စစ်ပြေးတွေနဲ့ မင်းတပ် CDF ကြားက ရင်ကိုထိရှတဲ့ အဖြစ်အပျက်
===========
CDF မင်းတပ် ရဲဘော်တစ်ေယာက်က ကိုယ်တွေ့အဖြစ်အပျက်ရေးသားထားတာဖြစ်တယ်။
-------------
စစ်တပ်ကထွက်ပြေးလာတယ်လို့ယူဆရတဲ့ စစ်သားတချို့ကိုမိတာ ၁လလောက်ရှိပြီ။
သူတို့ကို မရိုက်နှက်ခဲ့ဘူး။ ကြိုးနဲ့ မချည်ထားဘူး။ နေချင်သလို နေခွင့်ပေးပြီး ထမင်းကျွေးထားခဲ့တယ်။
အစောင့်နဲ့တော့ထားရတယ်။ ဆေးလိပ်နဲ့ခေါင်ရည်ကို တတ်နိုင်သလောက်စီစဉ်ပေးခဲ့တယ်။ ဒီလိုနဲ့ သူတို့ရောက်ပြီး၂ပါတ်ကျော်အကြာမှာ ကျနော်တို့ ချီချောင်းဖက်က CDF တွေက ကန်ပက်လက် ဖက်မှာတပ်ကျွံနေတုန်း စစ်မျက်နှာ ၃ဖက်အညှပ်ခံရပြီး တပ်ဆုတ်ရဖို့အခြေနေဖြစ်လာခဲ့တယ်။
အဲ့မှာ ရွာသူရွာသားတွေ၊ သက်ကြီးရွယ်အိုတွေ ၊ကလေးသူငယ်တွေအားလုံး စစ်သားတွေရန်ကကြောက်ပြီးရွာတွေကနေဝရုန်းသုန်းကားထွက်ပြေးကြရတော့တယ်။
တပ်ပြေးတွေကိုလဲ ဆက်လက်ထိမ်းသိမ်းထားဖို့မဖြစ်နိုင်တော့လို့ သူတို့ကိုမရှိရှိတဲ့ကြားထဲကနေ လမ်းစရိတ်၅သောင်းစီပေးပြီး ထွက်ပြေးခိုင်းတော့ သူတို့မျက်နှာတွေ မကောင်းတာပဲသတိထားမိခဲ့တယ်။
ဒီလိုနဲ့ တပ်ဆုတ်နေရင်း ရွာတစ်ရွာနားမှာ ကျနော်တို့ CDF တွေတပ်စွဲထားတဲ့ချိန် အဲ့စစ်ပြေးတွေကိုတစ်ခါထပ်တွေ့တော့ သူတို့ခမျာ ခလေးပိုးတဲ့သူကပိုး၊ အထုပ်ထမ်းတဲ့သူကထမ်း၊ တူမီးကိုင်တဲ့သူကကိုင်နဲ့ စစ်ဘေးရှောင်အုပ်စုကို ဦးဆောင်လာတာဗျ။
တကယ်အံသြမိသွားတယ်။
"နင်တို့မပြန်သေးဘူးလား"လို့ ကျနော်မေးတော့ "ကျနော်တို့ကိုထမင်းကျွေးခဲ့တဲ့ရွာကိုပစ်ပြီး ဒီတိုင်းထွက်မသွားနိုင်သေးဘူး၊ သူတို့ဘေးကင်းရာရောက်ပြီးမှပြန်မယ်" ဆိုတော့
ငယ်ငယ်တုန်းကကြည့်ဖူးတဲ့ ဗီယက်နမ်စစ်ကားလေးကို မျက်စိထဲတန်းမြင်ယောင်မိလာတော့တယ်။
မင်းသားက အာနိုးထင်တယ်။ ဗီယက်နမ်ကိုစစ်တိုက်သွားတဲ့ အမေရိကန်မရိန်းစစ်သားက သူ့ကိုကာကွယ်ပေးခဲ့တဲ့ဗီယက်ကောင်းရွာလေးကို ပြန်ကာကွယ်ပေးခဲ့တဲ့ စစ်ကားလေး။
အဲ့လိုနဲ့ နောက်နေ့တွေမှာ ကျနော့်ဘေးနားမှာသူတို့ကို နေခွင့်ပေးလိုက်တော့တယ်။တူမီးလေးတွေကိုယ်စီကိုင်လို့ (အစကတော့ သူတို့ကို မယုံသေးပါဘူး)
ကျနော်ယုံကြည်ပါတယ်။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ် 😍
နောက်နေ့ကျရင် သူတို့နဲ့မိတ်ဆက်ပေးမယ်နော
သူတို့လက်ထဲကို သူတို့ရဲ့သေနတ်အစစ်တွေပြန်ထည့်ပေးနိုင်ဖို့အချိန်မဝေးတော့ပါဘူး။
Credit:
https://m.facebook.com/story.php?story_fbid=3079793095574874&id=1722606901293507&sfnsn=mo