Furukawa Shun ထွက်သွားပြီးတာနဲ့
Hu Lei ကလဲပြန်ဖို့အသင့်ဖြစ်နေခဲ့တယ်။
နာရီကြည့်မိတော့ ည၆နာရီကို
ညွှန်ပြနေပြီ...သူ့အိမ်မှာလဲ
လုပ်စရာကိစ္စတွေရှိသေးတယ်..။
အခုတော့ဘာမှမစားရသေးတာမလို့ သူမ
အားမရှိတော့သလို အရမ်းပင်ပန်းနေခဲ့တယ်။
ပုံမှန်အရဆို သူမ မနက်စာ စားလေ့
မရှိသလို မနက်ခင်း ထပြီး
အစားစားဖို့ထက် အိပ်ဖို့ကိုပဲ
သူမ ပိုပြီးနှစ်သက်တယ်..။
ဒါကြောင့် မနက်စာ မစားခဲ့ရသလို
မန်နေဂျာ Lin နဲ့ အလုပ်အတူလုပ်ရင်း
နေ့လည်စာလဲ သူမ မစားခဲ့ရဘူး...။
ဒါကြောင့်မလို့ အားမရှိနေတော့ဘူး..။
အဆောက်အအုံငယ်က စထွက်ဖို့
လုပ်တဲ့အချိန်မှာ သူမ မျက်လုံးထဲ
အလင်းရောင်တွေပဲ မြင်ရပြီး
မူးဝေနေခဲ့ရင်း ခလုတ်တိုက်မိတော့တယ်။
ဘေးနားက စားပွဲကို အမြန်ကပ်ရင်း
ခြေလှမ်းတွေ ပိုမြဲအောင် သူမ
သတိထားလုပ်ဆောင်မိတယ်....။
အခုလိုဖြစ်မှပဲ သူမ ကျန်းမာရေးကို
ဂရုမစိုက်ပဲ လျစ်လျူရှုထားမိတာ
သတိထားမိတော့တယ်...။
Zhong Feng ဟာ Hu Leiကို
ကြည့်ရင်း နောင်တအနည်းငယ်
ရလာတယ်...။
Shun နဲ့ meeting ကို သူမကို
ခေါ် လာမယ့်အစား အိမ်စောစော
ပေးပြန်ခဲ့သင့်တာ...။
သူမက စကားပြန်တဲ့နေရာမှာ
လုံးဝ newbie မဟုတ်ဘူးဆိုတာ
သေချာနေတာပဲ....။
စစ်ဆေးဖို့ လုပ်မိတဲ့ သူ့အမှားပါပဲ..။
အားစိုက်ရင်း အသက်ကို
ဖြည်းဖြည်းရှုနေတဲ့ ကောင်မလေးကို
ကြည့်ရင်း သူသနားလာခဲ့တယ်.... ။
အဆောက်အအုံငယ်က
ထွက်လာရင်း သူမကို ကူဖို့
လက်ကမ်းချင်ခဲ့ပေမယ့်
Zhong Feng မလုပ်ခဲ့ဘူး...။
သူမဟာ အဆင်ပြေသွားပြီလို့
ထင်ရပြီး သူ့ထက်မြန်စွာပဲ
ထွက်သွားခဲ့တယ်....။
သူ့အထိအတွေကို သူမရှောင်နေသလို
ဖြစ်နေတာကို သတိထားမိပြီး
Zhong Feng မျက်မှောင်ကြုပ်မိတယ်။
ပြီးတော့ ဒါက ပထမဆုံးအကြိမ်လဲ
မဟုတ်ဘူး...။
စတွေ့တဲ့အချိန်ကတည်းက
နှုတ်ဆက်ဖို့ သူမ လက်ကိုတောင်
ကမ်းပေးခဲ့တာမဟုတ်ဘူး...။
တွေးရင်းစိတ်ရှုပ်လာခဲ့ပေမယ့်
အခုကိစ္စကို အရင်အာရုံစိုက်ဖို့
လိုကြောင်း ကိုယ့်ဘာသာ
သတိပေးလိုက်မိတယ်...။
သူအတွေးလွန်နေတာလဲ
ဖြစ်ချင်ဖြစ်မှာပါ....။
ဧည့်ခန်းကိုပြန်ရောက်တဲ့ အချိန်
ဧည့်လမ်းညွှန်အမျိုးသမီးကို
သူတို့အတွက် စားပွဲတစ်လုံးစီစဥ်ပေးဖို့
Zhong Feng ပြောလိုက်တယ်...။
ဧည့်လမ်းညွှန်အမျိုးသမီးဟာ
Maven Resort ရဲ့ တခြားဝန်ထမ်းတွေလိုပဲ
အရေးကြီး အထူးဧည့်သည်တွေကို
အထူးဂရုစိုက်ပေးရမယ်ဆိုတာ
သိတဲ့အတွက် Tablet မှာတောင်
ပြန်မစစ်ကြည့်တော့ပဲ သူမတို့
အပန်းဖြေစခန်းရဲ့ နာမည်ကြီး
အနောက်တိုင်းစားသောက်ဆိုင်ရဲ့
စားပွဲတစ်ခုကိုလမ်းညွှန်ပေးလိုက်တယ်...။
ဧည့်လမ်းညွှန်အမျိုးသမီး
ထွက်သွားတာနဲ့ Hu Lei ဆန့်ကျင်လာတယ်။
" ကျွန်မဒါကိုသဘောမတူဘူး..။
နောက်ကျနေပြီဖြစ်တဲ့အတွက်
အိမ်ကိုပြန်ရမယ်..."
