အီလက်ထရောနစ်အရောင်းဆိုင်တခုထဲ လူတယောက် ဝင်လာကြည့်ပြီး ကောင်တာမှာ ထိုင်နေတဲ့ဆိုင်ရှင်ကို..
“ ဒီတီဗွီ ဘယ်စျေးလဲ ” ဆိုင်ရှင်က စိတ်ပျက်လက်ပျက်နဲ့ အဲဒီလူကိုကြည့်ရင်း..
“ မင်းလို အူကြောင်ကြောင်ကောင်ကို ငါ မရောင်းဘူး ”
အဲဒီလူက နောက်တစ်နေ့မှာ မုတ်ဆိတ်တွေ နှုပ်ခမ်းမွေးတွေ ရိတ်ပြီး အဲဒီဆိုင်ကို တခေါက်ပြန်သွားပါတယ်..ဆိုင်ထဲရောက်တာနဲ့..
“ဒီတီဗွီ ဘယ်စျေးလဲ” ဆိုင်ရှင်ကလည်း မနေ့ကအတိုင်း..
“ ငါပြောပြီးပီ, မင်းလို ဂဂျိုးဂဂျောင်ကောင်ကို မရောင်းဘူးလို့ ”
" ဒါ ငါ့ကိုမှတ်မိနေလို့ ခုလိုပြောတာ " ဆိုပြီး အဲဒီလူက သူ့ကို မမှတ်မိအောင် မိတ်ကပ်ဆရာအကူအညီနဲ့ အသေအချာရုပ်ဖျက်ပြီး အဲဒီဆိုင်ကို ထပ် ပြန်သွားတယ်..ပြီးတော့ ကောင်တာမှာ ထိုင်နေတဲ့ ဆိုင်ရှင်ကို ..
“ ဒီတီဗွီ ဘယ်စျေးလဲ ”
“ ရော, ခက်ပီ,, မင်းလို အူကြောင်ကြောင်ကောင်ကို မရောင်းပါဘူးလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ "
“ ဗျာ,, ခင်ဗျား ကျူပ်ကို ဘယ်လိုမှတ်မိနေတာလဲ "
“ အေး,, မှတ်မိဆို မင်းမေးနေတာ တီဗွီမဟုတ်ဘူး, အဲဒါ မိုက်ခရိုဝေ့ဖ် ဟေ့ ”