ကိုယ်လုံးကိုယ်ပေါက်လှပစွာနဲ့
ကျက်သရေရှိစွာ သူ့ရှေ့ခုံမှာ
ဝင်ထိုင်လာတဲ့ မိန်းကလေးကိုကြည့်ရင်း
Zhong Feng ဟာ သဘောတကျနဲ့
နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိတယ်....။
သူမ မျက်ဝန်းထဲက ယုံကြည်မှုတွေဟာ
တောတောင်တစ်ခုလုံးကို
သိမ်းပိုင်နိုင်မယ်လို့ ယုံကြည်ထားတဲ့
တိရစ္ဆာန်ငယ်လေး တစ်ကောင်နဲ့
တူနေတယ်......။
ဒါပေမယ့်လည်း တောက်ပနေတဲ့
မျက်ဝန်းတစ်စုံထဲက မုန်းတီးမှုတွေ
အစော်ကားခံလိုက်ရသလို ခံစားချက်တွေကို
သူမြင်နေရတယ်.....။
တစ်နည်းနည်းနဲ့ ပြောရရင်
သူမ သူ့ရှေ့မှာရောက်နေတာကိုက
သူ့ရင်ခုန်သံကို ပိုမြန်နေစေတယ်.....။
" Miss Hu, ဆက်သွယ်လာတာနဲ့
ချက်ချင်းရောက်လာပေးလို့
ကျေးဇူးတင်ပါတယ်.......
အဓိကအကြောင်းအရာကို
ကိုယ်တို့ တန်းသွားကြတာပေါ့...."
သူ့ရဲ့ နားထောင်ကောင်းတဲ့
အသံခပ်အောအောလေးက သူမကို
ငြင်းဆန်ခွင့်မပေးဘူး......။
Hu Lei ဟာ ထိုင်နားထောင်နေရုံသာ
တတ်နိုင်တယ်......။
" Supreme မြို့မှာ
နိုင်ငံတကာဆိုင်ရာနည်းပညာညီလာခံ
ကျင်းပဖို့ရှိတယ်.....။
နိုင်ငံတကာက ကုမ္ပဏီအတော်များများနဲ့
လူကြီးအတော်များများ
တက်ရောက်လာကြမယ်......"
သူဟာ ခဏရပ်နားလိုက်တယ်....။
သူမဟာ စိတ်ဝင်စားမှုရှိစွာ
နားထောင်နေကြောင်းသိအောင်
ခေါင်းငြိမ့်ပြလိုက်တယ်.....။
" အရေးကြီးတဲ့ အမှုအဖွဲ့ဆောင်တွေနဲ့
အရေးပါတဲ့ အစည်းအဝေးအတွက်
မင်းကို ကိုယ့်နဲ့အတူ
တက်ရောက်စေချင်တယ်.....။
ရုရှားနဲ့ UAE ကသြဇာအရှိန်အဝါရှိတဲ့
နည်းပညာအဖွဲ့အစည်းတွေနဲ့
ပူးပေါင်းခွင့်ရဖို့ အခွင့်အရေးရှိနေတယ်....။
ဒီအချိန်ကာလလေးအတွင်း
သင့်တော်တဲ့ စကားပြန်ရှာဖို့
ကိုယ့်မှာ အချိန်မရှိတော့လို့ မင်းကို
ဆက်သွယ်လိုက်တာပါ....."
သူဟာ မျက်မှောင်ကြုပ်ရင်း
ရှင်းပြလာတယ်.....။
Hu Lei စိတ်တိုလာပြီး
စိတ်အနှောင့်အယှက်လာတယ်...။
သူဟာ တခြားရှာမရလို့ သူမကို
ခဏအတွက် လိုသုံးလုပ်တာပေါ့? ။
Zhong Feng မှာ အတွေ့အကြုံရှိတဲ့
စကားပြန်ကောင်မလေးရှိတာကို
Hu Lei မသိဘူး....။
ဒါပေမယ့်အဲ့မိန်းကလေးဟာ
အလုပ်ကို အသေးစိတ်မသိဘူး...။
သူမက Zhong Feng ကို ချည်းကပ်ရင်း
မြူဆွယ်ဖို့လောက်ပဲ သိတာ.....။
အကယ်၍ Zhong Feng သာ
သထိမထားမိခဲ့ရင် ဒီလောကကို
နားမလည်ခဲ့ရင်...
