Hu Lei ဟာ လှေကားခွင်နားမှာရပ်ရင်း
တိုးတိုးနဲ့ အငြင်းပွားနေမှုကို
ခိုနားထောင်နေမိတယ်...
သူမဟာစိတ်ခံစားချက်ကင်းမဲ့စွာနဲ့ပဲ
မီးရောင်မှိန်မှိန်နဲ့ အခန်းကို
စိုက်ကြည့်နေမိတယ်...
အငြင်းပွားနေရတဲ့အကြောင်းကို
ကြားရချိန်မှာတော့ စိတ်ပျက်စွာနဲ့ပဲ
နှုတ်ခမ်းကိုတင်းတင်းဖိကိုက်ထားမိတယ်..
အမှန်တရားပါပဲ...
တိုးတိုးတိတ်တိတ်ဖြစ်ဖို့
ကြိုးစားနေသူတွေဟာ အကျယ်လောင်ဆုံး
ဖြစ်နေတတ်တာပဲ
အထူးသဖြင့် ညသန်းခေါင်မှာပေါ့...
သူမဟာ အခန်းတွင်းပြောစကားတွေနဲ့ ပတ်သက်ပြီး ဘာမှလုပ်ခွင့်မရှိသလို
စိတ်ဝင်စားမှုနည်းစွာနဲ့ပဲ နားထောင်နေတယ်
" မင်း သူမကျူးလွန်းခဲ့တာတွေကြောင့်
စိတ်ကျန်းမာရေး ဆေးရုံကိုပို့တယ်!
မင်းဘာတွေတွေးနေတာလဲ Lu Liang? "
ယောကျာ်းဖြစ်သူက ဒေါသနဲ့စကားပြောတယ်
"ဒါဆို ကျွန်မဘာလုပ်ရမလဲ?
ဘာလုပ်သင့်တာလဲ? သမီးနဲ့ ကျွန်မကို
ထားပြီးရှင် ဒီနိုင်ငံကထွက်သွားတာပဲလေ..
သမီးစကားမပြောဘူး...
သမီးနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်.
ကျွန်မကြောက်တယ်..."
ငိုရင်းပြန်ဖြေတဲ့ မိန်းမဖြစ်သူကလဲ
နာကျင်မှုတွေကြောင့် ငိုနေဆဲပဲ...
လက်နဲ့စားပွဲကိုရိုက်ချသံထွက်လာတယ်
ဒါပေမယ့် သိပ်မကျယ်ခဲ့ဘူး..
"မင်းမှာ ကြောက်ရွံ့ပိုင်ခွင့်ရောရှိရဲ့လား?
ငါတို့သမီးဟာ ချုပ်နှောင်မှုတွေကြားမှာ
တစ်နှစ် နေခဲ့ပြီးပြီ...
သမီးကလဲကြောက်တယ် နောက်ထပ်
အကျဥ်းထောင်ထဲ ဝင်ခိုင်းစရာမလိုဘူး..
သမီးကြုံတွေ့ခဲ့ရတဲ့ဟာတွေအပြီးမှာ
သူဟာ သာမာန်လို ပြေးကစားရင်း
စကားတွေပြောနေမှာမဟုတ်ဘူးဆိုတာ
မင်းလက်ခံရမယ်...
သမီးရဲ့လွတ်လပ်ခွင့်ကို ပိတ်ပင်ပြီး
သူ့အိမ်မက်ဆိုးတွေကြား တစ်ဖန်
ပြန်ရှင်သန်အောင်လုပ်တယ်?
အမေတစ်ယောက်ဖြစ်ပြီး ဒါကို
မင်းဘယ်လိုလုပ်ရက်နိုင်တာလဲ?..."
ယောကျာ်းဖြစ်သူရဲ့အသံဟာ တဖြည်းဖြည်း
ကျယ်လာခဲ့တယ်...
ခိုးနားထောင်နေတဲ့မိန်းကလေးဟာ
သူမရဲ့ဦးခေါင်းကို မော့လိုက်တယ်...
မျက်ဝန်းတွေမှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေခဲ့တယ်...
အခန်းတွင်းငိုနေတဲ့ အမေဖြစ်သူရဲ့
အသံတွေကို နားထောင်ရင်း
သူမလှောင်ပြုံးပြုံးဖြစ်တယ်....
နာနာကျင်ကျင်ငိုကြွေးနေတာက
ကြားရတဲ့သူတိုင်း သူ့အတွက်မတရားဘူးလို့
ယုံကြည်လောက်တယ်....
"ရှင်ကျွန်မနဲ့ သူနဲ့နှစ်ယောက်ထဲထားခဲ့တယ်..
ကျွန်မအတွက် လုံခြုံမလားဆိုတာ
ကျွန်မဘယ်လိုသိနိုင်မလဲ?"
ငိုထားလို့ ကွဲအက်နေတဲ့အသံနဲ့
မိန်းမဖြစ်သူက ဆက်ပြောတယ်...
သူမရဲ့ ယောကျာ်းကတော့ ပြောနေသမျှ
ကြားခြင်းမရှိတော့ပဲ စိတ်တိုရင်း
စိတ််ပျက် ဒေါသထွက်နေခဲ့တယ်...
"ငါ့လေယာဥ် အိန္ဒိယကို မရောက်ခင်မှာပဲ
မင်းသူ့ကို စိတ်ကျန်းမာရေးဆေးရုံကို
ပို့တယ်..ပြီးတော့ သမီးကိုချုပ်နှောင်ဖို့အတွက် ငါ့နာမည်ကိုပါ သုံးခဲ့တယ်.
မင်းကသူ့အမေ!
ကိုယ့်သမီးရဲ့ ကျန်းမာရေးကို မပူပင်ပဲ
ဘာလို့များ သူ့ကို ကြောက်နေတာလဲ!
သူတစ်နှစ်ပျောက်ကွယ်သွားတာကို
ငါတို့က ထာဝရပျောက်ကွယ်သွားပြီလို့
ထင်ခဲ့ကြတာ. နောက်တကြိမ် သူ့ကို
အဝေးပို့ဖို့ မင်းဘယ်လိုများ
လုပ်ရက်တာလဲ? "
ယောကျာ်းဖြစ်သူဟာ ခေါင်းရှောင်ဖို့ ဘယ်တော့မှ မတွေးခဲ့ဖူးဘူး..
ဒီနိုင်ငံကနေ ထွက်ပြီး အလုပ်သွားလုပ်ရတဲ့ အကြောင်းရင်းက သမီးလေး Hu Lei ရဲ့ ရောဂါကုသဖို့အတွက်ပဲ...
သူ စီးပွားရှာနေတဲ့အချိန်မှာ
မိန်းမဖြစ်သူဟာ ကလေးကို စောင့်ရှောက်ပေးမယ်လို့ ပြည့်ပြည့်ဝဝယုံကြည်ထားခဲ့တာ...
"လူကနေ monster အဖြစ်ပြောင်းသွားတဲ့
ကောင်လေးအကြောင်းကို ရှင်ကြားမှာပေါ့..
သူက သူ့ညီမလေးကိုတောင်သတ်ခဲ့တာ..
အမေကိုလဲ ဒဏ်ရာအများကြိီးပေးလို့
အဲ့နေရာကနေ ကယ်ဆယ်ရေးတွေ သွားကယ်ထားရတာ..."
ကယောင်ချောက်ချားဖြစ်ပြီး
မိန်းမဖြစ်သူရဲ့အသံဟာလဲ
ကျယ်လာခဲ့တယ်...
သူပြန်မပြောခင်လေးမှာပဲ သူတို့သမီးဟာ
အခန်းတံခါးပေါက်မှာ ရပ်နားထောင်နေတာ သူသတိထားမိသွားတယ်...
တံခါးပေါက်နားရပ်နေတဲ့ သမီးပုံစံက အေးစက်စက်နဲ့ အထိီးကျန်နေသလိုပဲ..
သူပြောမယ့်စကားတွေရုတ်သိမ်းပြီး
သမီးရဲ့ ရုတ်တရက် ပေါ် လာမှုကို လန့်နေတဲ့
မိန်းမဖြစ်သူကို ကြည့်လိုက်မိတယ်...
Hu Ming ဟာ ခေါင်းခါရင်း စကားတစ်ခွန်းမှထပ်မပြောတော့ပဲ အခန်းအဝင်ပေါက်က သမီးစီ မြန်မြန်သွားလိုက်တော့တယ်...
"Xiao Lei...သမီးနိုးလာတာ
အဖေမသိလိုက်ဘူး "
သူဟာနူးနူးညံ့ညံ့လေးပြောလိုက်ပေမယ့်
သမီးဖြစ်သူဟာ ပြန်မပြောခဲ့ပါဘူး...
ပြန်ပြောဖို့လဲ သူမမျှော်လင့်ထားဘူး...
"သမီး တခြားအိမ်မက်ဆိုးတွေ
မက်သေးလား? "
သူမ မက်ခဲ့ပါတယ်.. ဒါပေမယ့် အေးစက်စက်နဲ့ ခံစားချက်မဲ့ မျက်လုံးများနဲ့
ခေါင်းခါရင်းငြင်းလိုက်မိတယ်...
ထုတ်ဖော်ပြောလို့လဲ ဒီအိမ်မက်ဆိုးက ပျောက်ကွယ်သွားမှာမှမဟုတ်တာ...
ဒါကြောင့် သူမ မပြောသလို အဖေကလဲ
သူမညာနေမှန်းသိရဲ့နဲ့ အမှန်ပြောအောင် အတင်းမတိိုက်တွန်းခဲ့ဘူး...
"မစိုးရိမ်ပါနဲ့...အဖေကအားလုံးကို ပိုပြီးကောင်းမွန်အောင် ကြိုးစားမှာ...
သမီးကြောက်ဖို့မလိုဘူး...
အဆိုးတွေဆိုတာ ထပ်မဖြစ်တော့ပါဘူး..."
အဖေနှစ်သိမ့်ပေးနေတာကို လက်ခံတဲ့သဘောနဲ့ သူမ ခေါင်းငြိမ့်ပြလိုက်တယ်...
ဒါမှလဲ သံသယတွေ ပျောက်ကင်းမှာပေါ့...
မဟုတ််ရင် သူမကိုပိုပြီး စိတ်ပူနေရမှာ...
ထိုင်ခုံမှာထိုင်ရင်း တိုးတိုးလေးငိုနေတဲ့
အသံတွေကတော့ ကြားနေရသေးတယ်..
အမေဖြစ်သူဟာ သမီးစီလာပြီး
နှစ်သိမ့်မပေးခဲ့ဘူး...
Hu Lei ဟာ အမေဖြစ်သူကို စိတ်ပျက်စွာ
ကြည့်ရင်း သူမအခန်းရှိရာ
လှေကားထစ်တွေစီ ပြန်တက်သွားခဲ့တယ်...
သမီးကို monster တစ်ကောင်လို
ဆက်ဆံနေတဲ့ စိတ်ကယောင်ချောက်ချား
ဖြစ်နေတဲ့ မိန်းမဖြစ်သူကို
သူဟာကြည့်လိုက်တယ်...
"lu Liang , နောက်တခါ မင်းရဲ့
ကလေးဆန်မှုတွေကိုဖယ်ရှားပြီး Xiao Lei အပေါ်အမေတစ်ယောက်လို ဆက်ဆံ
ပြုမူနိုင်ပါစေလို့ ငါမျှော်လင့်ပါတယ်...
တကယ်လို့ မင်းကောင်းကောင်း မပြုစုပေး
အမေတစ်ယောက်လို မဆက်ဆံပေးနိုင်ရင်
မင်းစီက သူ့ကို ငါခေါ်သွားလိုက်မယ်.."
အဖေဖြစ်သူဟာ ပြောရင်း သူ့သမီးနောက်ကို လိုက်သွားခဲ့တယ်....
Hu Ming ဟာသူပြောခဲ့တဲ့စကားတွေကို
သူ့မိန်းမဖြစ်သူ နားထောင်ပါစေလို့
မျှော်လင့်နေမိတယ်...
သူဟာ သမီးဖြစ်သူက
အမေ့ကိုစိတ်နာသွားမှာကို မလိုချင်ဘူး...
သို့ပေမယ့် လတွေသာကြာလာခဲ့တယ်
Lu Liang ဟာမပြောင်းလဲလာခဲ့ဘူး...
သူမဟာ သမီးဖြစ်သူနဲ့ ပိုပိုပြီး
ဝေးကွာလာခဲ့တယ်...
ဝန်ထုပ်တစ်ခုအဖြစ်မြင်နေတဲ့ သမီးနဲ့
အိမ်မှာ နေရမဲ့အစား သူမဟာ သူငယ်ချင်းတွေစီမှာပဲနေ နေခဲ့တယ်....
Hu Lei ၁၀နှစ်ပြည့်တဲ့အခါမှာတော့
အဖေဖြစ်သူဟာ တုံ့ဆိုင်းမနေတော့သလို
သူ့မိန်းမပြောင်းလဲလာဖိို့ကိုလဲ
မမျှော်လင့်တော့ဘူး...
Supremeမြို့ကြီးရဲ့ ပတ်ဝန်းကျင်ဟာ
Hu Lei အတွက် အဆင်မပြေတော့ဘူး...
အထူးသဖြင့် သမီးဖြစ်သူကို နတ်ဆိုး
တစ်ကောင်လို ဆက်ဆံတဲ့အမေရယ်...
ကြောက်ရွံ့ပြီး ဖယ်ရှားခဲ့တဲ့
သူငယ်ချင်းဟောင်းတွေရယ်...
ကြောက်ရွံ့ခြင်းဟာသူမကို လက်နက်တစ်ခုလိုအမြဲ ခြောက်လန့်နေတယ်...
အပယ်ခံလို ဆက်ဆံခံရတဲ့ ဒီပတ်ဝန်းကျင်မှာ
သူမဟာ ပြန်လည်မထူထောင်နိုင်ဘူး...
ဒါကြောင့်မလို့ အဖေဖြစ်သူဟာ သမီးနဲ့
ဒ်ီနိုင်ငံက မထွက်သွားခင်မှာ သင့်လျော်သော အစီအစဥ်တွေကို ချမှတ်ခဲ့တယ်...
TBC..