book

Index 5

မင်္ဂလသုတ်ကိုခေတ်သစ်အမြင်ဖြင့်ကြည့်ခြင်း

  • Author : Mr. Tyfone
  • Genres : Comedy, Drama, Psychology, Poem

#မင်္ဂလသုတ်ကိုခေတ်သစ်အမြင်ဖြင့်ကြည့်ခြင်း


ထူးတော့ ထူးဆန်းတယ်။ ​တော်တော့်ကို ထူးခြားနေတယ်။ 🤔🙄

မြတ်ဗုဒ္ဓရဲ့ အနှိုင်းမဲ့ ဉာဏ်ပညာ 🙏🙏🙏


 ကျွန်တော်နားလည်တာနဲ့ တစ်ခြားသူတွေနားလည်ကြတာနဲ့ တူသလား ၊မတူသလား မပြောတတ်ပါ။

ဒီမင်္ဂလသုတ္တန်ဆိုတာ လူသားတစ်ယောက်အနေနဲ့ အခြေခံအကျဆုံး လိုက်နာသင့်တာတွေကိ​ု ဟောကြားထားတာ။ Basic စစ်စစ်ကြီးပါ။


ဟိုတစ်နေ့က ကျွန်တော်လေးစားရတဲ့ လေးလေးတစ်ယောက်နဲ့ တရားစကားတွေ ဆွေးနွေးကြတယ်။

စိတ်တွေတော်တော် အေးချမ်းခဲ့ရပါတယ်။

လေးလေးနဲ့ဆွေးနွေးကြတော့ မင်္ဂလသုတ္တန်အကြောင်းရောက်သွားရော။

 ခံယူချက်၊ ခံစားချက်တွေကို ချရေးကြည့်မိပါတယ်။


ကလေးတောင် အလွတ်ရတဲ့ ဒီ သုံးဆယ့်ရှစ်ဖြာမင်္ဂလာကို ဘာတွေများ လာထူးနေတာတုန်း ?????


 ဒီသုတ္တန်လေ့လာတော့ ဗုဒ္ဓမြတ်စွာရဲ့ ဧရာမ မဟာဉာဏ်တော်ကိ​ု ပိုပြီး ကြည်ညိုရရောဗျာ။

ဘာတွေတုန်း ?????🤔🤔🤔


ဟောထားတာက ဆယ်ဂါထာတည်းရယ်။

ပုဒ်ကအစ သူ့အစုနဲ့သူ။

ထူးတာက အစဉ်တကျကို ဟောထားတာ။

ဒါပြီးရင် ဒါလုပ်၊ဒါပြီးရင် ဒါလုပ်။ဒီလိုပြောနေတာ။

မယုံရင် ရှေ့နောက် ပြောင်းကြည့်။

ဘယ်လိုမှ ဆက်စပ်လို့မရတာနဲ့  ဂွမ်းသွားမယ်။😱😱😱

ဒီလောက်ထိတောင် သေသပ်ပြီး သူ့အစု၊ သူ့ဂါထာနဲ့သူဟောကြားထားတာ ရက်စက်တယ်။🥰🥰🥰


ကမ္ဘာပေါ်မှာရေးသမျှ တက်ကျမ်းတွေ ဖတ်ပြီး IDOL တွေ ကြိုက်သလောက်ထား။ဘယ် motivator တွေက ဘာပြောပြော ???

နောက်ဆုံး ဒီထဲကကို မလွတ်ဘူး။

ဟုတ်မဟုတ် လေ့လာကြည့်ကြပါ။ 

လူသားတစ်ယောက်အနေနဲ့ လူ့ဘဝမှာ အအောင်မြင်ဆုံးဖြစ်အောင် ဟောပြပေးထားတာ ကျေးဇူး အနန္တပါ အရှင်ဘုရား 🙏🙏🙏


ဒီသုတ္တန်ကို မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့နေရာက သာဝတ္ထိမြို့ ဇေတဝန်ကျောင်း။

ဘုရားရှင်ဘေးမှာ ရှင်အာနန္ဒာရှိနေတယ်။ 

ပထမသင်္ဂါယနာတင်ကြတော့ ရှင်မဟာကဿပရဲ့အမေးကို ရှင်အာနန္ဒာထေရ်က ဒီလိုကြားမိပါတယ်ဘုရားဆိုပြီး မှတ်တမ်းဝင်စေပါတယ်။

ဒီလိုနဲ့ ခုဒ္ဒကနိကာယ်၊သုတ္တနိပါတ်မှာ တရားဝင်ပါလာရခြင်းဖြစ်ပါတယ်။

ဆယ်ဂါထာရှိပါတယ်။


ဘယ်သူမှန်းမသိ မထင်မရှားနတ်သားက လာတောင်းပန်လို့ ဟောကြားတယ်ပြောလိုက်။ 

သန်းခေါင်ယံမှာဟောတယ်ဆို ညစဉ်အဲဒီအချိန်မှာတာဝတိံသာကနတ်တွေ ပါမစ်ကျလို့ အပူဇော်ခံတယ်ပြောကြတော့ ဟောဖို့ လာတောင်းပန်တာက  ဣန္ဒသက္က သိကြားမင်းလို့ ဆိုလိုဆို။

