book

Index 4

ဗိုင်းတာမ

  • Author : Mr. Tyfone
  • Genres : Comedy, Drama, Psychology, Poem

မြန်မာစကားထဲမှာ စိတ်ဝင်စားစရာ စကားလုံးတလုံးက ဗမာတွေ ဆဲရေး တိုင်းထွာတဲ့အခါ 

သုံးတတ်တဲ့ “ဗိုင်းတာမ”ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ 

ဗိုင်းတာဆိုတာ ရက္ကန်းစင်မှာ 

သုံးတဲ့ ဗိုင်းတောင့်လေးတွေ

ထည့်တဲ့ “တာ”ကို ပြောတာပါ။ 

အရင်ခေတ်က ဗိုင်းတောင့်လေးတွေထည့်တဲ့“တာ” ဟာ 

ဘယ်လို ဟာမျိုးလဲဆိုတော့ ထန်းလျှော်နဲ့လုပ်တဲ့ 

ဖာအသေးလေးတွေပါ။ 

ဒါ့ကြောင့် ဗိုင်းတာမလို့ 

ဆဲတာဟာ ဖာမ လို့ နည်းနည်း 

ယဉ်ယဉ်ကလေးနဲ့ သွယ်ဝှိုက်

ဆဲလိုက်တာဖြစ်ပါတယ်။

မြန်မာစာဆရာကြီး ဦးထွန်းတင့်၏

ဟောပြောချက်တခုမှ 

ကောက်နှုတ်သည်။


Credit - Sai Kenneth


rate now: