆင်မပြေဖြစ်မနေဘူး....။
သူမအတွက် နှစ်ပေါင်းများစွာ နေရာအတည်တကျ အိမ်ဆိုတာ ရှိမှမရှိခဲ့တာ...။
ကမ္ဘာလှည့်ခရီးသွားရင်း
အဆင်ပြေတဲ့နေရာမှာ နေခဲ့တာပဲ...။
ဒါပေမယ့်လည်း ဒီနန်းတော်လို စံအိမ်ဖြူကြီးမှာ သူမစိတ်ကြိုက်မလုပ်ရဲလို့
ယဥ်ယဥ်ကျေးကျေး ခွင့်တောင်းလိုက်တယ်။
Zhong Feng ဟာ သူ့နောက်လိုက်ခဲ့ဖို့
ပြောရင်း လှေကားအပေါ် အရင် တက်သွားတယ်...။ ခြေလှမ်းကျယ်တွေနဲ့သူဟာ
တစ်ခါတက်ရင် နှစ်ထစ်ကျော်တက်တယ်။
ဒါပေမယ့် Hu Lei ဟာ သူ့အနောက်
လိုက်ပြေးနေရတာ အနှောင့်အယှက်
ဖြစ်မနေဘူး....။
သူဖွင့်လိုက်တဲ့ အခန်းတံခါးဟာ
အစောက Hu Lei ထွက်လာတဲ့
အခန်းဟုတ်မနေဘူး...။
အထဲကိုဝင်းရင်း ဒါဟာ သူ့အိပ်ခန်း
ဆိုတာ Hu Lei သိလိုက်တယ်.... ။
သပ်သပ်ရပ်ရပ်နဲ့ တောက်ပြောင်နေတဲ့
အခန်းဟာ ဒီအိမ်မှာတော့ အများဆုံး
အသုံးပြုထားတဲ့အခန်းနဲ့တူတယ်.... ။
သူဟာ Hu Leiကို ရေချိုးခန်းစီ
လမ်းပြပေးခဲ့တယ်....။
" ရှင်သိလား? ရှင့်ရေချိုးခန်းကို
ကျွန်မကိုပေးသုံးစရာမလိုပါဘူး....။
တခြားအခန်းတွေကိုလဲ ကျွန်မသုံးနိုင်တယ်"
သူမဟာ အနည်းငယ်ရီရင်းပြောလိုက်ပေမယ့်
" တခြားခန်းတွေက toilet မရှိဘူး..။
တစ်အိမ်လုံးမှာ ကိုယ့်အခန်းပဲ လူနေတာမလို့
ဒီမှာချိုးတာ အဆင်ပြေဆုံးပဲ..."
သူဟာ ပြန်ဖြေရင်း ဘီဒိုဖွင့်ပြီး
Hu Lei ကို အမွှေးပွပွ towel လှမ်းပေးလာတယ်...
ဒီအိမ်က အရာရာအားလုံးဟာ
အဖြူရောင်တွေပဲ ဖြစ်နေတာ
သူမသတိထားမိသွားပြီး အနည်းငယ်
ပြုံးမိသွားတယ်...။
ဒီအကြံကို သူဘယ်လိုများ
စဥ်းစားမိတာလဲ?
ဒါမှမဟုတ် မျက်ကန်းလို မမြင်မကန်း
ဖြစ်နေမှာကို တွေးကြောက်ပြီးများ
အဖြူတွေချည်း ဆင်ထားတာလား?
အတွေးထဲမှာ သာယာနေပေမယ့်
လက်ရှိမှာတော့ Hu Lei ဘာမှ
ထုတ်မပြောခဲ့ဘူး....။
တခြားတယောက်ပိုင်နက်ထဲ
ရောက်နေတဲ့အခါ အတတ်နိုင်ဆုံး
ဘာမှဝင်မရှည်ပဲ အေးဆေးနေတာ
ပိုကောင်းတယ်လို့ သူမတွေးထားတယ်။
Towel ကို လှမ်းယူရင်း
သူမပြုံးပြလိုက်မိပြန်တယ်....။
" မင်းအဝတ်တွေကို တံခါးရှေ့ချထားလိုက်..
ကိုယ်မင်းဝတ်ဖို့ တစ်ခုခုစီစဥ်ပေးပြီး
အဲ့ဟာတွေ လျှော်ထားပေးမယ်... "
သူဟာ ပြောရင်းထွက်သွားခဲ့တယ်...။
Hu Lei ထူးထူးဆန်းဆန်းကြီး
ခံစားနေမိတယ်...။
အခုသူမ တွေ့လိုက်ရတဲ့ဟာက
Zhong Feng အစစ်မှဟုတ်ရဲ့လား?
သူမရဲ့ ကောက်ကျစ်တဲ့ နတ်ဆိုးကောင်က
ဘယ်ရောက်သွားတာလဲ?
မကောင်းစဖူး အရမ်းကြီးကောင်းပြနေလို့
သူမ အံဩသွားတယ်...။
အကယ်၍ Zhong Feng သာ
သူမအတွေးတွေကို ကြားခဲ့ရင်
Hu lei ကိုယ့်အမှားကို သိပါပြီဆိုတဲ့အထိ
သူအပြစ်ပေးနေလောက်မယ်ထင်တယ်....။
သူမဟာ အတွေးရပ်ပြီး
အေးအေးဆေးဆေးပဲနေဖို့ ဆုံးဖြတ်လိုက်တယ်...။ မဟုတ်လဲ သူမ အခု ဒီမှာ
ဘာမှ လုပ်ပိုင်ခွင့်မှမရှိပဲလေ...။
ရေချိုးပြီးထွက်လာတဲ့အခါ အိပ်ယာပေါ် မှာ
အဝတ်အစားကို Hu Lei တွေ့လိုက်တယ်...။
မဝတ်ခင်မှာ သူမ ကိုယ်ပေါ်
အရင်တိုင်းလိုက်တယ်...။
အဝတ်တွေဟာ အရမ်းရှည်နေပြီး သူမလည်ပင်းကနေ ခြေဖျားအကုန်
ဖုံးအုပ်နေတယ်...။
သူမဟာ မျက်မှောင်ကြုပ်ရင်း
ဝတ်လိုက်တော့တယ်...။
အမှန်တော့ သူမကအဝတ်ကို
ဝတ်တာမဟုတ်ပဲ အဝတ်က သူမကို
ဝတ်ထားတာ!