သူမအသံဟာ တိုးတိုးလေးဖြစ်နေတယ်။
ဘယ်သူမှမရှိတော့ပဲ ရှင်းလင်းနေပြီ
ဖြစ်တဲ့စားသောက်ဆိုင်ထဲ သူ့နဲ့နှစ်ယောက်ထဲ
Hu lei မရှိနေချင်ဘူး...။
" မင်းပြန်နိုင်တယ်...။
ဒါပေမယ့် ဒီအချိန်မှာ အငှားယာဥ်
ရှာဖို့ခက်တာကိုတော့ မင်းမမေ့ပါနဲ့..."
Hu Lei သွားတွေကြိတ်မိလိုက်တယ်..။
ဒီနတ်ဆိုးကောင်ဟာ သူမကို
ချောက်ထဲများ တွန်းချဖို့စဥ်းစားနေတာ
များလားလို့ တွေးမိသွားတယ်..။
သူမကို ကားမောင်းသင်သင့်တယ်ဆိုတဲ့
သဘောနဲ့ပြောနေခဲ့တာ...။
နိုး...သူမ မသေချင်သေးဘူး...။
ခဏလေးထိုင်စားရုံပဲကို..
ပြီးမှ အိမ်ပြန်ပြီး သူမလုပ်စရာရှိတာတွေ
လုပ်လို့လဲ ဖြစ်ပါတယ်...။
ဒီနာမည်ကြီး စားသောက်ဆိုင်မှာ
ပျော်ပျော်ကြီးစားလိုက်ရလို့လဲ
သူမ အတွက်နစ်နာစရာမှ မရှိတာ...။
Zhong Fengဟာ ဆန့်ကျင်တဲ့
အရိပ်အယောင်တွေမရှိတော့တဲ့
Hu lei ကိုသတိထားမိသွားတယ်။
သူအနိုင်ရသွားတာကြောင့်
သူဟာ အပေါ် နှုတ်ခမ်းတွန့်ရုံလေး
ပြုံးလိုက်မိတယ်....။
သူမ ဘာမှမစားပဲ ပြန်သွားမှာကို
သူတကယ်ခွင့်မပြုနိုင်ဘူး....။
ဘာမှမစားပဲ နေတာကို သူခွင့်မပြုနိုင်ဘူး။
ကျန်းမာတဲ့ခန္ဓာကိုယ်အတွက် စားဖို့လဲ
လိုအပ်တာကို သူနားလည်တယ်...။
" Maven Restaurant မှ ကြိုဆိုပါတယ်....။
Drinks အနည်းငယ်အရင်ချပေးရမလားဗျ?"
ငယ်ရွယ်ချောမောတဲ့ ဝိတ်တာလေးက
သူတို့စားပွဲစီကို အော်ဒါယူဖို့
ရောက်လာခဲ့တယ်....။
" ရှင်တစ်ခုခုကို recommended
ပေးနိုင်မလား ? "
Hu lei အေးဆက်စွာ ပြန်မေးလိုက်တယ် ။
" မိန်းကလေးရဲ့ အကြိုက်က
ဘယ်လိုများလဲ သိခွင့်ရမလားဗျ? "
ဝိတ်တာဟာလဲ အပြုံးလေးနဲ့
ပြန်မေးလာတယ်....။
နှုတ်ခမ်းကိုက်ရင်း Hu Lei
ခဏလေး စဥ်းစားလိုက်မိတယ်...။
" အသီးဖျော်ရည်ချိုချိုလေးကို
ကျွန်မကြိုက်တယ်...။
အနံ့မွှေးမွှေးလေးဆို ပိုကောင်းတယ် "
အရင်တုန်းကတော့ သူမဟာ
အစားအစာကို မရွေးပဲစားတာဟာ
ဘေးအန္တာရယ်ကနေ ကာကွယ်ပေးနိုင်တယ်
လို့ ယုံကြည်ထားတယ်...။
သူမကလဲ နိုင်ငံတကာက
အစားမျိုးစုံကို မရွေးပဲ စားလေ့ရှိတယ်။
ဒါပေမယ့်လည်း သူမရဲ့အတွင်းစိတ်ကတော့
သူမ အစားတော်တော်များများကို
မကြိုက်ဘူး...အစားလဲ ဂျီးများသေးတယ်။
မုန်းတာတော့မဟုတ်ပေမယ့်
ဒီအတိုင်းစားရတာကို မကြိုက်တာ...။
သူမကြိုက်တဲ့တစ်ခုတည်းသောအရာက
ချိုချိုမွှေးမွှေး အသီးဖျော်ရည်လေးပဲ..။
ဝိတ်တာငယ်လေးဟာ
အသီးဖျော်ရည်မျိုးစုံကို သူမရှေ့
ချလာပေးခဲ့တယ်...။
တခြားဘာမှဆက်မမေးချင်တာမလို့
မွှေးမွှေးလေးတစ်ခုကိုပဲ
ယူသောက်လိုက်တယ်ရင်း စားစရာရှိတာ
စားနေလိုက်တယ်....။
မျှော်လင့်ထားသလိုပဲ ရှေ့က
ပျင်းစရာကောင်းတဲ့ နတ်ဆိုးကောင်ကတော့
ရိုးရိုးရေခဲရေ တစ်ခွက်သာ
မှာသောက်နေခဲ့တယ်......။
TBC ....