book

Index 10

Perfect Family

  • Author : Sakura
  • Genres : Romance, Drama
  • Original Author : FrozenAngel

အဝင်ဂိတ်ကနေ အတော်လှမ်းလှမ်း

လျှောက်လမ်းပြီးတဲ့ အခါမှာတော့ 

Hu Lei ဟာ အထင်ကြီးလောက်စရာ

နန်းတော်သဖွယ်ခမ်းနားတဲ့ စံအိမ်ကြီးရဲ့

အဝင်ဝရှေ့ကိုရောက်လာတယ်.....။


ကံကောင်းစွာနဲ့ပဲ သူမ ခန္ဓာကိုယ်ဟာလဲ

ပိတ်လှောင်ထားတဲ့နေရာမှာ သုံးလနီးပါး

နေခဲ့ပေမယ့် ကြည့်လို့ကောင်းတဲ့

အခြေအနေမှာရှိနေခဲ့တယ်.....။

သူမဟာ တံခါးဘဲလ်ကို 

တီးစရာမလိုခဲ့ဘူး.....။

သူမတံခါးရှေ့မရောက်ခင်လေးမှာပဲ

တံခါးဟာ အလိုအလျောက်ပွင့်လာရင်း

အဖြူနဲ့အနက် ယူနီဖောင်းဝတ်ဆင်ထားတဲ့

မိန်းကလေးတစ်ယောက် ထွက်လာခဲ့တယ်...။


အမှန်အတိုင်းပြောရရင် ခက်ထန်တဲ့မျက်နှာထားရှိတဲ့ မိန်းမကြီးတစ်ယောက်

ထွက်ကြိုဆိုမယ်လို့ သူမတွေးမိထားခဲ့တာ...။

ဒါပေမယ့်လည်း French ယူနီဖောင်း

ဝတ်ဆင်ထားတဲ့ လှပတဲ့အစေခံမလေး

ထွက်ကြိုတာကိုလည်း လက်ခံနိုင်ပါတယ်...။


" Miss Hu, ကျေးဇူးပြုပီး 

ကျွန်မနောက်လိုက်လာပါ....

Madam Murong က ရှင့်ကိုလမ်းပြပေးဖို့

ကျွန်မကို လွတ်လိုက်တာပါ.....။

မိန်းကလေးဟာ အနည်းငယ်ဦးညွှန့်ရင်း

သူမကိုပြောလာခဲ့တယ်.....။


လှပတဲ့အစေခံမလေးဟာ တံခါးကို

ပြန်ပိတ်ပြီး စံအိမ်ကြီးကိုဖြတ်ကျော်ရင်း

ဥယာဥ်ရှိရာ သူမကိုဦးဆောင်သွားခဲ့တယ်... ။

သွားနေခဲ့တဲ့ လမ်းတစ်လျှောက်လုံး 

Brunch မှာရောက်နေကြတဲ့ လူတွေရဲ့

စကားပြောသံတိုးတိုးတွေကိုကြားနေရတယ်။

လှပလွန်းတဲ့ ဥယာဥ်ထဲမှာတော့...

တပ်မက်ဖွယ်ကောင်းတဲ့ စားပွဲငယ်လေးတွေ

လှလှပပ ပန်းကန်များနဲ့ တည်ခင်း

ဧည့်ခံထားပြီး ဖိတ်ကြားခံထားရတဲ့

ဧည့်သည်တွေဟာလည်း ကျက်သရေရှိစွာ စားသောက်နေကြတယ်.....။


ဥယာဥ်အဝင်ဝကို Hu Lei ရောက်သွားသော်လည်း ဇာတ်လမ်းတွေထဲကလို

အားလုံးက လှည့်ကြည့်မလာခဲ့ဘူး...။

အမှန်တော့ သူမရောက်နေတာကိုတောင်

ဘယ်သူမှသတိမထားမိကြဘူး...။

ဧည့်သည်အားလုံး အချင်းချင်း

စကားပြောဆို ရယ်မောရင်း ဆက်လက်

စားသောက်နေကြဆဲပဲ......။


အစေခံမလေးဟာ Hu Leiကို 

ဥယာဥ်အလည်မှာရှိတဲ့ ဒီပွဲကိုကျင်းပတဲ့

သူတို့ရဲ့စားပွဲကို ခေါ် ဆောင်သွားခဲ့တယ်..။

Hu Lei ဟာ စိတ်ကိုငြိမ်အောင်

လုပ်ထားပေမယ့် သူမရဲ့လက်သီးကို 

တင်းတင်းဆုပ်ထားလိုက်မိတယ်....။

သူမအတွက် နှစ်ပေါင်းများစွာ 

မတွေ့ရတဲ့အမေဖြစ်သူက

တခြားမိသားစုမှာရောက်ရှိနေတာ 

အဆင်ပြေပေမယ့် ရှေ့က ပျော်ပျော်ရွှင်ရွှင်ပဲ

ရယ်မောရင်း စားသောက်နေတဲ့ ပြည့်စုံတဲ့

မိသားစုလေးသဖွယ် လူ၄ယောက်ကို 

အတူတူမြင်နေရတာတော့ 

အဆင်ပြေမနေဘူး.....။

သူမဟာ ပြုံးပျော်နေတဲ့ အမေ့မျက်နှာကို

စိုက်ကြည့်ရင်း ဒေါသထွက်လာတယ်...။

သူမတို့နဲ့ အတူရှိစဥ်က အမေဒီလိုမှ

မပျော်ခဲ့ဖူးပဲလေ.......။


သူမရောက်ရှိနေတာ သတိထားမိသွားတဲ့အခါ

အသက် အလယ်အလတ်လောက်ရှိတဲ့

မိန်းမကြီးဟာ သိမ်မွေ့စွာ နှုတ်ခမ်းကို

သုတ်ရင်း သူမကိုကြိုဆိုဖို့အတွက်

မတ်တပ်ထရပ်တယ်......။

Hu Lei ဟာ မျက်မှောင်ကြုပ်မိရင်း

ရှူပ်ထွေးမိသွားတယ်....

အရှေ့ကသူကို သူမဟာ

မမှတ်မိချင်သလိုတောင် ဖြစ်နေတယ်...။

သူမရဲ့ရုပ်ပန်းသွင်ပြင်ဟာ တူနေပေမယ့်လည်း အပြုအမူတွေက အရင်ကနဲ့

လုံးဝကို ကွာခြားနေခဲ့တယ်.....။


သူမမှတ်မိနေတဲ့ အမေဟာ 

အမြဲတမ်းကျယ်လောင်စွာ 

ကယောင်ချောက်ချားဖြစ်နေခဲ့ပြီး

အမေတစ်ယောက်လို နွေးထွေးမနေခဲ့ဘူး..။

အခုသူမရှေ့က သူဟာ 

နွေးထွေးမှုအပေါင်းလွှမ်းခြုံနေတဲ့

ဘုရင်မတစ်ယောက်လိုပဲ.....။

မိသားစုအသစ်နဲ့ ပျော်ရွှင်မှုကိုရှာတွေ့ပြီး

သူမ အမေဟာလူကောင်းတစ်ယောက်

ဖြစ်လာတယ်ထင်ပါရဲ့......။

Hu Leiဟာ အနည်းငယ်

ဝမ်းနည်းသွားပေမယ့်လဲ

သူမ ပျော်ရွှင်သွားမိတယ်.....

အနည်းဆုံးတော့ သူမအမေဟာ 

သူမကို တိရစ္ဆာန်တစ်ကောင်လို ဆက်ဆံတဲ့

သူတစ်ယောက် မဟုတ်နေတော့ဘူး....။


" ကျွန်မကို ဒီကိုဖိတ်ကြားပေးတဲ့အတွက်

ကျေးဇူးပါ Madam Murong... "

သူမဟာ အနည်းငယ်ပြုံးရင်း

နှုတ်ဆက်လိုက်တယ်.......။


Supreme မြို့ကြီးကို ပြန်လာဖို့ 

Hu Lei ဆုံးဖြတ်ခဲ့စဥ်က သူမရဲ့

အတိတ်ကရန်သူတွေကိုလဲ မေ့ပျောက်ဖို့

သူမ ကျိန်ဆိုခဲ့တယ်.....။

ငယ်ငယ်တုန်းက ဖြစ်ခဲ့တဲ့အရာတွေအတွက်

အမုန်းတရားကို လက်ကိုင်ထားရင်း

ကလဲ့စားချေရမှာတွေကို သူမ 

မလုပ်ချင်တော့ဘူး.....။

အချိန်တစ်ခုအထိ ကြာမြင့်ခဲ့ပြီပဲ....

သူမ ဘဝအသစ်ကို 

အေးအေးဆေးဆေးပဲ

ဖြတ်သန်းချင်တော့တယ်.....။


သူမနောက်တစ်ကြိမ် 

အရူးလုပ်မခံတော့သလို

ပိုပြီးလဲ ဂရုစိုက်မှာပါ....

ဒါပေမယ့် အတိတ်ကို​တော့ 

အတိတ်မှာပဲချန်ခဲ့တော့မယ်......။


" Hu Lei သမီးအနည်းငယ်

နောက်ကျပေမယ့် ရောက်ဖြစ်အောင်

လာခဲ့ပေးလို့ အမေဝမ်းသာပါတယ်..."

သူရဲ့အသံတွေထဲ မနှစ်မြို့သယောင်

သတိပေးချက်လိုလိုတွေပါဝင်နေခဲ့တယ်...


အမေဖြစ်သူရဲ့စကားကို 

နားထောင်ရင်း Hu Lei ဟာလဲ

ပိုပြီးဒေါသထွက်လာခဲ့တယ်...

ဒါပေမယ့်လည်း ထုတ်ပြလို့မရတဲ့အတွက်

သူမ အပြုံးမပျက်ပဲ နေလိုက်တယ်.....။

ဒီပွဲမှာ သူမ ဘာပြသာနာမှ

မဖြစ်စေချင်ဘူး.....

သူမဟာ ဒီကိုမကြာခဏ 

လာလည်ရမယ်ဆိုတာကိုလည်း 

သတိပြုမိသွားတယ်....။


သူမရဲ့တိတ်ဆိတ်နေမှုဟာ 

အနည်းငယ် ကသိကအောက်

ဖြစ်နေပေမယ့် စားပွဲမှာ ထိုင်နေကြတဲ့

အမေ့ရဲ့ မိသားစုအသစ်ဟာ

ဘာမှမပြောဘူး.......။

သူမဟာ တစ်ဖက်ကိုအလျင်အမြန်

ရွှေ့ရင်း ထိုင်လိုက်တယ်.....။


" Hu Lei....

ဒါက အမေ့ရဲ့ခင်ပွန်း Murong Cheng တဲ့"

သူမဟာ အသံကျယ်ကျယ်နဲ့ 

မိတ်ဆက်ပေးပြီး သူမအသံကို

ပြန်ထိန်းချုပ်ခဲ့တယ်......။


သူ့ထိုင်ခုံမှာထိုင်ရင်း သင့်တယ်စွာ

စားသောက်နေတဲ့ လူကြီးကို 

Hu Lei ကြည့်လိုက်မိတယ်.... ။

အဲ့လူကြီးကလဲ Hu Lei ကိုကြည့်ရင်း

သူ့မျက်နှာမှာ လက်မခံနိုင် မလိုလားတဲ့

အရိပ်အယောင်တွေ ရှိနေပေမယ့် သူမကို

အသိအမှတ်ပြုတဲ့ သဘောနဲ့

ခေါင်းငြိမ့်ပြတယ်......။

သူမဟာလဲ ခေါင်းပြန်ငြိမ့်ပြလိုက်တယ်...။


" ပြီးတော့ဒါက အမေ့ရဲ့ကလေးတွေ

Murong Yue နဲ့ Murong Yan တဲ့..."

သူမအမေဟာ တစ်ဖက်မှာထိုင်နေသူတွေကို

ညွှန်ပြရင်း ပြောတယ်.....။


Murong Yue နဲ့ Murong Yan ဟာ

အသက်အရွယ်အတူတူလောက်ပဲ

ရှိမယ်ထင်တယ်.....

ဒါပေမယ့်လည်း အပြင်ပန်းကနေ 

ခန့်မှန်းရရင် သူတို့နှစ်ယောက်ရဲ့ 

ရုပ်ရည်တွေဟာ လုံးဝကွာခြားတယ်...။

အသက်တူပြီး ရုပ်မတူတဲ့ 

အမြွှာနှစ်ယောက်နဲ့တူတယ်.....။


Murong Yue ဟာ အနည်းငယ်ပိုပြီး

လှပတယ်....သူမရဲ့အလှဟာ 

အားလုံးကြွေဆင်းစေမယ့်အထိ

မဟုတ်ပေမယ့် သူ့ဟာနဲ့သူ လှနေတယ်...။

သူမဟာ ဆွဲဆောင်မှုရှိတဲ့ဘက်မှာရှိတယ်...။

သူမ မျက်နှာဟာ သေးသွယ်ပြီး

လှပတင့်တယ်တယ်.....

သူမရဲ့ တောက်ပတဲ့

မျက်ဝန်းတွေဟာလဲ စူးရှတယ်...။

ထပ်ပေါင်းပြောရရင် သူမရဲ့ ပုခုံးပေါ်

ကျလျက်ရှိသော ဆံနွယ်တွေဟာ 

သူမကို လပြည့်ဝန်းပမာ 

တောက်ပလှပစေတယ်.....။


တစ်ဖက်မှာတော့ Murong Yan ဟာ

အရမ်းကြီးလှပ မနေခဲ့ဘူး......။

သူမရဲ့ မျက်နှာထားဟာ 

သူမအဖေနဲ့ပိုဆင်တယ်.....

ဒါပေမယ့်လည်း ကြော့ရှင်းစွာ

 အထက်တန်းဆန်ဆန်

တင့်တယ်မှုဟာ သူမစီမှာ ပေါ် လွင်နေဆဲပဲ။


အမေရဲ့ မိတ်ဆက်ပေးမှာအပြီးမှာ

သူတို့ကလည်း သူမရဲ့ ပုံစံ အပေါ်

တစ်ချက်သာ ငေးကြည့်ရင်း....

အသိအမှတ်မပြုကြဘူး....။

သူတို့နှစ်ယောက်လုံး သူမကိုမနှစ်မြို့တာ

Hu Leiဟာ မြင်နိုင်တယ်.....။

ဒါပေမယ့်လည်း သူတို့ရဲ့အပြုအမူတွေမှာ

ကွာခြားချက်တွေ ရှိနေတယ်....

လှပတဲ့ Murong Yue ရဲ့ မျက်ဝန်းတွေဟာ

ဒေါသကြောင့်နီရဲနေပြီး သူမဟာ 

အံကြိတ်ထားခဲ့တယ်.....

ကြော့ရှင်းသော Murong Yan ကတော့

သူမကို မနှစ်မြို့ပုံ ပေါ်ပေမယ့်

တည်တည်ငြိမ်ငြိမ်ပဲ ထိုင်နေခဲ့တယ်.....။


သူတို့ရဲ့ပုံစံတွေကိုမြင်ပြီး

သူမအမေဟာ မျက်ဝန်းတွေနဲ့

သတိပေးနေပေမယ့်လည်း သူမက 

သူတို့နှစ်ယောက်ကို နှုတ်ဆက်ဖို့

စိတ်မပါတော့ဘူး...။


သူမရဲ့အပြုအမူအပေါ် 

အမေဖြစ်သူဟာ သဘောမကျသလို

မျက်မှောင်ကြုပ်ရင်း စိုက်ကြည့်နေခဲ့တယ်..။


ပြိီးတော့ သူမရဲ့ အလေးမထားသလို

ပြုမူပုံက အဲ့ညီအစ်မနှစ်ယောက်နဲ့

သူတို့အဖေရဲ့ ဒေါသကို ဆွပေးနေသလို

ဖြစ်နေခဲ့တယ်........။

Hu Lei ဟာ သူတို့ကို သူမမျက်စိထဲ

မရှိသလို သူမအရှေ့မှာ မရှိသလို

အဖက်မလုပ်ပဲ

အေးဆေး ထိုင်နေခဲ့လိုက်တယ်....။

သူတို့ရဲ့ ဒေါသတွေနဲ့ ပုံစံတွေကို

သူမက ဘာကိစ္စကြောင့်ဂရုစိုက်ဖို့

လိုအပ်မှာလဲ....?

သူမရဲ့ မိသားစုမှ မဟုတ်ပဲလေ....။


TBC.....


rate now:

2 Reviews
  • reader Kim Eun Byul 15.07.2021, 11:59 5

    ☺️🥰

    reply

  • reader Kim Eun Byul 15.07.2021, 11:59 5

    ☺️🥰

    reply