အပြစ်ပေးခံရတော့မဲ့ ကျောင်းသူလို
ဝေဖန်အပြင်တင်ခံနေရတဲ့ Hu Leiက
Zhong Feng ရုံးခန်းမှာ
ထိုင်နေရတယ်....။
သူမ ခဏလေးအိပ်ပျော်သွားမိတာကို
ဥက္ကဋ္ဌဖြစ်သူက ချက်ချင်းမိသွားပြီး
သူမကို အပြစ်ပေးတော့မှာပေါ့....။
Hu Leiဟာ သူမ၃နာရီ နီးပါး
အိပ်ပျော်နေခဲ့တာကို လက်မခံနိုင်ပဲ
မကျေမနပ် ဖြစ်နေခဲ့တယ်....။
သူမတမင်လုပ်တာ မဟုတ်မှန်း
ဒီနတ်ဆိုးကောင်နားလည်သင့်တယ်...။
အစ်မ Lin မလာခင်လေး
မျက်လုံးလေးမှိတ်ရင်း ခဏအနားယူဖို့
ဆုံးဖြတ်လိုက်တာ ၃နာရီအကြာ
အိပ်ပျော်သွားမယ်မှန်း သူမ
ဘယ်လိုသိနိုင်မှာလဲ?
သူမရဲ့ပင်ပန်းမှုကြောင့်အိပ်ပျော်သွားတာ
ရည်ရွယ်ချက်နဲ့လုပ်တာမဟုတ်လို့
သူမ အပြစ်မဟုတ်ဘူး....!
" Miss Hu, ရုံးကစားပွဲတွေက
မင်းရဲ့အိပ်ယာထက် သက်တောင့်သက်သာ
ရှိနေလို့လား? "
Hu leiဟာ မေးခွန်းရဲ့ ဆိုလိုရင်းကို
နားလည်ပေမဲ့ အရူးကွက်နင်းဖို့
ကြိုးစားလိုက်မိတယ်.... ။
" ရှင်ဆိုလိုချင်တာက
ကျွန်မ အိမ်ပြန်လို့ရတယ်လို့ ပြောတာလား?"
အမေးကို အမေးနဲ့ပဲ သူမ
တုံ့ပြန်လိုက်မိတယ်....။
" အာ...ဒီလိုကွာ
ကျွန်မ အိမ်မပြန်ခင် အစ်မLin စီက
လေ့လာစရာတွေထဲက
မသိတာတွေမေးဖို့စောင့်နေရင်း
အိပ်ပျော်သွားမိတာ....."
သူမဟာ ဝမ်းနည်းနေတဲ့အသံလေးနဲ့
ပြောလိုက်တယ်....
တကယ်လို့ သူမသာ
တိရစ္ဆာန်ငယ်လေးဆိုရင်
သူမနားရွက်တွေဟာ
အောက်ထိ ကျနေလောက်တယ်...။
Hu Lei ခေါင်းငုံ့နေရင်းနဲ့ပဲ
မျက်လုံးလေးလှန်ရင်း သူ့ကို
ချောင်းကြည့်လိုက်မိတယ်....။
သူမရဲ့ ဝမ်းနည်းစရာရုပ်လေးကို
သနားပြီး သူအပြစ်လျှော့ပေါ့ပေးပါစေလို့
မျှော်လင့်ထားမိတယ်....။
သူမလိုချင်တာ ဘာလဲသိပေမယ့်
Zhong Feng ဟာ တခြားမေးခွန်းတစ်ခုကို
ပြန်မေးခဲ့တယ်... ။
" မင်းလေ့လာရမယ့် အချက်အလက်တွေ
အားလုံးကို လေ့လာပြီးသွားပြီလား? "
သူ့မေးခွန်းဟာ သံသယတွေပါရှိနေတယ်..
