Zhong Feng နောက်ကလိုက်ရင်း
Hu Lei ဟာ Maven အပန်းဖြေစခန်းကို
မျက်ဝန်းကျယ်ကျယ်များနဲ့ ကြည့်နေမိတယ်။
ဒီအပန်းဖြေစခန်းဟာ ဒီမြို့ကြီးရဲ့
အခမ်းနားဆုံးစျေးအကြီးဆုံး မဟုတ်ပေမယ့်
အပြင်အဆင်တွေကတော့ တကယ်ကို
ခမ်းနားကြီးကျယ်နေခဲ့တယ်...။
အခြေခံအားဖြင့်ဆိုရရင်
အနုပညာရှင်တွေ သူဌေးကြီးတွေ
တော်တော်များများဟာ
ဒီအပန်းဖြေစခန်းကို ကြိုက်ကြတယ်။
ဒါကြောင့်မလို့လဲ ရှာဖွေမှုတွေရဲ့
ထိပ်ဆုံးအမြဲရောက်နေတတ်ပြီး
နာမည်ကြီးတဲ့ အပန်းဖြေစခန်းတစ်ခု
ဖြစ်နေခဲ့တယ်...။
Microblog ပေါ် မှာ သူမ ဖတ်မိထားတာက
ဒီအပန်းဖြေစခန်းဟာ တကယ့်ချမ်းသာတဲ့
သူတွေအတွက် အကောင်းဆုံးနေရာတစ်ခုတဲ့။ သူမ Supremeမြို့မှာ ရှိနေစဥ်အတွင်း
သာမာန်ဘဝကိုဖြတ်သန်းရင်း ဒီကိုလဲ
လာဖို့ မှတ်ထားခဲ့ပေမယ့် စိတ်မကောင်းစွာပဲ
သူမမှာ လာဖို့အခွင့်အရေးမရှိခဲ့ဘူး...။
တစ်နည်းပြောရရင် ဒီလိုနေရာတွေကို
သူမတစ်ယောက်ထဲ ဘယ်လိုလာရမလဲ
မသိခဲ့တာလည်း ပါတယ်...။
အထဲရောက်တာနဲ့အမျှ
Hu lei မျက်နှာဟာ ပိုပြီးဝင်းပလာတယ်။
သူမကုမ္ပဏီမှာ အလုပ်လုပ်ရင်း
ဒီ Supremeမြို့ကြီးရဲ့ အထင်ကရ
နေရာတွေတော့ ရောက်အောင်
သွားရမယ်လို့ ဆုံးဖြတ်လိုက်မိတယ်။
ရောက်နေရာ နေရာမှာပဲရပ်ရင်း
စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်စွာ အော်ဟစ်
ချင်နေပုံရတဲ့ သူ့အနောက်က မိန်းကလေးကို
Zhong Feng ကြည့်လိုက်မိတယ်...။
ဒီနိုင်ငံရဲ့ အလှအပတွေကြား
သူမ ပျော်ရွှင်နေပုံက အနည်းငယ်
ချစ်ဖို့ကောင်းနေတယ်...။
ဒါပေမယ့် ကမ္ဘာလှည့်ခရီးသွားလာတဲ့
သူမ အတွက် ဒီလိုနေရာမျိုးဟာ
အထူးအဆန်းမဟုတ်တော့တာကို
သူမဘာလို့ ဒီလောက်ပျော်ရွှင်နေခဲ့လဲ
သူနားမလည်ခဲ့ဘူး.....။
သူ့ရဲ့ပင်ကို စရိုက်အရဆို
သူ့နောက်ကပျော်ရွှင်နေတဲ့
မိန်းကလေးကို တားမိမှာမဟုတ်ဘူး..။
သူမကို တာဝန်တစ်ခုလိုကြီး သို့မဟုတ်
တခြားသူတွေနဲ့ နည်းတူသူမဆက်ဆံချင်ဘူး။
ဒါပေမယ့်လည်း သူအရေးပေးဆက်ဆံလို့
ဖြစ်လာမယ့်သတင်းတွေကြောင့်
သူမ ဘဝထဲ သူဝင်မစွက်ဖက်ချင်ဘူး။
ဒါကြောင့် public မှာဆို အများနည်းတူပဲ
ဆက်ဆံရမယ်....။
Zhong Fengရဲ့ အတွေးတွေကို
Hu Lei ကတော့ မသိခဲ့ဘူး....။
