ကြာသပတေး မနက်မှာတော့
Hu Leiဟာ ညတိုင်းမအိပ်တဲ့
ပင်ပန်းမှုတွေကြောင့်
ခြေကုန်လက်ပန်းကျနေခဲ့ပြီ......။
တစ်နေ့လုံးလဲ နားချိန်ဟာအနည်းငယ်ပဲ
ရှိတဲ့အပြင် ညပါမနားတဲ့အတွက်
တကယ်ကို သူမ ပင်ပန်းနေခဲ့ပြီ....။
သေလောက်အောင် ပင်ပန်းနေပေမယ့်
သူမဟာ ဆက်ပြီးတော့ အားတင်းထားတယ်။
Supremeမြို့ကို ရောက်လာပြီး
၄လ လုံးသူမဟာကောင်းမွန်စွာ
အနားယူထားပြီးပြီမလို့ ရှေ့ဆက်ပြီး
စတင်ရမယ့် သူမဘဝအတွက်
အလုပ်အတွက် သူမ အားတင်းထားရမယ်။
ပြောင်းလဲမှုက နည်းနည်းတော့မြန်နေတယ်။
သူမရဲ့ပင်ပန်းမှုတွေကို ဆက်ပြီး
မအောင့်ထားနိုင်တော့တဲ့ အချိန်မှာတော့
စားပွဲပေါ်လက်တင်ရင်း
မျက်စိတွေကို မှိတ်ချရင်း
မှောက်အိပ်လိုက်မိတယ်...။
သူမရဲ့အနီးအနားမှာတော့
သူမနဲ့အတူတူ အလုပ်လုပ်နေကြသူဟာ
သူမကို အထင်သေး မလိုဖွယ်အကြည့်
တွေနဲ့ စိုက်ကြည့်နေခဲ့တယ်.....။
သူမပုံစံကလည်း သိသာထင်ရှားစွာ
ရုံးရောက်တာနဲ့ အိပ်ပြီး အပျင်းထူးသူလို
ဖြစ်နေတာမလို့ သူမ သူတို့ကိုဘာမှ
ပြန်မပြောနိုင်ခဲ့ဘူး.....။
အကယ်၍ သူမသာ တခြားသူတွေနဲ့
အနည်းဆုံး ရောရောနှောနှောရှိခဲ့မယ်
နေခဲ့တယ်ဆိုရင် ကျန်တဲ့သူတွေအားလုံး
သူမရဲ့ကျန်းမာရေးကို အမှန်တကယ်
ဂရုမစိုက်ရင်တောင် ဝတ်ကျေတန်းကျေ
လာမေးကြမယ်ထင်တယ်....။
ကံမကောင်းစွာနဲ့ပဲ သူမရုံးစတက်တဲ့
နေ့ကတည်းက နတ်ဆိုးကောင်သူမအပေါ်
သတ်မှတ်ထားတဲ့အဆင့်ထက်
သူမက သာလွန်ကြောင်းပြချင်တဲ့အတွက်
အလုပ်ကိုပဲအားစိုက်ပြီးလုပ်နေခဲ့ရလို့
တခြားသူတွေ နေ့လည်စာစားဖို့
ခေါ် တာလည်း မလိုက်ဖြစ်ခဲ့ဘူး....။
အနီးအနားကလူတွေကိုလည်း
ဂရုမစိုက်မိခဲ့ဘူး.....။
အားလုံးအလုပ်ဆင်းသွားကြပြီး
ကိုးရီးယားအမဲသားကင်စားဖို့
စုပြီးသွားနေကြချိန်မှာလဲ
သူမဟာ ရုံးမှာပဲနေရင်း
အလုပ်ထဲပဲ အားစိုက်ထားခဲ့တယ်....။
ဗုဒ္ဓဟူးနေ့မနက်မှာတော့
မဟုတ်မမှန်သတင်းတွေဟာ
ထွက်ပေါ် လာတယ်....။
အလုပ်ထဲက တစ်ယောက်က
တိကျသေချာတဲ့ နေရာတစ်ခုကနေ
သတင်းကြားလာတယ်ဆိုပြီး
စဖြန့်တာကက Hu Lei မှာ Etude Technologies ကိုအလုပ်ရအောင်
ကူညီပေးတဲ့ gold master ရှိတယ်တဲ့လေ..။
သူမရဲ့ အလုပ်လာတဲ့ ဝတ်စားမှု
အပြင်အဆင်ကိုကြည့်ရင်း ကျန်တဲ့သူ
အားလုံးကလည်း ယုံကြည်နေကြတယ်...။
Limited edition အိတ်တွေနဲ့
ဒီဇိုင်နာချုပ် ဝတ်စုံတွေကို
အခုမှအလုပ်စဝင်တဲ့ သာမာန်
အရောင်းဝန်ထမ်းက မဝတ်နိုင်လောက်ဘူး။
သူတို့ပြောနေသလို gold master ကြောင့်
လို့ပဲ ယုံကြည်ထားကြတယ်...။
တချို့သူတွေကလည်း
သူမဟာ ချမ်းသာတဲ့သူဌေးကြီး
တစ်ဦးရဲ့ သမီးလို့ပဲ ယုံကြည်နေကြတယ်...။
အဲ့တာကအမှန်တရားမဟုတ်ခဲ့ရင်တောင်
သူတို့ကတော့ အမှန်လို့ ယုံကြည်နေအုံးမှာပဲ။
အခုလက်ရှိကြာသပတေးနေ့မှာတော့
သူမ အားလုံးဝရှိမနေတော့ဘူး...။
စားပွဲပေါ်လက်နှစ်ဖက်မှောက်တင်ရင်း
သူမ မျက်လုံးများမှိတ်ရင်း
အနားယူလိုက်မိတယ်.....
