လုပ်စရာအလုပ် လုပ်ပြီး
Zhong Feng ပြန်လာတဲ့အခါ
ဆိုဖာပေါ် မှာ ကို့ရိုးကားယားနဲ့
သက်တောင့်သက်သာ အိပ်ပျော်နေတဲ့
မိန်းကလေးကို တွေ့လိုက်ရပြန်တယ်...။
သူမခေါင်းကို ဆိုဖာအမှီပေါ် မှာ
မှီထားပြီး ခြေထောက်တွေက
အောက်ကို တွဲလျောင်းချထားတယ်..။
သူမရဲ့ညာဖက်လက်ဟာ ဘောပင်ကို
ကိုင်ထားဆဲပဲ....။
တစ်နေရာလုံးမှာ ပြုတ်မကျနိုင်ပဲ
အခိုင်မာဆုံး ဆိုလို့ သူမမျက်နှာပေါ်
ကာထားတဲ့ စာရွက်တွေပဲရှိတယ်....။
သူခဏလေးပျောက်သွားတာ
သူမတော်တော်ပျော်နေပုံပဲ....။
ဘေးက ကော်ဖီစားပွဲကို
ကြည့်လိုက်မိတော့ ဖိုင်အနည်းငယ်ကို
သူတွေ့လိုက်တယ်....။
အစက သူထင်ခဲ့တာက သူမအလုပ်ကို
ဂရုမစိုက်ပဲ အိပ်နေတယ်ထင်တာ...။
ဒါပေမယ့် အခုဖိုင်ထဲက စာရွက်တွေဟာ
ဖြေထားတဲ့ အဖြေတွေနဲ့
ပြည့်နှက်နေခဲ့တယ်.....။
သူတွေ့လိုက်တာ မမှားဘူးဆိုတာ
အတည်ပြုဖို့ စားပွဲပေါ် က
စာရွက်တွေကို နောက်တကြိမ်
ကြည့်လိုက်မိတယ်....။
Assistant Chen ကို ခေါ် ရင်း
စာရွက်တွေကို စစ်ဖို့ပေးလိုက်တယ်..။
Assistant Chen ဟာ
ဆိုဖာပေါ်အိပ်ပျော်နေတဲ့ မိန်းကလေးကို
စိတ်ပျက်စွာ တစ်ချက်ပြန်ကြည့်ရင်း
စာရွက်တွေကိုယူရင်း အဖြေကိုစစ်ဖို့
ဥက္ကဋ္ဌရုံးခန်းထဲက ပြန်ထွက်လာလိုက်တယ်။
ပုံမှန်အနေနဲ့ဆို သူဒါတွေကို
ဂရုမစိုက်ပေမယ့် အခုတော့ သူကိုယ်တိုင်
သူမအဖြေတွေကို စစ်ပေးရမယ်...။
တစ်ခြားသူတွေကို စစ်ဖို့လွှဲပေးလိုက်ရင်
ရလဒ်ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
သူတို့ဟာ သတင်းတွေဖြန့်ရင်း
အငြင်းပွား အတင်းပြောကြအုံးမှာပဲ...။
သူ့ ဥက္ကဌကိုယ်တိုင် ရွေးချယ်ထားရသူမလို့
သူဒီလို အဖြစ်မခံနိုင်ဘူး....။
မိနစ် ၃၀ ကြာပြီးနောက်မှာတော့
အံံ့သြမှုတွေပြည့်နှက်နေတဲ့မျက်နှာနဲ့
Assistant Chen က Zhang Feng
ရုံးခန်းစီပြန်ရောက်လာခဲ့တယ်...။
" မင်းစကားမပြောတတ်တော့တာလား?
စကားပြောဖို့ကို ငါ့စီက ခွင့်ပြုချက်
စောင့်နေတာလား? "
Zhong Feng အေးစက်စက်နဲ့
မေးလိုက်တဲ့အခါမှ သူ့လက်ထောက်ဟာ
သတိဝင်လာပြီး သူ့ကိုကြည့်လာခဲ့တယ်။
" ရလဒ်က တကယ်ကိုမယုံနိုင်စရာ
ကောင်းတယ်....။
Marketing ရော နည်းပညာအပိုင်း
နှစ်ခုလုံးမှာ Miss Hu အမှတ်ပြည့်ရအောင်
ဖြေဆိုနိုင်ခဲ့တယ်.....။
သူမလေ့လာဖို့မလိုတာတွေတောင်
သူမအကုန်ဖြေထားနိုင်ခဲ့တယ်.. "
" နှစ်ခုလုံး? ဘာလို့သူမနှစ်ခုလုံး
ဖြေရတာလဲ?ငါသူ့ကို Marketingပိုင်းပဲ
လေ့လာခိုင်းထားတာလေ? "
သူအမှားလုပ်တာမဟုတ်ပဲ
တမင်ထည့်လိုက်တာဖြစ်ပေမယ့်
အမှားလုပ်မိတာလို့ပဲ Assistant Chenက
ပြောချင်ခဲ့တယ်... ။
ဒါပေမယ့်လည်း ပြောဖို့မရဲခဲ့ဘူး...။
ကုမ္ပဏီ ဥက္ကဋ္ဌရဲ့ လက်ထောက်
တစ်ယောက်အနေနဲ့ ဒိီလို အသေးအမွှား
ကိစ္စမှာ အမှားလုပ်တယ်ဆိုတာ
ကြားမကောင်းသလို ဥက္ကဋ္ဌ သိက္ခာလည်း
ကျဆင်းအုံးမယ်....။
" Etude Technologies ရဲ့
သာမာန်နည်းပညာပိုင်းတွေကို
သူမ နားလည်မလားဆိုတာ စစ်ချင်လို့
ကျွန်တော် ထည့်လိုက်တာပါ...။
သူမရဲ့အရည်အချင်းအစစ်အမှန်ကို
ကျွန်တော်သိချင်လို့ပါ...."
သူကအမှန်အတိုင်းပဲ ဖြေလိုက်တော့တယ်။.
အမှန်အတိုင်းပြောရရင် Hu Lei အတွက်
သူပိုပြီးခက်အောင် လုပ်ချင်ခဲ့တာ....။
အရည်အချင်းမရှိတဲ့သူကို သူ့ရဲ့
သူဌေးဘေးမှာထားရမှာကို
သူမလိုလားခဲ့ဘူး...။
Zhong Feng ဟာ စူးရှတဲ့
ဒေါသမျက်ဝန်းတွေနဲ့ သူ့ရဲ့
လက်ထောက်ကို ကြည့်လိုက်တယ်...။
Hu Lei ကို သူကိုယ်တိုင်
အရာရာမှာ ခက်ခဲအောင်
လုပ်ပြီး စိတ်ဆိုးနေတဲ့သူမမျက်နှာကို
မြင်ရတာ သူကြိုက်ပေမယ့်
သူမဟုတ်တဲ့ တခြားတယောက်က
ဒီလိုလုပ်တာ သူတကယ်မကြိုက်ဘူး။
" ဒီလိုလုပ်တာ ပထမဆုံးနဲ့နောက်ဆုံး
ဖြစ်ပါစေ Chen... ! "
Assistant Chen ဟာ ခေါင်းငြိမ့်လက်ခံရင်း
လက်ထဲက စာရွက်တွေကို စားပွဲပေါ် တင်ရင်း
ထွက်သွားခဲ့တယ်...။
Zhong Feng ဟာ အဖြေစာရွက်တွေကို
စိတ်ဝင်စားမှုအပြည့်နဲ့ ယူကြည့်လိုက်မိတယ်။ Multiple choice တွေဟာ
တစ်ခုမှ အမှားမရှိပဲ အကုန်မှန်နေတယ်။
Chen က သူမဖြေထားတာတွေကို
သေချာစစ်ထားခဲ့တာပဲ...။
Zhong Feng အဖြေအားလုံးကို
ဖတ်ပြီး ဂုဏ်ယူတဲ့အပြုံးနဲ့
ပြုံးလိုက်မိတယ်.....။
သူ့စီကို Chen ပထမဆုံး Hu lei ကို
ခေါ် လာပေးတဲ့အချိန်မှာ သူမရဲ့ ပုံစံအရ
သူရွေးချယ်ဖို့ မသေချာခဲ့ဘူး...။
သူမ အပေါ် စိတ်ဝင်စားမှု အနည်းငယ်
ရှိနေပေမယ့် သူ့အဖေတောင်းဆိုတဲ့
သူမကိုအလုပ်ပေးဖို့ သူမသေချာခဲ့ဘူး။
သူ့အဖေ တောင်းဆိုမှုအပြီးမှာပဲ
ကျင်းပရမယ့်ညီလာခံဟာလဲ
ပေါ် ပေါက်လာခဲ့တယ်...။
အခုတော့ သူမကို သူရွေးချယ်ခဲ့မိတာ
မှန်သွားပြီ....။
ဆိုဖာပေါ် မှာ အိပ်ပျော်နေတဲ့မိန်းကလေးကို
သူနောက်တခါကြည့်လိုက်မိတယ်...။
သူ့က ကိုယ့်ဘာသာလူကောင်း
တစ်ယောက်လို့ မသတ်မှတ်ထားဘူး။
ဒါပေမယ့်လည်း သူ့မိသားစုကို
အမြဲ အမြင့်မှာပဲရှိနေဖို့
သူကြိုးစားခဲ့တယ်....။
Hu Leiရဲ့ အပြုအမူများဟာ
မေ့နိုင်လောက်စရာမရှိဘူး...။
သူ့အဖေပြောခဲ့တဲ့စကားတွေကို
Zhong Feng စိတ်ထဲစွဲမြဲစွာ
သတိရနေမိတယ်....။
Smart ဖြစ်တဲ့ Hu Lei အတွက်
သူဟာ ဘာမှလုပ်စရာမလိုဘူး...
သူမ Supreme မြို့မှာရှိနေပြီး
Etude Technologies မှာရှိနေသရွေ့တော့
စောင့်ရှောက်ပေးဖို့ သူ့မှာ တာဝန်ရှိတယ်။
အမှန်အတိုင်းပြောရရင်
သူမကို အမြဲသူ့နဲ့အတူတူရှိစေချင်ပြီး
ကာကွယ်ပေးဖို့က သူ့ရဲ့ရည်ရွယ်ချက်ပဲ။
ပြီးတော့ သူမနဲ့နီးကပ်အောင်လုပ်ရမယ့်
ပြည့်စုံတဲ့ နည်းလမ်းကိုလည်း
သူစဥ်းစားပြီးသားပဲ...။
သူဟာတွေးရင်း ပြုံးနေခဲ့မိတယ်.....။
TBC