"စစ်ဘေးရှောင်များ-အပိုင်း(၁)"
----------------------
"အုန်း"
ဆိုပြီး အသံတချက်ကြားတော့ ကျွန်တော် မိုးချုန်းသည် ထင်လိုက်သေးတယ်။ နောက် စက္ကန့် ၃၀လောက်နေတော့ "အုန်းခနဲ" အသံ ခပ်အုပ်အုပ်ထပ်ကြားသည်။
"အဲ့ဒါ လက်နက်ကြီးပစ်သံနဲ့ ကျသံပေါ့ ဆရာလေးရဲ့" လို့ ချင်းအမျိုးသမီးကြီးကပြောသည်။ သူ့ရဲ့မျက်နှာသိပ်မကောင်းလှ။ သူမှမဟုတ်ပါဘူး။ ဘေးပတ်ဝန်းကျင်က လူများလည်း ထမင်းစားနေရာမှ တုန့်ခနဲ ရပ်ပြီး အသံလာရာအရပ်မျက်နှာကို မှန်းမျှော်ကြည့်ကြသည်။ ပြီးတော့ တိုးတိုးတိုးတိုးနဲ့ ဆုတောင်းပေးကြသည်။
"ဒီမှာတော့ အသားကျနေပြီ အဲ့အသံနဲ့၊ သူတို့က ပစ်ချင်ရင် ပစ်နေတာပဲ၊ ဒီစခန်းလည်း စိတ်မချရဘူး၊ အလံဖြူထောင်လည်း ထောင်တာပဲရှိတာ၊ ပစ်လိုက်ရင်လည်း ခံရမှာပဲ" လို့ ကျွန်တော့်ကို အဲ့ချင်းလူမျိုး အဒေါ်ကြီးက ဆက်ပြောသည်။
"အဲ... အဲ့မင်းတပ်သိမ်းတဲ့ညက ပြေးတာ ပြေးတာ၊ ဘယ်ပြေးလို့ပြေးမှန်းလည်း ကျွန်မ တို့မသိ၊ ချောင်းရိုးတလျှောက် နီးစပ်ရာ ကလေးဆွဲပြီးပြေးတာပဲ၊ ကျွန်မ ကလေးက ၅ယောက်၊ အဲ့ကလေးတွေလည်းပြေးတုန်းက ဘယ်ရောက်လို့ရောက်မှန်းမသိ၊ မြင်တဲ့ကလေးလည်း သူစိမ်းတွေဘာတွေ မသိ၊ ဆွဲပြီးပြေးတာပဲ"
"ကလေးတွေ ပြန်ရောတွေ့ရဲ့လား လို့ ကျွန်တော် စကားကိုဖြတ်ပြီး မေးလိုက်တယ်။
"ပြန်တွေ့တယ်၊ ကျွန်မ ကလေးတွေကိုလည်း နီးစပ်ရာလူတွေက ဆွဲပြီး ပြေးလာကြတယ်၊ နားတဲ့ နေရာရောက်မှ ကလေးချင်း လဲကြရတာပေါ့" လို့ ပြန်ပြောတယ်။
အဲ့တော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်တော့တယ်။
"တောထဲမှာ ၁၀ရက်၊ မြောက်ဘက်က ပစ်သံကြားရင် တောင်ဘက်ကို ပြေး၊ တောင်ဘက်ကြားရင် မြောက်ဘက်ကို ပြေးပေါ့၊ ပြီးတော့မှ ဒီမှာ ဒုက္ခသည်တွေ လက်ခံတယ်ဆိုတော့ ခြေကျင်လျှောက်ပြီး လာတာပါပဲ" လို့ တရစပ်ပြောတယ်။ စကားက ဝဲတော့ ကျွန်တော် တော်တော် နားစိုက်ပြီးနားထောင်နေရတယ်။
"ဒီအထိကို မင်းတပ်ကနေ ခြေကျင်လာတာလား" လို့ ကျွန်တော် ပြန်မေးလိုက်တယ်။
"မဟုတ်ဘူးတော့၊ "P"ရွာက ကျွန်မတို့ လာပြီ သတင်းကြားတာနဲ့ ရှိတဲ့ ဆိုင်ကယ်လေးတွေနဲ့ ရွာလုံးကျွတ်လာကြိုတာပဲ၊ အမှန်ဆို၊ တညအိပ်လောက်ကို အဲ့ခရီးက လျှောက်ရတယ်၊ သူတို့လည်းပါတော့ အဲ့နေ့က နေ့ချင်းကိုရောက်တာ"
အဲ့"P"ရွာက ဆင်းရဲတယ်၊ ဆိုင်ကယ်တွေမှ အစုတ်တွေ၊ အစုတ်တွေ။ ဘယ်နှခုနှစ်ကဝယ်သလားတောင်မသိဘူး၊ ဆိုင်ကယ်ဆီကလည်း နည်းနည်းစီ အချင်းချင်းမျှပြီး မရောက်ရောက်အောင် လာကြတာ၊ ကျွန်မတို့မှာ တောထဲ ပြေးပြီး ၁၀ရက်ကြာ သူတို့ တွေ့တော့မှ အမျိုးတွေ တွေ့သလိုကိုဖက်ပြီး ငိုကြ၊ နှုတ်ဆက်ကြနဲ့ ဆရာလေးရေ" လို့ပြောတယ်။
"အဲ့ဒါ ကျွန်မတို့ ကောင်းကောင်းကို မှတ်ထားတယ်။ အခြေအနေကောင်းလို့ အဲ့ရွာက ဆိုတာနဲ့ ကျွန်မတို့မြို့မှာ အကုန် ဖရီးပဲ၊ သူတို့ ကျေးဇူးရှိတယ်၊
သူတို့ကိုလည်း မှာထားတယ်၊"ဟေး..ငါကတော့ မမှတ်မိဘူးနော် နင်တို့ကို၊ နင်တို့ မင်းတပ်ရောက်ရင်သာ ငါ့ကိုတွေ့ရင် အဲ့နေ့က လိုက်ပို့တဲ့အဖွဲ့လို့ ပြောလိုက်၊ ထမင်း တလလောက် တင်ကျွေးထားမယ်နော" လို့မှာထားတယ် လို့ တဆက်ထဲပြောသည်။ ပြောနေရင်း သူ့ မျက်ရည်ကြည်လေးတွေဝဲလာတာကို ကျွန်တော်တွေ့နေရသည်။
"အဝေးကြီးလည်းမသွားချင်ဘူး၊ ကျွန်မ အဝေးဆုံး ပခုက္ကူပဲရောက်ဖူးတာ၊ ဆရာလေးတို့ အောက်ပြည်ဆိုတာ ဝေလာဝေးပေါ့၊ အခု အခြေအနေကောင်းတာသေချာရင်တော့ မင်းတပ်ပြန်မှာ၊ ကိုယ့်မြို့ပဲ ပျော်တယ်။ရာသီဥတုလည်း နေလို့ကောင်းတယ်လေနော့။ လောလောဆယ်တော့ မပြန်ပါဘူး။ အဲ့ကောင်တွေကို အယုံအကြည်ကိုမရှိဘူး။ လမ်းမှာ အစစ်အဆေးလည်း မခံနိုင်ဘူး၊သူတို့ စိတ်မကြည်ရင် ပစ်သတ်မှာကိုး"လို့ ပြောသေးတယ်။
"ကျွန်မတို့ဆိုင် ဝင်ထွက်နေကြ ကလေးဆို ဝင်တိုက်တုန်းက မိသွားတာလေ၊ အဲ့ဒါ နောက်က သေနတ်ထောက်ပြီး လူသားဒိုင်း လုပ်တာပေါ့၊ သေနတ်ထောက်ခံရတဲ့ လူတွေကလည်း အော်ပြီး တက်လာတာ၊ "ဝေး ငါတို့ကို ပစ်လိုက်၊ အားမနာနဲ့၊ ဒီကောင်တွေသာ သေပါစေ" ဆိုပြီး။ မြို့ထဲက တူမီးတွေနဲ့ အဝင်လမ်းမကြီးကို ချိန်ထားတဲ့လူတွေကလည်း မပစ်ရက်တော့ ငိုကြပေါ့၊ အဲ့ဒါကို နောက်ကနေ တဟီးဟီးတဟားဟားနဲ့ ရယ်ပြီး ချီတက်လာတာ၊ လူမဆန်တဲ့ဟာတွေ" လို့ တဆက်ထဲပြောတယ်။ ပြောရင်းနဲ့ အဲ့အချိန်ကိုပြန်တွေးမိရင်း ဒေါသထွက်လာပုံရတယ်။
"ကျွန်မတို့ကလေးတွေ ဘာသင်တန်းမှမတက်ထားဘူး၊ စစ်ရေးဗျူဟာလည်း ဘယ်သိလိမ့်မတုန်း၊ ဒီတိုင်း မခံချင်စိတ်နဲ့ တအိမ်တယောက် ယောကျာ်းတိုင်းထွက်ကြတာ၊ အဲ့ဒါတောင် ဒဲ့ ဒဲ့ ပစ်ရင် ဟိုဘက်က မနိုင်ဘူး၊ ရဟတ်ယာဉ်နဲ့ရော၊ လက်နက်ကြီးနဲ့ သွားမယ့်နေရာကို ပစ်၊ ပြီးတော့မှ ချီတက်ရဲတာ"
"ဘယ်က စစ်သားတွေလဲမသိပါဘူး၊စစ်သားအစစ်ရောဟုတ်ရဲ့လားမသိ၊ လက်သည်းကြီးတွေ အရှည်ကြီးနဲ့၊ မြင်းဆေးတွေလည်း အသေချပြီး မဲမဲမြင်ရာကို ပစ်တာ" လို့ အဒေါ်ကြီးက ဆက်ပြောတယ်။ ကျွန်တော်နားထောင်ရင်း မွန်းကြပ်လာသည်။
"အောက်ပြည်၊ လှိုင်သာယာမှာ ဖြစ်တုန်းကဆို ကျွန်မတို့မှာ ဝမ်းနည်းလိုက်ရတာ၊ အောက်ပြည်က ကလေးတွေ အပစ်ခံရတာ မနည်းမနော နော့၊ ကျွန်မတို့ဆီဖြစ်ရော ဘယ်နေလိမ့်မလဲ၊ ကျွန်မ ပိုက်ဆံခြစ်ကုတ်စုထားတာ ၃သိန်းရှိတယ်။ ကလေးတွေဆီလှူပလိုက်တာ၊ ဘာလက်နက်အထွေအထူးမှလည်းမဟုတ်ပါဘူး။ ပိုက်လေးတွေဆက်ပြီး Videoကြည့်လုပ်ကြတာပါပဲ။ ဟိုကောင်တွေနိုင်သွားရင်တော့ မလွယ်ဘူးနော့၊ ကျွန်မတို့ မင်းတပ်ပြန်လို့ကို မရတော့ဘူး။
"ဘယ်လိုဖြစ်လို့ ပြန်လို့မရတာတုန်း" လို့ ကျွန်တော်မေးတော့။
"အမှုတွဲကို နည်းမှာ မဟုတ်ဘူး ဆရာလေးရေ၊
နောင်ဘဝထိ ထောင်ကျနေမှာ" ဆိုပြီး တဟားဟားရယ်ပြီးပြောတယ်။ ကျွန်တော်လည်း ပေါ့ပေါ့ပါးပါးလိုက်ရယ်မိတယ်။
အဲ့ဒါလေ ...ဆရာလေး အောက်ပြည်ပြန်ရင် ပြောပေး၊ မြန်မြန်တိုက်"လို့။
"ရန်ကုန်ကတိုက်ရင် တပြည်လုံးနိုင်ကိုနိုင်မှာပဲနော့" လို့ ပြောတယ်။
ကျွန်တော် ရယ်နေတာ အရယ်ရပ်သွားတယ်။ သူ့ကို ဘယ်လိုရှင်းပြရမလဲမသိ၊ ချိတ်ဆက်ဖို့လိုကြောင်း၊ အချိန်ကောင်းစောင့်ဖို့ လိုကြောင်း၊ ဘယ်လိုအခြေအနေရှိကြောင်း ၊ လူကြီးတွေ ဘယ်လိုမျိုး စီစဉ်နေကြကြောင်း၊မည်သို့မည်ပုံရှင်းပြရမလဲမသိ။
အဲ့ဒါနဲ့ ကျွန်တော်လည်း
"စိတ်ချ၊ စိတ်ချ၊ တိုက်မှာ တိုက်မှာ၊ ရန်ကုန်ကလည်း သေချာပေါက်တိုက်မှာ၊ တပြည်လုံးကို တိုက်ကြမှာ၊ ကျွန်တော်ကတိပေးတယ်" လို့ပဲပြောလိုက်တယ်။
ထိုအခါ ချင်းအမျိုးသမီးကြီးရဲ့ မျက်နှာသည် ပြုံးရွှင်သွားတော့သည်။
ထိုစဉ် "မေ့ ထမင်းစားမယ်" လို့ ၂နှစ်အရွယ်ကလေးလေး လာခေါ်သည်။
"ဒီမှာလေ အငယ်ဆုံးလေး၊ အဲ့ညကပြေးတော့ တွေ့တဲ့လူက သူ့လွယ်အိတ်ထဲ အမြန်ထည့်ခေါ်လာတာ၊ကံကောင်းလို့ မသေတာ၊ စခန်းရောက်မှ ကလေးချင်းပြန်လဲရတယ်။
ကလေးလေးဟာ သူရဲ့ နှပ်ချေးတွေကို လက်ခုံနဲ့သုတ်ပြီး ကျွန်တော့်ကို ကြည့်နေတယ်။
"သွားဦးမယ် ဆရာလေးရေ၊ တကယ်အားရှိသွားပြီ။ အောက်ပြည်က လာမလှူလည်းနေ၊ ရတယ်၊ ကျွန်မတို့က ဆန်ပြုတ်နဲ့စားလည်း ရတယ်၊ ရန်ကုန်ကသာ တိုက်ဖြစ်အောင်တိုက်၊ မြန်မြန်တိုက်နော်" လို့ ကျွန်တော့်ကို လှမ်းပြောတယ်။
ကျွန်တော်ကလည်း "တိုက်မှာ တိုက်မှာ " လို့ ပြန်ပြုံးပြနှုတ်ဆက်လိုက်သည်။
ထိုစဉ် "အုန်းခနဲ" အသံထပ်ကြားသည်။ လူတွေကလည်း စားနေရာမှ ရပ်ပြီး အသံဘက်ကို ပြိုင်တူပင် ကြည့်ကြသည်။ သူတို့မျက်နှာတွေမကောင်းလှ။ သူတို့စိတ်နှလုံးတွေလည်း မျက်နှာတွေလိုပင် မကောင်းကြတော့ချေ။
ချင်းအမျိုးသမီးကြီးကား ထမင်းစားဖို့ စီတန်းနေသော လူတွေဆီပြေးသွားသည်။
"ဟေး အောက်ပြည်ကလည်း တိုက်မှာ သေချာတယ်တဲ့နော်" တဲ့။ လူအများကလည်းဟေးခနဲအော်ပြီး လက်များဝှေ့ယမ်းကြသည်။
ကျွန်တော်မှာလည်း သွားအဖြဲသားနဲ့ ရောယောင်ပြီး ဟေးခနဲအော်လိုက်ရတော့သည်။
#Myo #8.6.2021 #whatishappeninginmyanmar
For More Content- https://www.facebook.com/2237382573168589/posts/2860601507513356/?d=n

Credit: