သူမအတွက် အချိန်ပိုင်းအလုပ်ဝင်ဖို့
ကသိကအောက်နဲ့ဆွေးနွေးတာဟာ
တစ်နာရီခွဲတိတိကြာမြင့်ခဲ့ပြီး
ပြီးဆုံးသွားခဲ့တယ်........ ။
သဘောတူညီမှုအပြီးမှာတော့
Assistant Chen ဟာ သူမသွားရမယ့်
နေရာကို လမ်းညွှန်ရင်း Etude Technologies ရဲ့ အခြေခံအချက်
အချို့ကိုရှင်းပြနေခဲ့တယ်......။
ဒီကုမ္ပဏီရဲ့ အသစ်စက်စက်ဝန်ထမ်း
ဖြစ်တဲ့သူမဟာ လက်ထောက်ပြောသမျှ
ရှင်းပြသမျှသေချာအာရုံစူးစိုက်
နားထောင်နေခဲ့တယ်......။
Elevator ဟာ ၁၀ ထပ်မှာရပ်တန့်သွားပြီး
Assistant Chen ဟာ သူမကို
အရင်သွားစေခဲ့တယ်.....။
" ဒီ ၁၀ထပ်မြောက်က
အရောင်းစာရေးနဲ့အရောင်းဝန်ထမ်း
မန်နေဂျာတွေ နေတဲ့အထပ်ပဲ.....
နောက်ထပ် marketing အတွက်
၃ထပ်ရှိသေးတယ်.... "
သွားရမယ့်နေရာကို လျှောက်လှမ်းရင်း
သူဟာဆက်ရှင်းပြနေခဲ့တယ်....။
Hu Lei ဟာ စိတ်ဝင်စားမှုနဲ့
အခန်းတွင်းကိုကြည့်လိုက်မိတယ်...။
သူမဟာ အတွင်းပိုင်းဒီဇိုင်းတွေနဲ့
ပတ်သက်ပြီး ဘာမှမသိဘူးဆိုပေမယ့်
ဒီနေရာက တော်တော်လှကြောင်း
ဝန်ခံရမယ်....။
လှပတဲ့အပြင်အဆင်နဲ့
သီးသန့်စွာရှိတဲ့ ရုံးခန်းတွေကို
အတူတူတွဲထားတာဟာ
အလုပ်လုပ်ချင်စရာကောင်းတဲ့
ပတ်ဝန်းကျင်လေးလိုပဲ အရာရာ
ပြည့်စုံနေခဲ့တယ်......။
သူမတို့ဖြတ်လျှောက်သွားတဲ့အခါ
တစ်ချို့သူတွေဟာ အသက်မပါတဲ့
အကြည့်တွေ စိတ်မဝင်စားတဲ့အကြည့်တွေနဲ့
ကြည့်လာကြပေမယ့် အများစုကတော့
သူမတို့ကို သတိမထားမိကြဘူး....။
လှည့်ကြည့်လာသူတချို့ကလည်း
ချက်ချင်း သူတို့အလုပ်အပေါ်
အာရုံပြန်ရောက်သွားကြတယ်.....။
" ဒီကလူတွေက အရမ်း
အလုပ်ထဲ စိတ်နှစ်ထားကြတာပဲ..."
သူမဟာ စိတ်လှုပ်ရှားရင်း အနည်းငယ်
ရယ်မောရင်းပြောဆိုမိတယ်....။
" ဒီကုမ္ပဏီဟာ အနိုင်ရလိုစိတ်ပြင်းပြတယ်။
ပြီးတော့ ဦးစီးပြီးတန်ဖိုးရှိရှိ
အလုပ်လုပ်နိုင်ခြင်းဟာ
မန်နေဂျာတွေနဲ့အတူ ဝန်ထမ်းအားလုံးရဲ့ ကံကြမ္မာအပေါ် မူတည်တယ်....။
အလုပ်အပေါ်စိတ်ဝင်စားမှုမရှိရင်
ရာထူးချခံရမယ်....."
Assistant Chenက ရှင်းပြလာတယ်...။
ဘာကြောင့်လဲဆိုတာ နားလည်သွားပြီး
Hu lei ဟာ ရုံးခန်းတွင်း
တချက်ပြန်ကြည့်လိုက်မိတယ်....။
သူမက လွတ်လပ်မှုမှာ ပျော်ရွှင်နေခဲ့တဲ့
ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ပဲ...။
အလုပ်ရဲ့ဖိအားကို သူမ မခံစားဖူးဘူး...။
ဒါပေမယ့်လည်း သူမနောက်ပြန်မဆုတ်ဘူး.။
ဒီဟာကို သူမရအောင် ရင်ဆိုင်ရမယ်...။
သူမမျက်ဝန်းတွေဟာ
ပိုမိုတောက်ပလာခဲ့တယ်....။
' International Relations ' ဆိုတဲ့
နာမည်နဲ့ အခန်းရှေ့ကို Assistant Chenဟာ
ဦးဆောင်သွားခဲ့တယ်....။
သူဟာတံခါးကို ငြင်သာစွာနဲ့ပဲ
ဖွင့်လိုက်တယ်.....။
အခန်းတွင်းမှာတော့
အသက်သုံးဆယ်ဝန်းကျင် လှပတဲ့မိန်းကလေးတစ်ယောက်ရှိနေတယ်...။
သူမဟာ Hu Lei တို့ကိုမြင်တော့
ထိုင်နေရာ စားပွဲကနေ ထလာခဲ့တယ်...။
" Assistant Chen, ဒီကို ဘာကိစ္စရှိလို့လဲ?"
ငြင်ငြင်သာသာပြုံးရင်း မိန်းကလေးဟာ
မေးလာတယ်....
