နေ့လည်စာစားပြီးလို့
ပြန်လာကြတဲ့ ၉ထပ်မြောက်က
အရောင်းဝန်ထမ်းအားလုံးဟာ
အလုပ်ဝန်ထမ်း အသစ်လေးကို
ကြည့်နေကြတယ်.......။
ရုံးမှာ သီးသန့်နေတတ်တဲ့
ဝန်ထမ်းတချို့ဟာ ပွဲကြီးကြိီးတွေ
ရှိတဲ့အခါမျိုးမှာဆို celebrity
တစ်ယောက်လို နာမည်ကြီးတတ်ကြတယ်။
သူတို့ထဲက တစ်ယောက်ကတော့
Jian Ru ပါပဲ....။ သူမဟာ အရာရာမှာ
မျှော်လင့်ချက်မရှိပေမယ့်
ဒီလိုပွဲမှာဆို တအံ့တသြ ရင်သပ်
ရှုမောရလောက်အောင်ကိုပဲ အရည်အချင်း
အများကြီးနဲ့ ပေါ် ထွက်လာတတ်တယ်။
သူမစကားပြောနေတဲ့အချိန်ဆို
ဘယ်သူမှ စကားတစ်ခွန်း
ပြန်မပြောရဲလောက်အောင်ကို
သူမက အာဏာရှိနေတတ်တယ်...။
အရိုးသားဆုံးပြောရရင်
လူအများမမြင်ရပေမယ့် သူမဟာ
ကမ္ဘာပေါ်မှာ မိမိသည်သာ
အတော်ဆုံးလို့မှတ်ယူထားခဲ့တာ...။
Hu Lei အလုပ်ချိန်မှာ အိပ်ပျော်နေတာ
ဥက္ကဋ္ဌမိသွားပြီး စိတ်တိုနေတာကို
ကျန်တဲ့ဝန်ထမ်းတွေနဲ့အတူတူ
သူမလဲ ကြည့်ရင်းရယ်နေမိတယ်...။
အဲ့မိန်းကလေး အပြစ်ပေးခံရတော့မယ်လို့
သူမ သေချာနေခဲ့တယ်... ။
ပြီးတော့ ရှင်းပြခွင့်တောင်
ရလိုက်မှာ မဟုတ်ဘူး...။
ဒီက အထုတ်ခံရရင် တခြားနေရာမှာ
အလုပ်ရဖို့ဆိုတာလဲ သူမအတွက်
လွယ်ကူမှာမဟုတ်ဘူး....။
Jian Ru ဟာတွေးရင်း ကျေနပ်နေခဲ့တယ်။
" တာဝန်မကျေပွန်တဲ့ ဝန်ထမ်း
တစ်ယောက်ကို အပြစ်ပြေးဖို့အတွက်
CEO ကိုယ်တိုင် ဘာလို့ဒီအထိ လာတာလဲ?"
ဝန်ထမ်းများစွာထဲက တစ်ယောက်က
မေးလာတယ်....။
Jian Ruဟာ တစ်ခုခုကိုသိနေသလိုနဲ့
ပြုံးနေခဲ့ရင်း ပြောလိုက်မိတယ်....
" ပြီးတော့ သူက ဒီအထပ်ကိုလာဖို့
အကြောင်းပြချက်ရှာနေသလိုပဲ "
နားထောင်နေသူများဟာ Jian Ru
ဘာကိုဆိုလိုချင်လဲဆိုတာ
နားမလည်ကြဘူး....။
ဒါပေမယ့်လည်း ခေါင်းငြိမ့်ထောက်ခံခဲ့တယ်။
သူ့မှာရည်ရွယ်ချက်တစ်ခုခု
ရှိနေလောက်မယ်....။
အမှန်အတိုင်းပြောရရင် Jian Ru ဟာ
သူမရဲ့ ဥက္ကဋ္ဌဖြစ်သူ Zhong Feng က
Hu Lei ကိုတွေ့ဖို့လာခဲ့မှန်းသိပေမယ့်
သူတို့စားပွဲက ကွယ်နေတဲ့အတွက်
သူတို့ကို ကောင်းကောင်းမမြင်ရတော့
မသေချာခဲ့ဘူး....။
Hu Lei နဲ့ ဥက္ကဋ္ဌကြားမှာ
တစ်ခုခုရှိတယ်ဆိုတာကို သူတို့နှစ်ယောက်ကို
စတွေ့တဲ့နေ့ကတည်းက သူမ
သေချာနေခဲ့တာ။
အဲ့နေ့ကသူတို့နှစ်ယောက်ရှိတဲ့ ရှေ့က
elevatorထဲမှာ Jian Ru ကရှိနေခဲ့တယ်..။
အားလုံးသိတဲ့အတိုင်း ဥက္ကဋ္ဌဟာ
သီးသန့် elevator ကို အသုံးပြုပြီး
ဝန်ထမ်းတွေနဲ့ မရောပေမယ့် Hu Lei
ဆိုတဲ့မိန်းကလေးကတော့
အတူတူစီးခွင့်ရှိခဲ့တယ်...။
သူမနဲ့ အတူတူဘာကြောင့်
စီးရတာလဲ? အဖြေကရှင်းနေတာပဲလေ...
ဥက္ကဋ္ဌကိုယ်တိုင်က အဲ့မိန်းကလေးနဲ့
အတူတူရှိနေချင်လို့ပဲပေါ့....။
ဒါကြောင့်သူမရဲ့ အတွေးတွေဟာ
လုံးဝမမှားဘူးလို့ Jian Ru
မှတ်ယူထားခဲ့တယ်.....။
သာမန်အနေနဲ့ဆို
စိတ်ကူးယဥ်ရတာကြိုက်တဲ့
မိန်းကလေးတစ်ယောက်အနေနဲ့
Jian Ru ဟာ အတွေးလွန်နေတယ်လို့
ထင်ကြလိမ့်မယ်....။
ဒါပေမယ့် သာမာန်လူတွေ
အသုံးပြုလို့မရတဲ့ elevatorထဲ
အဲ့မိန်းကလေးကို မြင်လိုက်ကတည်းက
သူမအတွက်တော့ ရိုမီယိုနဲ့ ဂျူးလိယက်လို့
တွဲမြင်ထားပြီးသားပဲ....။
ရိုမီယို ဂျူးလိယက် အစစ်အမှန်တော့
မဟုတ်ပေမဲ့ စကားပြန်မလေး Hu Lei နဲ့
ဥက္ကဋ္ဌဖြစ်သူ Zhong Feng ပါပေါ့...။
သူမ ဒါကိုတကယ် မကြိုက်ခဲ့ဘူး...။
ကုမ္ပဏီရဲ့ အပေါ်ဆုံး ၁၀ထပ်မြောက်မှာတော့
အဖြစ်အပျက်တွေကို အလုံးစုံတွေ့မြင်နေရတဲ့ မန်နေဂျာ Lin Man ဟာ
စိတ်တိုနေခဲ့တယ်.....။
Hu Lei ဟာ ကုမ္ပဏီရဲ့ စည်းကမ်းကျင့်ဝတ်
တွေကို မလိုက်နာတဲ့အပြင် ဥက္ကဋ္ဌရဲ့
အရေးပေးမှုပါရထားတယ်.... ။
အလုပ်ခွင်နေရာမှာ အလုပ်ချိန်အတွင်း
အလုပ်စားပွဲပေါ် အေးအေးဆေးဆေး
အိပ်နိုင်တဲ့အထိ သူမဟာရဲတင်းနေတာပေါ့..။
မန်နေဂျာ Lin Man ဟာ
အလုပ်ကိုကြိုးကြိုးစားစားမလုပ်ပဲ
အောင်မြင်မှုလိုချင်တဲ့သူမျိုးကို
အရမ်းရွံရှာ မုန်းတီးတယ်....။
ယောကျာ်းလေးတွေစီက အာရုံစိုက်မှု
လိုချင်တိုင်း အားနွဲ့တဲ့မိန်းကလေးလို
ဟန်ဆောင်တတ်သူတွေကို မြင်တိုင်း
သူမအန်ချင်တဲ့အထိကို ရွံမိတာ....။
Hu Lei ကိုစတွေ့ကတည်းက
ဒီလိုမိန်းကလေးလို့ သတ်မှတ်ထားမိတဲ့
သူမအတွေးဟာလဲ မမှားခဲ့ဘူး...။
သူမသာ International Relations ရဲ့
အကြီးဆုံးဖြစ်ပြီး မန်နေဂျာအားလုံးရဲ့
ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်တွေမရှိခဲ့ရင်
အခုချက်ချင်းပဲ အောက်ထပ်ကိုဆင်းရင်း
အဲ့မိန်းကလေးရဲ့ အပြုအမူအတွက်
သွားတောင်းပန်ခိုင်းမယ်လို့ တွေးမိတယ်..
ဒါပေမယ့်လည်း သူမ မလုပ်နိုင်ခဲ့ဘူး...။
Assistant Chen ဟာလဲ
Hu Lei ကို သင်ကြားပေးဖို့
သူမကို အပ်ထားတဲ့အတွက်
မန်နေဂျာ Lin သာ သူ့တာဝန်ပါတယ်လို့လဲ
တွေးမိနေတယ်...... ။
အတွေးတချို့ပြီးနောက်မှာတော့
လိုအပ်တဲ့ အရာတွေအတွက်
သူမကို သင်ပြပေးဖို့ စဥ်းစားရင်း
မန်နေဂျာLinဟာ ရုံးခန်းထဲ
ပြန်ဝင်လာလိုက်တော့တယ်..... ။
အလုပ်ချိန်အတွင်း အမှားလုပ်တဲ့ဝန်ထမ်းကို
CEO ကိုယ်တိုင် ဆင်းပြီးတွေ့ရတယ်လို့
Assistant Chen သာ ပြန်ကြားရင်
Hu lei ကို မန်နေဂျာ Lin စီ
အပ်ထားတဲ့အတွက် သူမ အပြစ်လဲ
ဖြစ်သွားလိမ့်မယ်....။
ဒါပေမယ့်လည်း ရုံးခန်းတွင်း အလုပ်လုပ်စရာကို စလုပ်မယ့်အချိန်မှာပဲ ၉ထပ်က
ဝန်ထမ်းတစ်ယောက်ဟာ သူမစီ
ရောက်လာပြီး ဦးညွှန့်ရင်း နှုတ်ဆက်လာတယ်...။
" မန်နေဂျာ Lin,
Hu Lei ဟာ အမှားတချို့ကို
ပြုလုပ်ခဲ့တယ်.... ။
ဒါပေမယ့်လည်း သူမအမှားအတွက်
အပြစ်မခံရပဲ အလုပ်ပါမထွက်ရလောက်ဘူးလို့ marketing group တစ်ခုလုံးထင်နေကြတယ်....။
သူမက ဒီမှာအသစ်ဖြစ်ပေမယ့်
အမှားလုပ်တာတောင် အပြစ်မခံရပဲ
အရေးပေးခံနေရဆဲပဲ.. ။
အဲ့တာကြောင့် မမျှမတဖြစ်နေကြောင်း
Marketing group က ဘော့စ်ကို
ဒီသတင်းတင်ပြချင်ပါတယ်...."
Jian Ru ဟာ
စိတ်ထဲခံစားနေရတာကို
ထုတ်ပြောလိုက်တယ်။
မန်နေဂျာ Lin Man ဟာ
ရှေ့ကမိန်းကလေးကို မယုံကြည်ဖွယ်
ကြည့်လိုက်မိတယ်....။
Jian Ru ရဲ့ ပါးစပ်က ထွက်လာတဲ့
စကားတစ်လုံးကိုမှ သူမ မယုံကြည်ချင်ဘူး။
အခြေအနေအမျိုးမျိုးနဲ့ သူ့စကားတွေဟာ
အမြဲအဲ့လိုပဲ....
သူ့ရှေ့က ဒီမိန်းကလေးက ဥက္ကဋ္ဌ
အနားပဲ ကပ်ဖို့လောက်သိပြီး
လူတကာကို အပြစ်လိုက်မြင်နေတဲ့
သူမလို့ပဲ.....။
အကယ်၍ ဒီနေရာမှာ
တခြားမိန်းကလေးတစ်ယောက်
ဖြစ်ခဲ့ရင် မန်နေဂျာLin ဟာ
မှန်ကန်တဲ့အဆုံးအဖြတ်ရဖို့
ကူညီမှာဖြစ်ပေမယ့် ဒီ CEO ကို
ကပ်ချင်နေတဲ့ မိန်းကလေးကိုတော့
သူငရဲထိရောက်အောင်ပဲ
ကန်ချလိုက်ချင်တယ်....။
ဒါပေမယ့်လည်း professional ဆန်ဆန်နဲ့ပဲ
အခြေအနေတွေကို သူမကိုင်တွယ်ချင်တယ်..။
Jian Ru နဲ့ Hu Lei ကြားက
အခြေအနေတွေကို သူမ မသိပေမယ့်
Hu lei က CEO နဲ့ တိုက်ရိုက်
သက်ဆိုင်နေတာကို သိတဲ့အတွက်
သူမဟာ သတိအကြီးကြီး ထားဖို့
လိုအပ်တယ်....။
Hu Lei ရဲ့ အလုပ်အပေါ်
သတိမရှိ ပေါ့ပျက်ပျက်လုပ်တာဟာ
မှန်ပေမယ့် သူမက Marketing groupက
တရားဝင် ဝန်ထမ်းမှ မဟုတ်တာ...။
ရှေ့မှာ ကျင်းပမယ့် ညီလာခံနဲ့
နိုင်ငံခြားသားတွေနဲ့ အရောင်းအဝယ်
ရှိမှသာ Hu Lei ကို လိုအပ်တာ...။
ဒါကြောင့်မို့ သူမ ဘာမှမပြောနိုင်ခဲ့တာလေ။
ပြီးတော့ ဒီမိန်းကလေးဟာ
သူ့မန်နေဂျာစီအရင်သွားမပြောပဲ
သူမစီ တန်းလာတာတော့ မဟုတ်သေးဘူး..။
" Miss Jian, ငါကမင်းရဲ့
ဘော့စ်မှမဟုတ်တာ...။
မင်းရဲ့ မန်နေဂျာကို အရင်တင်ပြပြီးမှ
ငါ့နဲ့ဆက်ပြောသင့်တယ်...."
"ဒါပေမယ့် မန်နေဂျာ Lin က
Hu Lei ကို ခေါ် လာတဲ့သူပဲလေ....."
" မင်းရဲ့ အလုပ်အပေါ် ပဲ အာရုံစိုက်ပြီး
ကိုယ့်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာ ဝင်မပါတာ
ပိုကောင်းလိမ့်မယ် Miss Jian! "
Jian Ru ဟာ မန်နေဂျာမရဲ့ စကားအပေါ်
စိတ်ဆိုးသွားပေမယ့် သူမ
ဘာမှပြန်မပြောနိုင်ခဲ့ဘူး...။
သူမရဲ့စိတ်ထဲမှာတော့ မန်နေဂျာ Lin ဟာလဲ
သူမစီက ဥက္ကဋ္ဌဖြစ်သူကို
လုမယ့် လူလို့ပဲ သတ်မှတ်ထားလိုက််တယ်.."
သူမဒါကို ဖြစ်ခွင့်မပေးနိုင်တဲ့အတွက်
တခြားနည်းလမ်းကို ရှာဖို့လိုအပ်လာခဲ့ပြီ.....။
TBC....