ကောလဟာလ ငါးပါးမှာ ဒီမင်္ဂလာတရားဟောမယ်ဟေ့ဆိုပြီး သတင်းကြိုပေါက်တာ ၁၂ နှစ်ဆိုပြီး ရေးလိုရေး။


ချဲ့ချင်သလိုချဲ့ကားထားတဲ့ ဒီ myth တွေကို မရှင်းပြချင်ပါ။ ကိုယ်မှမသိတော့ myth ကို မယူပါ။

ဘာကြောင့်ဟောဟော ဘယ်သူ့ကိုဟောဟော ၊ ဟောတာက ဟောခဲ့ပြီးပြီ။


အဓိက အနှစ်သာရ essence က ဘာကိုဆိုလိုတယ်ဆိုတာကိုပဲ ကြည်ညိုရအောင်လားဗျာ။ 🙏🙏🙏


မင်္ဂလာဆိုတာ ................

အပြင်မှာ လူတွေပြောကြသလို သာယာနာပျော်ဖွယ်ကောင်းတာတွေမှန်သမျှက မင်္ဂလာတွေလား ???

ကလေးပုခက်တင်ကစလို့ ဟိုဘွဲ့ ဒီဘွဲ့တွေရတာ မင်္ဂလာလား ???

မင်္ဂလာဆောင်တာ မင်္ဂလာလား ???


တစ်ခုမှ မဟုတ်ဘူး 🙌🙌🙌


လူသားတစ်ယောက်က ဘာကို အလိုချင်ဆုံးလဲ ???

ဘာ အဖြစ်ချင်ဆုံးလဲ ??? 

ဒါတွေမက ဘာဖြစ်သင့်ဆုံးလဲ ??? 

ဒါတွေကို မေးရမှာ !!!


အိပ် ၊ စား ၊ ကာမ အတွက် ရှင်သန်ဖို့ ကြိုးပမ်းကြရင်း လောဘ၊ဒေါသ၊ မောဟတွေမှာ နစ်လို့ ၊ နောက်ဆုံး သေကြ ၊ပျက်စီးကြတဲ့ လောကမှာ လူသားပီသအောင် ဘယ်လို ရတဲ့အခွင့်အရေးတွေနဲ့ ဘာတွေ အောင်မြင်အောင် လုပ်ရမလဲ ဆိုတာကမှ တကယ့်ဘဝပဲ ။


ဒါကို သွန်သင်တာ။စနစ်တကျနဲ့။


ကလေးဘဝ မှာ ဘယ်လိုနေတို့၊ လူကြီးဘဝမှာ ဘာလုပ်တို့ ၊ ဘယ်အရွယ်မှာ ဘာတို့၊ အဲလိုပုံစံနဲ့တော့ ဟောထားဟန်မတူ။

လူသားတစ်ယောက် အောင်မြင်ဖြစ်ထွန်းအောင် ဘာက စလုပ်ဆိုပြီး ဟောတော့တာ။

နိဿယျလို မရေးတော့ဘူးဗျာ။ 

တစ်ခုချင်းပဲ အကြမ်းဖျင်းသွားမယ်။


လာလာချင်း ဆောက်နဲ့ထွင်းပဲ။ 😱😱😱

နံပါတ် ၁ က အသေဝနာစ ဗာလာနံ တဲ့။

လူတိုင်း ကြားဖူးကြပါလိမ့်မယ်။ 


what is လူမိုက်စစ်စစ် ???😅😅😅

မိမိအကျိုး ၊ တစ်ပါးသူအကျိုး၊ လောကအကျိုးကို စိတ်နဲ့ရော၊ ပါးစပ်နဲ့ရော၊ ကာယကံမြောက်ရော ဖျက်ဆီးသူ၊ပျက်စီးစေသူဟာ လူမိုက်ပဲ။ ဉာဏ်ရှိတာ မရှိတာနဲ့ မဆိုင်ဘူး။


ဘာဖြစ်လို့ ဒီ လူမိုက်ဆိုတဲ့ ဂျလေဘီတွေနဲ့  မှီဝဲဆည်းကပ်ဖို့ဆိုတာ ဝေလာဝေး၊ မပေါင်းနဲ့ လို့ အရင်ဆုံးပြောတာတုန်း။ ?????


ကိုယ် ဉာဏ်ရှိရင်၊လိမ္မာရင် ရပြီလေ !!!

NO ပါ။

မင်းဟာမင်း ဘယ်လောက်ထိန်းနိုင်တယ်ပြောပြော ၊ ကုန်ကုန်ပြောရရင် အပေါင်းအသင်းမှားနေတာတောင် ကိုယ်က မပျက်စီးဘူးပဲ ပြောပြော ၊ လူတွေအမြင်မှာကိုက ဒီပုတ်ထဲကဒီပဲ လို့ပဲ သတ်မှတ်တာ။

ဒီတော့ အရင်ဆုံး ဒါတွေရှောင်ပါ၊ သေတောင် မဆင်းရဲဘူး။


နံပါတ် ၂ ရောက်ပြီ။

ရှောင်စရာ ရှောင်ရုံပဲလား ???

ပဏ္ဌိတာနဉ္စသေဝနာ 

လူကောင်း သူကောင်းတွေနဲ့ ပေါင်းပါတဲ့။👍👍👍

လူတော်ကိုပြောတာ မဟုတ်ဘူး။😁😁😁

လူတော်က သင်ယူလေ့ကျင့်ရင် ဖြစ်နိုင်တယ်၊

 စိတ်အခံကောင်းရှိတဲ့ လူကောင်းကမှ အဓိက။

ဆရာတော် ဦးဇနက ဆုံးမခဲ့တယ်။

မဟာဂန္ဓာရုံရောက်ဖူးသူတိုင်း သိမှာပါ။

စိတ်ကောင်းရှိဖို့က ပထမ ပဲတဲ့ ၊ ကျန်တာက နောက်မှ  ။🙏🙏🙏

ဒီလိုလူတွေနဲ့ပေါင်း။

အလကားနေရင်းကို တိုးတက်တဲ့ လမ်းစ ရလာလိမ့်မယ်။


၃. က ဘာလဲ ???

ပူဇာစ ပူဇနေယျာနံ

ပူဇော်ထိုက်သူတို့ကို ပူဇော်ပါတဲ့၊

ပေါင်းသင်းနည်းကို ပြောနေတာ။

မုန့်ပုံးနဲ့ ဂါတာကိုပြောတာမဟုတ်ဘူး။😂😂😂

အမွှေးတိုင်၊ ဖယောင်းတိုင်ထွန်းခိုင်းတာ မဟုတ်ဘူး။😅😅😅

လူကြီးသူမ၊ လူကောင်းသူကောင်းတွေကို နှုတ်အားဖြင့်၊ စိတ်အားဖြင့်၊ ကိုယ်အားဖြင့် တတ်နိုင်သမျှ သူတို့ကောင်းကျိုးကို ဆောင်ရွက်ပေးတာ ပူဇော်တာပဲ။

 မခင်မင်မရင်းနှီးသေးတဲ့ လူကောင်းသူကောင်းတွေကို ဒီလို ချဉ်းကပ်ခိုင်းတာ။

ဘယ်တော့မှ မမှားဘူး။


မင်း ဒါတင်ရပြီလား ???

ချမ်းသာပြီလား ???

မရသေးရင် 

နံပါတ် ၄ - ပတိရူပ ဒေသဝါသောစ 

သင့်တော်ရာ ပြောင်းသာနေတဲ့။

ရပ်ပြစ်ရှစ်ပါးတို့ ဘာတို့ကို ထားဦး၊

မင်း သင့်တော်ရာမှာ မနေရင် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးတဲ့။

သွေးထွက်အောင် မှန်လိုက်လေ။

မင်းနဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်ကောင်းရှိရာမှာ နေမှ မင်း အောင်မြင်လိမ့်မယ်တဲ့ဗျာ။

ဒက်ထိကိ​ု ဟောတာ 🙏🙏🙏


၅. ကရော ???

 ပုဗ္ဗေစ ကတပုညတာ

အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ ကောင်းရာကောင်းကျိုးလေးရော ရှိပါစေတဲ့၊

နေရာပြောင်းနေရင်တောင် ကောင်းသတင်း ဂုဏ်ချင်းဆောင်လာမယ်၊

ကောင်းတာတွေ လုပ်ဖူးခဲ့တော့ ဝါသနာမှန်လာမယ်။

ကောင်းကျိုးပဲဖြစ်လာမယ်တဲ့။


၆. ကရောဗျာ ???

  အတ်တသမ်မာ ပဏီဓိစ 

ကိုယ့်ကိုယ်ကို ကောင်းကောင်းစောင့်ရှောက်ပါ တဲ့။

လူမိုက်လည်းမပေါင်းဘူး၊ ဆည်းကပ်ပေါင်းသင်းစရာလည်းပေါင်းတယ်၊ ကောင်းရာသင့်ရာလည်း ပြောင်းပြီးပြီ၊ 

ရောက်လေရာရာမှာ မိမိကိုယ်ကို စောင့်ရှောက်မှ မင်း တိုးတက်မှာ။ ☺️☺️☺️

စောင့်ရှောက်တယ်ဆိုတာ မိမိကျန်းမာရေးကအစ ၊ ပတ်ဝန်းကျင်အဆုံး အရေးကြီးတာကို ပြောနေတာ 👌👌👌


ကဲ ဟုတ်ပြီ၊

ဘာတွေ ထပ်လုပ်ရမလဲ ???

နံပါတ် ၇ ရောက်ပြီနော် !!!

ဗာဟု သစ္စဉ္စ

အကြားအမြင်( ဟိုဗေဒင်တွေပြောတာမဟုတ်ဘူး ) 

ဗဟုသုတ knowledge များအောင် လုပ်တော့တဲ့။

ဖတ်ဖတ်၊ ကြားကြား ၊ မြင်မြင် ဘယ်လိုပဲရရ ၊ knowledge များလေလေ ၊ ဝေဖန်သုံးသပ်ဆန်းစစ်ချက်တွေမှန်လေလေပဲ။ ရသမျှ ဆည်းပူးပေတော့တဲ့။


၈. ကရော ???

သိပ်ပဉ်စ

အတတ်ပညာ တစ်ခုခု သင်တဲ့။

ဆရာဝန်လုပ်လုပ်၊ စာရေးဆရာလုပ်လုပ်၊ ကျောက်သွေးသွေး၊ ပန်းရံလုပ်လုပ်၊ မန်နေဂျာကြီးလုပ်လုပ်၊ စက်ချုပ်ချုပ် အတတ်ပညာတစ်ခုခုသင်ပြီးမှ ရတာ။

တစ်ခုခုသာ တတ်အောင်လုပ် ၊မင်း မဆင်းရဲဘူး။


နံပါတ် ၉ က ???

မင်း ဗဟုသုတတွေလည်း ရှိ၊ အတတ်ပညာတွေလည်း လန်ပြန်နေအောင် တတ်ကုန်ပြီ။ 

ဝိနယောစ သုသိက္ခိတော တဲ့။


 ဝိနယောစ ဆိုတာ သံဃာတွေအတွက် ဝိနည်း၊ လူတွေအတွက်စည်းကမ်းလောက်လေးပဲ မကဘူး။ 

ကျွန်တော်နားလည်တာက Professionalism ရဲ့ Ethic ကို ဆိုနေတာ။

အတတ်ပညာတစ်ခုခုတတ်မြောက်လာပြီဆိုရင် ကိုယ်ကျင့်နဲ့အညီ ကျင့်သုံးဖို့ ကျင့်ဝတ်စည်းကမ်း ကိုပြောတာ။

ဆရာဝန်ဆိုပြီး အန္တရာယ်ဖြစ်စေတဲ့ ဆေး ပေးတာတို့၊ အင်ဂျင်နီယာတွေ ကြည့်ကျက်ပြီး လက်မှတ်ထိုး၊ ဆောက်ချင်ရာဆောက်တာတို့၊ ဓာတုဗေဒပါရဂူလုပ်ပြီး လူကို အသက်အန္တရာယ်ရှိအောင် ဓာတုပစ္စည်းတွေ ထုတ်လုပ်တာတို့၊ ရေးရရင် အများကြီး၊

နယ်ပယ် field တိုင်းမှာ ethic ကျင့်ဝတ်တွေရှိတယ်။

ဒါတွေကို လိုက်နာမှ မင်း တိုးတက်အောင်မြင်မယ်။

လူတောတိုးနိုင်မယ်။ ကိုယ့်လိပ်ပြာကိုယ်လုံမယ်။

ဒါကိုပြောနေတာ။


၁၀. ရောက်ပြီ ???

သုဘာသိတာစ ယာဝါစာ

ကောင်းသောပြောခြင်းကို ပြောပါတဲ့။

ယဉ်ကျေးသောစကား၊ ကောင်းသောစကားကိုပဲ ပြောခိုင်းတာ။

အရေးအကြီးဆုံးလောက် သွားကျတယ်။


တော်လိုက်တာလည်း လန်ထွက်နေတာပဲ။

ကြိုးစားတာကလည်း နှစ်ယောက်မရှိ။

ဆိုးလိုက်တဲ့ အပေါက်။😂😂😂

ဒါမျိုး ဘယ်တော့မှ မအောင်မြင်ဘူး၊

အောင်မြင်တယ်လည်း မခေါ်ဘူး။

ဘုရားရှင်က ဒီလို ဆုံးမတာ။ 😅😅😅


၁၁. က ဘာတုန်း ???

 မင်း လူ့လောကမှာ ကြီးပွားချမ်းသာတိုးတက်ပြီ။ 

ဒါတင်ပဲလား ??? ဘယ်မလဲ အောင်မြင်မှုတွေ ???

မင်္ဂလာစစ်စစ်တွေ ???

ဒါတင်မကဘူးတဲ့။

 မာတာပိတု ဥပဋ္ဌာနံ

အဖေ အမေ ကို လုပ်ကျွေးပြုစုမှ သင့်တော်ပါမယ်တဲ့။

အဖေ အမေ ဘယ်လောက်ဆိုးဆိုး ကောင်းကောင်း၊ မင်း လုပ်တာကို ကြည့်ပြီး မင်း သားသမီးက ပြန်ဆ​က်ဆံမှာကို မင်းခံရမှာ။ 


တစ်ယောက်တည်း ကမ္ဘာ၊ နှစ်ယောက်တည်းကမ္ဘာ နေမယ်ဆိုရင်ရော ???

မင်းရဲ့ တစ်ပါးသူအပေါ် ကောင်း မကောင်းကို မင်းနဲ့ သွေးအနီးဆုံး မင်းမိဘကို ဆက်ဆံပုံနဲ့  တစ်ဝက်လောက်က မှန်းလို့ရနေပြီ။

ဒါကြောင့် မင်း မိဘအပေါ် အလေးထားပေးပါ။

ခွင့်လွှတ်လို့ မရနိုင်တဲ့အမှားမျိုး မင်းအဖေအမေက လုပ်ခဲ့ရင်တောင် မင်းက နားလည်ပေးပါ။ ပြန်လည်ကြည့်ရှုပေးလိုက်ပါတဲ့ ။


ဒါပဲလား ???

၁၂. က ပုတ္တဒါရဿ သင်္ဂဟော တဲ့။

မင်းရဲ့ အိမ်ထောင်ဖက်နဲ့ သားသမီးတွေကိုလည်း စောင့်ရှောက်နိုင်မှ မင်း အောင်မြင်ဖြစ်ထွန်းလိမ့်မယ်တဲ့။

next generation တွေအထိကိ​ု ပေါက်ရောက်တဲ့ တရားပဲ။


၁၃. အချက်က အနာကုလာစ ကမ္မန္တာ 

အနှောက်အယှက်မရှိသော ၊တရားသော၊ သမ္မာအာဇီဝကျသော ၊ အပြစ်မဖြစ်စေသောလုပ်ငန်းနဲ့ပဲ ဆက်တိုက် အသက်မွေးပါတဲ့။

ဒီလိုမှသာ ဆက်တိုက်အောင်မြင်လာမှာဖြစ်ပါတယ်။နာမည်ပိုရလာမှာ မြေကြီးလက်ခတ်မလွဲ။


နံပါတ် ၁၄. ကရော ???

ဒါနဉ္စ တဲ့။

ဒီလောက်အောင်မြင်နေတာ အလှူအတန်းပေးပါတော့တဲ့။

ဘာစိတ် ညာစိတ် မပါဘဲ ၊ဘာဖြစ်ပါစေ ညာဖြစ်ပါစေ မဟုတ်ဘဲ ၊ ဘာရမှ ညာရမှ မဟုတ်ဘဲ ပရဟိတ ဒါန အလှူပေးလိုက်ပါ။ လူအများအကျိုးကို ဆောင်ကိုဆောင်လိုက်ပါ။ဒါကို ဆိုလိုတာ။


၁၅. ခုမြောက်အချက်က ???

ဓမမှာစရိယာစ တဲ့၊

အကုန် အောင်မြင်နေပြီ။ ငွေဂုဏ် ကြေးဂုဏ်တွေ လျှမ်းလျှမ်းတောက်နေပြီဆိုရင် မှန်သော၊ မြတ်သောအကျင့်ကို ကျင့်ပါတော့တဲ့။ မှန်မှန်ကန်ကန် ရပ်တည်ပါတော့လို့ ပြောတာ။ ပေါက်ကရတွေ မစဉ်းစားနဲ့တော့။မလုပ်နဲ့တော့။ ရှိတဲ့ သိက္ခာတွေ အထိခိုက်မခံနဲ့တဲ့။

စ သတိပေးပါပြီ။ warning စလာတာပါ။


လူသားတစ်ယောက်က ခုနကပြောခဲ့တာတွေနဲ့ မလုံလောက်သေးဘူးလား ???

NO ပါ။


ဉာတကာနဉ္စ သင်္ဂဟော တဲ့။ ၁၆. အနေနဲ့ဟောတာ။

ဆွေမျိုးများကို စောင့်ရှောက်ဖို့ မမေ့ပါနဲ့တဲ့ဗျာ။

ဟောတာ ဘယ်လောက်အကွက်စေ့လိုက်သလဲ ။ 


၁၇. ကရော ??? အနဝဇ္ဇာနိ ကမ္မာနိ တဲ့ ။

အပြစ်မရှိသော ၊ ကောင်းသော ကိုယ်ရည်ကိုယ်သွေးတက်စရာကိုသာ လုပ်ဆောင်ပါတဲ့ဗျာ။

ကုသလာဓမ္မ တိုးပွားသည်ထက် တိုးပွားအောင် လုပ်ခိုင်းတာပါ။ ကောင်းမှုကို မြတ်နိုးတတ်အောင် ပြောတာ။


၁၈. က ဘာတုန်းဗျ ??? အာရတီ 

မကောင်းမှုတွေကို ဝေးဝေးရှောင်တဲ့။


၁၉. က ဝိရတီ ပါပါ 

ကိုယ်နဲ့ နီးစပ်နိုင်တဲ့ မကောင်းမှုကိုကျတော့ အထူးရှောင်တဲ့။


တိတိကျကျကို ခွဲဟောတာ။

 ဥပမာ-ကြက်သားလေးစားမယ်ဟေ့ဆိုပြီးပြောမိပါတယ်။ ကြက်ဆိုင်က သတ်ပေးလိုက်ရော ။ 

တိုက်ရိုက်တော့မဆိုင်ဘူး။ အကုသိုလ်က သွယ်ဝိုက်ပြီး လုပ်မိသလိုဖြစ်နေတယ်။ ဒါက အာရတီကိုပြောတာ။

ပါမစ်က ကိုယ့်လက်ထဲမှာ ၊ မတော်တရော်ကို ရောင်းစားမိရင် အကုသိုလ်တွေက ဆက်တိုက် လာတော့မှာ ။ မသိသလိုလိုလေးလုပ်ပြီး ရောင်းမိရော။ 

ဒါက ကိုယ်နဲ့ပဲသီးသန့်ဆိုင်နေလို့ ဒါမျိုး အထူးရှောင်တဲ့။ ဝိရတီကိုပြောတာ။

သေချာကို ခွဲဟောထားတာ 🙏🙏🙏


၂၀. ကရော ??? မဇ္ဇပါနာစ သံယမော ပါ။

အဋ္ဌကထာထဲတော့ သုရာ ငါးပါး၊ မေရယ ငါးမျိုး ဘာညာနဲ့ ပြောတယ်။

ကျွန်တော်ကတော့ ဒီလိုမယူဘူး။

စိတ်ကို ညစ်ညမ်းမူးယစ်ထုံဝေစေသောအရာ  အကုန်လုံးလို့ယူတယ်။

အရက်၊ ဘီယာ၊ ဝိုင်က အစ ယာဘ၊ အိုက်စ် အလယ် ၊ဆေးခြောက်အဆုံး လူ့စိတ်ကို ပြောင်းလဲနိုင်သမျှဓာတုပစ္စည်းတွေကို ဆေးဝါးအဖြစ်အသုံးပြုတာမဟုတ်ဘဲ ကျန်တဲ့အသုံးမှန်သမျှ ရှောင်ပါတဲ့။

တော်တော်များများ မရှောင်ကြပါ။မလွတ်ကြ။

ဒါ့ကြောင့် အောင်မြင်ရေးဆိုတာ ဒါပဲလား ???

မဟုတ်ဘူးလို့ပြောတာ။ 

တဆုံးထိ ဟောထားတာ ကြက်သီးထဖွယ် 🙏🙏🙏


၂၁. ကရော ??? အပ္ပမာဒေါစ ဓမ္မေသု 

ကုသိုလ်တရားတွေကို မမေ့ပါနဲ့တဲ့။ မမေ့မှ ကျင့်သုံးမိမှာပါတဲ့ဗျာ။ မမေ့တာကိုက မင်္ဂလာဖြစ်နေပါပြီတဲ့။


၂၂. အချက်က ပြောတာက ဒီလို။

ကိုက တအားအောင်မြင်နေပြီ။ အသက်အရွယ်တစ်ခုလည်းရောက်နေပြီဆိုရင်တော့ 

ဂါရဝေါစ တဲ့။

ကိုယ့်ထက်အသက်အားဖြင့်ကြီးမြတ်သူ၊ ဂုဏ်အားဖြင့်ကြီးမြတ်သူတွေကို အရိုအသေပေးပါတဲ့။

ငါ ဘာကောင်ဆိုပြီးမနေနဲ့။ လူအချင်းချင်း လေးမြတ်ပြုခြင်းဂါရဝတရားဟာ အရေးကြီးလှပါတယ်တဲ့ဗျာ။


၂၃. အချက်က ဆိုတာက နိဝါတောစ တဲ့။

မမောက်မာ မထောင်လွှားနဲ့တော့တဲ့။

ကိုယ့်ကိုကိုယ် နှိမ့်ချပြီး နေပါတော့တဲ့။

 မင်း ဂုဏ်နဲ့ မင်းတင့်နေပြီပဲလေ တဲ့ဗျာ။🙏🙏🙏


၂၄. ကပြောတာက သန္တုဋ္ဌိစ တဲဲ့။ ကံ၊ဉာဏ်၊ဝီရိယအားလျော်စွာ အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီးတဲ့အခါမှာ ရောင့်ရဲလွယ်တော့လို့ ဆုံးမတာ။ အတောမသတ်လောဘကို ဆုံးမတာ။ ပိုက်ဆံကြွယ်ဝခြင်းနောက်ကိုပဲ မလိုက်နဲ့တော့လို့ ဆုံးမတာ။ ပိုက်ဆံထက်အရေးကြီးတာတွေ လိုနေပြီလို့ သတိပေးတာ။


၂၅. က ကတညုတာ တဲ့။

သူများကျေးဇူးကို ပြန်သိတတ်ပါတဲ့။ အရာအားလုံးပြည့်စုံနေရင် သူများရဲ့ကျေးဇူးပြန်သိတတ်ခြင်းအားဖြင်​့ သူ့လည်းကူညီရာရောက်မယ်၊ သံယောဇဉ်လည်း ပိုခိုင်မာမယ်၊ တစ်ခြားသူတွေလည်း ပို အားကျမယ်၊ ကိုယ်လည်း ကုသိုလ်စစ်စစ်ရမယ်။


နံပါတ် ၂၆. ဆိုလိုတာက ကာလေန ဓမ္မဿဝနံ ပါ။

သင့်တော်တဲ့အချိန် အခါအခွင့်သင့်ရင် လူ့အကျိုးပြုတရားမှန်သမျှကို နာယူပါတဲ့။ တရားသဘောကို လေးလေးနက်နက် နာယူခိုင်းနေပါပြီ။


၂၇. ရောက်ပြီ။ ခန္တီစ ။

သည်းခံသင့်တာတွေကို သည်းခံပါတော့တဲ့။

 စိတ်အလိုမကျမှုတွေ၊ စိတ်လိုက်မာန်ပါ မလုပ်နိုင်သမျှကို သည်းခံမှသာ မင်း ဆက်ပြီး အောင်မြင်မှာပါတဲဲ့။ အနည်းဆုံးတော့ သွေးမတိုးတော့တာ အမှန်ပါ။


၂၈. က ဆိုလိုတာက သောဝစဿတာ တဲ့။

သူတော်ကောင်းတွေ ဆုံးမတာကို နာယူလွယ်သူတစ်ယောက်ဖြစ်ပါစေတဲ့။ 

လောကီ ငွေရေးကြေးရေးအောင်မြင်တာတင်မကဘဲ လောကုတ္တရာမှာပါ အောင်မြင်စေချင်တဲ့ မြတ်ဗုဒ္ဓရဲ့ မဟာကရုဏာပါ။

ဆိုဆုံးမတာ နာခံလွယ်မှ တရားတော်နဲ့ နီးကပ်မှာဖြစ်ပါတယ်။ ငါကွဆိုပြီး ခံနေသမျှတော့ မလွယ်တာကို ပြောတာ။


၂၉. အချက်က သာမနာနဉ္စ ဒဿနံ 

ဘာတွေတုန်းဗျ ၊ ဒဿနတွေရော စုံလို့ 😅😅😅

ရဟန်း စတဲ့ သူတော်ကောင်းတွေကို ဖူးမျှော်ဆုံတွေ့ပေးရတာလည်း မင်္ဂလာမည်ပါတယ်တဲ့။ 

မိမိမသိသေးတဲ့ လောကရဲ့အကြောင်းတွေကို another point of view လောကုတ္တရာအမြင်နဲ့ မြင်ရဖို့ သင်ကြားပေးမယ့်သူတွေကို ချဉ်းကပ်ခိုင်းတာ။


၃၀. က ချဉ်းကပ်ပြီးတော့ ဒီအတိုင်း Bye Bye ဆို ပြန်ရောလား ???

NO ပါ။

ကာလနေ ဓမ်မသာကစ်ဆာ တဲ့။

တရားတွေကို မေးမြန်းဆွေးနွေးပါတဲဲ့။ အကျေအလည်နားလည်မှ တရားဓမ္မရဲ့ အနှစ်သာရကို သိမှာ။ ဒါကြောင့် မေးပါ၊ ဝေဖန်ပါ၊ ဆွေးနွေးပါ လို့ ဟောထားတာပါ။


၃၁. က တပေါစ တဲ့။

တရားတော်တွေကိုသိမြင်ပြီး လက်တွေ့ကျင့်ကြံရရင်တော့ အရင်ဆုံး ခြိုးခြံတာက စရပါတယ်။

တစ်သက်လုံး စားမကုန်သောက်မကုန်တွေကို လောဘသတ်နိုင်တာရဲ့အစက သူနဲဲ့ပြောင်းပြန် မိမိကိုယ်ကို ခြိုးခြံစွာ ကျင့်ပါတဲ့။ မဖြုန်းနဲ့တော့လို့ပြောတာ။ကပ်စေးနည်းခိုင်းတာ မဟုတ်ဘူးနော်ဗျ။😅😅😅


၃၂. က ဗွဟ်မာစရိယာစ တဲ့။

လောကီကြောင်းရာတွေကို မလုပ်တော့တာကိုပြောတာ။

ဖဲရိုက်၊မာကျောက်ရိုက်တာက အစ၊ ကေတီဗီအလယ်၊ ဇိမ်ခံသင်္ဘောစီးတာအဆံ​ုး လောကီရဲ့ ရသမျှစည်းစိမ်တွေကို သိပ်မခံစားပါနဲ့တော့တဲ့။ အနိစ္စသဘောအရ ပျက်စီးတတ်ခြင်းကို ရင်ဆိုင်ဖို့ရာ ဖြစ်ပျက်သမျှကို သတိနဲ့ရှုခြင်းလို့ခေါ်တဲ​့ သင့်လျော်ရာ ကမ္မဋ္ဌာန်းနဲ့ ဝိပဿနာကို စရှုကြည့်ပါတဲ့။ ဘယ်ဘာသာမဆို ဘယ်လူမျိုးမဆို ကျင့်ကြံလို့ရပါတယ်။တရားတော်ကို လာမြည်းကြည့်။ အချိန်မရွေး အေးချမ်းလိမ့်မယ်။ 

ဧဟိပဿိကော always welcome ပါလို့ ဆိုလိုတာ အလကားမဟုတ်ဘူး။


၃၃. ကပြောတာက အရိယသစ္စာန ဒဿနံ ပါ။

 အရာရာဟာ ဖြစ်လာကြတယ်။ ပျက်ကြတယ်။ စိတ်ကြိုက်ထိန်းချုပ်လို့မရနိုင်ဘူး။ ဒါတွေကိုက ဆင်းရဲရာ အမှန်တရားပဲ။ ဒါဆိုရင် လွတ်မြောက်ရာလမ်းရှိတယ်။ ဒီ သဘာဝတွေကို နားလည်ခြင်းပဲ။ ဒါတွေကို နှလုံးသွင်းရင် လွတ်မြောက်ရာကို နှလုံးသွင်းမိမယ်။ ဒါဆို လွတ်မြောက်မှာပဲ တဲ့။ ဒီလို သစ္စာလေးပါးကို နားလည်ရတာ လူ့ဘဝရဲ့ မင်္ဂလာစစ်စစ်ပဲ။


၃၄. ကပြောတာက နိဗ္ဗာန သစ္ဆိကိရိယာစ တဲ့။ 

လွတ်မြောက်ရာ ချမ်းသာအမှန်ကို သိရှိရခြင်း၊ ခံစားရခြင်းဟာ မိမိကိုယ်ရဲ့ ငြိမ်းချမ်းမှုအစစ်အမှန် မင်္ဂလာတစ်ပါးပဲလို့ ဟောတော်မူတာပါ ။ 🙏🙏🙏


၃၅. အချက်ကပြောတာက ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ တဲ့။

ခုနကလို ဓမ္မစင်စစ်ကို သိရှိနေတဲ့ပုဂ္ဂိုလ်ဟာ ဘယ်လိ​ု လောကဓံတွေပဲကြုံဦးတော့ ( ချစ်ကြိုက်ကွဲညား၊ သာယာ ၊ စိတ်ဆိုး၊ အောင်မြင်၊ ကျရှုံး၊ ချီးကျူးခံကြ၊ ဝေဖန်ကဲ့ရဲ့ခံကြ ) ဘယ်လိုမှ မတုန်လှုပ်တော့ဘူး။ 

တရားရနေပြီကိုး 🙏🙏🙏

 ဒါဟာ မင်္ဂလာပဲ။


၃၆. အသောကံ 

ဘယ်လိုမှကို စိုးရိမ်ကြောင့်ကျ စိတ်မချတာတွေ ၊သောကတွေ မရှိတော့ဘူး။ ဒါဟာ မင်္ဂလာပဲ။


၃၇.  ဝိရဇံ 

စွဲလမ်းနေတာ၊ ကြိုက်နေသေးတာ တွေလည်း မရှိတော့ဘူး။ ဒါဟာ မင်္ဂလာပဲ။


၃၈. ခေမံ 

ဘယ်ဘေးရန်မှ မရှိနိုင်တော့ဘူး။ ဒါဟာ မင်္ဂလာပဲ။


ထပ်ပြန်တလဲလဲ ပြန်ကျော့စေမယ့် အစွဲအလမ်းတွေ မရှိတော့ ပြန် ဖြစ်ခြင်းလည်း ရပ်ရော။

ဒီတော့ မလွဲမရှောင်သာကြုံရမယ့် သေဘေးက အစ ဘာကိုမှ မခံစားရတော့ဘူး။ ဒါကို ပြောတာ ။ 


ဒီလိုမျိုး စနစ်တကျဟောတာကို ဒီလိုခံစားပြီး ဒီလို နားလည်မိလိုက်ပါတယ်။ 

အောင်မြင်ရေးဆိုတာ ဒီလိုမှ ပြီးပြည့်စုံတာလို့ လက်ခံသဘောကျမိတာ ကိုယ့်ကိုကိုယ် ပျော်လို့မဆုံးပါ။ ☺️☺️☺️

ဒီလို analyse လုပ်ပြီး ဒီလိုကြည်ညိုမိပါတယ်။


မြတ်ဗုဒ္ဓက ဘယ်တော့မှ မဆင်းရဲမယ့်တရားကို ဟောထားတာ နှစ်ပေါင်း ၂၅၀၀ ကျော်ခဲ့ပြီပဲ။ 👍👍👍


မေး- ဒီသုတ်ကို များများရွတ်ရင် ဘာအကျိုးထူးသလဲ ???

     အဓိဌာန်ဝင်ပြီး သက်စေ့ရွတ်မယ်ဆိုရင်ကော ???


ဖြေ- ပါဠိတွေပဲ အလွတ်ရလာမှာပါ။ 

       ကြာရင် မြန်မြန်ရွတ်တတ်လာပါလိမ့်မယ်။


တကယ်က ဒီလိုမေးရမှာ ☺️☺️☺️

ကိုတွေရော ဘယ်အခြေအနေထိ ရောက်နေပြီလဲ ???  

ဘာတွေလုပ်ဖို့ လိုနေသေးလဲ ???


အသိတစ်ခုတိုးတယ်လို့ ယူဆရရင်ကို ရေးရကျိုးနပ်ပါတယ်။

Practise လုပ်နိုင်ကြပါစေ။🙏🙏🙏


Dr.  Aung Kyaw Thu 

M.B.,B.S ( MDY )

MRCP ( UK ) ( LONDON )


(တစ်ချို့ ပါဠိစာလုံးတွေက auto corrected မရလို့ စာလုံးပေါင်းမှားနေတာ တောင်းပန်ပါတယ်။)


Credit:

https://m.facebook.com/story.php?story_fbid=3003929399720231&id=100003096006890&sfnsn=mo


rate now: