book

Index 15

Little initiative and motivation

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel

အားလုံးစီစဥ်ထားပြီးမှ 

အသင့်အနေအထားမှာ 

မလိုတော့တဲ့နေရာကို ဒီမိန်းကလေး

ရောက်လာတယ်လို့ Lin Manဟာ 

သူမစိတ်ထဲ တွေးနေမိတယ်....။

အထူးသဖြင့် အခုမှဝင်တာဟာ

အရမ်းကိုနောက်ကျနေပြီ ။


Lin Man ဟာ 

အရေးကြီးတဲ့ပွဲတွေအတွက်ဆို

အမြဲမစခင် တစ်ပတ်လောက်

အလိုကတည်းက အားလုံးအသင့်

လုပ်ထားတတ်တဲ့ အကျင့်ရှိတယ်...။

ခုကျင်းပမယ့် ညီလာခံအတွက်လဲ

ကုမ္ပဏီရဲ့ ထုတ်ကုန်တွေကြေညာဖို့

သူမဟာ ကျွမ်းကျင်သော

နည်းပညာရှင်များနဲ့ English ကို 

ကျွမ်းကျင်အောင်ပြောတတ်တဲ့

အရောင်းဝန်ထမ်းတွေကို 

ရွေးချယ်ထားပြီးပြီ....။


တစ်ချို့ English မပြောတဲ့ 

နိုင်ငံခြားသားတွေအတွက် 

တက်ရောက်လာကြသူများ

အားလုံးသဘောတူ 

ဘာသာစကားအတွက် စကားပြန်ကိုလည်း

သူမ အသင့်ပြင်ဆင်ထားပြီးပြီ...။

ကုမ္ပဏီရဲ့ အထူးဖောက်သည်တွေ

အတွက်လဲတစ်မျိုးစီစဥ်ထားပြီးပြီကို 

ဒီမိန်းကလေးက ဘယ်နေရာအတွက်

ဝင်မှာလဲ?


" Hu Lei ရဲ့တာဝန်ဟာ

ဒီပွဲမှာရှင်းပြရမယ့် သာမာန်

ထုတ်ကုန်တွေ အတွက်မဟုတ်ဘူး....

သူမက ဥက္ကဋ္ဌရဲ့ ကိုယ်ပိုင်စကားပြန်

ဘာသာပြန်သူပဲ.....။

Etude Technologies ကို သူမ

ကောင်းကောင်းနားလည်ဖို့ 

လိုအပ်တာတွေကို

မင်းက ကူညီစီစဥ်ပေးပါ မန်နေဂျာ Lin... "

Assistant Chen ကရှင်းပြပေးခဲ့တယ်....


လက်ထောက်ပြောစကားတွေကို ကြားပြီး 

မန်မေဂျာLin ဟာ အံသြမှုကြောင့်

မျက်ခုံးတွေ ပင့်တက်သွားတယ်...။

သူမလျစ်လျူရှုထားတဲ့ Hu Lei ကို

စိတ်ဝင်စားမှုများနဲ့ ပြန်ကြည့်လိုက်မိတယ်..။


ကုမ္ပဏီအကြောင်းဘာမှမသိ

နားမလည်ပဲ ကုမ္ပဏီရဲ့အရေးပါဆုံးနေရာကို

သူမ ဘယ်လိုများရရှိခဲ့တာလဲ?

Hu Lei ဆိုတဲ့မိန်းကလေး 

ဝင်ရောက်လာတဲ့နောက်ကွယ်မှာ 

ဘာတွေဖုံးကွယ်ထားတာလဲ.... ? ။


မန်နေဂျာLinဟာ 

သူမစိတ်ထဲကအတွေးတွေကို

ခေါင်းခါရင်း ရှင်းလင်းလိုက်တယ်....။

ဒါဟာ ဖြစ်နိုင်စရာအကြောင်းမရှိဘူး...

ဘာလို့လဲဆိုတော့ ဥက္ကဋ္ဌဖြစ်သူဟာ

စိတ်ခံစားချက်မရှိ လူတွေနဲ့ ရင်းရင်းနှီးနှီးမရှိ 

တစ်သီးတစ်သန့်နဲ့ တည်တည်နေတတ်ပြီး

စည်းကမ်းကြီးသူတစ်ယောက်ဖြစ်နေလို့ပဲ..။

သူမအရည်အချင်းမရှိရင် ဒီကုမ္ပဏီကို

ဝင်ရမှာမဟုတ်ဘူး.....။

ဒါပေမယ့်လည်း ထူးဆန်းမှုတွေ

ပါနေတာတော့ သူမ ယုံကြည်တယ်....။


ကံကောင်းစွာပဲ Etude Technologies က

ဝင်ချင်သူတိုင်းဝင်လို့ရတဲ့နေရာ 

မဟုတ်သလို အရည်အချင်းရှိလဲ 

ကြိုးစားအားထုတ်မှုမရှိသူတွေ

နေနိုင်တဲ့ နေရာလဲမဟုတ်ဘူး....။

ဒီမိန်းကလေး အချိန်တိုတစ်ခုအတွင်း

ထွက်သွားလိမ့်မယ်လို့ မန်နေဂျာLin 

အနည်းငယ် သေချာနေခဲ့တယ်.....။

ဒီအပတ်အကုန်ထိတောင် ဒီမိန်းကလေး

သည်းခံနိုင်လောက်မှာ မဟုတ်ဘူး...။

အခုလောလောဆယ်တော့ သူမကို

သေချာလေ့လာ စောင့်ကြည့်ရမယ်....။


" ကျွန်မအခုချက်ချင်းပဲ 

လိုအပ်တာတွေပြင်ဆင်ပေးလိုက်ပါ့မယ်..။

သူမဘယ်နေရာမှာ အလုပ်လုပ်မှာလဲ?"