သူဟာ မြောက်မြားစွာသော
မိန်းကလေးတွေရဲ့ ထောင်ခြောက်ထဲ
ပြုတ်ကျခဲ့ပြီးနေပြီ........။
ဒါ့အပြင် သူဟာ Hu Lei ကို
သူ့အဖေကြောင့် အလုပ်ခန့်ကို ခန့်ရမှာမလို့
ရေအသင့် ကြာအသင့် ဖြစ်နေခဲ့တယ်....။
ပုံမှန်ဆို သူဒီလိုအခြေအနေတွေကို
ရှင်းပြလေ့မရှိဘူး....။
ဒါပေမယ့် အရှေ့က စိတ်ဆိုးနေတဲ့
အမွှေးပွပွကြောင်ပေါက်လေးလို
ကောင်မလေးကိုကြည့်ရင်း
သူဟာ ထူးထူးဆန်းဆန်းခံစားချက်တွေနဲ့
ပျော်ရွှင်လာတယ်......။
ရှေ့ဆက်ပြီးလဲ ဒီကြောင်ပေါက်လေးဟာ
သူ့ကိုဘာတွေပျော်အောင်လုပ်ပေးနိုင်မလဲ
သူစောင့်ကြည့်ချင်သေးတယ်....။
Hu lei ဟာ သူ့ရဲ့အကြည့်ကြောင့်
ကျောချမ်းလာပြီး တုန်နေသလို
ခံစားလိုက်ရတယ်....။
" ကျွန်မကူညီပေးနိုင်ပါတယ်...
ဒါပေမယ့် အချိန်ပိုင်းတစ်ခုအထိပဲ
စာချုပ် ချုပ်ဆိုချင်တယ်.... "
သူမ အခိုင်အမာပြောဆိုလိုက်တယ်...။
Zhong Feng ဟာလဲ တခြားဘာမှ
မျှော်လင့်မထားပါဘူး....။
သူတို့ရဲ့ စတင်တွေ့ဆုံမှုကတည်းက
သူမ ဒီ Etude Technologies မှာပဲ
အချိန်တိုင်း အလုပ်လုပ်မှာမဟုတ်ဘူးဆိုတာ
သိသာထင်ရှာနေတာပဲဟာကို.....
ဒါပေမယ့် ဒီအချိန်တိုအတွင်းမှာပဲ
လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက
ထူးထူးဆန်းဆန်း ခံစားနေရတဲ့
သူ့ခံစားချက်တွေကို အဖြေရှာဖို့
အချိန်လုံလောက်ပါတယ်.....။
" ကောင်းပြီလေ...
ကိုယ်တို့အချိန်သိပ်မရတာမလို့
မင်းအခုပဲ စတင်လုပ်နိုင်ပါပြီ....။
မင်းအခုစတင်ရမယ့်နေရာက
Facilitating communication မှာပဲ...။
မင်း ကုမ္ပဏီရဲ့ အဓိကအရာအားလုံး
အသေးစိတ်ကအစ လေ့လာဖို့တော့
လိုအပ်တယ်.....။
ထုတ်ကုန်ပစ္စည်းတွေနဲ့ ထုတ်လုပ်ပုံ
အခန်းကဏ္ဍအားလုံးကို သောကြာနေ့
နေ့လည်မှာ မင်းအားလုံး
လေ့လာပြီးနိုင်မယ်လို့ မျှော်လင့်ပါတယ်...။
ဒီလူရဲ့ အကြောင်းအရင်းဟာ
သင့်လျောမှုမရှိဘူးလို့ Hu Lei ထင်တယ်..။
တကယ်လို့ သူအကူအညီလိုအပ်ရင်
သူမကို စောစောဆက်သွယ်သင့်တယ်
မဟုတ်လား? အခုမှလောခိုင်းနေတာ
သူမ နားမလည်နိုင်ဘူး....။
Etude Technologies ဟာ
အားလုံးသိတဲ့ စီးပွားရေးပါပဲ....။
ဒါပေမယ့် တစ်နေ့တစ်နေ့
တိုးတက်နေတာနဲ့ အမျှ
ပြောင်းလဲမှုတွေရှိလာတာပဲ....။
သူတို့ ကုမ္ပဏီဟာ softwareထုတ်ကုန်တွေ
လုံခြုံရေးအမျိုးမျိူး...
လူငယ်အကြိုက် ဂိမ်းများနဲ့
သာမာန်စီးပွားရေးတွေအထိ
လွှမ်းမိုးထားတဲ့ အကြီးဆုံး
ကုမ္ပဏီတစ်ခုပါပဲ.....။
အခုသူမလေ့လာရမယ့်ဟာတွေက
အရမ်းကြီးကို များပြားနေတယ်...
အကယ်၍ သာမာန်လူတစ်ယောက်ဟာ
၃ရက်အတွင်း ရှိသမျှပညာတွေ
လေ့လာနိုင်တယ်ဆိုရင် အခြေခံပညာ
သင်ကျောင်းတွေ ဘာလို့ရှိနေမလဲ.... ?
ဒါပေမယ့် Hu Lei ဟာ ဒီလောက်
စမ်းသပ်ချက်လေးနဲ့ ဘာမှဖြစ်မသွားဘူး။
ဒီနတ်ဆိုးကောင်ဟာ သူမရဲ့ရှုံးနိမ့်မှုကို
မြင်ချင်နေပေမယ့် သူမဟာ အရှုံးမပေးပဲ
လုပ်နိုင်တဲ့အကြောင်း ပြကိုပြအုံးမှာ...။
" ကျွန်မအကောင်းဆုံးကြိုးစားပါမယ်
ဥက္ကဋ္ဌ Zhong..... "
သူမအပြုံးလေးနဲ့ ပြန်ဖြေလိုက်တယ်...။
Zhong Feng ဟာ အပြုံးလေးနဲ့ ဖြေတဲ့
မိန်းကလေးကို ငေးကြည့်နေမိတယ်...။
သူမမျက်နှာမှာ ဘာမှပေါ် မနေပဲ
ဘာတွေးနေလဲဆိုတာ ခန့်မှန်းရခက်တယ်...။
သူမပုံစံဟာ ကာတွန်းတွေထဲက
မျက်နှာမှာ မပေါ် ပဲ စိတ်ခံစားချက်တွေ
မြိုသိပ်ထားရတဲ့ ဗီလိန်ဇာတ်ကောင်နဲ့
တူတယ်....။
ဒါပေမယ့်လည်း ကြောင်ပေါက်လေးကနေ
ရန်လိုနေတဲ့ ကျားပေါက်လေးလို
ပြောင်းလဲသွားပြီး ပြုံးနေတဲ့
သူမအပြုံးဟာချစ်ဖို့ကောင်းနေခဲ့တယ်......။
ဒါဟာ ပထမဆုံး လုပ်ယူပြုံးမဟုတ်ပဲ
ဘယ်သူမှမခိုင်းစေပဲ သူမမျက်နှာမှာ
သူမြင်လိုက်ရတဲ့ပထမဆုံးအပြုံးပဲ...။
ရုတ်တရက် သူတို့နှစ်ယောက်ရဲ့
မျက်လုံးတွေဟာ ဆုံသွားတယ်.....
နှစ်ယောက်လုံး လုပ်နေသမျှ
ရပ်တန့်သွားပြီး ဘာဆက်လုပ်ရမလဲ
မသိကြတော့ဘူး....။
Zhong Feng နှလုံးသားဟာ
အပြေးလမ်းမပေါ် ပြေးနေရတဲ့သူလိုပဲ
အရမ်းစိတ်လှုပ်ရှားနေပြီး ပါးစပ်ကလည်း
ဘာစကားမှ ထွက်မလာတော့ဘူး....။
စားပွဲရဲ့တစ်ဖက်မှာလဲ Hu Lei ရဲ့
မျက်နှာဟာနီရဲလာရင်း နားရွက်တွေအထိ
နီရဲကူးစက်လာခဲ့တယ်........ ။
TBC....