သူမ အနီးအနားလူတွေကို
ကြည့်မိတော့ မျက်လုံးတော်တော်များများက
သူမရဲ့ Boss အပေါ် ရောက်နေတာ
သတိထားမိသွားတယ်....။
ဒီလောက်ချောနေတဲ့သူ့ကို
ငေးကြည့်နေကြတာ သူတို့အမှား
မဟုတ်ပါဘူး.....။
သူမ မဟုတ်ပေမယ့် တခြားသူတွေ
နေရာက ကြည့်ရင် သူကအရာရာ
ပြည့်စုံနေပြီး မိန်းကလေးတိုင်းရဲ့
စိတ်ကူးထဲက မင်းသားလေးတစ်ပါးပဲ...။
Hu Lei ရဲ့ အမြင်မှာဆိုရင်
သူကအရပ်မြင့်တယ်...။
သူမရဲ့ ဘေးနားလာရပ်ရင်ဆို
သူမက ပုသေးသေးလေးလို ဖြစ်သွားတာ။
သူ့ရဲ့မျက်နှာဆိုလဲ အပြစ်ပြောစရာမရှိအောင်
ချောမွေ့သေးတယ်...။
ဒါ့အပြင် သူ့စီက စွမ်းအင်တမျိုးမျိုး
ရှိနေသလိုမျိုး တောက်ပနေသေးတယ်။
အပန်းဖြေစခန်းအတွင်းမှာရှိတဲ့
မိန်းကလေးဧည့်သည်အားလုံးကအစ
ဝန်ထမ်းမိန်းကလေးအဆုံး သူ့ကို
ခုချက်ချင်းပဲစားချင်နေသလို
အကြည့်တွေနဲ့ပဲ ကြည့်နေကြတယ်...။
ယောကျာ်းလေးတွေကတော့
သူ့ကို မနာလိုအကြည့်တွေနဲ့
ငေးကြည့်နေကြတယ်....။
သူဟာ ဒီပတ်ဝန်းကျင်မှာ
အနိုင်ရရှိတဲ့ ချန်ပီယံတစ်ယောက်လို
တောက်ပနေခဲ့တယ်....။
အားလုံးရဲ့ အာရုံစိုက်မှုရနေတဲ့
သူ့နား Hu lei နီးကပ်စွာ
လျှောက်သွားလိုက်မိတယ်... ။
ဒီစိတ်ခံစားချက်ကင်းမဲ့နေတဲ့ နတ်ဆိုးကောင်
ကတော့ သူ့ကိုငေးနေသမျှ သူတွေကို
မမြင်ချင်ယောင်ဆောင်ထားခဲ့သလို
ဂရုလဲမစိုက်ခဲ့ဘူး...။
Hu Lei သက်ပြင်းချလိုက်မိတယ်..။
ဘယ်လိုတောင် ပျင်းစရာကောင်းတဲ့သူလဲ!
အနည်းဆုံးတော့ အသိအမှတ်ပြု
အပြုံးလေး ပြုံးပြသင့်တာပေါ့....။
Maven အတွင်းဧည့်ခန်းကို
ရောက်တဲ့အခါ စည်းကမ်းတင်းကြပ်မဲ့ပုံ
ရှိတဲ့ ဧည့်ညွှန်အမျိုးသမီးက ကြိုဆိုတယ်။
" Good afternoon Mr Zhong,
ကျေးဇူးပြုပြီး ကျွန်မနောက်လိုက်ခဲ့ပေးပါ"
သူမဟာဦးညွှန့်ရင်းပြုံးလျက်ပြောတယ်...
Zhong Feng ဟာ လုံးဝမရပ်ပဲ
ဆက်သွားတာမလို ဧည့်လမ်းညွှန်ကောင်မလေးဟာ သူဒေါသထွက်မှာကြောက်ပြီး အနောက်ကအပြေးလိုက်ရင်း
လမ်းညွှန်ပေးရတယ်....။
သူ့ရဲ့အနောက်မှာတော့
ဧည့်လမ်းညွှန်အမျိုးသမီးဟာ
သူ့ကိုမရှိတဲ့သူလို ဆက်ဆံသွားတာကြောင့်
အနည်းငယ် ဒေါသထွက်ရင်း အမှီလိုက်နေရတဲ့ Hu lei ရှိနေတယ်...။
" အနီးနားမှာ ကစားနေတာ
ရပ်လိုက်တော့!"
သူဟာ အနောက်ကိုတောင်
လှည့်မကြည့်လာပဲ ပြောလာခဲ့တယ်... ။
Hu Lei ဟာ စိတ်အနည်းငယ်
ရှုပ်သွားပြီး နှာခေါင်းပွတ်မိလိုက်တယ်..။
တကယ်လို့သူသာ သူမကိုမြင်တယ်ဆိုရင်
သူ့ကိုငေးနေကြတဲ့သူတွေကိုလည်း
မြင်မှာပဲ....။
သူက အဲ့သူတွေကို လေလိုပဲ
ဆက်ဆံလာခဲ့တယ်...။
ဘာမှအဆက်အစပ်မရှိပဲ
သူမဟာ သူ့အနောက်ကနေ
လျှာထုတ်ပြောင်ပြလိုက်တယ်.... ။
သူမရဲ့ကလေးဆန်မှုကို
သူမြင်လိုက်လားမသေချာပေမယ့်
ဘာမှမပြောတော့တဲ့အတွက်
မမြင်လိုက်ဘူးလို့ပဲ မှတ်ယူလိုက်တယ်။
ဧည့်လမ်းညွှန်အမျိုးသမီးဟာ
ဒီဧည့်သည်နှစ်ယောက်ကြားက
အကြည့်တွေနဲ့ ဖိုက်နေကြတာ
ဘာလို့လဲ နားမလည်နိုင်ခဲ့ဘူး....။
သူမဟာ ဒီနာမည်ကျော် Mr Zhong ကို
သိပေမယ့် သူ့နဲ့အတူပါလာတဲ့
အမျိုးသမီးကိုတော့ တစ်ခါမှမမြင်ခဲ့ဖူးဘူး။
ဒါပေမယ့်လည်း အားလုံးသိရမှာက
သူ့နေရာမဟုတ်ဘူး....။
သူမဟာ ရှုခင်းလှပပြီး သာယာတဲ့
အဆောက်အအုံငယ်တစ်ခုမှာ
သူတို့ကို ပြပေးရင်း ထွက်လာလိုက်တော့တယ်....။
အဆောက်အအုံငယ်အတွင်းမှာတော့
ချောမောတဲ့ ယောကျာ်းငယ်လေးတစ်ဦးက
သက်တောင့်သက်သာ အနားယူနေရင်း
ဖုန်းကို ကြည့်နေခဲ့တယ်....။
သူ့ရဲ့ငယ်ရွယ်တဲ့အသွင်အပြင်ဟာ
နာမည်ကြီးတဲ့ playboy idol လိုပဲ။
Hu Lei ရဲ့ အတွေးထဲမှာတော့
ဆံပင်ကိုအရောင်စုံဆိုးထားရင်း
သီချင်းမြူးမြူးလေးတွေနဲ့ ကခုန်နေတဲ့
သူ့ပုံစံကို မြင်ယောင်လာတယ်...။
သူမအတွေးထဲမှာတော့ သူမရီနေပေမယ့်
လက်ရှိမှာတော့ အသက်တစ်ချက် ရှုသွင်းရင်း အေးဆေးစွာပဲ အလုပ်အပေါ်
အာရုံစိုက်ထားမိလိုက်တယ်....။
ဒါဟာ သာမာန်အစည်းအဝေးတစ်ခုလို့
သူမ မှတ်ယူထားခဲ့တယ်....။
သူ့အဖေကို ကူညီရင်း
တော်တော်စွမ်းအင်ကြီးမားတဲ့
ရာထူးအရှိန်အဝါကြီးမားတဲ့လူတွေနဲ့လည်း
သူမ တွေ့ခဲ့ဖူးပြီးပြီ...။
ဒီ idol လောက်ကတော့ နှိုင်းယှဥ်လို့တောင်
မရနိုင်ဘူး....။ ဒါ့အပြင် သူမ
လိုချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက်
ဒီ meeting ကို ကောင်းမွန်စွာ
ကိုင်တွယ်နိုင်ဖို့လိုတယ်....။
သူမရဲ့ အရည်အချင်းကို
Zhong Feng မြင်အောင်ပြချင်တယ်...။
သူ့ကိုကြည့်ရင်း သူမပြုံးလိုက်မိပြန်တယ်။
Idol ဆိုတဲ့ကောင်လေး သူတို့ရောက်နေတာ
သိသွားလို့ လှမ်းကြည့်လာတဲ့အခါ
သူ့မျက်ဝန်းတွေဟာ တလက်လက်
တောက်ပနေတာကို Hu Lei တွေ့လိုက်တယ်။
သူ့ရဲ့အကြည့်ဟာ Zhong Feng စီကနေ
သူမစီကို တချက်သာကြည့်လာတယ်..။
သူဟာ စိတ်အားထက်သန်နေပုံပဲ...။
Hu Lei အနည်းငယ်တွေဝေသွားတယ်..။
ဒါနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့
သူမ ထင်တယ်...။
အကယ်၍ Etude Technologiesအတွက်
သူ့ကိုသာ ငှားရမ်းမယ်ဆိုရင်
အဆင်ပြေပါ့မလား?
သူ့ပုံစံက ပါပီလေးတစ်ကောင်နဲ့
ပိုတူနေတယ်....။
အခြေအနေကိုသုံးသပ်ရင်း
သူမ မျက်မှောင်ကြုပ်မိသွားတယ်...။
စမတ်ကျတဲ့သူတစ်ယောက်အနေနဲ့ဆို
သူမဟာ ပဟေဠိအနည်းငယ်ရှိတယ်...
ဒါပေမယ့် သူမရဲ့ မသင်္ကာမှုတွေကို
သူမ ထုတ်ဖော်မပြခဲ့ဘူး...။
အပေါ် ယံမြင်ရုံနဲ့တင် လူတွေကို
ဘယ်လိုလဲဆိုတာ သူမ မသတ်မှတ်ချင်ဘူး။
အနည်းဆုံး သူမ တာဝန်ကို
သူမ ကျေပွန်ရင် တခြားဘာမှမလိုအပ်ဘူး..။
TBC....