Hu Lei ဟာ မန်နေဂျာ Lin မျက်နှာပေါ် က
သူမကို မနှစ်မြို့မှုတွေ မြင်နေရတယ်။
သူမအပေါ် ဘာလို့ မုန်းတီးနေလဲ
အတိအကျမသိပေမယ့်
သူတစ်ပါးကို ဒုက္ခရောက်လိုစိတ်တော့
မန်မေဂျာ Lin မှာရှိတယ်လို့ Hu Lei
မထင်ဘူး....။
ဒါကြောင့် Hu Lei ဟာ
စိတ်အေးအေးပဲ ထိုင်နေလိုက်တယ်... ။
သူမကို လူတိုင်းချစ်နေရမယ်လို့မှ
သူမ မသတ်မှတ်ထားတာ...။
တကယ်လို့ သူမဟာလဲ တန်ပြန်ဆက်ဆံမိရင်
အမုန်းတွေက ပိုမိုကြီးထွားလာဖို့ပဲရှိတာ...။
မန်နေဂျာ Lin ကို warrior ဝတ်စုံနဲ့
လှံတစ်ချောင်းနဲ့ သူမကိုလိုက်နေတာကို
Hu lei အတွေးထဲမှာ မြင်ယောင်ရင်း
တစ်ကိုယ်လုံး တုန်လာခဲ့တယ်...။
ကြမ်းကြုတ်ရက်စက်တဲ့ လူရိုင်းမ
တစ်ယောက်အဖြစ်လဲ တွေးလိုက်မိသေးတယ်...။ သူမအတွေးကို သဘောကျမိရင်း
Hu Lei ပြုံးလိုက်မိတယ်.... ။
ကံမကောင်းစွာနဲ့ပဲ သူမတစ်ယောက်ထဲ
ပြုံးနေတာ ရှေ့က မန်နေဂျာLin မြင်သွားခဲ့ပြီး
မျက်မှောင်တွေ ပိုကြုပ်လာခဲ့တယ်.... ။
" Miss Hu, မင်းဒီ Etude Technologies ကို
ဘယ်လိုဝင်ရောက်လာခဲ့လဲ ငါစိတ်မဝင်စားဘူး...။ ဒါပေမယ့် နောက်လာမယ့် အပတ်မှာ
ကျင်းပမယ့် ပွဲမှာ မင်းကြောင့် ကုမ္ပဏီ
အပြောအဆိုခံရတာမျိုး မလိုချင်ဘူး..။
ဒီကုန်စည်ပြပွဲကနေ တဆင့်
ပိုပြီးရောင်းဝယ်ဖောက်ကားနိုင်ဖို့
ငါတို့ ကုမ္ပဏီက မျှော်မှန်းထားတယ်..။
မင်းရဲ့တာဝန်ကို အမှားမရှိပဲ
ကျေပွန်မယ်လို့ ငါမျှော်လင့်ပါတယ်..."
မန်နေဂျာ Lin ရဲ့စကားတွေကြောင့်
စိတ်အနှောက်အယှက် နည်းနည်း
ဖြစ်သွားမိပေမယ့် သူ့ရဲ့ ဒီပွဲအတွက်
မျှော်မှန်းထားမှုကို Hu Lei နားလည်တယ်။
မျက်နှာက တက်ကြွမှုတွေပျောက်ကွယ်
သွားပေမယ့် Hu Leiဟာ
ပြန်ပြီးပြိုင်မပြောနေတော့ပဲ
ငြိမ်နားထောင်နေလိုက်တော့တယ်..။
" ကျွန်မနားလည်ပါတယ်...
ကျွန်မ အတတ်နိုင်ဆုံးကြိုးစားပါမယ် "
Lin Man ဟာ သူမစကားတွေကို
အမှန်ဖြစ်အောင်လုပ်မယ်လို့
ယုံကြည်ရင်း အသိအမှတ်ပြုတဲ့
အကြည့်နဲ့ ခေါင်းငြိမ့်ပြလိုက်တယ်..။
မျက်လုံးထဲက Hu Lei ကို မကြည်တဲ့
အကြည့်တွေကတော့ ရှိနေသေးတယ်။
" မင်းရဲ့စကား မင်းတည်မယ်လို့
ငါယုံကြည်မယ်နော်...။
ဒီနေ့အတွက် ငါတို့ရဲ့ goal ကတော့
မင်းကို Etude Technologies ရဲ့
ကိုယ်စားပြုတစ်ယောက်အနေနဲ့
ပြောင်းလဲပေးဖို့ပဲ.....။
မင်းက စကားပြန်တစ်ယောက်ဖြစ်တဲ့
အတွက် ညီလာခံမှာ လူအမျာကြီးနဲ့
အဆင်ပြေဆုံးအပြောအဆိုတတ်အောင်
လေ့ကျင့်ရမယ်....။
မေးခွန်းတွေ ပြန်ဖြေတဲ့အခါ
ထုတ်ကုန်တွေရှင်းပြတဲ့အခါ ကုမ္ပဏီရဲ့
မျက်နှာမပျက်အောင် မင်းကြိုးစားပေးရမယ်"
Hu lei ဟာ လက်ခံပြီး နောက်တစ်ကြိမ်
ခေါင်းငြိမ့်ပြလိုက်တယ်.... ။
ဒီနေ့ တစ်နေ့လုံး သူမခေါင်းပဲ
ငြိမ့်ပြနေရတော့မှာလား? ....