 ဒီမိန်းကလေး ထွက်သွားမှာဆိုတဲ့

မျှော်လင့်ချက်သေးသေးလေးနဲ့ 

မန်နေဂျာ Linဟာ ယုံကြည်မှုရှိစွာနဲ့

လက်ထောက်ကို ပြန်မေးခဲ့တယ်.....။



Assistant Chen က စိတ်ရှုပ်ထွေးပုံ

ပေါ် နေတဲ့ Hu Leiကို မျက်မှောင်ကြုပ်ရင်း

စိုက်ကြည့်မိတယ်.....။

ကိုယ်ပိုင်အစွမ်းအစအနည်းငယ်ရှိပြီး

အဆက်အသွယ်နဲ့ ကုမ္ပဏီကို

ဝင်ရောက်လာတဲ့ မိန်းကလေးကို

သူ့သူဌေးဘာလို့ ဝင်ခွင့်ပေးခဲ့လဲ

သူကိုယ်တိုင် နားမလည်နိုင်ဘူး.....။

မန်နေဂျာ Lin Man လိုပဲ 

Assistant Chen ဟာလဲ သူမကို

လက်မခံနိုင်ပေမယ့် သူက 

ကောင်းကောင်းပဲဆက်ဆံနေခဲ့တယ်.....။

သူဟာ အခုကျင်းပမယ့်ပွဲအတွက်

ချောချောမွေ့မွေ့ ကောင်းမွန်စွာပဲ

ပြီးဆုံးစေချင်တယ်.....။


ဥက္ကဌဖြစ်သူရဲ့ အဖေနဲ့သူ့ 

သူငယ်ချင်းဟောင်းကြားက 

ဆက်သွယ်မှုတွေကို သူသိထားတဲ့အတွက်

သူမကို အလုပ်ဝင်ခွင့်ပေးလိုက်တာကိုလဲ

သူဟာ ဘာမှမပြောနိုင်ခဲ့ဘူး.... ။


အလုပ်ဝင်ဝင်ချင်း ကုမ္ပဏီနဲ့ ပတ်သက်ပြီး

ဘာမှနားမလည်သေးတဲ့အပြင် 

အလုပ်ခွင်ကို အခုမှစဝင်ဖူးတဲ့

မိန်းကလေးတစ်ယောက်ကို

အရေးကြီးတဲ့နေရာကို တန်းပေးလိုက်တာ

ကိုတော့ သူကိုယ်တိုင်လဲ သဘောမကျခဲ့ဘူး။

စိတ်မကောင်းစွာနဲ့ပဲ သူဟာ 

ဘာမှဝင်ရောက်စွက်ဖက်ခွင့် မရှိပြန်ဘူး..။


" ကျေးဇူးပြုပြီး

၉ထပ်မြောက်က marketing အဖွဲ့မှာ

သူမကို နေရာပေးလိုက်ပါ မန်နေဂျာLin "


ရှေ့ကမိန်းကလေးနှစ်ယောက်ကို

နောက်ဆုံးတချက်ကြည့်ရင်း သူဟာ

ထွက်သွားလိုက်တော့တယ်....။


အရှေ့က မန်နေဂျာLin ကို

Hu Leiဟာ အပြုံးလေးနဲ့ ကြည့်လိုက်တယ်။


" ကူညီပေးတဲ့အတွက် အများကြီး

ကျေးဇူးတင်ပါတယ် အစ်မLin.... "

တခြားကမ္ဘာဂြိုဟ်က ဂြိုဟ်သား

တစ်ယောက်နဲ့အတူတူ တစ်ယောက်ထဲ

ကျန်ခဲ့တဲ့ သူလိုပင် မန်နေဂျာကို

ချိုချိုသာသာပြောရင်း 

ချည်းကပ်လိုက်တယ်...။


Hu Leiရဲ့ ပြောလိုက်တဲ့

စကားကြားပြီး မန်နေဂျာ Linဟာ

ထိန်လန့်တုန်လှုပ်သွားမိတယ်....။

ဒီအရှက်မရှိတဲ့ မိန်းကလေးဟာ

သူမကို မလိုလားမှုပြနေတဲ့ သူ့အပေါ်

ချည်းကပ်ဖို့ ကြိုးစားနေတယ်....။

လက်မခံနိုင်သလိုနဲ့ မျက်မှောင်ကြုပ်

လိုက်မိပေမယ့် ရှေ့ကဖြူဖြူစင်စင်

မျက်နှာလေးကိုကြည့်ရင်း 

သူမပြောမယ့် စကားလုံးကြမ်းကြမ်းတွေကို

ပြောမထွက်ပဲ ပြန်မြိုချလိုက်မိတယ်....။

သူမနောက် လိုက်လာဖို့ပြောရင်း...

သူမအရင်ထွက်လာလိုက်တယ်......။


Marketing အဖွဲ့တွေရဲ့ ရုံးခန်းဟာ

မန်နေဂျာတွေရုံးခန်းရဲ့ 

အောက်အထပ်မှာ ရှိတယ်....

ဒါပေမယ့် အပြင်အဆင်ဟာ 

လုံးဝကွာခြားတယ်.....။

အပေါ် ထပ်နဲ့ ယှဥ်ရမယ်ဆိုရင်

ဒီအထပ်က ပိုပြီးကာလာစုံပြီး

ရုံးခန်းတွေဟာလဲ တစ်ခန်းစီသီးသန့်

မဟုတ်ပဲ အခန်းကျယ်ကြီးထဲ 

တစ်သားတည်း စားပွဲကိုယ်စီနဲ့

ရှိနေကြတယ်.....။

ရုံးခန်းကို စီစဥ်ထားပုံနဲ့ အခန်းပုံဟာ

Hu Lei ရဲ့စိတ်ကူးထဲက 

သာမာန်ကုမ္ပဏီမှာ အလုပ်လုပ်ချင်တဲ့ 

အတွေးနဲ့ လုံးဝ အံကိုက်ပဲ...

Hu Lei အရမ်းပျော်ရွှင်မိသွားတယ်...။


သူမတို့ကို စိတ်ဝင်တစား

ကြည့်နေကြတဲ့ လူအများကြီးကြား

မန်နေဂျာ Lin ဟာ ရုံးခန်းအလည်မှာ

ရပ်ရင်း သူမကို မိတ်ဆက်ပေးတယ်...။

ပြီးတော့ သူမအလုပ်လုပ်ရမယ့် 

စားပွဲကို ပြပေးခဲ့တယ်.....။


" လိုအပ်တဲ့ ပစ္စည်းတွေ 

လေ့လာရမှာတွေကို

အခုပဲ ပို့ပေးခိုင်းလိုက်ပါမယ်..... ။

လေ့လာရမှာက အရမ်းကိုများတာမလို့

မင်းအားစိုက်ပြီး ဇွဲရှိဖို့တော့လိုတယ်​နော်.."

မန်နေဂျာ Lin ဟာ မထွက်သွားခင်

သူမကို မှာခဲ့တယ်....


Hu Lei စိတ်အားထက်သန်လာတယ်...

ဖတ်ရတဲ့ဟာတွေပါဝင်ရင်

ဘယ်သူ့မှ သူမကို ယှဥ်နိုင်မှာမဟုတ်ဘူး။

သူမဟာ ချောက်ချောက်ချားချား

ပြုံးလိုက်မိတယ်....။

ကံမကောင်းစွာနဲ့ပဲ သူမရဲ့စိတ်ကူးတွေဟာ

လက်တွေ့နဲ့ ထပ်တူကျမနေခဲ့ဘူး...။


ပညာသင်တဲ့အခါ လေ့လာရမယ့်ဟာတွေကို

သူမအရမ်းကိုကျွမ်းကျင်ပေမယ့် 

ရှေ့ကစားပွဲအသစ်ပေါ် မှာ 

အပြည့်ရောက်လာတဲ့ ဖိုင်တွေစာအုပ်တွေကို

ကြည့်ရင်း စိတ်ဓာတ်ကျချင်လာတယ်..... ။


ရေတွက်မရနိုင်တဲ့ များပြားလှစွာသော

ဖိုင်တွေထဲက တစ်ခုကို ကောက်ယူရင်း

အရာရာအရှုံးပေးထားရလို့

ဝမ်းနည်းနေတဲ့ ကြောင်ငယ်လေးလို

သူမဟာ ဝမ်းနည်းစွာ 

သက်ပြင်းချလိုက်မိတယ်....။


TBC... 



rate now:

8 Reviews
  • reader Kim Eun Byul 15.07.2021, 12:03 5

    💞💞💞🤏

    reply

  • reader Kim Eun Byul 15.07.2021, 12:03 5

    💞💞💞🤏

    reply

  • reader Kim Eun Byul 15.07.2021, 12:03 5

    💞💞💞🤏

    reply

  • reader Kim Eun Byul 15.07.2021, 12:03 5

    💞💞💞🤏

    reply

  • reader Kim Eun Byul 15.07.2021, 12:03 5

    💞💞💞🤏

    reply

  • reader Kim Eun Byul 15.07.2021, 12:03 5

    💞💞💞🤏

    reply

  • reader Kim Eun Byul 15.07.2021, 12:03 5

    💞💞💞🤏

    reply

  • reader Kim Eun Byul 15.07.2021, 12:03 5

    💞💞💞🤏

    reply