ဒီအဝတ်တွေဟာ အရပ်ရှည်ရှည်
မိန်းကလေးတစ်ယောက်ရဲ့ဟာပဲ
ဖြစ်ရမယ်..ဒါမှမဟုတ် Zhong Feng မှာ
ဒီလို ဝတ်တတ်တဲ့ အကျင့်ရှိလို့နေမယ်...။
သူမဟာတွေးရင်း သဘောတကျနဲ့
ရီလိုက်မိတယ်....။
" ကိုယ့်မကောင်းကြောင်းတွေများ
တွေးနေလို့ ဒီလောက်ပျော်နေတာလား? "
ရုတ်တရက် ဝင်လာရင်း ပြောတဲ့အသံကြောင့်
သူမ အနည်းငယ်လန့်သွားတယ်...။
သူ့မကောင်းကြောင်းတွေးနေတာ
ဒီနတ်ဆိုးကောင် ဘယ်လိုများ
သိနိုင်တာလဲ? တကယ်စိတ်ဖတ်နိုင်စွမ်းများ
ရှိနေတာလား?
Hu lei ဟာ တဖန်အတွေးထဲငြိမ်သွားပြန်တယ်...။
Zhong Feng ဟာသူမစိတ်ကို
ဖတ်နိုင်တာလဲမဟုတ်ပဲ
သာမာန် ဒီအတိုင်းပဲခန့်မှန်းလိုက်တာ....။
မနေ့ညကတည်းက သူမအကြောင်းကို
သူတော်တော်သိသွားပြီ...။
သူမ တစ်ခုခုမကောင်းတွေးတိုင်း
မျက်လုံးတောက်တောက်ပပလေးတွေနဲ့
သဘောတကျ ရီနေလေ့ရှိတယ်....။
Hu Lei ဟာ လည်ချောင်းရှင်းရင်း
တခြားအကြောင်းပြောဖို့
ဆုံးဖြတ်လိုက်တယ်.....။
" ဒီအဝတ်အစားတွေက
ရှင့်ရဲ့ ကောင်မလေးဟာတွေလား? "
သူမဟာ မေးပြီးမှ တွန့်ဆုတ်သွားတယ်။
သူမစကားတွေက တစ်ခုခုကို ညွှန်းသလို
သက်ရောက်သွားလား?
Hu Lei ကပဲ သူ့ကိုကြိုက်နေတယ်လို့
ထင်သွားမလား?
သူ့ရဲ့မျက်ဝန်းတွေဟာ တောက်ပလာပြီး
Hu lei ကို ပြုံးရင်းကြည့်လာတယ်။
သူ့အပြုံးတွေထဲ အရင်လို မကောင်းအကြံတွေပါမနေပဲ နှစ်ခြိုက်စွာပြုံးနေခဲ့တယ်...။
သူ့အပြုံးတွေဟာ အရမ်းကိုနူးညံ့နေတာမလို့
သူမတကိုယ်လုံးအေးစက်လာပြီး
ထူးထူးဆန်းဆန်းတွေ ခံစားလာမိတယ်...။
" မင်းစိုးရိမ်စရာမလိုပါဘူး...။
ကိုယ့်မှာ ကောင်မလေးမရှိဘူး...။
ဒီအဝတ်အစားတွေက အပျော်ကောင်မလေးတွေဟာလဲ မဟုတ်ဘူး...."
သူဟာပြုံးရင်း ပြန်ဖြေလာတယ်...။
Hu Lei ခေါင်းလေးအနည်းငယ်စောင်းရင်း
မျက်တောင်ခပ်လိုက်မိတယ်...။
သူဘာတွေစဥ်းစားနေလဲဆိုတာ Hu Lei
မခန့်မှန်းတတ်တော့ဘူး...။
သူဘယ်ကိုအစချီဖို့ကြိုးစားနေတာလဲ?
သူရူးနေတာလား?ဒါမှမဟုတ် သူဆေးတွေ
သောက်ဖို့များ မေ့သွားတာလား?
Zhong Feng နူးနူးညံ့ညံ့လေးရီလိုက်တာ
သူမမြင်ပြီး ဒီနေ့ နေဟာ အနောက်အရပ်ကများထွက်တာလားလို့
Hu Lei ခံစားမိသွားတယ်။
" ဒီအဝတ်အစားတွေက ကိုယ့်အစ်မဟာပါ"
သူဟာ ပြောရင်းအခန်းထဲက
ထွက်သွားခဲ့တယ်.....။
Hu lei နောက်တကြိမ် အံသြသွားမိတယ်။
Zhong Feng မှာ အစ်မရှိတယ်ပေါ့?
သူ့ရဲ့ပုံစံကို ကြည့်ရတာ မောင်နှမ မရှိပဲ
အထီးကျန်စွာ ကြီးပြင်းလာတာနဲ့ တူတာကို။
အခုမှ အစ်မရှိတယ်ဆိုတော့? .....
TBC....