တစ်ခန်းလုံးဖြူစင်သန့်ရှင်းစွာ
မွေ့ယာကအစအဖြူရောင်တွေနဲ့ပဲ
အလှဆင်ထားတဲ့ ကုတင်ပေါ် အိပ်ပျော်နေတဲ့
Hu lei ရဲ့ အိမ်မက်ထဲ အော်ဟစ်ဆူညံမှုတွေ
ကြားနေရတယ်..... ။
ဆူညံမှုတွေက အရင်ကထက်
ပိုပြီးကျယ်လောင်နေခဲ့တယ်....။
ကုတင်ထက်က Hu Lei ဟာ
မွေ့ယာပေါ် မှာ ချွေးစက်တွေနဲ့
ရွှဲစိုနေခဲ့တယ်.....။
ဆူညံမှုတွေကြားရပ်နေတဲ့ သူမဟာ
ဒါက မမှတ်မိချင်တော့တဲ့ memories တွေနဲ့
အိမ်မက်ဆိုတာသိနေတာမလို့
လုံးဝမရွေ့ပဲ ဆက်အိပ်နေခဲ့တယ်.. ။
ငြိမ်သက်စွာပဲအိပ်နေရင်း နတ်ဆိုးတွေ
သူမကို လိုက်ဖမ်းနေတဲ့အိမ်မက်ကို
ဆက်မယ်နေမိတယ်....။
သူမ အိပ်ယာကနိုးထလာတဲ့ အခါမှာတော့
ဖြူစင်ရှင်းသန့်နေတဲ့ အခန်းကျယ်
ကိုကြည့်ရင်း တစ်နေရာမှာ
ပိတ်မိနေတာလား...။
ဒါမှမဟုတ် သေပြီးများ နတ်ပြည်ကို
ရောက်သွားတာလားလို့ တွေးနေမိတယ်။
အသက်ကိုပြင်းပြင်းတစ်ချက်ရှူရင်း
သူမရဲ့ ပိတ်လှောင်အကြောက်လွန်ရောဂါကို
မေ့ထားဖို့ ဆုံးဖြတ်လိုက်တယ်...။
အမှန်ပြောရရင် ပိတ်လှောင်တဲ့နေရာအားလုံးကို သူမ မကြောက်ပေမယ့် အခန်းဖြူကိုတော့ သူမကြောက်တယ်....။
ပြီးတော့ အခုသူမနိုးလာတဲ့အခန်းကလည်း
Test tubes အနည်းငယ်နဲ့
Medical-grade lab ပဲရှိနေခဲ့တယ်..။
တိမ်ဆိုင်တွေလို နူးညံ့တဲ့အိပ်ယာက
သူမ ထလာတဲ့အခါမှာ ခေါင်းတွေ ကိုက်နေပြီး လည်ချောင်းတွေဟာလဲ ခြောက်သွေ့
နေခဲ့တယ်...။ မနေ့ညက ဘာတွေဖြစ်ခဲ့လဲ
ပြန်စဥ်းစားဖို့လုပ်ပေမယ့် ပိုပြီး
ခေါင်းသာကိုက်လာတယ် မမှတ်မိခဲ့ဘူး..။
သူမ မှတ်မိတာတစ်ခုကတော့
ဘော့စ် Zhong Feng နဲ့ ညစာ
စားခဲ့တာပဲ.....။
အမဲသားပြားကြော်နဲ့ ထမင်းမှာတာလည်း
မှတ်မိပြီး ခပ်မွှေးမွှေးဖျော်ရည်တွေ
မှာသောက်တာလဲ မှတ်မိသေးတယ်...။
ပြီးတော့ အရာအားလုံးကမှုန်ဝါးဝါးပဲ..။
ဘာတွေဖြစ်ခဲ့တာလဲ? ....
သူမ ကိုယ့်ကိုစစ်ဆေးကြည့်လိုက်တော့
မနေ့ညက အဝတ်အစားတွေ
ဝတ်ထားဆဲပဲ....။
ညကအရှိန်ကြောင့် ခေါင်းအရမ်း
ကိုက်နေဆဲပဲ.....။
ယိမ်းယိုင်စွာနဲ့ တံခါးစီ
လျှောက်သွားမိလိုက်တယ်...။
တံခါး Lock ကို ဖြည်းဖြည်းချင်း
ဖွင့်လိုက်တယ်....။
အခန်းဝကနေ ခေါင်းလေးထုတ်ရင်း
အရှေ့ကို အရင်ချောင်းကြည့်လိုက်မိတယ်။
ဘယ်သူမှမရှိတဲ့အခါမှ
အပြင်ထွက်ခဲ့လိုက််တယ်....။
လှေကားထစ်ကိုတွေ့တော့ ဖြည်းဖြည်းချင်း
ဆင်းလာလိုက်ရင်း ခေါင်းကိုက်နေတာကို
လျစ်လျူရှုထားလိုက်မိတယ်...။
တဖြည်းဖြည်းနဲ့ သူမရောက်နေတာ
ကြီးမားလှပတဲ့ အိမ်တစ်လုံးဆိုတာ
ထင်ရှားလာတယ်....။
ခေါင်းအနည်းငယ်ရှင်းလာတဲ့အခါ
သူမ ဒီကိုဘယ်လိုရောက်လာမှန်း
မသိပေမယ့် ဘယ်ကိုရောက်နေလဲဆိုတာတော့ သိလာခဲ့တယ်....။
နေရာသိတာနဲ့ ပိုပြီး ယုံကြည်မှုရှိရှိ
အပြင်ထွက်လာခဲ့မိလိုက်တယ်....။
သိပ်မကြာခင်မှာပဲ Hu lei
ဧည့်ခန်းကို တွေ့သွားတယ်...။
အိပ်ခန်းလို ပြောင်စင်မနေပဲ
အနည်းငယ် အလှဆင်ထားတယ်...။
အခန်းတွင်းကို နည်းနည်းစပ်စုရင်း
ဝင်သွားတော့ အခန်းတွင်းကသူကို
Hu Lei တွေ့သွားတယ်...... ။
" မင်းနိုးလာပြီပဲ....."
