book

Index 23

Unprepared

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel


Zhong Feng ရုံးခန်းကို 

Hu Lei ပြန်ရောက်တဲ့အခါမှာ 

အသက်ရှုသံတောင်မမှန်ချင်တော့ဘူး။

အမှန်အတိုင်းပြောရရင် သူမဒီနေ့

စောစောပြန်ရဖို့ မျှော်လင့်နေမိတယ်....။

အလုပ်ခွင်မှာ အတွေ့အကြုံမရှိတဲ့

သူမအတွက် တစ်နေ့လုံးများနေတဲ့

အလုပ်တွေဟာ တကယ်စိတ်ပျက်စေတယ်။


နတ်ဆိုးကောင်ဟာ သူမဝင်လာတာကို

သူ့ရဲ့နဂိုအတိုင်း တည်တည်တံ့တံ့ ခဏ

ကြည့်ပြီး ချက်ချင်း ထရပ်လာတယ်...။


" ကိုယ့်ရဲ့အခုသွားမယ့် 

အစည်းအဝေးကို မင်းလိုက်တက်ရမယ်"


Hu lei ကိုငြင်းဆန်ခွင့်မပေးပဲ

အခိုင်အမာ ပြောဆိုလာတယ်....။

ဒါပေမယ့်လည်း Hu leiဟာ

အနည်းငယ် ကန့်ကွက်ချင်မိတယ်...။


" ဒါပေမယ့် ကျွန်မရဲ့တာဝန်က 

နောက်အပတ်မှ စမယ်လို့ သိထားတာ..."


" မင်းရဲ့သဘောတူစာချုပ်အရ

မင်းက ကိုယ့်လက်အောက်က 

ဝန်ထမ်းဖြစ်နေပြီ...."


Zhong Feng ဟာ ကျောချမ်းစရာ

အပြုံးနဲ့ သူမကို ကြည့်လာခဲ့တယ်...။

မငြင်းနိုင်တဲ့အဆုံး သူမလိုက်သွားဖို့

ဆုံးဖြတ်လိုက်တယ်....။

သူမ ကိုယ့်ဘာသာရောင်းစားထားသလို

တောင် ခံစားမိလာတယ်...။


သူမရဲ့ခြေလှမ်းတွေဟာ Zhong Feng 

နောက်ကနေလိုက်ရင်း elevatorစီကို

လှမ်းနေခဲ့တယ်....။

အများအမြင်ကနေကြည့်ရင်

သူက အေးဆေးစွာ လျှောက်နေပေမယ့်

သူ့ရဲ့ခြေလှမ်းကျယ်တွေကြောင့်

Hu lei က သူ့နောက်က 

ပြေးလိုက်သလိုဖြစ်နေတယ်...။

သူမစိတ်ထဲမကျေမနပ်ဖြစ်နေတာကြောင့်

Reception က အန်တီကြီးရဲ့

အမုန်းမျက်ဝန်းတွေနဲ့ ကြည့်တာကိုတောင်

သတိမထားမိခဲ့ဘူး.... ။


Elevator ထဲရောက်မှ Hu Lei 

သက်ပြင်းချနိုင်တော့တယ်...။


" ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး

ကျွန်မကို ပိုပြီးပြောပြပေးလို့ရနိုင်မလား 

Mr Zhong? "


မပြင်မဆင်ထားပဲ နေရာအသစ်တစ်ခုကို

သွားရတာ သူမ မကြိုက်ဘူး...။

ဒါကြောင့်မို့ မသေချာမသေရာတဲ့ 

အနာဂတ်အတွက် မစီစဥ်ပဲ

လက်တွေ့အသုံးချလို့ရတဲ့ 

ကမ္ဘာလှည့်ခရီးသွားရင်း သူမ 

ဘာသာစကားအမျိုးမျိုး သင်ယူခဲ့တာ။

နေရာအသစ်တစ်ခုကို သွားရတဲ့

အခြေအနေမှာ မပြင်မဆင်ခဲ့ရင်

ဂြိုဟ်ကမ္ဘာ တစ်ခုကိုရောက်နေတဲ့

လူသားတစ်ယောက်လိုပဲ 

အဆင်မ​ပြေဖြစ်နေမှာ.... ။

သူမ အဲ့လိုအခြေအနေမရောက်စေချင်ဘူး။

ဘယ်တော့မှလဲ မရောက်စေရဘူး..။


Mr Zhong ဟာ တစ်ခုခုကို 

အသေအချာစဥ်းစားနေတဲ့ မိန်းကလေးကို

ကြည့်လိုက်မိတယ်...။

အဲ့အဖြေရှာမရတဲ့ သူမရဲ့မျက်ဝန်းတွေ...

ခုချိန်မှာတော့ ဖြူစင်နေတယ်....။

ဒါပေမယ့်လည်း ဒါကသူမလုပ်ယူ

ဖော်ပြထားတာဆိုတာ သူသိနေတယ်။

တစ်ခါတစ်ရံမှာ သူမဟာ ဘေးအိမ်က

အိမ်နီးချင်းကောင်မလေးလိုပဲ

ပေါ့ပါးနေတတ်တယ်...။

ဒါပေမယ့် တစ်ခါတစ်ရံကျရင်လည်း

သူမကို ခန့်မှန်းလို့မရပြန်ဘူး...။

သူမကို တစ်ယောက်မှကြည့်မနေရင်

တစ်ယောက်မှ သူမအနီးအနားရှိမနေရင်

သူမမျက်ဝန်းတွေဟာ အေးစက်စက်နဲ့

အထီးကျန်နေသလို ဖြစ်နေတတ်တယ်။


အဲ့လိုအချိန်မျိုးဆိုသူ့ထပ်တောင် 

သူမကပိုပြီးအေးစက်နေတတ်တယ်....။


တိတ်ဆိတ်မှုအနည်းငယ်အပြီးမှာ

Zhong Feng ပြန်ဖြေလိုက်တယ်...


" သွားနေရင်းနဲ့ ကိုယ်ပြောပြမယ်...

မင်းစိုးရိမ်ဖို့မလိုပါဘူး....

ဒီအစည်းအဝေးက သာမာန် security software အကြောင်းကိုပဲ 

ကြေညာအတွက်ဆွေးနွေးကြမှာ..

မင်းလဲ နားလည်ပြီးသားဆိုတော့ 

အဆင်ပြေမှာပါ...

မင်းအလုပ်က ဒီတိုင်းထိုင်နားထောင်ရင်း

ဝင်ပြီး ဆွေးနွေးဖို့ပါပဲ...."


သူဒီ meeting ကို အရေးတကြီး

လုပ်မယူထားခဲ့ဘူး...။

အထူးသဖြင့် သူတို့တွေ့မယ့်သူ 

အပေါ်မူတည်တယ်...။

သူ့ရဲ့စကားပြန်အသစ်လေးကို 

စစ်ဆေးဖို့ ရည်ရွယ်ချက်ရှိရှိ 

သူဒီ အစည်းအဝေးကို ဖန်တီးခဲ့တာ..။

ဒီအစည်အဝေးကို ချောချောမွေ့မွေ့

ပြီးဆုံးသွားစေချင်တယ်...။


ဒါကြောင့် သူဟာဘာမှစိုးရိမ်မနေဘူး။

အစည်းအဝေးမှာ တစ်ခုခုဖြစ်တဲ့အခါ

သူ့ဘေးနားက မိန်းကလေးရဲ့

ဖြေရှင်းပုံကို သူကြည့်နေလိုက်ရုံပဲ..။

သူ့ရဲ့လှပတဲ့ နှုတ်ခမ်းတွေဟာ

ကျေနပ်ရင်း ပြုံးမိသွားတယ်...။


" Mushi Security Solutions ရဲ့ 

Furukawa နဲ့ ကိုယ်တို့တွေ့ကြမှာ..."


Zhong Fengဟာရပ်ရင်း

Hu Lei ကို ကြည့်လိုက်တယ်...။


သူပြောလိုက်တဲ့ အမည်တွေကို 

Hu lei သတိထားမှတ်မိလားဆိုတာ

သူသိချင်တယ်....။

နည်းပညာပိုင်းစိတ်ဝင်စားသူနဲ့..

ဒီအပိုင်းမှာအလုပ်လုပ်နေသူအားလုံး

Mushi ကို သိကိုသိကြတယ်....။


ကံမကောင်းစွာနဲ့ပဲ သူပြောသမျှ

Hu lei မသိဘူး...။

သူမလေ့လာထားသမျှက 

ကျင်းပမယ့် ပွဲအတွက်လိုအပ်တာတွေနဲ့

သူမ သိသင့်တာတွေပဲ...။

ဒီလို ကုမ္ပဏီတိုင်းကို သူမဘယ်လိုသိမလဲ?


ဒါပေမယ့်လည်း ဒါတစ်ခုအတွက်နဲ့

သူမကို အကြောင်းအရာတစ်ခုလို 

လုပ်ပြောမှာကို Hu Lei မလိုချင်ဘူး...။

သူမ အခုလက်ရှိနေရာမှာ အချိန်တစ်ခုထိ

နေချင်ရင်တော့ သူမအရင် လေ့လာဖို့

လိုအပ်သေးတယ်....။

ဒါ့ကြောင့် ဒီအပတ်ပိတ်ရက်မှာ 

သူမ ဒီ industryထဲက သိသင့်သမျှ

အကြောင်းတွေ လေ့လာဖို့ ဆုံးဖြတ်လိုက်တယ် ။ ဒါမှလဲ သူမဝန်ထမ်းဘဝက 

အပြောခံစရာ မဖြစ်တော့မှာ....။


" Mushi က Japan မှာ

Security solutions ကို

များပြားလှတဲ့ စီးပွားရေးအဖွဲ့အစည်း

တွေကို ချဲ့ထွင်ထားတဲ့ ကုမ္ပဏီတစ်ခုပဲ"


အငှားယာဥ်ရဲ့ နောက်ခန်း

သူ့ဘေးမှာထိုင်နေတဲ့ Hu Lei ကို

သူဟာဆက်ရှင်းပြနေခဲ့တယ်...။


Hu Lei ဟာ နားထောင်နေတာနဲ့အမျှ

Etude Technologies ကို ပိုပြီး

နားလည်လာခဲ့တယ်...။

အဲ့ ကုမ္ပဏီအကြောင်း သူမလေ့လာစရာ

အများကြီးရှိသေးပေမယ့် စီးပွားရေးလောက

ဘုရင် Zhong Feng ရဲ့ ပါးစပ်က

ရှင်းပြနေတာမို့ ပိုပြီးနားလည်လာတယ်..။

သူ့ကိုကြည့်မိရင်း ဘာကြောင့် 

Supremeမြို့ကြီးမှာ Etude Technologies

ဟာ အကြီးဆုံးကုမ္ပဏီ ဖြစ်နေလဲဆိုတာကိုလဲ

Hu Lei သဘောပေါက်လာခဲ့တယ်...။


" မင်းနားထောင်နေရဲ့လား? "


တင်းမာသော အသံတစ်ခုက

သူမအတွေးတွေကို ဝင်ဖျက်လာတယ်..။


သူ့အသံကိုကြားပြီး Hu Lei 

ထိတ်လန့်မိသွားတယ်...။

သူမ အာရုံမစိုက်မိတာကို ဝန်ခံဖို့အထိ

သူမ မရဲသေးဘူး....။

ရက်စက်မှုတွေပြည့်နေတဲ့ သူ့အကြည့်က

သူမကို ခွင့်မလွှတ်နိုင်လောက်ဘူး...။

အကယ်၍ သူမ အရမ်းပင်ပန်းပြီး

အိပ်ချင်နေတာကို ဝန်ခံလိုက်ရင်

ခုမှစဝင်တဲ့ အလုပ်ကပြုတ်သွားနိုင်တယ်။

သူမမှာ ရွေးချယ်စရာတစ်ခုပဲ

ရှိတော့တယ်...။


Hu Lei ဟာ ကြက်လေးတွေ

အစာ စားနေသလိုပဲ သူမရဲ့ဦးခေါင်းကို

အောက်ကနေအမြန်ပဲ အပေါ် ကို

မော့လိုက်ရင်း အာရုံစိုက်လိုက်တယ်...။

အရေးကြီးတဲ့တစ်ခုခုကို မလွှတ်သွားဖို့

သူမ မျှော်လင့်ပါတယ်....။


TBC



rate now:

1 Reviews
  • reader Kim Eun Byul 15.07.2021, 12:05 5

    💞💞💞

    reply