တစ်နာရီခွဲလောက်ကြာပြီးတော့
Hu lei နိုးလာခဲ့တယ်...။
သူမအနီးအနားကိုကြည့်မိတော့
Zhong Feng ဟာ သူ့ရဲ့
အလုပ်စားပွဲမှာ ကွန်ပျူတာတစ်လုံးနဲ့
အလုပ်လုပ်နေခဲ့တယ်...... ။
သူမဟာ လေးစားမှုနဲ့ သဘောကျစွာ
ငေးကြည့်နေမိတယ်....။
ယောကျာ်းတစ်ယောက်ဟာ
သူ့ရဲ့အလုပ်အပေါ် အာရုံစူးစိုက်ထားချိန်ဟာ
စွဲဆောင်မှုအရှိဆုံးဆိုတဲ့စကားက
အမှန်တရားပါပဲ...။
Zhong Feng ဟာလဲ ခုလိုချိန်မှာ
ပိုမိုတောက်ပနေခဲ့တယ်.... ။
ရုတ်တရက် Zhong Feng သူမကို
လှမ်းကြည့်လာတဲ့အခါ သူခိုးလူမိသလို
ဖြစ်သွားပြီး သူမဟာ ရှက်ရွံ့စွာနဲ့
ရီလိုက်မိတယ်.....။
" မင်းငေးကြည့်လို့ဝပြီလား? "
သူဟာနူးနူးညံ့ညံ့လေးနဲ့
မေးလာခဲ့တယ်.....။
သူ့ရဲ့အသံကြားပြီး
သူမဟာ တုန်မိသွားတယ်...။
" ဘယ်သူက ငေးကြည့်နေလို့လဲ? "
သူမဟာ ဗြောင်လိမ်လိုက်မိတယ်...
မျက်ခုံးပင့်တင်းရင်း သူဟာ
မယုံကြည်သလိုနဲ့ သူမကို
စိုက်ကြည့်လာခဲ့တယ်...။
သူမဟာ လျစ်လျူရှုပြီး
တခြားအကြောင်းအရာကိုပြောဖို့
တွေးမိလိုက်တယ်။
" ရှင့်ရဲ့စစ်ဆေးမှုအပေါ်
ကျွန်မဖြေထားတာတွေက ဘယ်လိုလဲ? "
" မဆိုးပါဘူး...."
ပြန်ဖြေရင်း သူ့ရဲ့မျက်ဝန်းတွေဟာ
သူမရဲ့ ရင်ဘတ်အပေါ်ရွေ့သွားတာ
မြင်လိုက်တယ်.... ။
Hu Leiဟာ မျက်နှာပူလာခဲ့တယ်..။
အမှန်အတိုင်းပြောရရင်
သူမရဲ့ ရင်ဘတ်နဲ့ ပတ်သက်ပြီး
Hu Lei ဟာ sensitive ဖြစ်တယ်။
မိန်းကလေးအများစုက
ခပ်ကြီးကြီးရှိကြတော့ ပျော်ကြတယ်...။
ဒါပေမယ့် အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်
Hu Lei အတွက်က တခြားသူတွေနဲ့
အနည်းငယ်ကွာခြားတယ်...။
လူတွေ သူမကိုတွေ့ကြတဲ့အခါမှာလည်း
သူမရဲ့ ဒီအစိတ်အပိုင်းကိုပဲ
အားလုံး သတိထားမိကြတာပဲ...။
ရှေ့ကနတ်ဆိုးကောင်ကို
သူဆဲမိတော့မယ့်အချိန်မှာပဲ
သူမရင်ဘတ်ပေါ် က စာရွက်တွေကို
သူမ သတိထားမိသွားတယ်... ။
တွေးမိခဲ့တဲ့ အတွေးတွေနဲ့အတူတူ
စိတ်ပင်မဆိုးနိုင်ပဲ သူမရှက်ရွံ့မိသွားတယ်။
သူမ ရှက်စရာတွေမတွေးမိခင်
သူကလည်း စိုက်ကြည့်မနေပဲ
ပေါ် တင်ပြောသင့်တယ်....။
Zhong Feng က သူမကို
အများကြီး မစချင်ပေမယ့်
ချစ်စရာကောင်းတဲ့ မျက်နှာရဲရဲကို
ငေးကြည့်ရင်း တိတ်ဆိတ်စွာပဲ
နေနေလိုက်မိတယ်....။
" မင်းအိမ်ပြန်သင့်ပြီလို့ ကိုယ်ထင်တယ်။
မနက်ဖြန်မှပြန်လာခဲ့...
မင်းရဲ့အလုပ်နဲ့ပတ်သက်ပြီး
အသေးစိတ်ဆွေးနွေးကြတာပေါ့...။
ပြည့်ပြည့်ဝဝကြီး သေချာစွာ
အနားယူခဲ့ဖို့ မမေ့နဲ့နော်..."
