book

Index 3

အပိုင်း - 2

မနက် ၅ ခွဲတွင်နှိုးစက်မပေးမိပါပဲနှင့် အစောထနေကျအကျင့်အတိုင်း ခေတ်မျက်လုံးများပွင့်လာသည်

ဘေးကိုကြည့်မိသော ယခုထိအိပ်ပျော်နေသေးသည့်မောင်

နိုးသည်နှင့် အချိန်မဆွဲပါပဲ အိပ်ယာမှချက်ချင်းထတတ်သည့် ခေတ်သည် မောင့်မျက်နှာကိုသေချာကြည့်နေမိသည်

မကျယ်လွန်းမကျဉ်းလွန်းလှသည့်နဖူးပြင် မျက်ခုံးထူထူ အိပ်နေသည်မို့ ရှည်လျားပြီးစဉ်းကျနေသည့်မျက်တောင်မွှေးများ နှာတံစင်းစင်း အပေါ်နှုတ်ခမ်းပါး၍အောက်နှုတ်ခမ်းထူထူလေး V ချိတ်ပုံစံမျက်နှာ ထင်းနေသောမေးရိုးတို့ကြောင့် မောင်သည်ပြည့်စုံလွန်းသည်

ပြည့်စုံလွန်းသည်ထက်ပိုပြည့်စုံစေတာက မောင့်ရဲ့ခပ်ခပ်ညိုညိုရှိနေသည့် အသားအရေပင်

ညိုချောလေးပေါ့နော်

မောင့်မျက်နှာလေးကိုသေချာတစ်ဝကြီးကြည့်ပြီး နဖူးလေးပေါ်သို့ အနမ်းတစ်ပွင့်ဖွဖွလေးခြွေလိုက်သည်

"Morning ပါမောင်"

morning kiss ပေးပြီးသည်နှင့် အိပ်ယာမှအသာထကာ မျက်နှာသစ် သွားတိုက်ပြီး မနက်စာပြင်လိုက်သည်

မောင်နိုးလာရင်အဆင်သင့်စားဖို့

မနက်စာပြင်ရင်း မနက်ဆိုဖွင့်နေကျဖြစ်သည့် မနက်ခင်းမေတ္တာပို့ဓမ္မတေးလေးအား နားကြားရုံမျှတိုးတိုးလေးဖွင့်ထားလိုက်သည်

မနက်စာပြင်ပေးပြီး သန့်ရှင်းရေးလုပ် တံမြက်စည်းလဲကာ နာရီကြည့်လိုက်တော့ ၆ နာရီခွဲ

နောက်နာရီဝက်ဆို မောင့်ကိုနှိုးရမည်

မောင့်အဖေနှင့်အမေက သားတို့လက်ထပ်ပြီးနေဖို့ဆိုကာ ကုမ္မဏီနှင့်နီးသည့် နှစ်ထပ်အိမ်နှင့် ခြံဝိုင်းကျယ်ကျယ်လေးကို မင်္ဂလာလက်ဖွဲ့အဖြစ်ပေးခဲ့သည်

🕖

"မောင်... မောင်... ထတော့နော် ၇ နာရီထိုးပြီ"

"အင့်"

၇ နာရီထိုးပြီမို့ သွားနှိုးတော့ မောင်ကတအင့် အင့်နှင့် အိပ်ယာမှာလူးလိမ့်လေသည်

"၇ နာရီပဲရှိသေးတာကို"

စိတ်ကြိုက်လူးလိမ့်ပြီးမှ မနက်ခင်းအိပ်ယာနှိုးခါစဖြစ်သည့် အသံဩဩနှင့်ဆိုလာသည်

"ဟင်းဟင်း မောင်ကလဲ နေမြှင့်တဲ့ထိမအိပ်ကောင်းဘူး ကိုယ်စောင့်နတ်ကအစည်းအဝေးမမှီလို့စိတ်ဆိုးလိမ့်မယ်နော်"

"ဟင် ပေါက်တက်ကရ"

"ဟားဟား မျက်လုံးကျယ်သွားပြီမလား ကဲထတော့ မနက်စာပြင်ပြီးပြီ"

"မင်းကချက်တတ်လို့လား"

"အင်းလေ အထက်တန်းကျောင်းတည်းက အိမ်မှာစာလာကျက်ရင် ငါပဲချက်ကျွေးနေကျကို"

