book

Index 21

Obedient and guilty

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel


နောက်တစ်နေ့ ကုမ္ပဏီကို

Hu Lei ဟာနောက်ကျပြီးမှ ​

ရောက်လာခဲ့တယ်....။

ညမအိပ်ခင် အလုပ်လုပ်ခဲ့တဲ့

နာရီပေါင်းများစွာကို ပြန်တွေးမိရင်း

သူမ ဘယ်လောက်ပင်ပန်းခဲ့လဲ

ပြန်တွေးမိသွားတယ်....။

သူမ ဒီနေ့စောစောလာဖို့ 

ခန့်မှန်းထားပေမယ့်လည်း 

နောက်ကျခဲ့ပြန်ပြီ.....။


သက်ပြင်းရှည်ချရင်း ဓာတ်လှေကားထဲ

ဝင်ပြီး အပေါ် ဆုံးထပ်ကိုသာ 

တန်းတက်သွားလိုက်တော့တယ်...။


Hu Lei မျှော်လင့်ထားသလိုပဲ

အလုပ်ချိန်ထက်နောက်ကျမှ ရောက်လာတဲ့

သူ့ကို Zhong Feng ဟာ မကြိုက်တဲ့

အရိပ်အယောင်တွေနဲ့ စိုက်ကြည့်နေတယ်။

သူမဟာ ဒီကအချိန်ပြည့်ဝန်ထမ်းမဟုတ်ပဲ

အချိန်ပိုင်းဝန်ထမ်းလေးပဲလေ....။

လုပ်ရမဲ့အလုပ်တွေကို တာဝန်ယူပေးရင်

သူမအဆင်ပြေမှာပါလို့ ကိုယ့်ဘာသာ

နှစ်သိမ့်နေလိုက်မိတယ်....။


သူ့စားပွဲကိုသွားတဲ့အခါမှာလဲ

အပြစ်လုပ်ထားတဲ့ကျောင်းသူလေးလို

Hu lei နောက်တစ်ခါ ခံစားလိုက်ရတယ်။

ခွင့်လွှတ်မပေးနိုင်တဲ့ အကြည့်တွေနဲ့

ကြည့်နေတာကလွှဲရင် ဒီနတ်ဆိုးကောင်က

ဘာမှမပြောလို့ Hu Lei ပိုပြီး အားနာ

နေရတယ်...။

သူမကို ဆူရမယ့်အစား

ထိုင်ဖို့သာ ညွှန်ပြလာခဲ့တယ်. ။


" ဒီနေ့အတွက်မင်းရဲ့အလုပ်က 

သာမာန်ပါပဲ....။

ရှေ့အပတ်မှာကျင်းပမယ့် ညီလာခံအတွက်

ထပ်ပြီးသိသင့်တာအချို့ကို 

မင်းလေ့လာရမယ်...။

စကားပြန်တော်​တော်များများဟာ

ဒီလိုပွဲတွေမှာစီးပွားရေးအကြောင်း

ဆွေးနွေးရင် အဆင်မပြေဖြစ်ပြီး

ကျရှုံးတာများတယ်....။

ကြိုးစားပေးပါအုံး...."


Hu lei နားလည်သလိုနဲ့ 

ခေါင်းငြိမ့်ပြလိုက်တယ်...။

အမှန်အတိုင်းပြောရရင် professional 

ဆန်ဆန် အလုပ်သဘောအရမဟုတ်ပေမယ့်

သူမကလဲ စကားပြန်တစ်ယောက်ပါပဲ....။

Hu lei အဖေ့နဲ့အတူတူ

ကမ္ဘာလှည့်ခရီးသွားတဲ့ အချိန်တိုင်း

အဖေ့အတွက် စကားပြန်က သူမပဲ

ဖြစ်လာခဲ့တာပဲ....။


အဖေက ကမ္ဘာလှည့်ခရီးသွားဖို့သာ

စိတ်ဝင်စားတာ....

သွားသမျှနိုင်ငံတွေရဲ့ ယဥ်ကျေးမှုတွေနဲ့

ဘာသာစကားတွေကို လေ့လာဖို့ကတော့

သူ့ရဲ့ဆေးပညာလောက်စိတ်မဝင်စားဘူး

ဆိုပြီး လုံးဝကိုမလေ့လာခဲ့ဘူး...။


ကံမကောင်းစွာနဲ့ပဲ...

