book

Index 11

The reason you invited that girl

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel

ဒီ Brunch ကို လာခဲ့ခြင်းဟာ 

Hu Lei အတွက် 

သက်တောင့်သက်သာမရှိဆုံး

နေရာကို ရောက်ရှိခဲ့သလိုဖြစ်နေတယ်....။

ဒါကြောင့်မလို့ နောက်ဆုံးတော့ သူမ

Murong စံအိမ်တော်က 

ထွက်လာတဲ့အခါမှာတော့ စိတ်တွေ

လွတ်လပ်ပေါ့ပါးသွားသလို 

ထတောင်ကချင်လာမိတယ်....။

စိတ်မကောင်းစွာနဲ့ပဲ 

ပွဲမှာ ဘာမှထူးထူးခြားခြားမဖြစ်ပဲ

သာမာန်ပဲ ပြီးဆုံးသွားခဲ့တယ်.....။

သူမက သူမအကြောင်းကိုထုတ်ပြောမှာ

ဒါမှမဟုတ် မိသားစု ဒရာမာ တစ်ခုခု

ဖြစ်မယ်လို့ ထင်ထားခဲ့တာကို.......။

သူမဟာ မကြာသေးခင်က

အတွေးတွေကို ပြန်တွေးမိသွားတယ်.... ။


သူမ ဘာမှပြောစရာမရှိတဲ့အတွက်

လှလှပပ ပြင်ဆင်ထားပေမယ့် 

အရသာတစ်စက်ကလေးမှမရှိတဲ့

မုန့်တွေနဲ့ အချိုမပါတဲ့ လိမ်မော်ရည်ကိုပဲ

အပြစ်ပုံချခဲ့လိုက်တော့တယ်.....။


ပြသာနာစတာကတော့ 

အမေဟာ သူတို့မိသားစုဝိုင်းမှာ

သူမကိုထိုင်ဖို့ အတင်းအကြပ်

တိုက်တွန်းတာကနေ စတင်တယ်..... ။

သူမကို ကမ္ဘာလှည့်ခရီးသွားနေလို့

ဒီနိုင်ငံမှာရှိမနေတဲ့ သူတို့ဆွေမျိုး

တစ်ယောက်အနေနဲ့ အားလုံးနဲ့ 

မိတ်ဆက်ပေးတာကတော့

သူမဒီကိုရောက်နေတဲ့ အကြောင်းရင်းနဲ့

ဆီလျော်မှု မရှိနေခဲ့ဘူး......။


အမေရဲ့နောက်ခင်ပွန်း Murong Cheng ရဲ့

မျက်နှာမှာ လက်မခံနိုင်မှုတွေ 

ပေါ် နေခဲ့ပြီး Murong Yan ရဲ့

မျက်နှာဟာ ဒေါသကြောင့်

နီရဲစွာ ပြောင်းလဲသွားတယ်......။


သူတို့နှစ်ယောက်က ဒါကိုလက်မခံနိုင်တာ

ရှင်းလင်းနေပြီး သူမကလ​ည်း 

သူတို့ကိုနားလည်နိုင်တယ်...... ။

ကံမကောင်းစွာနဲ့ပဲ Hu lei အကြောင်း

ကြေညာမိတ်ဆက်ပြီးနောက်မှာ 

သူတို့ရဲ့ စိတ်ကောင်းရှိနေသလို 

လုပ်ယူထားတဲ့ဟန်ဆောင်မှုတွေ 

ပျောက်ကွယ်သွားပြီးစကားတောင်

မပြောနိုင်ကြတော့ဘူး.....။


တကယ့်ပြသာနာအစစ်ကတော့ 

Murong Yue ပဲ....

သူမရုပ်ရည်က ညီမဖြစ်သူ

Murong Yan ထက် လှပပေမယ့်

စိတ်ထား အပြုအမူက 

ကောင်းမနေခဲ့ဘူး.....။

အမုန်းမျက်ဝန်းတွေနဲ့ ငေးကြည့်နေတဲ့

အကြည့်က Hu Lei အတွက်

အဆင်မပြေဖြစ်စေတယ်.....။

သက်တောင့်သက်သာ ရှိမနေခဲ့ဘူး...။

ဒါပေမယ့်လည်း Hu Leiဟာ 

ဟန်ဆောင်မျက်နှာဖုံးနဲ့ ပြုံးပြုံးပဲ

ဆက်ဆံနေလိုက်တယ်......။


သူမရဲ့ စိတ်ဆိုးမှုတွေကို ရှေ့က

စားပွဲပေါ် သာ ပုံချရင်း ရှိသမျှ

စတော်ဘယ်ရီတွေကို တစ်လုံးမကျန်

ယူလိုက်တယ်....။

စားပွဲပေါ် မှာ စတော်ဘယ်ရီ

ကျန်မနေတော့ဘူး......။


Murong Yue ရဲ့ Hu Lei အပေါ် 

ရန်လိုမှုဟာ ပိုကြီးလာတယ်....

Hu Lei ကလဲ အားလုံးယူပြီး

စားနေတဲ့အပေါ် အားနာတာမျိုး

ဖြစ်မနေဘူး.... ဘာလို့လဲဆိုရင်

အရသာရှိတာဆိုလို့ စားပွဲတစ်ခုလုံး

အဲ့စတော်ဘယ်ရီတွေပဲ ရှိတာကို......။


Murong Yue ဟာ သူမအဖေကို

အကူအညီရလိုရညား ကြည့်လိုက်တယ်...

အဖေဖြစ်သူကလဲ မိန်းမဖြစ်သူကို

ပြန်ပြီး စူးစိုက်ကြည့်လိုက်တယ်....


သူမအမေဟာ ရှက်ကိုးရှက်ကန်းရယ်ရင်း

Hu Lei ကို မကြည့်ခင် နောက်ထပ် 

စတော်ဘယ်ရီတွေ ယူပေးမယ့်အကြောင်း

Murong Yue ကို ကတိပေးလိုက််တယ်.... ။



" Hu Lei..,Yueကလေးရဲ့ အပြုအမူကို

အရမ်းကြီး စိတ်ထဲမထားပါနဲ့.....

သူမက ငယ်သေးတယ်လေ.....။

ပြီးတော့ မင်းသမီးတစ်ယောက်အနေနဲ့

သူမက လိုချင်တာရမှကြိုက်တာ....."


အမေဖြစ်သူဟာ ပြောလာခဲ့တယ်...

တနည်းနည်းနဲ့ Murong Yue ကို

ကာကွယ်ရင်း တစ်ဖက်က သူ့အလုပ်ကို

သူမကိုသိအောင် ကြွားလိုက်တာပဲ....။


" Madam Murong....

သူက ကျွန်မထက်ကြီးတာ သိသာနေတာပဲ..

ပြီးတော့ မင်းသမီးတစ်ယောက်အနေနဲ့

သူ့ရဲ့စိတ်ခံစားချက်ကို လွယ်လွယ်မဖော်ပြပဲ

ထိန်းချုပ်သင့်တယ်နော်...

ဒါမှ သူ့အလုပ်မှာ အခက်အခဲမဖြစ်ပဲ

လွယ်ကူမှာပေါ့.... ဟုတ်တယ်မလား?"

Hu Lei ဟာလဲ အနည်းငယ် လှောင်ရိပ်ပါတဲ့

သဘောနဲ့ ပြန်ပြောလိုက်တယ်...


ပြီးတာနဲ့ သူမနေရာက ထွက်လာခဲ့တယ်

အလာတုန်းကနဲ့ မတူစွာပင်

Murong စံအိမ်တော်အတွင်းက

အကြည့်တွေဟာ သူမအပေါ် ပဲ

စိုက်ရောက်နေခဲ့တယ်.....။


At Murong Mansion...,


Murong မိသားစု တစ်ခုလုံးရဲ့

အပြုံးများဟာ နောက်ဆုံးဧည့်သည်

တစ်ယောက်ကျန်ရှိနေတဲ့အထိ

သူတို့မျက်နှာမှာ ကျန်ရှိနေဆဲ....။

ပွဲပြီးလို့ အားလုံးပြန်သွားတဲ့အခါမှာတော့

သူတို့မျက်နှာပေါ် က အတင်းလုပ်ယူ

ဟန်ဆောင်ပြုံးထားတဲ့ အပြုံးတွေ

မရှိကြတော့ဘူး......။

ပထမဆုံး စကားစပြောလာသူက

Murong Yue ပဲ......။


" ဒီမိန်းကလေးကို ဘာလို့ဒီကို

ဖိတ်တာလဲ သမီးတကယ် နားမလည်နိုင်ဘူး!

တကယ်လို့သူ့ကို ဒီမိသားစုဝင်အဖြစ်

သတ်မှတ်မယ်ဆိုရင်တော့ သမီးဒီမိသားစုက

ထွက်သွားမယ်....."

သူမဟာ ကျယ်လောင်စွာ

ပေါက်ကွဲလာတယ်.....


" မင်းရဲ့အသံကို ပြင်စမ်း Murong Yue!

Lu Liang လုပ်ခဲ့တဲ့အရာအားလုံးဟာ 

ဒီမိသားစုအတွက်ပဲ......! "

အဖေဖြစ်သူဟာ သူမကို ဆူရင်း

ပြောလာခဲ့တယ်......


" သူမက ဒီမြို့မှာဘာအဆက်အသွယ်မှ

မရှိတဲ့ ညံ့ဖျင်းတဲ့မိန်းကလေးတစ်ယောက်ပဲ"


Murong Yue ဟာ အသံကိုလျှော့ချရင်း

ပြန်ပြောလိုက်တယ်.....


" ဒီတစ်ကြိမ်တော့ သမီးလဲ 

Murong Yue ရဲ့စကားကိုလက်ခံတယ်...

သူ့လိုမိန်းကလေးတစ်ယောက်က

ဒီမိသားစုအတွက် ဘာကို

အကျိုးပြုပေးနိုင်မှာလဲ.....? "

Murong Yan ဟာလဲ ဝင်ပြောလာခဲ့တယ်...။


" မင်းတို့နှစ်ယောက်လုံး ပိတ်ထားကြစမ်း! "


သူတို့မျက်နှာတွေမှာ လက်မခံနိုင်ကြပေမယ့်

သူတို့အဖေရဲ့စကားကိုသာ တစ်ဘဝလုံး

နားထောင်ခဲ့ရသူတွေမလို့ နှစ်ယောက်လုံး

တိတ်ဆိတ်သွားကြတယ်.....။

ဒီလိုမှ မဟုတ်ရင် သူတို့အတွက်ရထားတဲ့

အခွင့်အရေးတွေကို ပြန်ရုတ်သိမ်းခံရမှာ...။


Murong Yan က အိမ်ရဲ့စီးပွားရေးကို

ရဖို့ ဒါမှမဟုတ် ကုမ္ပဏီမှာ အာဏာရှိတဲ့

နေရာတစ်ခုအတွက် မျှော်လင့်ထားတယ်...

သူမမှာ အစွမ်းအစမရှိဘူးဆိုရင်

လူကောင်းတစ်ယောက်နဲ့ 

လက်ထပ်နိုင်မှာလဲ မဟုတ်ဘူး.....။

Murong Yue က ဒီ industry ထဲမှာ

မင်းသမီးဖြစ်နေပေမယ့် သူမအဖေရဲ့

နောက်ခံအင်အားမပါရင် သူမအတွက်

အခွင့်အရေးတွေက နည်းပါးသွားမှာ...

ပျောက်ကွယ်သွားမှာ....

ဒါကြောင့် သူမတို့နှစ်ယောက်လုံး

အဖေ့ရဲ့ စကားကိုအမြဲနားထောင်ရတယ်။


Madam Murong ဟာ

သူမအရှေ့က စကားများနေကြတဲ့

မိသားစုကို ကြည့်ရင်း Hu Lei ကို

စိတ်တိုနေခဲ့တယ်.....။

Hu Leiတစ်ရက်လေးပေါ် လာမှုမှာ

အရင်ငြိမ်းချမ်းနေကြ သူတို့အိမ်မှာ

စကားတွေများနေကြတယ်.....။

ဒါပေမယ့်လည်း ကျန်တဲ့သူတွေလို

စိတ်တိုဒေါသထွက်နေတာကို သူမက 

မထုတ်ပြခဲ့ဘူး....။

အေးအေးချမ်းချမ်းနဲ့ပဲ နေလျက်ရှိနေတယ်..။


"သူမကို ဒီကိုဖိတ်ခေါ် ရတာ

အကြောင်းရင်းရှိတယ်....

သူမအဖေဟာ Murong Fai ကို 

ကုသပေးနိုင်တဲ့ တစ်ဦးတည်းသော

မျှော်လင့်ချက်ပဲ......။

သူမဟာ တည်တည်ငြိမ်ငြိမ်ပဲ ရှင်းပြခဲ့တယ်..


အဲ့လူရဲ့နာမည်ကို ကြားပြီး 

သူတို့မျက်နှာတွေဟာ 

ဒေါသထွက်မှုကြောင့် ပိုမိုနီရဲလာခဲ့တယ်...။


" အဲ့မသန်မစွမ်းကလေးကို

သမီးတို့ ဘာလို့ဂရုစိုက်ဖို့လိုတာလဲ "

Murong Yue ဟာ ရိုင်းစိုင်းစွာ

ပြောဆိုနေပေမယ့် သူမစကားတွေအတွက်

ဘယ်သူမှ အပြစ်တင်စကားမဆိုသလို

အားလုံးက ကျေနပ်နေကြသေးတယ်...။

ဒါပေမယ့်လည်း အဖေဖြစ်သူ Murong Cheng ရဲ့ မျက်နှာမှာတော့ 

ဒေါသအရိပ်အယောင်ဟာ 

ပိုများလာခဲ့တယ်.....။


" အဖေတို့မှာ ရွေးချယ်မှုမရှိဘူး

သူ့အကြောင်းကို ဂရုစိုက်ရမယ်...."

သူဟာ အေးစက်စွာပဲပြောလာတယ်....။


နောက်တကြိမ် Madam Lu ဟာ 

အခြေအနေကို ရှင်းလင်းအောင် 

ပြောပြဖို့ကြိုးစားလိုက်တယ်......။


" သမီးတို့သိတဲ့အတိုင်း အခုစီးပွားရေး

အခြေအနေက တင်းမာနေတာ....။

အဖိုးက ကုမ္ပဏီကထွက်သွားပြီဆိုပေမယ့်

သူဟာ အကြီးဆုံးရှယ်ယာရှင်ဖြစ်နေဆဲပဲ..။

မကြာခင်မှာ သူ့ရဲ့နေရာအတွက် 

သူ့ရဲ့ပိုင်ဆိုင်မှုတွေအတွက် 

သူကပေးဖို့ဆုံးဖြတ်တော့မှာ.....။

အခုလက်ရှိ သမီးတို့ရဲ့

ဦးလေးဟာ  သူ့မိန်းမMurong Ming 

ကြောင့် အကျိုးအမြတ်အရဆုံးသူ

ဖြစ်နေတယ်...။

အကယ်၍ အမေတို့ 

ဟန်မဆောင်နေကြဘူးဆိုရင် 

အရာအားလုံးကို ဆုံးရှုံးရမှာ...။

ကံကောင်းစွာနဲ့ပဲ မင်းတို့အဖိုးဟာ

Fai ကိုချစ်ခင်တယ်....

ဒါဟာ အမေတို့လက်ထဲရှိတဲ့

တစ်ခုတည်းသော ကဒ်ပဲ....

မဟုတ်ရင် သမီးတို့

တခြားကြွယ်ဝတဲ့မိသားစုကသားတွေနဲ့ 

လက်ထပ်ရမှာ မဟုတ်ဘူး.....။


ရှည်လျားတဲ့ရှင်းပြမှုဟာ 

နူးနူးညံံ့ညံ့လေးဖြစ်ပေမယ့် ပြောနေတဲ့

အမျိုးသမီးရဲ့ မျက်ဝန်းထဲက လိုအင်တပ်မက်မှုတွေကို ရှေ့ကမိသားစုတွေ

တွေ့မြင်နေရတယ်.... ။

Madam Lu ဟာ အမှန်တော့ အရမ်းကို

ထက်မြက်တဲ့ မိန်းမတစ်ယောက်ပဲ ။

သူမရဲ့ပထမအိမ်ထောင်နဲ့ ကွာရှင်းပြီးတာနဲ့

ဒီအလှအပသာမက်မောတဲ့ ချမ်းသာတဲ့

ယောကျာ်းတစ်ယောက်ကို 

သူမ အရယူနိုင်ခဲ့တယ်....။

သူမဟာ စီးပွားရေးအထိစီမံနိုင်ခဲ့တယ်....။


သူမရဲ့လက်ရှိယောကျ်ားဖြစ်သူဟာလည်း

သူမရဲ့ လူတွေရဲ့စိတ်ကို ဖတ်နိုင်စွမ်းနဲ့

အကျိုးအမြတ်ရအောင် ကိုင်တွယ်တတ်တဲ့

စိတ်ထားကို သဘောကျတယ်....။

သူမကြောင့်သာမဟုတ်ရင် 

သူ့ရဲ့အစ်ကိုဟာ ရှိသမျှအမွေတွေ 

ပိုင်ဆိုင်နေပြီး သူကတော့

ဘာမှမရှိတဲ့သူဖြစ်နေတာကြာပြီ.....။

သူ့ရဲ့သမီးတွေကိုပါ စောင့်ရှောက်ပေးရင်း

လက်ရှိကျန်နေတဲ့နေရာ ရနေတာဟာလည်း

သူမရဲ့အကျိုးကျေးဇူးတွေပါပဲ......။


" အကယ်၍ Murong Fai သာ

သက်သာလာမယ်ဆိုရင် 

ငါတို့မှာပိုပြီး လုပ်နိုင်စွမ်းရှိလာမယ်...

အဖိုးကသူ့အတွက်သေချာပေါက်

ရှယ်ယာတွေကို လွှဲပြောင်းပေးမှာပဲ....။

အကယ်၍ သူ့သားငယ်စဥ်မှာ 

သူသာသေသွားခဲ့ရင် အဖေက

စောင့်ရှောက်ပေးရမဲ့သူဖြစ်လာမယ်...။

မင်းတို့ဦးလေးရဲ့ လုပ်နိုင်စွမ်းဟာလဲ

အလျင်အမြန်ပျောက်ကွယ်သွားမှာပဲ...."


Murong Cheng ရဲ့မျက်လုံးတွေဟာ

လောဘတွေနဲ့ ပြည့်နှက်နေခဲ့တယ်......။


TBC.....



rate now:

1 Reviews
  • reader Kim Eun Byul 15.07.2021, 11:59 5

    💝

    reply