book

Index 4

အပိုင်း - 3

းဆင့်ချိုင့်လေးတစ်ချိုင့်ရယ် ကော်ဘူးလေး ၃ ဘူးရယ်ကိုခြင်းလေးထဲ ထည့်ကာ ကုမ္မဏီထဲဝင်လာသည်နှင့် ဝန်ထမ်းများက အရိုသေပေးရင်း ပြုံး၍ကြိုဆိုကြသည်

ဓာတ်လှေကားမှတစ်ဆင့်အပေါ်တက်ကာ ရုံးခန်းလေးရှိရာဆီဦးတည်လိုက်သည်


"ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင့်''


ရုံးခန်းထဲမှ ဝန်ထမ်းကောင်မလေးထွက်လာသည်နှင့်တိုး၍ သူ့ကိုမေးလာသည်


"သူဌေးဦးသော်ကနဲ့ ကိုမော်ကွန်းမောင်ကိုပါ''


"အော်ဟုတ်ကဲ့ ဒီကနမည်က''


"ခေတ်ဦးငယ်ပါခင်ဗျ''


"ရှင် အာ တောင်းပန်ပါတယ်နော် ကျွန်မက အရင်တစ်ပတ်ကမှအလုပ်စဝင်တာမို့ပါ''


"ရပါတယ်ခင်ဗျ ကျွန်တော်သွားလိုက်ပါအုံးမယ်''


"ဟုတ်ကဲ့ သူဌေးတို့အထဲမှာရှိပါတယ်''


ဝန်ထမ်းမလေးကို ပြုံးပြကာ ရုံးခန်းတံခါးခေါက်လိုက်သည်


'ဒေါက် ဒေါက်'


"ဝင်ခဲ့ပါ''


အထဲမှအသံကြည်ကြည်နှင့်ပြောလာသည့်လူက သူ့အဖေမှန်းမမြင်ရတောင် သိလေသည်


"အော် သား''


အထဲဝင်လာတော့အဖေကနှုတ်ဆက်သည်နှင့် တံခါးဘက်ကိုကျောပေးကာ စာရင်းတွေကြည့်နေသော မောင်ကတစ်ချက်လှည့်ကြည့်ပြီး မျက်မှောင်ကြုတ်သွားလေသည်


"ဟုတ် ဖေကြီးတို့စားဖို့ဟင်းလာပို့တာ''


"ဪ အေးအေး''


"ဟုတ်''


ခြင်းလေးကို တစ်ဖက်စားပွဲပေါ်တင်ပြီး မော်ကွန်းဘေးကခုံလေးမှာထိုင်လိုက်သည်

မော်ကွန်းကတော့သူ့ကိုလှည့်မကြည့်သေး


"သားကောစားပြီးပြီလား''


"ဟုတ် မေကြီးနဲ့တူတူစားခဲ့တယ်''


"အိမ်သွားခဲ့တာလား''


"ဟုတ် မေကြီးဖုန်းဆက်ခေါ်လို့ ဟင်းတွေကမေကြီးနဲ့သားချက်ထားတာ''


"အဲ့ဆိုစားကောင်းတော့မှာပေါ့''


"☺☺''


"သားနားအုံးလေ ဖေကြီးတို့ဒါလေးလက်စသတ်လိုက်အုံးမယ်''


နှုတ်ခမ်းကပြုံးနေပေမယ့် မော်ကွန်းကိုကြည့်ပြီး ညိုးနေသည့် သားမျက်ဝန်းတွေကိုသတိထားမိတာမို့ ဦးသော်က စိတ်မကောင်းဖြစ်မိသည်

မော်ကွန်းသူ့သားကိုတကယ်ပဲဘာကြောင့်များလက်ထပ်ခဲ့ပါလိမ့်


"ဟုတ် သား ပြန်တော့မှာ နောက်အပတ်ထဲစာမူအပ်စရာရှိလို့''


"အော် အေးအေး စာတွေကြည့် ဖိရေးမနေနဲ့အုံး လူနဲ့မျက်လုံးကိုလဲအနားပေးအုံး''


"ဟုတ်ကဲ့ပါ ဖေကြီး အဲ့ဆိုသားသွားတော့မယ်နော်''


"အေးအေး မော်ကွန်း မင်းယောက်ျားကိုလိုက်ပို့လိုက်ပါအုံး''


"ဗျာ အမ်''