Zhong Feng အတွက်အလုပ်လုပ်ပေးတာ

သူမ အဖေကိုရှင်းပြသလို လွယ်ကူမလား

ခက်ခဲမလားဆိုတာ သူမ မပြောတတ်ဘူး။

တကယ့်ပွဲကိုမရောက်ခင် သူမ လေ့လာစရာ

ရှိတာအားလုံး လေ့လာပြီးပါစေလို့ပဲ

မျှော်လင့်မိတယ်....။


ဒီအလုပ်ကို သူမ သေမတတ်လိုချင်နေပြီး

ဆုံးရှုံးမှာကြောက်နေလို့တော့မဟုတ်ဘူး။

တစ်ခုခုကို ကြိုးစားပြီဆိုရင် 

အကောင်းဆုံးဖြစ်ဖို့ကိုပဲ သူမ လိုလားတဲ့

အတွက် တကယ်ကိုကြိုးစားမယ်လို့

Hu lei ဆုံးဖြတ်လိုက်တယ်....။


" International Relations မန်နေဂျာLinနဲ့

မင်းနေ့လည်အထိ အတူတူလေ့လာရမယ်..။

နေ့လည်ခင်းတော့ မင်းကိုယ့်ရုံးခန်းကို

ပြန်လာနိုင်တယ်....."

သူဌေးဖြစ်သူက ဆက်ပြောလာတယ်။


Hu Leiက ခေါင်းငြိမ့်လက်ခံရင်း

သက်ပြင်းတစ်ချက်ချရင်း 

သူ့ရုံးခန်းကထွက်လာလိုက်တယ်...။


Zhong Feng ဟာ သူ့ရုံးခန်းထဲက

ထွက်သွားတဲ့ မိန်းကလေးငယ်ကိုကြည့်ရင်း

ပြုံးမိပြန်တယ်...။

ရန်လိုနေတဲ့ ကြောင်ပေါက်လေးကို

သူသဘောကျပေမယ့် ပြောသမျှ

လိုက်နာပြီး နာခံတတ်တဲ့ပုံလေးကလည်း

တမျိုးချစ်ဖို့ကောင်းနေပြန်တယ်....။

သူမ သူ့ရဲ့အကြည့်ကို အထင်လွှဲသွားတာ

Zhong Feng သိတယ်.... ။

သူမ နောက်ကျလို့ သူစိတ်ဆိုးတာ

မဟုတ်ပဲ သူမရဲ့မျက်ဝန်းလေးတွေအောက်က

အမဲလေးတွေကို သူစိတ်ပူနေခဲ့တာ...။

အိပ်ရေးဝဝ မအိပ်ပြန်ဘူးနဲ့တူတယ်...။


အလုပ်ပြန်မလုပ်ခင် သူဟာ ခဏလေး

စဥ်းစားနေမိတယ်....။


၁၀ ထပ်မြှောက်မှာတော့ 

မန်နေဂျာ Lin ဟာ သူ့ရုံးခန်းထဲဝင်လာတဲ့

Hu Lei ကိုနွေးနွေးထွေးထွေး

ကြိုဆိုမနေခဲ့ဘူး...။

International Relations ရဲ့ ကိုယ်စားပြု

မန်နေဂျာတစ်ယောက်အနေနဲ့ 

သူမမှာ အာရုံစိုက်စရာအများကြီး

ရှိတာမလို့ Hu lei ကို သိပ်အာရုံ

မထားဖြစ်တော့ဘူး....။


ပွဲကို အကောင်းဆုံး ခမ်းခမ်းနားနား

ပြီးမြှောက်စေချင်ပြီး ပွဲကရလာမယ့် 

အကျိုးအမြတ်တွေအတွက်လဲ 

သူမ ရင်ခုန်စိတ်လှုပ်ရှားနေမိတယ်။

ဒါကြောင့်မို့ Hu Leiကို အမြင်မကြည်တာကို

ပွဲပြီးတဲ့ အထိ သူမသည်းခံထားဖို့

လိုအပ်တယ်....။

ဒါပေမယ့်လည်း Hu lei ကို

သူမစီ အပ်ထားတဲ့ သူဌေးရဲ့အမိန့်ကိုတော့

သူတကယ် သဘောမကျခဲ့ဘူး......။


မန်နေဂျာLin ဟာ သူမရှေ့က

မိန်းကလေးကို စိတ်ပျက်မှုတွေနဲ့အတူ

ကြည့်လိုက်တယ်....။

စာအုပ်တစ်အုပ်ကို အဖုံးမြင်ရုံနဲ့

တစ်အုပ်လုံးက ဒီလိုဆိုတာ ခန့်မှန်းလို့

မရဘူးဆိုတာ တကယ်မှန်တယ်...။

Hu Lei ကို စစတွေ့ချင်းတုန်းက

ငယ်ငယ်တုန်းကသူမဖြစ်ချင်ခဲ့တဲ့

ပုံအတိုင်း လှပတဲ့သေးသေးသွယ်သွယ်

ချစ်စရာကောင်းတဲ့ကောင်မလေးအဖြစ်

မန်မေဂျာ Lin သတ်မှတ်ထားခဲ့မိတာ...။


ဒါပေမယ့် Boss ရဲ့ ဆိုဖာပေါ် မှာ 

အေးဆေးစွာအိပ်နေတဲ့ Hu Lei ပုံရိပ်ကို

တွေ့လိုက်ချိန်မှာ သူမ အတွေးမှားကြောင်း

သိသွားခဲ့သလို Boss နဲ့ Hu Lei အကြား

ထူးခြားတဲ့ ဆက်ဆံရေးတစ်ခုရှိမှာပဲဆိုတာ

ခန့်မှန်းလိုက်မိတယ်....။


အခြေအနေက မသေချာသေးပေမယ့်လည်း

သူမရဲ့ခန့်မှန်းမှုက မှန်ကန်ဖို့ရှိလောက်တယ်။

ဥက္ကဋ္ဌ Zhong ဟာ အနုပညာရှင်တွေရော

ချမ်းသာလှပတယ်ဆိုတဲ့သူတွေနဲ့ရော

ဘယ်သူ့နဲ့မှသတင်းထွက်ခဲ့ခြင်း

မရှိခဲ့ဖူးဘူး....။ ထပ်ပေါင်းပြောရရင်

သူ့နားလာကပ်တဲ့ ဝန်ထမ်းမှန်သမျှနားကပါ

သူအမြဲရအောင်ရှောင်တတ်တဲ့သူ...။


အခုတော့ သူ့ရုံးခန်းမှာ အလုပ်ချိန်တွင်း

အိပ်ပျော်နေတဲ့ Hu Lei ကို​တောင်

ဘာမှမပြောခဲ့ဘူး....။ သူတို့နှစ်ယောက်ကြား

ထူးခြားတဲ့ ဆက်ဆံရေးတစ်ခုခုမရှိဘူးလို့

တွေးမိတဲ့သူကတော့ ညံ့ဖျင်းတဲ့သူပါပဲ...။

မန်နေဂျာ Lin Man က​တော့ 

ကိုယ်ပိုင်စကေးလ်တွေနဲ့ အောင်မြင်မှု

ရှာဖွေတဲ့သူကို လေးစားပြီး 

အကပ်နဲ့တက်လာသူတွေကို တကယ်ရွံတယ်။


သို့ပင်မယ့်လည်း သူမစိတ်ထဲက

အတွေးတွေကို Hu Lei ရှေ့

ထုတ်မပြောခဲ့ဘူး...။

Hu Lei ကို သူမရဲ့ စားပွဲတစ်ဖက်က

ထိုင်ခုံမှာ ထိုင်ဖို့ညွှန်ပြလိုက်တယ်..။


Lin Man ဟာ Hu Lei လို

မိန်းကလေးပုံစံမျိုးကို သဘောမကျပေမယ့်လည်း သူမရဲ့စွမ်းရည်အရ သူမအပေါ် 

ပေးထားတဲ့တာဝန်ကိုတော့ ပြီးမြှောက်အောင်

လုပ်တတ်တဲ့ အကျင့်ရှိတယ်...။



TBC....




rate now:

1 Reviews
  • reader Kim Eun Byul 15.07.2021, 12:05 5

    😍❣️

    reply