ဘေးကအလုပ်အတူတူသူတွေဟာတော့
သူမဟာ အလိုလိုက်ခံရတဲ့
မိဖုရားတစ်ပါးလိုနေခဲ့ရသူမလို့
အလုပ်ရဲ့ ပင်ပန်းမှုဒဏ်ကို
မခံနိုင်လောက်ဘူးလို့
တွေးမိနေလောက်ပါရဲ့......။
အမှတ်တမဲ့နဲ့ပဲ သူမရဲ့အပြုအမူတွေဟာ
သူတို့ပြောနေတဲ့ မဟုတ်မမှန်သတင်းတွေလို
ဖြစ်နေခဲ့ပြီး လူအများကြီးကို
မပျော်မရွှင်ဖြစ်နေစေခဲ့တယ်.....။
အဆောက်အဦးရဲ့ အမြင့်ဆုံးထပ်မှာတော့
ရုပ်ချောချောနဲ့ ရှင်းသန့်နေတဲ့
ကောင်လေးတစ်ယောက်ဟာ
လုံခြုံရေး ကင်မရာ စီစီတီဗွီကနေ
သူမကိုစောင့်ကြည့်နေခဲ့တယ်...။
စားပွဲပေါ် မှာ အားနွဲ့တဲ့မိန်းကလေး
တစ်ယောက်ဟာ အကာအကွယ်ကင်းစွာ
မလှုပ်မရှားနဲ့စိတ်ချလက်ချကို
အိပ်ပျော်နေတယ်....။
လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက
သူစောင့်ကြည့်နေခဲ့တဲ့ ပုံစံအတိုင်း
ဒီနေ့လဲ ထပ်တူပဲ.....။
မနက်ရုံးရောက်တာနဲ့ သူမဟာ
သူမရဲ့ အလုပ်စားပွဲခုံပေါ် မှာ
အိပ်ပျော်နေလေ့ရှိတယ်....။
အခုဆို နေ့လည်ခင်းတောင်
ကျော်သွားခဲ့ပြီ.......။
Zhong Feng ဟာ သူ့ရုံးခန်းထဲကနေ
ရည်ရွယ်ချက်ရှိတဲ့ခြေလှမ်းများနဲ့
ထွက်လာရင်း elevator ထဲကို
ဝင်လိုက်တယ်.....။
သွားရမယ့်အထပ်က ခလုတ်နှိပ်ရင်း
သူဟာ အနည်းငယ်ပြုံးနေခဲ့တယ်....။
သူမ မျက်လုံးဖွင့်ဖွင့်ချင်း
တွေ့ရမယ့် ပထမဆုံးသူဟာ
သူပဲဖြစ်စေချင်တယ်....။
၉ထပ်ရဲ့ elevator ရှေ့ရောက်တဲ့အခါ
သူဟာ ရုံးခန်းထဲဝန်ထမ်းများရှိသေးလား
ဆိုတာကို အရင်စစ်ဆေးမိလိုက်တယ်...။
ကံကောင်းစွာပဲ ဝန်ထမ်းအများစုဟာ
နေ့လည်စာ အတွက်သွားကြပြီ....။
ကျန်ရှိနေတဲ့ဝန်ထမ်းတွေဟာလဲ
သူ့ကိုမြင်လို့ အံဩကြပေမယ့်
ဘာမှတော့ မပြောရဲကြဘူး....။
ရပ်နားမှုမရှိတဲ့ သူ့ခြေလှမ်းတွေဟာ
Hu Lei ရဲ့စားပွဲစီကို တန်းသွားလိုက်တယ်။
နီးကပ်လာတာနဲ့အမျှ လက်သည်းတွေ
ဝှက်ရင်း အိပ်ပျော်နေတဲ့
ကြောင်ငယ်လေးကိုတွေ့လိုက်ရတယ်....။
သူမရဲ့ ဦးခေါင်းကို
လက်လေးပေါ် တင်ရင်း