ယောက်ျားလို့သုံးလိုက်တာကြောင့် မော်ကွန်းကော ခေတ်ပါ ရှက်သွားလေသည်


"ရပါတယ် သားဘာသာပြန်''


"လိုက်ပို့မယ်''


လိုက်မပို့ချင်ဘူးထင်၍ ပြောတော့ မော်ကွန်းကစကားဖြတ်ပြောလိုက်သည်


"ဟမ် ဟုတ်''


မျက်ဝန်းလေးတွေပါပြုံးသွားသည့် သားဖြစ်သူကို ကြည့်ပြီး ဦးသော်က အခုမှရင်အေးသွားရသည်


"ဆိုင်ကယ်နဲ့လာတာလား''


"ဟုတ်တယ်''


ဆိုင်ကယ်နားရောက်တော့ မော်ကွန်းက မေးလာသည်


"ဦးထုပ်ကော''


"ဟင် အမ် မပါလာဘူး''


"ဆိုင်ကယ်ဦးထုပ်ကလဲမပါ ဒီလောက်နေပူနေတာကို''


"အမ် ဟို မေကြီးအိမ်မှာမေ့နေခဲ့တာ''


"နောက်ခါမမေ့စေနဲ့''


"ဟုတ် သွားပြီနော်''


"အင်း''


အိမ်ထောင်ကျပြီး တစ်လအကြာ စကား ၁၀ ခွန်းကျော်အောင်ပြောသော နေ့ပင်

မနက်အိပ်ယာထပြင်ဆင်ပြီး အလုပ်သွား ပြန်ရောက်ရင်ခဏနား စာအုပ်ဖတ်ကာ အိပ်ယာဝင်သောကြောင့် တစ်နေ့စကား ၁၀ ခွန်းတောင်ပြည့်အောင်မပြောဖူး

အစတည်းကစကားနည်းသူဆိုပေမယ့် သူမဟုတ်သည့် တခြားသူနှင့်တော့ စကားဖောင်ဖွဲ့ခဲ့ဖူးသည့်​မောင်


ဒီနေ့လေးကိုတော့ ဒဏ္ဍာရီစာအုပ်လေးထဲ လက်ရေးလှလှလေးနှင့်ရေးရအုံးမည်


....


အပင်ရေလောင်းနေတုံး မောင်ပြန်လာသည်မို့ ရေပို​က်လေးချကာ မောင့်ကားနားသွားလိုက်သည်


"ပေး''


ကားတံခါးလေးဖွင့်တော့ အပြုံးလေးနှင့် လက်လှမ်းလာသည်မို့ အရင်လိုမငြင်းတော့ပဲ ဘေးခုံကအိတ်လေးတစ်ခုကိုပေးလိုက်သည်နှင့် ပါးချိုင့်လေးပိုထင်းသွားသည်ကို ခဏတာ ငေးကြည့်မိသည်


ထမင်းချိုင့်ထည့်ထားသည့်ခြင်းလေးနှင့် စာရွက်များထည့်ထားသည့်အိတ်လေးကိုတော့ သူပဲယူလိုက်သည်


"မောင်ဒါဘာအိတ်လဲဟင်''


အိတ်က လုံးလုံးလေးဖြစ်နေသည်မို့ ချိုင့်ခြင်းလေးမီးဖိုထဲထားပြီး ပြန်ထွက်လာသည့်မောင့်ကိုမေးလိုက်သည်


"ဖွင့်ကြည့်''


ခေတ်ဖွင့်ကြည့်လိုက်တော့ ပန်းနုရောင်ဆိုင်ကယ်ဦးထုပ်လေး


"မောင် ဒါငါ့အတွက်လား''


"အင်း''


ဖြေပြီးသည်နှင့် အပေါ်တက်သွားလေသည်

ဒီနေ့မောင်ထူးဆန်းသည်

ဦးထုပ်လေးကြည့်ကာ မျက်ရည်ကျမတတ်ပျော်လွန်း၍ ပြုံးနေသူက ခေတ်ပင်

မော်ကွန်းကလဲ အပေါ်တပ်ခံနီး ဦးထုပ်လေးကြည့်ကာပြုံးနေသည့်ကောင်လေးသေးသေးလေးကို ကြည့်ရင်း တစ်ချက်ပြုံးမိသွားသည်


'မင်းနဲ့ငါ နှစ်တွေကြာကြီး သူငယ်ချင်းဖြစ်ခဲ့တယ်ဆိုပေမယ့် မင်းဖြူစင်လွန်းတာကို သတိမထားမိဘူး အငယ်'

သူကိုယ်တိုင်တောင်သတိမထားမိဘဲ 'အငယ်' ဆိုသည့်နာမ်စားလေးနှုတ်မှထွက်လာသည်

' 'အငယ်' အင်း.... 'အငယ်' ချစ်ဖို့ကောင်းလိုက်တာ မင်းနဲ့လိုက်သားပဲ ခေတ်ဦးငယ်'


ဦးထုပ်လေးကိုဓာတ်ပုံရိုက်ကာ ig တွင် 'ကျေးဇူးပါ မောင်'

ဟူသည့် caption လေးနှင့် မောင့်ကို tag တွဲကာတင်လိုက်သည်

noti ချက်ချင်းဝင်လာသည်မို့ ကြည့်လိုက်တော့ @__Hmue ဆိုသည့် acc လေးက like ပေးထားသည်ပဲ

သူတစ်ချက်တုန်လှုပ်သွားသည်

၁ နှစ်ကျော်ပျောက်နေခဲ့သည့် မှူးလေးက အခုမှချက်ချင်းပြန်ပေါ်လာသည်ကို

မောင်နဲ့မှူးလေး တွေ့ရင်ဘလိုလုပ်မလဲ

မောင်သူ့ကိုထားခဲ့မှာလား.....


🎶နင်ငိုနေရင်ငါမနေနိုင်ဘူးအလင်းရောင်ရယ် နင်ဟာငါ့အတွက်မမှောင်နိုင်တဲ့အလင်းရောင်ပဲ🎶


ဖုန်းနံပါတ်စိမ်းတစ်ခုဝင်လာသည်


"ဟယ်လို''📱


"ဟယ်လို ခေတ် ငါမှူးလေး''📱


"ဟမ် အင်း နင်ပျောက်နေတယ်နော်''📱


"အေးဟုတ်တယ် ငါမန္တလေးရောက်နေခဲ့တာ နက်ဖြန်ရန်ကုန်ပြန်လာမလို့လေ''📱


"ဟုတ်လား''📱


"အေး ငါပြန်လာရင်တွေ့ကြရအောင်နော် မတွေ့တာကြာပြီဆိုတော့လေ''📱


"အေးပါ တွေ့ကြတာပေါ့''📱


"ရှင် လာပြီလာပြီ ခေတ်ငါဖုန်းချလိုက်​တော့မယ်နော်''📱


"အေးအေး သူငယ်ချင်း''📱


သူဘာလုပ်ရမလဲ

မှူးလေးနဲ့မောင့်ကိုပေးတွေ့သင့်လား


"မောင်''


ဝရံတာလေးကခုံမှာစာဖတ်နေသည့် မောင့်နားသွားလိုက်သည်


"အင်း''


"ဟို ခုနကလေ''


သူပြောသင့်မပြောသင့်စဥ်းစားနေမိသည်

ဘာလို့ဆို မှူးလေးကိုတစ်ချိန်က မောင် စိတ်ဝင်စားဖူးတာမို့


"ပြောလေ''


ပြောရခက်နေဟန်မို့ မော်ကွန်းကစကားထောက်ပေးလိုက်သည်


"မှူးလေးဖုန်းဆက်တယ် သူနက်ဖြန် ရန်ကုန်ပြန်လာမယ်တဲ့''


"ဪ အင်း''


မောင်သည်တည်ငြိမ်စွာ စာပြန်ဖတ်နေသည်


"သူကတွေ့ကြရအောင်တဲ့''


"အင်း''


"မောင်တွေ့ချင်လား''


"အင်း''


ဗုန်း.....


နှလုံးသားလေးပြုတ်ကျပြီး ကွဲကြေသွားပြီထင်တယ်

မောင်က မှူးလေးကိုတွေ့ချင်တယ်တဲ့

မတွေ့တာကြာလို့ သူငယ်ချင်းအနေနဲ့ တွေ့မှာနေမှာပါ.....ဟုတ်တယ်မလားမောင်.................



rate now:

1 Reviews
  • reader iPhyu 06.06.2021, 16:25 4

    Waiting for next chapter ~ ~ ~

    reply