"ကြောက်စရာကြီး"
==============
မနေ့ညက..သခင်မြပန်းခြံကနေ ဌာနလမ်းကို အောက်ကြည်မြင့်တိုင် လမ်း အတိုင်း
လမ်းလျှောက်ပြန်တယ်။
ည ၁ နာရီလောက်၊ မိုးက ဖွဲဖွဲရွာနေတယ်။
ကျွန်တော်လည်း ထီးလေးဆောင်းပြီး
ခပ်သုတ်သုတ်ပြန်တာပေါ့။
ဂျမခါနာ အကျော်ရောက်တော့
လမ်းမီးက နီကျင်ကျင်နဲ့။
မီးတိုင်ကို အကျော်မှာ
ကျွန်တော့်နောက်ကနေ အရိပ်တစ်ခု
ကပ်လိုက်လာတာတွေ့လိုက်တယ်။
အရိပ်က...လူက ကလေးကိုယ်လုံး၊
ခေါင်းကြီးက အကြီးကြီးပဲ။
ကျွန်တော်စဉ်းစားတယ်။
ခေါင်းဒီလောက် အကြီးကြီးကို
ထိန်းလျှောက်နိုင်တဲ့ ကလေး ဆိုတာ
လူဖြစ်နိုင်ပါ့မလား။
ကြက်သီးတွေ ထလာတယ်။
လမ်းမမှာ ကားတစ်စီးတစ်လေများတွေ့မလားဆိုတော့လည်း လုံးဝရှင်းလို့။
ကျွန်တော် ခြေလှမ်းကို သွက်သွက်
လျှောက်တယ်။
နောက် ခြေသံက ကပ်ပါလာတုန်းပဲ။
လမ်းမီး တစ်တိုင်ကျော်တိုင်း အဲ့ဒီ
ခေါင်းကြီး ကိုယ်သေး ကလေးသူရဲ
အရိပ်ကို ကိုယ့်ရှေ့ ကတ္တရာလမ်းပေါ်
မြင်နေရတယ်။
လှည့်လည်း မကြည့်ရဲတာနဲ့ အသားကုန်လျှောက်လိုက်တာ..ဌာနလမ်းရှေ့ ချန်ဘာဘီ မှတ်တိုင်ရောက်တော့ ထမင်းကြော်ဆိုင်လေး ဖွင့်ထားတာ သွားတွေ့တယ်။
လူလည်း ချွေးတွေပြန်ပြီး
တော်တော်မောနေပြီ။
ထမင်းဆိုင် မီးအလင်းရောင်လေးထဲ
ဝင်လိုက်ရော....
အဲ့ဒီဆိုင်က ကတုံးမ ဆိုတဲ့ ကလေးမ က ကျွန်တော့် နောက် ကို အလန့်တကြားကြည့်ရင်း ထအော်တယ်
"ဟဲ့...တိုးတက်ထွန်း...နင်..မုန့်ဖက်ထုပ်က ကုန်ပြီလား..ထီးမပါ ဘာမပါနဲ့..ဟယ်..ဖျားဦးမယ်'' တဲ့။
ဒီတော့ နောက်လှည့်ကြည့်လိုက်မှ..တိုးတက်ထွန်း ဆိုတဲ့ မအေပေး မုန့်ဖက်ထုပ်သည်လေးက ကုန်သွားတဲ့ သူ့
မုန့်ဖက်ထုတ်တောင်းကို ခေါင်းမှာ
စောင်းပြီး ကျွန်တော့်နောက်က
လိုက်လာတာကိုးဗျ။
မသာလေးက ပြောသေးတယ်
'သားက သရဲကြောက်လို့ ဒီဦးလေးနောက် အမီလိုက်တာ...ဒီဦးလေးက လည်း လမ်းလျှောက်တာ မြန်လိုက်တာဗျာ' တဲ့။
ငါလူမ ကလေး...။
ဟူးးးးး
🤪🤪