သူမကိုကြည့်ပြီး Hu leiဟာ ပုသွားသလို
ခံစားလိုက်ရတယ်....။
အရပ် 150စင်တီမီတာနဲ့ သူမဟာ
အားလုံးတန်းတူ ပုသလိုပါပဲ...။
ဒါပေမယ့် ဒီအရပ်ရှည်ရှည်နဲ့ မိန်းကလေးဟာ
ဒေါက်ဖိနပ်မြင့်ပါ စီးထားတော့
Hu Leiဟာ ပိုပုသွားသလိုပဲ...။
ဒါပေမယ့် အရေးကြီးဆုံးအချက်က
Hu Lei ကိုမြင်ရဲ့သားနဲ့
အဲ့မိန်းကလေးဟာ
လုံးဝ လျစ်လျူရှူထားတာပဲ....။
" မန်နေဂျာ Lin Man,
ဒါကတော့ Hu Lei တဲ့...."
Assistant Chen ဟာ သူမနဲ့
မိတ်ဆက်ပေးခဲ့တယ်......။
" အို... ကျွန်မရှင့်ကိုမမြင်မိလိုက်ဘူး.."
မိန်းကလေးသာ မရိုးမသားပြုံးရင်း
ပြောလာတယ်။
Hu Lei ဟာ မျက်လုံးတွေကို
လှည့်ကစားနေလိုက်တယ်....။
သူမ အဲ့လောက် မအပါဘူး....။
ဒါပေမယ့်လည်း သူမစိတ်ထဲမှာ
ခံစားလိုက်ရတာကို ထိန်းချုပ်ရင်း
သူမနဲ့ထပ်တူညီစွာ
အပြုံးတုတွေနဲ့ပဲ သူမကို
ပြန်ပြုံးပြလိုက်တယ်.....။
International Relations မန်နေဂျာ
တစ်ယောက်အနေနဲ့ Lin Man ဟာ
ဆက်ဆံရေးမကောင်းတဲ့သူ မဟုတ်ဘူး...။
ဘာသာစကားမတူညီတဲ့သူတွေကိုတောင်
သူမဟာ ယဥ်ကျေးမှုတွေနဲ့ ချိုချိုသာသာ
ဆက်ဆံပေးနိုင်တယ်.....။
ပြီးတော့ သူမဟာ လူတွေရဲ့
စိတ်ထားကိုလည်း လွယ်ကူစွာ
ခန့်မှန်းနိုင်သေးတယ်....။
Etdue Technologies မှာ သူမဟာ
အကောင်းဆုံး အတော်ဆုံး မန်နေဂျာနဲ့
Ace marketer တစ်ယောက်ပဲ....။
စိတ်မကောင်းစွာပဲ သူမဟာ
အခုအဆင်ပြေနေတဲ့ အခြေအနေမျိုးမှာ
မဟုတ်ဘူး..... ပြီးတော့ ဘော့စ်
လက်ထောက်ရဲ့ဘေးက သေးသေး
သွယ်သွယ်ကောင်မလေးကို ကြည့်ရင်း
သူမစိတ်တွေ ပိုအနှောင့်အယှက်
ဖြစ်လာခဲ့တယ်......။
သူမအခုအဆင်မပြေခံစားနေရတဲ့
အကြောင်းရင်းကရိုးရှင်းမနေဘူး...။
၇ လ တွဲလာတဲ့ချစ်သူစီက
သူမစွန့်ပစ်ခြင်းခံခဲ့ရတယ်....။
သူမအပိုတွေဖြစ်နေတာမဟုတ်ပေမယ့်
ချန်ထားခံရခြင်းကို ဘယ်မိန်းကလေးမှ
မကြိုက်ကြဘူး.....။
လမ်းခွဲခံခဲ့ရတဲ့ အဓိကအကြောင်းရင်းကတော့ သူမက ကိုယ့်ကိုအထင်ကြီးလှပြီး
သူမအရပ်က သူ့ထပ်တော်တော်
ရှည်နေလို့တဲ့လေ.....။
ဒီစီးပွားရေးလောကထဲ
ဘာအစွန်းအထင်းမှမရှိပဲ ရိုးသားတဲ့
Hu Lei ရဲ့မျက်ဝန်းတွေကိုကြည့်ရင်း
Lin Man ဟာပိုဒေါသထွက်လာတယ်...။
တကယ်လို့ သူမတို့နှစ်ယောက်သာ
အတူတူရပ်နေခဲ့မယ်ဆိုရင် တစ်ယောက်နဲ့
တစ်ယောက်ဟာ လုံးဝမတူညီမှန်း
အားလုံးမြင်နိုင်ကြမှာပဲ.....။
" အခုကျင်းပမယ့် ညီလာခံအတွက်
Hu Leiဟာ တရားဝင်စကားပြန်အဖြစ်
အလုပ်လုပ်လိမ့်မယ်...."
Assistant Chen ဟာ ခုနကသူမစကားကို
လျစ်လျူရှူရင်း ပြောစရာရှိတာ
ဆက်ပြောလိုက်တယ်...။
" ဒီပြောင်းလဲမှုဟာ ရုတ်တရက်ဆန်ပြီး
အနည်းငယ် နောက်ကျနေပြီ....
လူအသစ်တစ်ယောက်ကို
လေ့ကျင့်ပေးရတာဟာ ခက်ခဲတယ်...
ပြီးတော့ နိုင်ငံခြားကလူကြီးတွေရဲ့
စိတ်ဝင်စားလောက်မယ့် အကြောင်းအရာတွေကို ကျွန်မစီစဥ်ပြီးသွားပြီ...."
Lin မန်နေဂျာဟာ Hu Leiကို
စိုက်ကြည့်ရင်းပြောလိုက်တယ်......။
TBC....