စိတ်ချမ်းသာစရာမကောင်းတဲ့
Brunch အပြီး ၃ပတ်ခန့်အကြာမှာ
အပူအပင်းကင်းကင်းနေတဲ့ Hu Lei ဟာ
Etude Technologies ရဲ့
ဖုန်းခေါ် ဆိုမှုရရှိလာခဲ့တယ်.........။
Assistant Chen စတင်စကားပြောတဲ့အခါ
သူမဖုန်းကို ချက်ချင်း ချလိုက်မိတယ်....။
သူမ ဒီဆက်သွယ်လာမှုကို
အချိန်အကြာကြီးစောင့်နေခဲ့ပေမယ့်
ခုချိန်မှာတော့
အလကား ဖြစ်သွားပြီ.......။
အမှန်အတိုင်းပြောရရင်
သူမဘဝဟာမပြည့်စုံခဲ့ပေမယ့်
အတိတ်မှာ သူမ လိုချင်သမျှ
ပူပင်ကြောင့်ကြမှုမရှိပဲ ချက်ချင်း
ရနိုင်ခဲ့တယ်......။
သူမအဖေရဲ့ ကြားဝင်တောင်းဆိုမှု
ဖြစ်နေပေမယ့် နှလုံးသားမရှိ
အကျင့်မကောင်းတဲ့ Zhong Feng က
သူမကို အလုပ်ပေးဖို့
စိတ်ပါသလိုလို စိတ်မပါသလိုလို
လုပ်နေတာ သူမကဘာလို့ သည်းခံရမလဲ?
သို့ပေမယ့်လည်း သူမက ဖုန်းကို မချခဲ့ဘူး..
အဲ့နတ်ဆိုးကောင်ကို သူအမှားလုပ်မိကြောင်း
သူမ သက်သေပြချင်သေးတယ်....။
သူ့အမှားကို သူသိတဲ့အခါမှာတော့
သူမချက်ချင်း သူ့ကုမ္ပဏီကထွက်လာမယ်။
သူမရဲ့အတွေး နှလုံးသားထဲမှာတော့
နတ်ဆိုးငယ်လေးတစ်ကောင်ဟာ
သူမလက်ပေါ် ခါးထောက်ရပ်နေရင်း
ကျယ်လောင်စွာရယ်မောနေခဲ့တယ်......။
Supreme မြို့ရဲ့ အကြီးဆုံး ကုမ္ပဏီမှာ
အလုပ်လုပ်ချင်တဲ့ ရင့်ကျက်တဲ့ Hu Lei ဟာ
သူမရဲ့ အတွေးတွေကိုဖျောက်ဖျက်ပြီး
တည်တည်ငြိမ်ငြိမ်ပဲ တစ်ဖက်က
Assistant Chen ပြောတာကို
နားထောင်နေလိုက်တယ်......။
လှပတဲ့ ဒီဇိုင်နာချုပ်အပြာရောင်ဝတ်စုံ
လေးကို ဝတ်ဆင်ရင်း Hu Lei ဟာ
Etude Technologies ရှေ့ကို
ပြန်ရောက်လာခဲ့တယ်.....။
သူမရဲ့ ဝတ်ဆင်ထားတဲ့ အသွင်အပြင်ကို
သူမဟာ ကျေနပ်အားရမှုရှိတယ်...... ။
သူမ လုပ်ရမယ့်အလုပ်နေရာအတွက်
သူမဟာ ကောင်းကောင်းဝတ်ဆင်ရမယ်လို့
တွေးရင်း အလုပ်အတွက် ရင်ခုန်
စိတ်လှုပ်ရှားနေတာကိုလည်း ဝန်ခံရမယ်.....။
အရင်က သူမဝတ်ဆင်ခဲ့တဲ့
အဝတ်အများစုဟာ သာမန်ဘောင်းဘီရှည်..
အပေါ် ထပ် ကုဒ်ပါးပါးလေးတွေနဲ့
တီရှပ်လေးတွေပဲ.....
ဖိနပ်ဆိုရင်လဲ သာမာန်လည်ရှည်ဖိနပ်ပဲ
အမြဲလိုလိုဝတ်ဆင်ခဲ့တာ....။
လူသူကင်းမဲ့တဲ့ တောတောင်ထဲမှာ
နေရတဲ့သူမတို့အတွက် ချစ်စရာကောင်းတဲ့
အပြင်အဆင်ဆိုတာ မလိုက်ဖက်ခဲ့ဘူး....။
အခုတော့ သာမာန်မိန်းကလေးတွေလိုပဲ
လှလှပပပြင်ဆင်ဝတ်ဖို့ သူမမှာ
အခွင့်အရေး ရရှိလာခဲ့ပြီ.......။
Elavator ထဲ တစ်ယောက်ထဲတွေးရင်း
ပျော်မြူးနေတဲ့ သူမအတွေးတွေကို
Zhong Feng သာ သိခဲ့ရင်
သူမကို ချက်ချင်း သူ့ကုမ္ပဏီက
နှင်ထုတ်လောက်မယ်.......။
မရေမတွက်နိုင်လောက်စရာ
အရည်အချင်းပြည့်ဝတဲ့ လူအများကြီးဟာ
ဒီကုမ္ပဏီမှာ အလုပ်လုပ်ရဖို့ အခွင့်အရေး
စောင့်မျှော်နေချိန်မှာ သူမကတော့
ဖက်ရှင်ရှိုးလိုပင် သဘောထားရင်း
ဝင်ရောက်လာခဲ့တယ်.....။
ကံကောင်းစွာနဲ့ပဲ မိမိကိုယ်အတွေးကို
အရမ်းအားရကျေနပ်နေတဲ့
ကြောင်ပေါက်လေးတစ်ကောင်အကြောင်း
နတ်ဆိုးကောင်ကတော့ မသိလောက်ဘူး...။
အရင်တခါကလိုပဲ သူမအမြင့်ဆုံးအထပ်စီ
တစ်ခါတည်း သွားလိုက်တယ်.....။
ဒီတစ်ခါမှတော့ Receptionက
အန်တီကြီးဟာ သူမကို စူးစမ်းလိုစိတ်
အထင်သေးခြင်းအကြည့်နဲ့
ကြည့်မနေတော့ဘူး.....။
ဒါပေမယ့်လည်း Assistant Chen
သူမကိုလေးလေးစားစားကြိုဆိုရင်း နှုတ်ဆက်တဲ့အခါ အန်တီရဲ့မျက်နှာက
မနာလိုစိတ်တွေဟာ ဖုံးမရအောင်
ပေါ် နေဆဲပဲ......။
"Miss Hu, နောက်တကြိမ်တွေ့ရတာ
အရမ်းကိုဝမ်းသာမိပါတယ်ဗျာ....."
သူဟာအရင်တခါကလိုပဲ
ဖော်ဖော်ရွေရွေ ပြုံးရင်းပြောပြန်တယ်...
Hu Lei စိတ်ထဲမှာ မခံချင်စိတ်တွေ
အမြင်မကြည်မှုတွေဖြစ်နေတယ်လို့
အားလုံးပြောနိုင်တယ်....
တကယ်လဲ သူမအဲ့လိုဖြစ်နေပါတယ်...။
ဒါပေမယ့်လည်း သူမလည်း အပြုံးမပျက်ပဲ
ပြန်နှုတ်ဆက်လိုက်တယ်.....။
Assistant Chen ဟာ သူမစိတ်ထဲ
မကျေမနပ်ဖြစ်နေတာကို သူမကိုကြည့်ရင်း
သိလိုက်တယ်.... ။
ဒါပေမယ့်လည်း သူဟာသူမကို
ဘာမှမပြောနိုင်ခဲ့ဘူး.....။
သူ့ သူဌေးရဲ့ဆုံးဖြတ်ချက်ကို
သူဘာမှလုပ်ပိုင်ခွင့်မှ မရှိတာ.....။
သူ့ သူဌေးက သူမရောက်လာရင်
သူ့စီ ခေါ် ခဲ့ဖို့ ပြောမှသူသိတာ....
မဟုတ်ရင် သူ့ သူဌေးက သူမကို
မေ့နေလောက်ပြီလို့ မှတ်ယူထားခဲ့တာ...။
သူ့ ဘော့စ်က အင်တာဗျူးအပြီး
သူမနဲ့ တွေ့ဆုံပြီးနောက်ပိုင်း
သူမအကြောင်းဘာမှထပ်မပြောခဲ့တာဟာ
အမှန်တရားပဲ.....။
Assistant Chen သာ
သူမအကြောင်း အင်တာဗျူးအကြောင်း
မေးမိရင် လူသတ်ချင်နေတဲ့အကြည့်နဲ့
စိုက်ကြည့်ပြီး သူ့ကို overtimeတွေ
ပိုဆင်းခိုင်းတယ်....။
အဲ့ဒါကြောင့်ပဲ သူဟာလဲ
အင်တာဗျူးအဆင်မပြေတာပဲ ဖြစ်မယ်လို့
မှတ်ယူထားခဲ့တာ.......။
အရင်မိန်းကလေးတွေနဲ့လိုပဲ
သူဌေးရဲ့ အဖေဖြစ်သူဟာ
သူ့သားအတွက် blind date ချိတ်ဆက်ပေးတယ်လို့ပဲထင်ထားတာ...။
အဲ့လိုအချိန်တိုင်း ဘော့စ်က
စိတ်မပျော်မရွှင်ဖြစ်နေတတ်တာပဲ....။
ဒါပေမယ့်လည်း Miss Hu အလှည့်ကျမှ
သူဌေးရဲ့နှလုံးသားဟာ ဘာလို့ ပြောင်းလဲသွားမှန်းမသိပြောင်းလဲသွားတာကို
Assistant Chenက အံဩမိနေဆဲပဲ....။
Hu Lei ဟာ
ရုံးခန်းတံခါးရှေ့ရောက်တဲ့အခါ
အရင်တခါကလို ကြောက်ပြီး
စိတ်လှုပ်ရှားမနေဘူး.....။
သူမရဲ့ ရဲရင့်မှုတချို့ဟာ
အလုပ်အတွက် ချက်ချင်းပြန်
ဆက်သွယ်မလာတဲ့အပေါ်
စိတ်ဆိုးဒေါသထွက်ရာကနေ
ပေါ် ပေါက်လာတာလဲ ပါတယ်.....။
Assistant Chen က သူမအတွက်
တံခါးဖွင့်ပေးရင်း သူမကိုဝင်စေခဲ့တယ်..။
သန့်ရှင်းတောက်ပြောင်နေတဲ့
ရုံးခန်းထဲ တွန့်ဆုတ်မှုမရှိ ယုံယုံကြည်ကြည်
ခြေလှမ်းများနဲ့ Hu Lei ဝင်သွားလိုက်တယ်။
ဒါပေမယ့်လည်း မပြောပြနိုင်တဲ့
စွမ်းအင်တစ်မျိုးနဲ့ တောက်ပနေတဲ့
သူ့ကိုမြင်တဲ့အခါမှာ သူမခြေလှမ်းတွေ
တုံ့ဆိုင်းသွားခဲ့တယ်.....။
သူ့ရဲ့စိတ်ထားဟာ မကောင်းပေမယ့်လည်း
သူ့ရဲ့ရှင်းသန့်နေတဲ့အသွင်အပြင်ဟာ
သူမကို ညို့ယူဖမ်းစားနိုင်ပြီး
သူမနှလုံးသားဟာ ပိုမိုမြန်ဆန်စွာ
ခုန်ပေါက်လာခဲ့တယ်......။
သူမအသက်ရှုဖို့တောင်
ရပ်တန့်သွားသလိုပါပဲ......။
သူမပင်မသိလိုက်ပဲ
တင်းတင်းဖိဆုပ်ကိုင်ထားမိတဲ့
လက်ဝါးများဟာ စိုစွတ်နေခဲ့တယ်.....။
" မင်းအဲ့တံခါးမှာပဲ တစ်သက်လုံး
ရပ်နေဖို့ စိတ်ကူးထားတာလား? "
စွဲဆောင်မှုရှိရှိပြောလိုက်တဲ့အသံဟာ
သူမရဲ့ အတွေးတွေထဲက
နိုးထလာစေခဲ့တယ်.....။
အဲ့တာနဲ့ပဲ သူမဟာအတွေး
ရပ်တန့်လိုက်ပြီးမျက်မှောင်ကြုပ်ရင်း
သူ့စီသွားလိုက်တယ်..။
နီးကပ်လာတာနဲ့အမျှ သူမဟာ
ထူးထူးဆန်းဆန်းတွေခံစားလာရပြန်တယ်..။
သူမဟာ စီးပွားရေးမှာနာမည်ကြီးတဲ့
လူတစ်ယောက်စီရောက်နေလို့များ
ဒီလိုတွေခံစားနေရတာလားလို့
တွေးမိပြန်တယ်......။
ကြောက်ရွံ့ခြင်းကြောင့်လား ...။
ရင်ခုန်ခြင်းကြောင့်လား......။
ဘာကြောင့်လဲဆိုတာတော့
သူမဝေခွဲမရနိုင်ခဲ့ဘူး......။
Hu Lei တွေဟာ အတွေးတွေကို
ရပ်ဖို့ဆုံးဖြတ်လိုက်တယ်....။
အခုအတွက်တော့ ဒိီနတ်ဆိုးကောင်နဲ့
သူမရဲ့ ပြိုင်ပွဲမှာ သူမအနိုင်ရဖို့လိုတယ်။
သူမဟာ ကိစ္စတွေကို ကိုင်တွယ်နိုင်ကြောင်း
သူမ သက်သေပြဖို့လိုအပ်တယ်....။
သူမဟာစိတ်ထဲမှာ ပြင်းပြသော
တောက်လောင်နေတဲ့ ခံစားချက်တွေနဲ့အတူ
သူ့ကို မျက်နှာချင်းဆိုင်လိုက်တယ်....။
" Good Morning, Mr Zhong "
သူမဟာ နှုတ်ဆက်ရင်း သူ့ရဲ့
ဆန့်ကျင်ဖက်ထိုင်ခုံမှာ
ဝင်ထိုင်လိုက်တော့တယ်.....။
TBC...