"အို ဒီနေ့ နတ်ဆိုးဧကရာဇ်
မပျော်မရွှင် ဖြစ်နေတာလား? "
Table အနီးကို တဖြည်းဖြည်းချင်း
ကပ်သွားရင်း သူမဟာ ရယ်ရင်းမေးမိတယ်
"နင်အဲ့အတိုင်း သက်ပြင်းဆက်တိုက်ချနေရင်
ကောင်မလေးရမှာမဟုတ်ဘူးနော် "
သူမရဲ့ကလေးဆန်ဆန် စနောက်တဲ့ဟာကို
ကိုယ်တော်ချောလေးက အဖက်တောင်
မလုပ်ဘူး...
"နင်စိတ်ဆိုးနေတာလား? စိတ်မပူပါနဲ့
နင်ကောင်မလေးမရတော့ရင် ငါကနင့်ကောင်မလေး ဖြစ်ပေးမယ်လေ "
သူမဟာ ဂုဏ်ယူဝမ်းသာစွာနဲ့ပဲ ပြောလိုက်တယ်
"ကိုယ်က မင်းကို ကိုယ့်ကောင်မလေးအဖြစ်
ဘာလို့လက်ခံရမှာလဲ? "
တယုတယပြောလိုက်တဲ့ သူ့အသံလေးဟာ
သူမကို မူးယစ်စေတယ်.. နစ်မွှန်းသွားစေတယ်
"ဟင့်..နင်ငါ့ကို နင့်ကောင်မလေးအဖြစ်ရရင်
တကယ်ကံကောင်းမှာနော်...
ငါက မယုံနိုင်လောက်အောင်
ချစ်ဖို့လဲကောင်းတယ်...
မယုံနိုင်စရာကောင်းလောက်အောင်
IQ ကလဲ မြင့်သေးတယ်.."
သူမအသံဟာထင်ရှားစွာပဲ တိုးသွားတယ်....
" ပြီးတော့ ငါကကောင်လေးလဲ
ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး...
ဒါကြောင့် ငါဟာ အပြည့်အဝနင့်အပိုင်ပဲ..."
"မင်းကိုယ့်ကိုယုံကြည်လက်ခံစေခဲ့တယ်..
မင်းကိုယ့်ကောင်မလေး ဖြစ်နိုင်ပါတယ်"
သူ့ရဲ့မျက်လုံးဟာ နတ်ဆိုးတစ်ကောင်
စိတ်အားထက်နေသလိုမျိုး တလက်လက်နဲ့ တောက်ပနေတယ်...
"နင်ဒါကိုအလုပ်ဖြစ်မယ်ထင်လို့လား?
နင်က ငါ့ထက် နှစ်ပေါင်းတစ်ရာပိုစောပြီး ကောက်ကျစ်လာတာ...
အကယ်၍ ငါ့ကိုနင့်ကောင်မလေးအဖြစ်
လိုချင်ရင်တော့ နင့်ရဲ့ရိုးသားမှုတချို့ကို
ပြသင့်တယ်...
နတ်ဆိုးဧကရာဇ်အနေနဲ့..
ငါ့ရဲ့မျှော်လင့်ချက်တွေဟာ ကြီးမားတာ
နင်နားလည်မှာပါ...
နင်ငါ့ကို ရတနာတွေပေးဖို့ လိုတယ်..
ငါ့ကိုရှာဖွေကျွေးရမယ်....
နင့်အနီးနားက အပျော်တွေကိုမေ့ပြီး
ငါ့ကိုပဲ ကြည့်ရမယ်...
တစ်ဘဝလုံးကို တာဝန်ယူပေးတာလဲ
သိပ်မဆိုးပါဘူး...."
"အရမ်းကောင်းပါတယ်တဲ့ဗျာ..."
သူဟာပြုံးရင်းနဲ့ပြန်ဖြေခဲ့တယ်....