ဟုတ်သားပဲ ခေတ်ကအလယ်တန်းလောက်တည်းက ဟင်းချက်သင်နေပြီဟုပြောဖူးသည်

သူဟင်းချက်တတ်ကစတောင် အိမ်ကိုထမင်းလာစားလှည့်ပါလို့ခေါ်တာကြောင့် မစားရဲစားရဲနှင့် သူနှင့်မှူးလေးတို့စစားခဲ့ကြရသည်

စစချက်တတ်ခြင်းဆိုပေမယ့် အစပ်အဟပ်တည့်စွာချက်တတ်ပြီး လက်ရာကောင်းတာကြောင့် သူနှင့်မှူးလေးအံ့ဩခဲ့ရသေးသည်

"ကောင်းလား"

"အင်း"

မနက်စာထမင်းဝိုင်းလေးက ပကာသနတို့မပါ

ထမင်းနှင့်ပဲပေါင်းကိုရောကြော် ကြက်ဥ half-fried လေးနှင့် အရည်သောက်ဟင်းချိုလေးပင်

မနက်စာကိုကော်ဖီ ကိတ်မုန့်နှင့် ၄ နှစ်ကျော် နှစ်ပါးသွားခဲ့သည့် သူသည် အိမ်ထောင်ကျပြီးပထမရက်မှာပင် အရသာရှိလှသည့်မနက်စာထမင်းဝိုင်းလေးဖြင့် ကျေနပ်စွာအားပါးတရစားမိလေသည်

မနက်စာစားပြီး အိမ်ပေါ်အခန်းထဲဝင်သွားသည့်မောင်

ပန်းကန်တွေဆေး သိမ်းပြီး အခန်းထဲလိုက်သွားတော့ မောင်ကအပေါ် အင်္ကျီကိုချွတ်နေသည်မို့ တံခါးဝမှာတင်ရပ်နေလိုက်သည်

"ငါအလုပ်သွားမို့"

ထိုချိန်မောင်ကအလိုက်သိစွာမမေးပါပဲ ပြောလာခဲ့သည်

"ဟင် သွားမှဖြစ်မှာလား"

ခေတ်ကစီးပွားရေးဝါသနာမပါပဲ စာရေးရတာပဲဝါသနာပါတာကြောင့် ခေတ်အဖေက သူတို့ပိုင်သော ကုမ္မဏီအား မော်ကွန်းသို့လွှဲပြောင်းရင်း မင်္ဂလာလက်ဖွဲ့လေသည်

ကုမ္မဏီကိုလွှဲပြောင်းရန် ပညာသင်နေချိန်ပဲရှိသေးတာမို့ မသွားလဲရသည်ကို

လွှဲပြောင်းဖို့ကိစ္စကလဲအရေးတကြီးလုပ်ရမည့်ကိစ္စမဟုတ်

ဒီနေ့ကသူတို့ရဲ့ပထမဆုံးနေ့လေးလေ အနားမှာအတူရှိနေပေးလို့မရဘူးလား

"အင်း"

တစ်လုံးတည်းဖြေပြီးသည်နှင့် ရေချိုးခန်းထဲဝင်သွားသည်မို့ အလုပ်သွားဖို့အဝတ်စားကိုသာ အလိုက်သတိ ထုတ်ပေးပြီး ကုတင်ပေါ်တင်ထားပေးကာ အခန်းပြင်ထွက်လာခဲ့သည်

မောင်ကအင်းဆိုတော့လဲ အင်းပေါ့လေ

"ရတယ်"

စာရွက်စာတမ်းများနှင့်လိုအပ်တာများထည့်ထားသည့် အိတ်လေးအား ကူကိုင်ပေးမည်လုပ်တော့ မောင်ကငြင်းလာသည်မို့ လှမ်းနေသော လက်များခပ်မြန်မြန်ပြန်ရုတ်လိုက်သည်

"ဖြေးဖြေးမောင်းနော်"

သူပြောသည်ကိုနားမ‌ထောင်ပဲ ကားလေးကခြံထဲမှထွက်သွားလေသည်

.....

"မောင် ဘာလို့ငါ့ကိုလက်ထပ်ခဲ့တာလဲ"

"လက်ထပ်ချင်လို့"

"အော်"

မင်္ဂလာဦးညမှာ မော်ကွန်းဆိုသည့်ကောင်လေးက တစ်ဖက်ကိုလှည့်၍လှဲလျောင်းနေသည်

မော်ကွန်း၏နောက်ကျောပြင်ကျယ်ကြီးကိုငေးကြည့်၍ အဆမတန်ခုန်နေသည့်ရင်အစုံကိုလက်သေးသေးဖွေးဖွေးလေးနှင့်ဖိကာ မေးချင်နေသောမေးခွန်းကို မရဲတရဲနှင့် ခေတ်မေးမိသည်

အဖြေကအနှစ်မရှိပေမယ့် သူ့ပေါ်ဘာခံစားချက်မှမပြပေမယ့် သူပျော်ပါသည်

၉ နှစ်သာခိုးချစ်ခဲ့ရသည့်မောင့်ကို သူပိုင်ဆိုင်ရသည်မို့

မောင်ငါ့ကိုမချစ်ပေမယ့် တစ်နေ့ငါ့ကိုချစ်လာအောင် ငါကြိုးစားမှာမို့

မောင်ကသာ ငါ့ကိုမထားခဲ့ပါနဲ့နော်

ချစ်တယ်မောင်

....

ခြံဝိုင်းကျယ်လေးထဲ ပန်းလေးများစိုက်ချင်သည်မို့ မြို့ထဲကပျိုးပင်ဆိုင်လေးတွေဆီ ဆိုင်ကယ်နှင့်ထွက်လာခဲ့သည်

ပန်းဝယ်မည်ဟုတွေး၍ထွက်လာသောလည်း ပန်းပျိုးပင်ဆိုင်ရောက်တော့ ဘာဝယ်ရမှန်းမသိဖြစ်လေသည်

ပျိုးပင်လေးတွေကို ရွေးရင်းရွေးရင်း အနဲငယ်ကြီးနေပြီးဖြစ်ပြီး ခရမ်းရေယက်အပွင့်သေးသေးလေးတွေစုကာ အစုပ်လိုက်တစ်ခက်တည်းပွင့်နေသည့်ပန်းလေးကို သေချာငေးကြည့်မိသည်

"အဲ့ဒါ Lilac ပန်းလေ သူ့ရဲ့အဓိပ္ပါယ်က First Love (အချစ်ဦး) တဲ့''

"ဒီအပင်လေးယူမယ်နော်''

"အာ ဟုတ်''

"ကျွန်တော့်ကိုဒီပန်းပင်လေးစိုက်ပျိုးနည်းစာအုပ်နဲ့ ပန်းအတွက်အားဆေးလေးပါ တစ်ခါတည်းထည့်ပေးနော်''

"ဟုတ်ကဲ့''

First Love တဲ့ သူပထမဆုံးစိုက်မည့်ပန်းလေး၏အဓိပ္ပါယ်ကလေ

ပန်းလေးက သူကြိုက်သည့် ခရမ်းရောင်ဖြစ်သည့်အပြင် အဓိပ္ပာယ်လေးကိုပါသဘောကျတာကြောင့် သူရွေးမိခြင်း

အပင်လေးကြီးလာလို့ ပန်းတွေများကြီးပွင့်လာတဲ့အခါ မောင့်ကိုပန်းပင်လေးနားခေါ်ပြီး ပန်းအဓိပ္ပါယ်လေးရယ် ဒီပန်းလေးက မောင့်ကိုရည်ညွှန်းပြီး ပထမဆုံး တယုတယစိုက်ပျိုးခဲ့​ရကြောင်းတွေကို မနက် ၅ ခွဲတွင်နှိုးစက်မပေးမိပါပဲနှင့် အစောထနေကျအကျင့်အတိုင်း ခေတ်မျက်လုံးများပွင့်လာသည်

အပင်လေးကြီးလာလို့ ပန်းတွေများကြီးပွင့်လာတဲ့အခါ မောင့်ကိုပန်းပင်လေးနားခေါ်ပြီး ပန်းအဓိပ္ပါယ်လေးရယ် ဒီပန်းလေးက မောင့်ကိုရည်ညွှန်းပြီး ပထမဆုံး တယုတယစိုက်ပျိုးခဲ့​ရကြောင်းတွေကို သီကာပတ်ကုံးပြောပြရအုံးမည်

ပါးချိုင့်လေးတွေပေါ်သည်ထိပြုံးကာ စိတ်ကူးယဉ်ရင်း ပန်းပင်လေးကို အိမ်သို့ယူဆောင်လာခဲ့လေသည်သီကာပတ်ကုံးပြောပြရအုံးမည်

ပါးချိုင့်လေးတွေပေါ်သည်ထိပြုံးကာ စိတ်ကူးယဉ်ရင်း ပန်းပင်လေးကို အိမ်သို့ယူဆောင်လာခဲ့လေသည်

rate now: