book

Index 6

သတိထားရမယ့် ဆက်ဆံရေး

  • Author : Mr. Tyfone
  • Genres : Comedy, Drama, Psychology, Poem

လင်မယား စုံတွဲ တတွဲဟာ တရားသွားနာကြတယ်

အဲ့ဒီမှာယောက်ျားဖြစ်သူက ဖုန်း ကိုပိတ်ထားဖို့မေ့သွားတယ်။

ဘုန်းကြီးက တရားချနေတုန်း ဖုန်းကဝင်လာရော ..ဖြစ်ချင်တော့ ဖုန်းသံကအကျယ်ကြီးမြည်နေတယ်။

ဒါနဲ့ဘုန်းကြီး ကအပြစ်ပြောတာခံလိုက်ရတယ်။


တရားနာနေတဲ့သူတွေကလည်း အကုန်လုံးဝိုင်းကြည့်ကြပါလေရော။


တရားနာလည်းပြီးရော တစ်ချို့က သူ့ဆီလာပြီး အပြစ်တင်ကြပြောကြတယ်။ယဉ်ကျေးမှု့မရှိဘူး ဒေသံကာလံ ကိုနားမလည်ဘူး

အသိတရားနည်းပါးလိုက်တာတရားလာနာတာ ဖုန်း သံ မပိတ်ပဲ သူများကိုအနှောက်အယှက်ဖြစ်အောင်လုပ်တယ် သမာဓိ ပျက်တယ် စသ ဖြင့်ပေါ့။


အိမ်အပြန်ကားပေါ်ရောက်တော့မယားဖြစ်သူကလည်း ဆူပူပါလေရော။ သူလဲစိတ်ညစ်စိတ်ရှုတ်တာနဲ့ ဘား ကိုသွားပြစ်လိုက်တယ်။


ဘားထဲရောက်တော့လည်း မနက်က သူ့အပြစ်ကြောင့် သူတကာဝိုင်းပြောတာအပြစ်တင်တာခံရတာကို တွေးနေမိပြီး သတိလက်လွတ်နဲ့ ဘီယာပုလင်း ပြန်ချ တော့ စားပွဲခုံ ကနေ လွတ်ပြီးအောက်ပြုတ်ကျပါလေရော


ဘီယာ ပုလင်းကွဲပြီးပုလင်းကွဲစတွေပြန့်ကျဲကုန်တယ် ဘီယာတွေလဲ အင်္ကျီ အဝတ်အစားတွေ ကိုလာစင်ကုန်တယ်


ချက်ချင်းပဲလူ ၂ ယောက် ၃ ယောက်လောက်သူဆီ လှမ်းလာ ကြတယ် သူ့စိတ်ထဲဒီနေ့တော့ တော်တော်ကို ကံဆိုးတဲ့နေ့ပဲ ထပ်ပြီး

အပြစ်တင်ခံရတော့ မှာပဲ လို့တွေးနေမိတယ်။


ဒါပေမဲ့ ...

သူထင်ထားတာနဲ့တခြားစီ ဖြစ်လာတယ်

ပြေးလာကြတဲ့ စားပွဲထိုး ၂ ယောက် ၃ ယောက် က သူ့ကိုစိုးရိမ်တကြီးနဲ့ အကိုဘာဖြစ်သွားသေးလဲ ပုလင်းကွဲတွေဘာတွေရှသွားသေးလား? လို့ဝိုင်းမေးကြတယ် ချက်ချင်းပဲသူ့ကိုယ်ပေါ်က ပေနေတဲ့ဘီယာမြုတ်တွေဝိုင်းသုတ်ပေးကြတယ်။


အမှိုက်ကော်ယူလာတဲ့သူနဲ့တံမြက်စီးယူလာတဲ့သူနဲ့ ချက်ချင်းသန့်ရှင်းရေးဝိုင်းလုပ်ပေးကြတယ်


ဆိုင်မန်နေဂျာက ဘီယာနောက်တစ်ပုလင်းလာချပေးရင်း အပြုံးချိုချိုနဲ့ သူ့ကိုပြောတာ

"အမှားအယွင်းမတော်တဆ ဆိုတာ အချိန်မရွေးဖြစ်တတ်ပါတယ်။

သတိထား တတ်ဖို့ပဲလိုတာပါဗျာ" တဲ့။


အဲ့နောက်ပိုင်း သူဟာ ဘီယာ ဘားကိုပဲ မကြာခဏရောက်ဖြစ်ပြီး တရားနာတာကိုမသွားဖြစ်တော့ဘူး


ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးကျောင်းက လူတွေထက် ဘီယာဘားက လူတွေက သာနွေးနွေးထွေးထွေး အသိအမှတ်ပြုဆက်ဆံကြလို့ပါတဲ့ 😂



Credit:

https://facebook.com/story.php?story_fbid=1134326583737955&id=100014818714031&sfnsn=mo



rate now: