အလကားကောင်
****************
အမြီးတက်နင်းတုန်းကလည်း
တစ်ခါကိုက်တယ်။
ကုတ်ကိုကြိုးချည်တုန်းကလည်း
တစ်ခါကိုက်တယ်။
စားခွက်ကိုထိမိတုန်းကလည်း
တစ်ခါကိုက်တယ်။
ကျောသပ်ပေးလို့မရ
ခေါင်းပွတ်ပေးလို့မရ ။
အမေက
ယဉ်ကျေးအောင်
သင်ပေးပါသေးတယ်။
အမေ့မှာ
အကိုက်ခံလိုက်ရတာ
ခဏခဏ ။
တစ်ခါကိုက်ဖူးတဲ့
အချိန်ကစပြီး .. ၊
မြင်မြင်ကရာ
ထိုးထိုးဟောင်၊
ထိလိုက်တာနဲ့
လှည့်လှည့်ကိုက်။
အဘိုးက
အိမ်လုံမယ်ထင်ပြီး
မွေးခဲ့တာပဲ ။
အဘိုးမွေးခဲ့တဲ့
ခွေး .. ၊
(အလကားကောင်)
ဆန်ကုန်မြေလေး ..။ ။
မောင်လှမျိုး - ချင်းချောင်းခြံ