လက်လေးတွေဟာ
လက်သီးစုပ်လေးတွေဖြစ်နေပြီး
အပြစ်ကင်းစွာ အိပ်မောကျနေခဲ့တယ်.....။
သူမမျက်သာဟာ မြင်သာနေခဲ့ပြီး
ဆံနွယ်လေးတွေဟာ မျက်နှာပေါ်
ဖြာကျနေခဲ့တယ်.....။
တကယ်ကို လှလှပပလေး
အိပ်ပျော်နေတာပဲ....။
အသက်ရှုသံဖြည်းဖြည်းလေးဟာ
သူမ တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေကြောင်း ဖော်ပြနေတယ်...။
ဒီ public မှာ ဒီလိုအကာအကွယ်ကင်းမဲ့စွာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
သူမကို သူတကယ်နားမလည်နိုင်ဘူး...။
ဘာကိုမှ မကြောက်တတ်တာလား? ....
သူမကိုလက်နဲ့ပုတ်နိုးလိုက်တော့
အိပ်ချင်မူးတူးနဲ့ မျက်ဝန်းလေးကို ပွတ်ရင်း
နိုးထလာတဲ့သူမကို မြင်တဲ့အခါ
သူအံ့သြမိသွားတယ်....။
အရင်လို တောက်တောက်ပပ
အကြည့်တွေနဲ့မဟုတ်ပဲ ရန်လိုတဲ့
အကြည့်လေးတွေနဲ့ သူ့ကို
စိုက်ကြည့်နေခဲ့တယ်....။
အချိန်တစ်ခုထိ မလှုပ်ရှားပဲ
ကြောင်တောင်တောင်လေး သူ့ကို
စိုက်ကြည့်နေခဲ့တယ်.....။
"အို.... ဥက္ကဋ္ဌ Zhong.... "
နောက်ဆုံးတော့ အသိဝင်လာပြီပဲ....။
Zhong Feng ဟာ စဥ်းစားရခက်တဲ့
ပဟေဠိတစ်ခုလို သူမကိုကြည့်နေမိတယ်..။
ဒီကြောင်ပေါက်လေးဟာ အရင်လို
သူတွေ့နေကြနဲ့ မတူပဲ တစ်ခုခု
ရိုးသားမနေဘူး...။
သူမရဲ့ပုံစံပေါင်းများစွာကို
ရှေ့ဆက်ပြီး သူမြင်နေရအုံးမှာပဲ....။
ဒါပေမယ့် အခုအတွက်ကတော့....
" Miss Hu, မင်းအိပ်ရတာ
တော်တော် သက်တောင့်သက်သာ
ရှိနေသလိုပဲနော်....."
သူဟာ လျှို့ဝှက်စမ်းကြယ်တဲ့ အပြုံးနဲ့
ပြုံးရင်းပြောလိုက်တယ်....။
သူမရဲ့ကျောရိုးတစ်လျှောက်လုံး
အေးစိမ့်သွားပြီး သူမဟာ
အသိဝင်လာခဲ့တယ်....။
သူမ ရုံးမှာ အိပ်ပျော်နေမိတာဆိုတာကို
လုံးဝမေ့သွားခဲ့တယ်....။
အခုတော့ ဒီနတ်ဆိုးကောင်ဟာ
သူမ အလုပ်မှာအိပ်ပျော်နေတာကို
မိသွားပြီ.....
တစ်ခါတစ်လေးကျရင် စိတ်ကူးနဲ့
လက်တွေ့ ထပ်တူကျမနေတဲ့အပြင်
ဘဝကြီးကလဲ လွယ်ကူမနေခဲ့ဘူး.....။
TBC....