book

Index 27

Is the evil emperor unhappy?

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel

26. Is the evil emperor unhappy?


" ရှင်တစ်ခုခုကို အလေးအနက်

မထိန်းမချုပ်နိုင် စဥ်းစားနေတာနဲ့တူတယ် 

Mr Zhong "


Hu Lei ဟာ သူမရဲ့ရှေ့က ခုံမှာထိုင်နေသူကို

လက်ထဲက တူနဲ့ထိုးပြရင်း ပြောလိုက်တယ်။

သူမရဲ့မျက်နှာဟာ မူးဝေမှုတွေ

ရှိမနေတော့ပဲ လန်းလန်းဆန်းဆန်းလေး

ဖြစ်နေတယ်...

ပါးမို့မို့လေးတွေနဲ့ နှုတ်ခမ်းပါးလေးနဲ့

သူမပုံစံဟာ ချစ်ဖို့ကောင်းနေခဲ့တယ် ။

ပန်းကန်ထဲက စားစရာတွေကို 

ယူစားနေတဲ့အခါ သူမပါးလေးတွေဟာ

ဖောင်းတက်လာတယ်...။


" အဲ့လောက်သိသာနေလား? "


" ဒါပေါ့....

တိုက်ပွဲမှာအနိုင်မရခဲ့လို့ စိတ်ဆိုးနေတဲ့

ဧကရာဇ်တစ်ပါးလိုပဲ...."


ဖန်ခွက်ထဲက ဖျော်ရည်ကိုသောက်ရင်း

သူမလည်ချောင်းရှင်းလိုက်တယ်...။


Zhong Feng ဟာ မျက်ခုံးအနည်းငယ်

ပင့်တက်ရင်း သူမကိုကြည့်လိုက်တယ်...။

မျက်နှာရဲရဲလေးနဲ့ သူမဟာ 

ချစ်ဖို့ကောင်းနေတယ်...။

Zhong Feng ဟာ ဘာမှပြန်မပြောခဲ့ပေမယ့်

သူမကို ကြည့်ရင်း ပြုံးနေမိတယ်.... ။

သူ့နှလုံးသားထဲမှာ ဒီစကားပြန်မလေးဟာ

ပိုပြီး နေရာယူလာပြီ....။

Hu Lei ရဲ့အစစ်အမှန်ပုံကို သူပထမဆုံး

မြင်လိုက်ရတယ်လို့ ခံစားမိသွားတယ်...။

နဂိုသူမချပြထားတဲ့ ပုံစံကို

အားလုံးက အစစ်အမှန်လို့ ထင်ရင်တောင်

သူမ ဂရုတစိုက် တပ်ထားတဲ့မျက်နှာဖုံး

ဆိုတာ သူသိတယ်....။


အခု သာမာန်စကားတွေကို

ပုံမှန်အတိုင်းပြောနေတဲ့ သူ့ရှေ့က

ကောင်မလေးဟာ Hu Lei အစစ်အမှန်ပဲ

ဆိုတာ သူသိနေတယ်...။


" မင်းပိုပြီးများများစားသင့်တယ်လို့ 

ကိုယ်ထင်တယ်...."


သူချိုသာစွာပြောဖို့ကြိုးစားလိုက်ပေမယ့်

ကသိကအောက် ဖြစ်နေခဲ့တယ်......။


ဒီစကားတွေကို သူဘယ်သူ့ကိုမှ

မပြောခဲ့ဖူးဘူး...။

သူမက ပန်းကန်ထဲက စားစရာတွေကို

အနည်းငယ်ပဲ , အသီးအရွယ်အနည်းငယ်..

အသားလည်းထမင်းနဲ့အတူတူ 

နည်းနည်းပဲစားနေတာ...။

အဲ့တာကြောင့် သူပြောမှဖြစ်တော့မယ်လို့

တွေးပြီး ပြောလိုက်ခဲ့မိတယ် ....။

အစားအစာတွေတော့ အစားပေမယ့်

အစာအိမ်တစ်ခုလုံးကို အဲ့ကော့တေးတွေနဲ့

ဖြည့်နေသလားမှတ်ရအောင် 

အများကြီး သောက်နေခဲ့တယ်.....။


သူမ အရက်ပါဝင်တဲ့ဖျော်ရည်

တစ်နည်းပြောရရင် ကော့တေးတွေကို

မှာနေတာ Zhong Feng တားချင်ပေမယ့်

မတားလိုက်ဘူး....။

အဲ့အရသာတွေကို မြည်းစမ်းနေတဲ့

သူမ မျက်နှာရဲရဲလေးဟာ

ချစ်ဖို့ကောင်းလွန်းနေတယ် ......။

အစားစားတဲ့အချိန်ကျတော့ 

ပါးစပ်ထဲ ပါလေရုံလေးထည့်ပြီး

မြိုချလိုက်ပေမယ့် ကော့တေးကိုတော့

အရသာခံပြီးကို ဖြည်းဖြည်းချင်း

သောက်နေခဲ့တယ်.... ။


တားလဲတားချင် တားလဲမတားရက်

အခြေအနေထဲ Zhong Feng စိတ်ရှုပ်လာရင်း သက်ပြင်းချလိုက်မိတယ်....ါ


" အို...ကျွန်မရဲ့နတ်ဆိုးဧကရာဇ်

မပျော်မရွှင်ဖြစ်နေတာလား? "


သူမဟာ အစားအစာတွေကို 

ဖယ်ရင်း စားပွဲစီကို ရီရင်းကပ်လာတယ်။


" သက်ပြင်းချတာဟာ 

မပျော်မရွှင်ခံစားရတတ်တာကို ရှင်သိလား? 

ဒီအတိုင်းပဲ ဆက်တိုက်သက်ပြင်းချနေရင်

ရှင်ပျော်ရွှင်ရမှာမဟုတ်ဘူး....။

ရှင့်နဲ့တွဲမယ့် ကောင်မလေးတောင်

ရှိတော့မှာမဟုတ်ဘူး...."


နောက်တကြိမ် သူမရဲ့ကလေးဆန်မှုမှာ

သူတိတ်ဆိတ်နေခဲ့ပြီး ဘာမှ

မတုန့်ပြန်လိုက်ဘူး။


" ရှင်စိတ်ဆိုးသွားတာလား?

စိတ်မပူပါနဲ့.... ရှင့်နဲ့တွဲဖို့တစ်ယောက်မှ

မရှိတော့ရင် ကျွန်မက ရှင့်ချစ်သူဖြစ်ပေးမယ်လေ...."


ဒီစကားတွေ့ကြားရတဲ့အချိန်မှာတော့

သူငြိမ်မနေနိုင်တော့ဘူး...။


"ကိုယ်က မင်းကို ကိုယ့်ကောင်မလေးအဖြစ်

ဘာလို့လက်ခံရမှာလဲ? "


တယုတယပြောလိုက်တဲ့ သူ့အသံလေးဟာ

သူမကို မူးယစ်စေတယ်.. နစ်မွှန်းသွားစေတယ်


"ဟင့်..ရှင် ကျွန်မကို ရှင့်ကောင်မလေးအဖြစ်ရရင် တကယ်ကံကောင်းမှာနော်...

ကျွန်မက မယုံနိုင်လောက်အောင်

ချစ်ဖို့လဲကောင်းတယ်...

မယုံနိုင်စရာကောင်းလောက်အောင်

 IQ ကလဲ မြင့်သေးတယ်.." 


သူမအသံဟာထင်ရှားစွာပဲ တိုးသွားခဲ့ပြန်တယ်...။


" ပြီးတော့ ကျွန်မကကောင်လေးလဲ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး...

ဒါကြောင့် ကျွန်မဟာ အပြည့်အဝ

ရှင့်တစ်ယောက်ထဲ အပိုင်ပဲ..."


သူမဟာ ပြောခဲ့တာကို ကျေနပ်သလိုနဲ့

သူမခုံကို ပြန်သွားရင်း 

နောက်ထပ် ကော့တေးကို ပြန်သွား

သောက်ပြန်တယ်....။


ငယ်ငယ်ကတည်းက အခုမှ 

ပထမဆုံးအကြိမ်အဖြစ် Zhong Feng 

သဘောတကျနဲ့အကျယ်ကြီး 

အော်ရီချင်မိသွားတယ်....။

ကော့တေးလေးသောက်ရင်း

မူးသွားတဲ့ လူတစ်ယောက်က 

ဘာလို့များ ဒီလောက်အထိလုံးဝကြီး

ချစ်စရာကောင်းနေနိုင်တာလဲ?

သူဒီလို ခံစားနေရတာဟာ

သူမဆင်တဲ့ ထောင်ချောက်ဆိုရင်တောင်

သူအကြိမ်ကြိမ် ခုန်ဆင်းပျော်ဝင်မိမှာပဲ။


"မင်းကိုယ့်ကိုယုံကြည်လက်ခံစေခဲ့တယ်..

မင်းကိုယ့်ကောင်မလေး ဖြစ်နိုင်ပါတယ်"

သူ့ရဲ့မျက်လုံးဟာ နတ်ဆိုးတစ်ကောင်စိတ်အားထက်နေသလိုမျိုး တလက်လက်နဲ့ တောက်ပနေတယ်...


Hu Leiဟာ မာနတွေပြည့်နေတဲ့

အကြည့်နဲ့သူ့ကို ကြည့်လာတယ်...။


"ရှင်ကဒါကို ကျွန်မအတွက်

အလုပ်ဖြစ်မယ်ထင်လို့လား?

ရှင်က ကျွန်မ့​ထက် နှစ်ပေါင်း

တစ်ရာပိုစောပြီး ကောက်ကျစ်လာတာ...

အကယ်၍ ကျွန်မ့ကိုရှင့်ကောင်မလေးအဖြစ်လိုချင်ရင်တော့ ရှင့်ရဲ့ရိုးသားမှုတချို့ကို 

ပြသင့်တယ်...

နတ်ဆိုးဧကရာဇ်လို စီးပွားရေးလောကရဲ့

ဘုရင်ဖြစ်တဲ့ ရှင်က ကျွန်မရဲ့မျှော်လင့်ချက်တွေဟာ ကြီးမားတာ နားလည်မှာပါ...

ရှင် ကျွန်မကို ရတနာတွေပေးဖို့ လိုတယ်..

ကျွန်မကိုရှာဖွေကျွေးရမယ်....

ရှင့်အနီးနားက အပျော်တွေကိုမေ့ပြီး 

ကျွန်မကိုပဲ ကြည့်ရမယ်...

တစ်ဘဝလုံးကို တာဝန်ယူပေးတာလဲ

သိပ်မဆိုးပါဘူး...."


"အရမ်းကောင်းပါတယ်တဲ့ဗျာ..."

Zhong Fengဟာပြုံးရင်းနဲ့ပြန်ဖြေခဲ့တယ်....


Hu Leiဟာ သူ့မျက်နှာမှာ

သေချာတဲ့ အရိပ်အယောင်တွေကိုမြင်ပြီး

ကျေနပ်စွာနဲ့ ခေါင်းငြိမ့်လိုက်မိတယ်....။


TBC....



rate now:

1 Reviews
  • reader Kim Eun Byul 15.07.2021, 12:06 5

    💓

    reply