book

Index 25

Flamboyant cover

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel

အဆောက်အအုံငယ်မှာ 

စောင့်နေတဲ့လူငယ်လေးဟာ 

ထူးထူးဆန်းဆန်းပြုမူမနေပဲ သူတို့

ရောက်နေတာကို သိနေတယ်....။

ဒါမှမဟုတ် Zhong Feng ရဲ့

အေးစက်စက်အကြည့်တွေကို

သူတွေ့မြင်သွားခဲ့တာနေမယ်...။

သူဟာ စိတ်အေးလက်အေးနဲ့ 

Professional ဆန်စွာပြုမူရင်း

သူတို့အနားကပ်လာတယ်....။


"Good Afternoon Mr Zhong "


Zhong Feng ဟာလဲ လက်ကမ်းပေးရင်း

ပြန်နှုတ်ဆက်လိုက်ပြီး Hu Lei ကို

လှည့်ကြည့်လာခဲ့တယ်...။


" ကျွန်တော်က Furukawa Shun ပါ..

ဒီတရုတ်စကားကို သွက်လက်စွာ

မပြောနိုင်တာ ခွင့်လွှတ်ပေးပါ..."


သူဟာ အပြုံးလေးနဲ့ပြောတယ်...

Hu Lei ဟာ မျက်လုံးကစားရင်း

ရီချင်ပေမယ့် သူမ မလုပ်ခဲ့ဘူး...။

တကယ်လို့သူသာ ကောင်းစွာ

မပြောတတ်ဘူးဆိုရင် ဘာလို့ ခက်ခဲတဲ့

စကားလုံးတွေနဲ့ ခက်ခဲတဲ့ဝါကျတွေ

သုံးနေတာလဲ? ...

ဒါပေမယ့်လည်း သူမဒီကို ဝေဖန်ဖို့

ရောက်နေတာမှမဟုတ်တာ....။

ဒါကြောင့်သူမဟာ ပြုံးရင်း

လက်နှစ်ဖက်နဲ့ အိတ်ကို ကျစ်ကျစ်ကိုင်ရင်း

ပြန်နှုတ်ဆက်လိုက်တယ်....။


" ရှင်ဒါနဲ့ ပတ်သက်ပြီးစိုးရိမ်ဖို့ 

မလိုပါဘူး Mr Furukawa...။

ကျွန်မက Hu Lei ပါ...

ဒီနေ့အတွက်ရှင့်ရဲ့ စကားပြန်ပေါ့.."


Hu lei ဟာ ဂျပန်လိုနဲ့ သွက်လက်စွာ

ပြန်ပြောလိုက်တယ်....။



" မင်းဂျပန်လိုပြောတာ 

လုံးဝပြည့်စုံတယ်...."


လူငယ်လေးဟာ ပိုမိုပြုံးရင်း

ပြောလာတယ်....။


သူမဟာခေါင်းငြိမ့်ရင်း

ကျေးဇူးတင်စကားဆိုလိုက်တယ်...။


စကားအချို့ပြောဆိုရင်း သုံးယောက်လုံး

စားပွဲစီသွားရင်း အလုပ်စတင်လိုက်တော့တယ်...။


Furukawa Shun ဟာ တစ်နေ့လုံး

Party တွေမှာ ပျော်နေတတ်တဲ့ playboy type နဲ့တူတယ်...။

ဒါပေမယ့်လည်း စာအုပ်ကိုအဖုံးကို

မြင်ရုံနဲ့ အတွင်းကစာသားတွေကို

သိနေသလို ဟိတ်ဟန်ဝင့်ကြွားစွာ

ဆုံးဖြတ်လို့မရဘူးဆိုတာ တကယ်မှန်တယ်။

အလုပ်အကြောင်းစတင် ဆွေးနွေးတာနဲ့

သူ့ရဲ့ ပြုမူပုံတစ်ခုလုံး ပြောင်းလဲသွားခဲ့တယ်။ သူ့ရဲ့မျက်ဝန်းတွေဟာ ပိုမို 

အာရုံစူးစိုက်လာခဲ့ပြီး ဂနာမငြိမ်ဖြစ်နေတဲ့

လက်တွေဟာလဲ လုံးဝငြိမ်ကြသွားရင်း

စကားကို အေးဆေးတည်ငြိမ်စွာပြောရင်း

ဝင်ဆွေးနွေးလာခဲ့တယ်....။


ငယ်ရွယ်တဲ့ စကားပြန်တစ်ယောက်အနေနဲ့

ကျန်တဲ့သူနှစ်ယောက်ထက် သူမကပိုပြီး

စကားဝင်ပြောသင့်ပေမယ့် 

သူမရဲ့ တည်ရှိမှုကိုလည်း 

ထိန်းရသေးတယ်....။

ကျွမ်းကျင်သော စကားပြန်တစ်ယောက်

အနေနဲ့ အားလုံးရဲ့အာရုံစိုက်မှုဟာ

သူမအပေါ်မကျရောက်စေပဲ 

အလုပ်ကိုသွက်လက်စွာ လုပ်နိုင်ရမယ်လို့

မန်နေဂျာ Lin က ပြောဖူးတယ်..။


အလုပ်အကြောင်းကတော့ သာမာန်ပါပဲ။

Mushi Security Solutions က 

သူတို့ရဲ့ စီးပွားရေးကို တခြားသော

အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလို့ရအောင်

ချဲ့ထွင်ချင်တယ်...။ ဒါပေမယ့်လည်း

သူတို့ကုမ္ပဏီဟာ ကိုယ်ပိုင် software,

hardware ထုတ်ကုန်တွေမရှိဘူး..။

ဒါ့အပြင်သူတို့က နည်းပညာပိုင်းဆိုင်ရာ

အချက်အလက်တွေကို သူတို့ဝယ်သူတွေကို

ပြချင်သေးတယ်....။


Hacking ပိုင်းတွေမြှင့်လာပြီးနောက်ပိုင်း

ကုမ္ပဏီတော်တော်များများနဲ့ 

အဖွဲ့အစည်းတွေဟာ cyber securityမှာပဲ

ရင်းနှီးမြှပ်နှံလာကြတယ်.....။

ဒီအချိန်မှာ ရူးနေသူတွေကပဲ 

firewalls, antimalware နဲ့ authentication programs တွေလို basic solutions တွေကို 

ထုတ်ဖော်နေကြတယ်....။

ဒါပေမယ့်လည်း အဲ့သူတွေဟာ 

ရူးနေကြသူတွေမဟုတ်ပဲ hacker ကို 

တိုက်ထုတ်ဖို့ကြိုးစားနေသူတွေပဲ

ဖြစ်တယ်.... ။


Mushi ဟာ ဂျပန်မှာလက်ရှိ ဒီ servicesကို

ကိုင်တွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်...။

ပြီး​တော့ သူတို့ရဲ့ဂုဏ်သတင်းဟာ

ကုန်စည်ပြပွဲတွေမှာ ကြီးမားခဲ့တယ်...။

Furukawa Shun ဟာ 

Supremeမြို့ကြီးကနေတဆင့် 

နိုင်ငံအတွင်းပါ ဒီ services ကို ချဲ့ထွင်ဖို့

ရောက်နေခဲ့တာဖြစ်ပြီး Etude Technologies ရဲ့ ထုတ်ကုန်တွေကို

သူကအသုံးပြုချင်နေခဲ့တာ... ။


တကယ်လို့ ဒီ security software သာ

အောင်မြင်ခဲ့မယ်ဆိုရင် နှစ်ဦးနှစ်ဖက်အတွက်

အခြားအောင်မြင်မှုရရှိလာမှာပဲ....။


Zhong Feng ဟာသိနေပြီးသားမလို့

သိပ်ပြီးအထူးတလည်လုပ်မနေပေမယ့်

Hu lei ဟာ ဂျပန်စကားနဲ့ပဲ ပိုပိုပြီး

စိတ်ဝင်တစား ဆွေးနွေးနေတယ်...။


Reports တွေအရဆိုရင်....

Etude Technologies ရဲ့ security software products တွေဟာ 

အောင်မြင်မှုအနည်းဆုံးနဲ့ အသုံးပြုသူ

ဝယ်ယူသူအနည်းငယ်သာရှိခဲ့ပြီး

accounting, project management,

helpdesk အစရှိတဲ့ စီးပွားရေး programs

တွေကို ရှုံးနိမ့်ခဲ့ဖူးတာပဲ ရှိခဲ့တယ်..။


အချိန်တစ်ခုအထိ meeting က 

မပြီးဆုံးသေးဘူး...

ပင်ပန်းလွန်းနေပြီဖြစ်ပေမယ့် 

Hu lei ထုတ်မပြခဲ့ပဲ ငြိမ်နေခဲ့တယ်....။

ခုံမှာ အနည်းငယ်သက်တောင့်သက်သာ

ဖြစ်အောင် ​ပြောင်းထိုင်ရင်း 

ရေတစ်ခွက်အပြည့်သာ သောက်လိုက်တယ်။


နောက်ဆုံးမှာတော့ လူငယ်နှစ်ယောက်

လက်ဆွဲနှုတ်ဆက်ရင်း အစည်းအဝေးက

ပြီးဆုံးသွားခဲ့တယ်.... ။

သူမဟာ ထရပ်ရင်း နောက်တစ်ကြိမ်

Playboy idol နဲ့တူသွားပြန်တဲ့ 

Furukawa Shun ကို ပြုံးရင်း

နှုတ်ဆက်လိုက်တယ်.. ။


သူ့မှာတခြားကိစ္စတွေလုပ်စရာ

ရှိသေးတယ်လို့ခွင့်တောင်းရင်း

လက်က ဖုန်းကိုပြန်ဆော့နေရင်း

Furukawa Shun ထွက်သွားခဲ့တယ်...။


Hu Leiဟာ အသက်တစ်ချက် 

ပြင်းပြင်းလေး ရှူလိုက်မိတယ်.. ။


နောက်ဆုံးတော့ သူမရဲ့ ပထမဆုံး

လက်တွေ့လုပ်ရတာဟာ 

အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပြီ...။


TBC....


rate now:

1 Reviews
  • reader Kim Eun Byul 15.07.2021, 12:06 5

    💖💝

    reply