သူမဘဝအများကြီး ပြောင်းလဲသွားတဲ့ အပေါ် သူမငိုချင်လာတယ်.... ။
" ဘယ်ဘာသာစကားတွေကို
မင်းပြောနိုင်လဲ? "
Lin Man ဟာ သူမ Arabic နဲ့ Russian
စကားမပြောတတ်တဲ့အတွက် အနည်းငယ်
ရှက်သလိုခံစားနေမိတယ်...။
သူမသာ ဒီ နှစ်ခုကို ပြောဆိုတတ်ရင်
တခြားသူတွေကို ကုမ္ပဏီအတွက်
ဘာသာပြန်အဖြစ် ခန့်ရမှာမဟုတ်ဘူး။
ဒါပေမယ့်လည်း သူမဟာ တခြား
ဘာသာစကားသုံးခုကို ပြောနိုင်သေးတာပဲ။
Hu Lei ကို လာမယ့် ညီလာခံပွဲအတွက်
စကားပြန်အဖြစ် train ပေးတာ
အကောင်းဆုံးဖြစ်မယ်လို့ သူမ ခံစားမိတယ်။
ပုံမှန်အရ နည်းပညာပိုင်းတွေကို
နားလည်ပေမယ့်လည်း ကိုယ့်ဘာသာ
စကားနဲ့ရှင်းပြရင် အဆင်မပြေဘူး....။
အထူးသဖြင့် ဒီပွဲက နိုင်ငံခြားသားတွေ
တော်တော် တက်ရောက်လာမှာမလို့
သတိထားဖို့လိုအပ်တယ်...။
" ကျွန်မတော်တော်များများ
ပြောတတ်တယ်။ မန်နေဂျာ Lin အဆင်ပြေမယ့် တစ်ခုခုကို ရွေးချယ်လိုက်ပါလား? "
Hu Lei ဟာ တောက်ပတဲ့မျက်ဝန်းလေးတွေနဲ့
ပြုံးရင်း ပြောလိုက်တယ်....။
သူမရဲ့စကားပြောလိုက်တဲ့ အသံအဆုံး
မန်နေဂျာLinဟာ သူမ မဖော်ပြတတ်တဲ့
မျက်နှာထားနဲ့ စိုက်ကြည့်လာတယ်..။
သူမ စဝင်ဝင်လာချင်းက ကြည့်တဲ့အကြည့်နဲ့
အတူတူပဲ...
သေချာာတာတစ်ခုကတော့
အဲ့အကြည့်ထဲမှာ မာနတွေအပြည့်ပါတယ်။
Hu lei ဟာ သူမ မပြောတတ်တဲ့
တခြားဘာသာစကားတွေကို
မန်နေဂျာLin လဲ ပြောတတ်မှာ မဟုတ်ဘူးလို့
ယုံကြည်ထားတယ်...။
သူမရုံးကို အချိန်မှန်မရောက်တာ
အလုပ်ချိန်မှာ အိပ်ပျော်သွားမိတာလေးနဲ့ပဲ
သူမကို မလိုအကြည့်နဲ့ ဆက်ဆံတတ်တဲ့
ဒီမန်နေဂျာကို သူမအရည်အချင်းနဲ့
အနိုင်ယူပြမယ်လို့ Hu lei တွေးမိလိုက်တယ်။
Lin Man ဟာ ယုံကြည်မှုအပြည့်နဲ့
ရှေ့က မျက်ဝန်းတစ်စုံကို ကြည့်ရင်း
အနည်းငယ် လန့်မိမလိုဖြစ်ပေမယ့်
Hu leiရဲ့ ဒီပုံလေးဟာ ချစ်စရာကောင်းတယ်
လို့လဲ တွေးမိတယ်....။
သူမအတွေးကို သတိထားမိပြီး
မန်နေဂျာ Lin ဟာ ကိုယ့်ကို
စိတ်တိုမိသွားတယ်....။
မိမိကိုယ်ကိုဂုဏ်ယူမှုတွေနဲ့
ပြည့်နေတဲ့မိန်းမငယ်လေးကို
မကြည့်တော့ပဲ လုပ်စရာရှိတာလုပ်ဖို့
ဆုံးဖြတ်လိုက်တယ်....။
အေးအေးဆေးဆေး စဥ်းစားလို့အပြီးမှာ
သူမဟာ Hu Lei ကို ကြည့်ရင်း
အီတလီစကားကို သွက်လက်စွာ
ပြောဆိုလိုက်တယ်။
သူမရဲ့အတွေးသာမမှားဘူးဆိုရင်
Hu lei ဟာလဲ အီတလီစကားကို
ပြောနိုင်လိမ့်မယ်..... ။
Hu Leiဟာ ငယ်သေးသလို
သူမဟာ တခြားခက်တဲ့ ဘာသာစကား
တွေလဲ ပြောနိုင်လောက်အုံးမယ်...။
တကယ်လို့ မန်နေဂျာLin သာ
ဒီအသက်အရွယ်ရောက်မှ တခြား
ဘာသာစကားတွေကို လေ့လာမယ်ဆိုရင်
ခက်ခဲနေလောက်တယ်....။
Hu Lei ဟာ သူမ မျှော်လင့်ထားသလိုပဲ
တူညီတဲ့ ဘာသာစကားတစ်ခုထဲကိုပဲ
ပိုမိုကောင်းမွန်သွက်လက် ကျွမ်းကျင်စွာ
ဂုဏ်ယူရင်း ပြန်ပြောလာခဲ့တယ်...။
Lin Man ဟာ Hu Lei ကို
ဆက်လက်စစ်ဆေးချင်ပေမယ့်
ကျင်းပမယ့် ပွဲဟာအကြားကြီး
မလိုတော့တာမလို့ လေ့လာခိုင်းစရာတွေ
လေ့လာဖို့ စတင်လိုက်တော့တယ်.... ။
4နာရီကြာပြီးနောက်မှာတော့
Hu Lei အားမရှိတော့သလို
ခံစားနေရတယ်...။
အခုချိန် သူမ လိုအပ်နေတာက
အစားအစာတွေနဲ့ အိပ်ဖို့ပဲ....။
မမောမပန်း ကမ္ဘာလှည့်ခရီးထွက်နေတဲ့
အဖေကို ရှင်းပြနေရတာက
ဒီအလုပ်ထက် ပိုလွယ်ကူနေသေးတယ်။
ဒါပေမယ့်လည်း သူမ IT ပိုင်းကို
ပိုပြီးနားလည်သွားတာကိုတော့
လက်ခံရမယ်...။
ဒါတွေကိုသာ နားမလည်ပဲ
သူမပွဲကိုတက်ရင် စကားပြန်အဖြစ်
ရှင်းပြနေတဲ့အခါ ပြည့်စုံနေမှာ
မဟုတ်ဘူး...။
အခုတော့ သူမ လေ့လာစရာရှိတာ
အားလုံးလေ့လာပြီးသွားပြီ...။
ညီလာခံပွဲမစခင် ဘာတွေပြင်ဆင်ဖို့
လိုအပ်လဲဆိုတာကိုလည်း နားလည်နေပြီ။
ဒီပွဲကို လက်တွေ့ကိုင်တွယ်ဖို့ပဲ
လိုအပ်တော့တယ်....။
မန်နေဂျာ Lin က ဒီနေ့အတွက်
လုံလောက်ပြီလို့ ပြောတာနဲ့ Hu leiဟာ
အမြန်ပဲ ထရပ်လိုက်မိတယ်...။
ဒီအချုပ်ခန်းလို ရုံးခန်းထဲက
ပြေးထွက်ဖို့ အသင့်ဖြစ်နေခဲ့ပြီ....။
ဒါပေမယ့်လည်း ယဥ်ကျေးမှုရှိဖို့တော့
သူမ မမေ့ခဲ့ဘူး....။
" အကူအညီပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် မန်နေဂျာLin...
ကျွန်မ အများကြီးသင်ယူခဲ့ရပါတယ်.."
မန်နေဂျာ Lin မျက်ဝန်းတွေဟာ
သူမ စစတွေ့ခဲ့တုန်းကလို မုန်းတီးမှု
မလိုမှုတွေ ရှိမနေတော့တဲ့အပြင်
Hu Lei ကို လက်ခံတဲ့ အကြည့်တွေနဲ့
တောင် ကြည့်နေခဲ့တယ်....။
မန်နေဂျာ Lin ဟာလိုအပ်တာအချို့ကို
Hu lei ကို ဆက်ပြောနေခဲ့ပေမယ့်
Hu Lei ချစ်စရာမျက်နှာပေါ် က
စိတ်ညစ်ပုံပေါ် နေတဲ့ အကြည့်ကြောင့်
ပြောနေတာကိုရပ်လိုက်တယ်....။
၄နာရီအကြာ လေ့လာလိုက်ရတာ
သူမ ပင်ပန်းသွားပြီထင်ပါရဲ့....။
" ငါမင်းကို အထင်မှားခဲ့မိတယ်ထင်တယ်။
မင်းက မိဘတွေရဲ့အချိတ်အဆက်ကြောင့်
အတွေ့အကြုံမရှိပဲ ကုမ္ပဏီကို
ဝင်လာခဲ့တဲ့သူလို့ ငါတွေးထားမိတာ.. "
မန်နေဂျာ Lin ဟာ နောက်ဆုံးတော့
သူမစိတ်ထဲရှိတာကို ဖွင့်ဟဝန်ခံခဲ့တယ်....။
" မန်နေဂျာ Lin တွေးထားခဲ့တာလဲ
မမှားပါဘူး...."
Hu Lei ဟာ ရီရင်း ရုံးခန်းထဲက
ထွက်သွားခဲ့တယ်....
TBC