သူမကို သူ့နဲ့အတူတူ
အချိန်အကြာကြီးရှိနေစေချင်ပေမယ့်
မကြာသေးခင်က သူတွေ့ခဲ့တဲ့
သူမမျက်ဝန်းထဲက ပင်ပန်းမှုတွေကြောင့်
အိမ်ပြန်ပြီး အနားယူခိုင်းစေချင်မိတယ်။
Hu Leiဟာ တစ်ကိုယ်လုံး မူးနောက်နေပြီး
အားမရှိတော့သလိုခက်ခဲစွာ
ထရပ်လိုက်တယ်...။
ကံမကောင်းစွာနဲ့ပဲ သူမမှာ တစ်ညလုံး
အနားယူဖို့အခွင့်အရေးတွေ
မရှိခဲ့ဘူး....။
သူမအလုပ်အတွက် သူမ ကြိုးစားရအုံးမယ်။
Zhong Feng ကို နှုတ်ဆက်ရင်းသူမဟာ လျင်မြန်စွာပဲ ထွက်လာခဲ့လိုက်တယ်။
ဒီနေ့ တော်တော်အိပ်လိုက်ရလို့
သူမ အားအင်တွေပြည့်ဝနေခဲ့တယ်။
သူမကို စစ်ဆေးပြီးပြီမလို့
အနည်းဆုံး ဒီသင်ယူစရာတွေနဲ့
ပတ်သက်ပြီး သူမစိတ်မညစ်ရတော့ဘူး။
လွန်ခဲ့တဲ့ သုံးရက်က သူမဘယ်လောက်
ပင်ပန်းကြောင်း ပြန်တွေးမိသွားတယ်။
အောက်ဆုံးထပ်ကို ရောက်တဲ့အခါ
မိန်းကလေးတစ်ယောက်က
သူမကို ချည်းကပ်လာတယ်။
အဲ့မိန်းကလေးဟာ သူမမှတ်မိသလောက်ဆို
Marketing က မိန်းကလေးပဲ...။
Hu Lei ဆက်သွားဖို့လုပ်ပေမယ့်
အဲ့မိန်းကလေးဟာ အတင်းလိုက်တား
နေတာမလို့ Hu Lei မျက်မှောင်ကြုပ်မိသွားတယ်...။
" Hu Lei, မင်းရဲ့အလုပ်ကို
မင်းကောင်းစွာ ကာကွယ်ဖို့
ငါသတိပေးချင်တယ်..."
Hu Lei အံသြသွားမိတယ်..။
သူမ သိသလောက်ဆို လွန်ခဲ့တဲ့ရက်တွေက
အလုပ်အရမ်းများနေတဲ့အတွက်
ဘယ်သူ့နဲ့မှ ရောရောနှောနှော
မနေခဲ့ဖူးပါဘူး။ ဒီရှေ့က မိန်းကလေးနဲ့လဲ
စကားတောင်မပြောခဲ့ဖူးဘူး...။
ဘာကြောင့် သူမက ဒီလို
သတိလာပေးတာလဲ?
သူမက ဒီကုမ္ပဏီရောက်တာ
မကြာသေးပေမယ့်လည်း
ဘယ်သူ့နဲ့မှ ရန်ညိုးမရှိခဲ့ဖူးပါဘူး...။
" Marketing group တစ်ခုလုံး
နင့်ရဲ့အကြောင်းတွေကို ဥက္ကဋ္ဌက
မမျှမတဆုံးဖြတ်လို့ မျှတမှု
တောင်းချင်ပေမယ့် မန်နေဂျာ Lin က
ခွင့်မပြုခဲ့ဘူး....။
မန်နေဂျာ Lin က ဒီ marketingရဲ့
ဂုဏ်သိက္ခာကျဆင်းမှာ
ကြောက်လို့ဆိုတာ ငါသိတယ်..."
အခြေအနေကို Hu lei အနည်းငယ်
နားလည်လာသလို ရှိလာတယ်...။
သူမက ဘာသာစကားအမျိုးမျိုးမှာ
ကျွမ်းကျင်တဲ့အပြင် အရိပ်အကဲခတ်တာ
တော်တဲ့အတွက် ရှေ့ကမိန်းကလေးဟာ
မန်နေဂျာ Lin ကို မနာလိုမုန်းတီးနေသူ
ဖြစ်ကြောင်း နားလည်လိုက်တယ်...။
" ငါအလုပ်က မထွက်ရပါဘူး...။
နင်စိုးရိမ်ဖို့မလိုဘူး....."
Hu lei တိုတိုရှင်းရှင်းပဲဖြေလိုက်တယ်။
Jian Ru မျက်ဝန်းတွေဟာ
မုန်းတီးမှုတွေနဲ့ ပိုမိုပြည့်နှက်လာခဲ့တယ်။
သူမရှေ့က ထွက်သွားခဲ့ပြီဖြစ်တဲ့
Hu Lei ကတော့ သူ့ကို သူမ အလုပ်ထွက်စေချင်နေတာ သတိမထားမိခဲ့ဘူး....။
" အနည်းဆုံးတော့ တောင်းပန်တဲ့
အနေနဲ့ တစ်ခုခုတိုက်ပါစေ Miss Hu.."
Jian Ru ဟာ အနောက်က
လိုက်သွားရင်း ကမ်းလှမ်းလိုက်မိတယ်။
" မလိုအပ်ဘူး...
ငါ့မှာအလုပ်ကိစ္စတွေရှိသေးတယ်..
Goodbye "
အဲ့လောက်လေးပဲ ပြောပြီး
သူမက ထွက်သွားခဲ့တယ်..... ။
Jian Ru ကတော့ ဒေါသထွက်ရင်း
ကျန်နေခဲ့တယ်....။
TBC