သူမနောက်ကနေ အသံနက်နက်နဲ့
ပြောလာတဲ့အခါ Hu Lei လန့်သွားမိတယ်..။
" ကျွန်မနား အနီးကပ်မအော်နဲ့ "
အနောက်လှည့်လိုက်တဲ့အခါ ဘော့စ်က
သူမနဲ့အနီးအနားရောက်နေတာ Hu lei
သတိထားမိသွားတယ်...။
ရှေ့ကသူကို Hu Lei ခဏငေးကြည့်မိ
သွားတယ်....။
သူမရဲ့ခေါင်းကိုက်မှုဟာ
ပျောက်ကွယ်သွားပြီး အရင်တွေ့နေကြ
ပုံစံမဟုတ်တဲ့ Zhong Feng ကို
တွေ့လိုက်ရတယ်.......။
သူက သူမအကြည့်တွေကို
ဖမ်းစားလိုက်သလိုပဲ....။
သန်မာတဲ့ လက်မောင်းတွေကို
လျစ်ဟထားပြီး short sleevesလေး
ဝတ်ထားတယ်...။
ပေါ့ပေါ့ပါးပါး လူငယ်လေးတစ်ယောက်လို
ဝတ်ဆင်ထားပြီး အရင်သေသေသပ်သပ်
သိမ်းထားတတ်တဲ့ ဆံပင်တွေဟာလည်း
အခုမှ ခေါင်းလျှော်ရေချိုးလာပုံရပြီး
အနည်းငယ် စိုနေခဲ့တယ်...။
" ကမ္ဘာတစ်ခုလုံးကို ဂရုမစိုက်ပဲ
သောက်ချင်တိုင်းသောက်တဲ့
မင်းရဲ့ အပြစ်ပဲ...."
သူ့ရဲ့မျက်နှာပေါ် မှာ သရဲပြုံးလို
ကျေကျေနပ်နပ်ကြီးပြုံးနေတာသိပေမယ့်
စိတ်ထဲကကျိန်ဆဲတာပဲ သူမ
လုပ်နိုင်ပြီး လက်တွေ့မှာတော့
ဘာပြန်ပြောရမလဲ မသိခဲ့ဘူး.....။
" ကော့တေးမှာ အရက်ပါတာ
မင်းသိလား? "
Zhong Feng တကယ်သိချင်လို့
မေးလိုက်မိတယ်.... ။
" ဒါပေါ့... ကျွန်မက အရူးမှမဟုတ်တာ "
Hu Lei သိတာပေါ့...
ဒါပေမယ့် ဒီလောက်အများကြီးပါတယ်မှန်း
သူမ မသိခဲ့တာ.....။
အရင်က သူမဟာ အရက်ကို
သောက်တောင်မသောက်ခဲ့ရဘူး...။
တစ်နေရာထဲ အတည်တကျမနေပဲ
နေရာပြောင်းရွှေ့နေတာနဲ့တင်
သူမ မအားခဲ့ဘူး...။
မနေ့ညက ကော့တေးထဲ အရက်အများကြီး
ပါမှန်း တကယ်မသိခဲ့တာ...။
သောက်နေရင်းလဲ အရက်အရသာ
မခံစားမိခဲ့ပဲ ဖျော်ရည်အရသာပဲ
ရနေခဲ့တယ်...။
အရင်က အဖေ့ရဲ့ဘီယာလေး
ယူသောက်မိတာတောင် Hu Lei
ချက်ချင်း အန်ခဲ့တာ...။
အရက်သောက်မိတယ်လို့
Hu Lei ဘယ်လိုသိမှာလဲ?
ကံမကောင်းစွာပဲ သူမ အချိန်ကို
နောက်ပြန်လှည့်လို့မှမရတာ...။
စိတ်ကောင်းရှိစွာ သူမကို
ခေါ် လာပေးတဲ့ သူမရဲ့သူဌေးကိုပဲ
ကျေးဇူးတင်ရတော့မယ်.....။
TBC...