အချိန်၄ရက်အတွင်း သူမဒါတွေအားလုံး
မပြီးလောက်ဘူးလို့ပဲ သူယုံကြည်ထားခဲ့တာ။
သူ့အတွေးကို ခန့်မှန်းနိိုင်ခဲ့ပြီး
Hu Leiဟာ မျက်မှောင်ကြုပ်ရင်း
သူ့အတွေးတွေ မှားကြောင်းပြဖို့
လုပ်လိုက်တယ်....။
" ရှင်က ကျွန်မရဲ့လုပ်နိုင်စွမ်းကို
သံသယ ရှိနေတာလား? "
" တကယ်လို့ဟုတ်တယ်ဆိုရင်
ရှင် ကျွန်မရဲ့အရည်အချင်းကို
အခုပဲ စစ်ဆေးနိုင်ပါတယ်.... "
သူမဟာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ပဲ
စိန်ခေါ် လိုက်တယ်....။
တကယ်စစ်ဆေးမှာမသေချာတာကြောင့်
Hu Leiဟာ အေးဆေးထိုင်နေခဲ့တယ်..။
သူမဟာပင်ပန်းနေဆဲပဲ....။
လည်ပင်းနောက်နားကလည်း
ဖိအိပ်ထားလို့ အနည်းငယ်
ညောင်းနေသေးတယ်....။
သူမက သူမစွမ်းရည်အပေါ်
အဲ့နတ်ဆိုးကောင်က အထင်သေးနေလို့
စိန်ခေါ် လိုက်ပေမယ့် သူတကယ်
မစစ်လောက်ဘူးလို့ပဲ ထင်မှတ်ထားခဲ့တယ်။
အမှန်တကယ်မှာတော့ အားလုံးကို
လေ့လာဖို့ သူမအတွက် နှစ်ပေါင်း ၁၀၀
လောက်လိုအပ်သေးတယ်...။
နတ်ဆိုးကောင်ဟာ သူမရဲ့ စကား
အပေါ် ချက်ချင်း တုံ့ပြန်မှုမပေးဘူး...
နောက် ၅မိနစ်လောက်အထိ
သူဟာ ဘာမှမဖြေလာဘူး....။
ပထမတစ်မိနစ်အတွင်း သူမ
အေးဆေးစွာထိုင်နေဆဲပဲ....။
နောက် တစ်မိနစ်မှာတော့ Assistant Chen
ဟာ သူမကို ဖြေခိုင်းမယ့် ဖိုင်တွေကိုင်ရင်း
သူမအရှေ့မှာရပ်နေခဲ့တယ်....။
" Miss Hu, ဒါဟာ ဝန်ထမ်းအသစ်တွေ
အတွက် အလုပ်သင်ကာလအပြီးမှာ
စစ်ဆေးတဲ့ မေးခွန်းတွေပါ....။
တကယ်လို့ မင်းပြောသလို အားလုံး
လေ့လာပြီးပြီဆိုရင် ဒီမေးခွန်းအားလုံးကို
မင်းဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်..."
Assistant Chen ဟာ
တည်တည်တံ့တံ့လေးပဲ
သူမကိုရှင်းပြလာခဲ့တယ်.....။
Hu Lei ဟာ မယုံကြည်နိုင်တဲ့
မျက်ဝန်းပြူးကျယ်ကျယ်များနဲ့
စားပွဲတစ်ဖက်မှာထိုင်နေတဲ့
နတ်ဆိုးကို ကြည့်လိုက်မိတယ်..။
သူမ သူ့ကိုလျှော့တွက်လိုက်မိတာပဲ....။
ဒါက သူ့ရဲ့အကြံပဲလေ...
အမှန်တကယ်တော့ သူမက တကယ်
မလုပ်ဘူးထင်ပြီး စိန်ခေါ် လိုက်ပေမယ့်
သူကတော့ တကယ်ကြီးကို
၅မိနစ်အတွင်း လုပ်လိုက်တာပဲ.....။
ဖြေရမယ့်စာရွက်တွေကို ကြည့်ရင်း
သူမနှလုံးသားထဲမှာ ငိုကြွေးရလွန်းလို့
မြစ်တစ်ခုအဖြစ်တောင် စီးဆင်းနေပြီ...။
မကျေနပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့
မျက်နှာလေးကို Zhong Feng
ကြည့်လိုက်မိတယ်....။
အရင်တောက်ပနေကျ မျက်ဝန်းလေးတွေဟာ
သူ့ကိုအပြစ်တင်တဲ့အကြည့်တွေနဲ့
ပြည့်နှက်နေခဲ့တယ်....။
ဒါပေမယ့်လည်း အဲ့အကြည့်ဟာ Zhong Feng ကို ဒေါသမထွက်စေခဲ့ဘူး....။
သူမနေရာမှာ တခြားတယောက်ဆို
သူ ဒေါသထွက်မိမှာ မှန်ပေမယ့်
အခုတော့ သူကျေနပ်ပြီး
ပျော်ရွှင်နေမိတယ်....။
သူ့ဘာသာ သတိကပ်လာတဲ့အချိန်မှာ
Zhong Feng ဟာ ထုတ်ဖော်
မပြောပြတတ်တဲ့ ခံစားချက်ကို
ခံစားနေမိတယ်......။
" ဒီထိုင်ခုံအကြီးကြီးမှာ ကျွန်မ
ဘာမှမလုပ်နိုင်ဘူး....။
အောက်ထပ်က ကျွန်မရဲ့ အလုပ်စားပွဲကို
ပြန်ခွင့်ရနိုင်မလား?"
မျက်နှာငယ်လေးလုပ်ထားရင်းပဲ
Hu Lei မေးမိတယ်....။
Zhong Feng မျက်မှောင်ကြုပ်
လိုက်မိတယ်။
မကြာသေးတဲ့ အချိန်တစ်ခုက
အလုပ်စားပွဲပေါ် မှာ မျက်နှာပေါ်
ဆံနွယ်လေးတွေ ကျနေရင်း
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
ကောင်မလေး ပုံရိပ်ငယ်လေးကို
ပြန်မြင်ယောင်လာတယ်...။
သူမ အလုပ်စားပွဲကို မပြန်ခိုင်းစေချင်ဘူး။
သူ့အနားနေစေချင်လို့ဆိုတဲ့ အမှန်တရားကို
လက်မခံပဲ သူမ စားပွဲမှာဆို ခိုးချဖြေနိုင်လောက်တယ်ဆိုတဲ့ အကြောင်းပြချက်ကိုပဲ
မှတ်ယူနေခဲ့တယ်...။
သူဟာ သူ့ခံစားချက်တွေကို
လက်မခံပဲ ငြင်းနေမိတယ်...။
ရုံးခန်းရဲ့ တစ်ဖက်ချမ်းမှာရှိတဲ့
လည်သာ ဆိုဖာစီကိုပဲ
ညွှန်ပြလိုက်တယ်....။
" မင်းအဲ့ဒီနေရာမှာ သွားဖြေနိုင်တယ်...
ကိုယ်မင်းကို အချိန် ၂နာရီပေးခဲ့မယ်....။
ကိုယ်အလုပ်ရှိသေးလို့ သွားအုံးမယ်...
တစ်ခုခုလိုတာရှိရင် Assistant Chen ကို
အကူအညီတောင်းလိုက်ပါ...."
Hu Lei ဟာ ထွက်သွားတဲ့သူကို
ကြည့်ရင်း သူမရှုံးနိမ့်ပြီလို့ခံစားလိုက်ရတယ်။
အခြေအနေတိုင်းကို ကောင်းစွာကိုင်တွယ်
ဖြေရှင်းနိုင်တယ်လို့ သူမမှတ်ယူထားပေမယ့်
ဒီတစ်ခါက တူညီမနေခဲ့ဘူး....။
သူမဟာ တွေးရင်းနဲ့ပဲ
ဖြေရမယ့် ဖိုင်တွေကို ယူရင်း
ဆိုဖာစီကို လျှောက်သွားလိုက်တော့တယ်..။
TBC...